ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, July 13, 2019

ဒုတိယအၾကိမ္ေရာက္ခဲ႕ေပါ႕ The Mystery Spot

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
နီးသလားေမးရင္ မနီးဘူး။ ေဝးသလားေမးရင္ ခပ္လွမ္းလွမ္းမွာရွိေနတဲ႕ အသားနီနီသစ္ေတာအုပ္ၾကားမွာရွိတဲ႕ The Mystery Spot ကိုေရာက္ဖို႕ ဆန္ဖရန္စစၥကို-San Francisco ျမိဳ႕ကေန (၁) နာရီ (၁၅) မိနစ္၊ ျမန္မာေတြအေနမ်ားတဲ႕ ဖရီးေမာင္႕-Fremont ျမိဳ႕ကေနဆိုရင္ (၁) နာရီ၊ ဆီလီကြန္နည္းပညာလြင္ျပင္ရဲ႕ျမိဳ႕ေတာ္ ဆန္ဟုိေဆး-San Jose ျမိဳ႕ကေနဆိုရင္ေတာ႕ မိနစ္ (၄ဝ) ခန္႕ ေမာင္းသြားဖို႕လိုပါတယ္။

အခုတစ္ေခါက္ The Mystery Spot ကုိေရာက္တာ (၈) ႏွစ္အတြင္း ဒုတိယအၾကိမ္ပါ။ သြားခ်င္ရင္ေတာ႕အလြယ္ေလး ကားစက္ႏိႈးျပီးေကာက္ေမာင္းသြားလုိ႕ရတယ္။ ခက္တာက ဘယ္ေနရာကုိသြားျပီး တန္ေအာင္ အျပန္ဘယ္ကိုဝင္ၾကမလဲဆိုတာကိုပါ။ အျမန္လမ္း (၁၇)- California 17 က တန္းတန္းေမာင္းရင္ ေျမာက္ပစိဖိတ္ပင္လယ္ၾကီးထဲကိုတည္႕တည္႕ၾကီးကားေမာင္းဆင္းသြားလို႕ရတယ္ ဒါေပမဲ႕ The Mystery Spot ကုိဝင္ျပီးျပန္အထြက္မွာ ဘုရားလည္းဖူး လိပ္ဥလည္းတူး၊ ဆီစားသက္သာ ေနရာမ်ားမ်ားေရာက္သီအုိိရီအရ ဟုိဟာလည္းဝင္ ဒီဟာလည္းဝင္ စီစဥ္တတ္တာက အသက္ . .။

ကြ်န္ေတာ္ဒီဘက္ႏို္င္ငံမေရာက္ခင္တုန္းက စာေတြဒီေလာက္ၾကိဳဖတ္ထားတာ The Mystery Spot ဆုိတာကုိ မၾကားခဲ႕ဖူးဘူး။ ေရာက္ေတာ႕သိပ္မၾကာဘူး သူမ်ားေျပာျပေတာ႕ ေတာင္တန္းေတြ ေကြ႕ကာဝုိက္ကာ နဲ႕ ေခ်ာက္ေတြအနက္ၾကီး၊ သစ္ပင္ေတြကအျမင္႕ၾကီးၾကားက ေတာလမ္းအတိုင္းသြားရတယ္ဆုိတာနဲ႕ မဝင္႕မရဲျဖစ္ခဲ႕ရတယ္။ ဒီလိုနဲ႕ (၂ဝ၁၂) မွာ ကမၻာေျမၾကီးဆြဲအားမညီမွ်တဲ႕ျခံဝန္းငယ္ေလးတစ္ခုကို ကြ်န္ေတာ္တို႕မိသားစု ပထမအၾကိမ္ကိုေရာက္ခဲ႕တယ္။

ဧည္႕ၾကိဳေတြအၾကမ္းဖ်ဥ္းရွင္းျပတဲ႕သမိုင္းအရ သစ္ေတာထဲမွာေတြ႕ရတဲ႕ ေပ (၁၅ဝ) အက်ယ္ေျမေနရာတစ္ခုမွာ တစ္ျခမ္းေစာင္းေနတဲ႕ဆြဲအားေၾကာင္႕အရာဝတၱဳေတြဟာတည္႕မတ္ေအာင္ၾကာၾကာမေနႏို္င္ပါဘူး။ အခု ကြ်န္ေတာ္တုိ႕ေရာက္ခဲ႕တဲ႕ သစ္သားအိမ္အိုