ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, July 8, 2018

အမ်ားကိုေျပာင္းလဲခ်င္ရင္ မိမိကိုယ္ကုိယ္အရင္ေျပာင္းလဲပါ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

.
ျမန္မာျဖစ္တဲ႕အတြက္ ျမန္မာႏုိင္ငံျပန္ရေတာ႕ေပ်ာ္တယ္။ ျမန္မာစကားေျပာရတာေပ်ာ္တယ္။ ျမန္မာထမင္း ျမန္မာဟင္းစားရတာေပ်ာ္တယ္။ ျမန္မာစာေရးရတာ သိပ္ေပ်ာ္တယ္။ ျမန္မာစာဖတ္ရတာလည္း သိပ္ႏွစ္သက္တယ္။ မေပ်ာ္တာက ဗမာေတြရဲ႕စိတ္ဓါတ္က မေျပာင္းလဲတာကိုေတြ႕ေနရတာပါပဲ။
.
တကၠစီလား? ျမိဳ႕ထဲလား? ဆိုျပီး လက္လိုက္ဆြဲေနတဲ႕အငွားကားေမာင္းသူေတြ၊ ထစ္ကနဲဆို ဟြန္းတီးၾကိမ္းေမာင္းတတ္တဲ႕ ကားေမာင္းသူေတြ၊ လက္မေလးေထာင္ လမ္းမေတာင္း ရမ္းေမာင္းတဲ႕သူေတြ၊ ပစၥည္းတစ္ခုၾကည္႕မိလိုက္တာနဲ႕ဘာယူမလဲလို႕ေမးတဲ႕ေစ်းေရာင္းသူေတြ က ေတာ္ေသးတယ္။ ျမင္႕မားစြာယူထားတဲ႕ေငြေၾကးနဲ႕မတန္တဆခ်ဳံ႕ျပီး ေရသာခိုထားတဲ႕ ကုန္ပစၥည္း၊ အစားေသာက္၊ ဝန္ေဆာင္မႈေတြက ဘယ္လိုခံစားရမွန္းကို မေရြးခ်ယ္တတ္ေတာ႕တာပါ။
.
.
တစ္ခ်ိန္က မားကက္တင္း နဲ႕ ကုန္သည္ေလာကမွသင္ခဲ႕ရတဲ႕ ပစၥည္းေကာင္းလိုခ်င္ရင္ ေစ်းေကာင္းေကာင္းေပးရမယ္ဆုိတဲ႕နည္းနာဟာ ျမန္မာႏိုင္ငံမွာ ၾကာၾကာမေနႏိုင္ခဲ႕ဘူး။ ကုိယ္တစ္ခုလုိခ်င္ရင္ ကိုယ္တစ္ခုေပးရမယ္ဆုိတဲ႕ က်င္႕ဝတ္ဟာ ျမန္မာႏုိင္ငံမွာ သက္ဆိုးမရွည္ဘူး။ ပိုဆိုးတာက လူလူခ်င္း တစ္ဦးနဲ႕တစ္ဦးေလးစားစြာဆက္ဆံရမယ္ဆုိတဲ႕ မဂၤလာတရားဟာ အလွဴခံေၾကာ္ျငာေလာ္စပီကာေလာက္ လူေတြက နားထဲမဝင္ဘူး။
.
ဒါေၾကာင္႕ ျမန္မာေတြ ႏိုင္ငံျခားမွာစုမိရင္ ဘာသာတရားအလုိက္ ဘုရားေက်ာင္းေတြကြဲတယ္ . . ျမန္မာေတြစုမိရင္ ဘုန္းၾကီးေက်ာင္းေတြခြဲထြက္၊ လုပ္အားေပးဆုိ ေျပးထြက္၊ အခမဲ႕စားအလွဴဆိုရင္ သြက္သြက္လက္လက္ . . ဒါေတြက ကြ်န္ေတာ္္ေရာက္ဖူးတဲ႕ႏုိင္ငံျခားကိုေျပာျပၾကည္႕တာ။
.
.
ကြ်န္ေတာ႕ကုိေမြးခဲ႕တဲ႕ႏိုင္ငံမွာက်ေတာ႕ မရိုးရေလေအာင္ ေနာက္ထပ္တစ္မ်ိဳးတစ္ဘာသာ တစ္ရြာတစ္ပုဒ္ဆန္း အေမးဇင္းေတြ . .။ ဒါေတြကိုသာခ်ေရးရင္ အမုန္းတရားျဖန္႕တဲ႕အဆင္႕ျဖစ္သြားႏုိင္သလို အေျပာပဲရွိျပီး "မင္းေရာ ဘာလုပ္ေပးေနသလဲ?" လို႕ ေမးခံရရံုကလြဲျပီး အဆင္ေျပဖြယ္ရာမရွိလာႏိုင္ဘူး။
.
ဒါေၾကာင္႕ ဒီေန႕မနက္ အဂၤလန္က စာေရးသူမိန္းကေလးတစ္ေယာက္ကုိမွတ္ခ်က္ေပးမိသလုိ "လုပ္စရာရွိတာကိုလုပ္တာ၊ လုပ္ခ်င္တာကိုလုပ္ခြင္႕ရေနတာ၊ မလုပ္ခ်င္တာကိုမလုပ္တာ ဘုရားေပးတဲ႕လက္ေဆာင္ပါပဲ" လို႕သာ ခံယူရမယ္႕ကိန္းဆိုက္ေနပါတယ္။
.
.
ဒါေၾကာင္႕ စကားတစ္စု၊ အေတြးတစ္ခု နဲ႕ မွတ္သားစရာစကားစုတစ္ခုကုိ ဒီေန႕ေတြ႕တယ္။

"အမ်ားကိုေျပာင္းလဲခ်င္ရင္ မိမိကိုယ္ကုိယ္အရင္ေျပာင္းလဲပါ" လို႕သာ . .။
.
.
ခင္လ်က္
ကုိညီညီ (ေတာင္ၾကီး)
ရန္ကုန္ျမိဳ႕တြင္ေရးသည္
07-09-2018
.
.
Unicode Version:
.
.
"အများကိုပြောင်းလဲချင်ရင် မိမိကိုယ်ကိုယ်အရင်ပြောင်းလဲပါ"
.
မြန်မာဖြစ်တဲ့အတွက် မြန်မာနိုင်ငံပြန်ရတော့ပျော်တယ်။ မြန်မာစကားပြောရတာပျော်တယ်။ မြန်မာထမင်း မြန်မာဟင်းစားရတာပျော်တယ်။ မြန်မာစာရေးရတာ သိပ်ပျော်တယ်။ မြန်မာစာဖတ်ရတာလည်း သိပ်နှစ်သက်တယ်။ မပျော်တာက ဗမာတွေရဲ့စိတ်ဓါတ်က မပြောင်းလဲတာကိုတွေ့နေရတာပါပဲ။
.
တက္ကစီလား? မြို့ထဲလား? ဆိုပြီး လက်လိုက်ဆွဲနေတဲ့အငှားကားမောင်းသူတွေ၊ ထစ်ကနဲဆို ဟွန်းတီးကြိမ်းမောင်းတတ်တဲ့ ကားမောင်းသူတွေ၊ လက်မလေးထောင် လမ်းမတောင်း ရမ်းမောင်းတဲ့သူတွေ၊ ပစ္စည်းတစ်ခုကြည့်မိလိုက်တာနဲ့ဘာယူမလဲလို့မေးတဲ့စျေးရောင်းသူတွေ က တော်သေးတယ်။ မြင့်မားစွာယူထားတဲ့ငွေကြေးနဲ့မတန်တဆချုံ့ပြီး ရေသာခိုထားတဲ့ ကုန်ပစ္စည်း၊ အစားသောက်၊ ဝန်ဆောင်မှုတွေက ဘယ်လိုခံစားရမှန်းကို မရွေးချယ်တတ်တော့တာပါ။
.
.
တစ်ချိန်က မားကက်တင်း နဲ့ ကုန်သည်လောကမှသင်ခဲ့ရတဲ့ ပစ္စည်းကောင်းလိုချင်ရင် စျေးကောင်းကောင်းပေးရမယ်ဆိုတဲ့နည်းနာဟာ မြန်မာနိုင်ငံမှာ ကြာကြာမနေနိုင်ခဲ့ဘူး။ ကိုယ်တစ်ခုလိုချင်ရင် ကိုယ်တစ်ခုပေးရမယ်ဆိုတဲ့ ကျင့်ဝတ်ဟာ မြန်မာနိုင်ငံမှာ သက်ဆိုးမရှည်ဘူး။ ပိုဆိုးတာက လူလူချင်း တစ်ဦးနဲ့တစ်ဦးလေးစားစွာဆက်ဆံရမယ်ဆိုတဲ့ မင်္ဂလာတရားဟာ အလှူခံကြော်ငြာလော်စပီကာလောက် လူတွေက နားထဲမဝင်ဘူး။
.
ဒါကြောင့် မြန်မာတွေ နိုင်ငံခြားမှာစုမိရင် ဘာသာတရားအလိုက် ဘုရားကျောင်းတွေကွဲတယ် . . မြန်မာတွေစုမိရင် ဘုန်းကြီးကျောင်းတွေခွဲထွက်၊ လုပ်အားပေးဆို ပြေးထွက်၊ အခမဲ့စားအလှူဆိုရင် သွက်သွက်လက်လက် . . ဒါတွေက ကျွန်တော််ရောက်ဖူးတဲ့နိုင်ငံခြားကိုပြောပြကြည့်တာ။
.
.
ကျွန်တော့ကိုမွေးခဲ့တဲ့နိုင်ငံမှာကျတော့ မရိုးရလေအောင် နောက်ထပ်တစ်မျိုးတစ်ဘာသာ တစ်ရွာတစ်ပုဒ်ဆန်း အမေးဇင်းတွေ . .။ ဒါတွေကိုသာချရေးရင် အမုန်းတရားဖြန့်တဲ့အဆင့်ဖြစ်သွားနိုင်သလို အပြောပဲရှိပြီး "မင်းရော ဘာလုပ်ပေးနေသလဲ?" လို့ မေးခံရရုံကလွဲပြီး အဆင်ပြေဖွယ်ရာမရှိလာနိုင်ဘူး
.
ဒါကြောင့် ဒီနေ့မနက် အင်္ဂလန်က စာရေးသူမိန်းကလေးတစ်ယောက်ကိုမှတ်ချက်ပေးမိသလို "လုပ်စရာရှိတာကိုလုပ်တာ၊ လုပ်ချင်တာကိုလုပ်ခွင့်ရနေတာ၊ မလုပ်ချင်တာကိုမလုပ်တာ ဘုရားပေးတဲ့လက်ဆောင်ပါပဲ" လို့သာ ခံယူရမယ့်ကိန်းဆိုက်နေပါတယ်။
.
.
ဒါကြောင့် စကားတစ်စု၊ အတွေးတစ်ခု နဲ့ မှတ်သားစရာစကားစုတစ်ခုကို ဒီနေ့တွေ့တယ်။

"အများကိုပြောင်းလဲချင်ရင် မိမိကိုယ်ကိုယ်အရင်ပြောင်းလဲပါ" လို့သာ . .။
.
.
ခင်လျက်
ကိုညီညီ (တောင်ကြီး)
ရန်ကုန်မြို့တွင်ရေးသည်
07-09-2018

No comments: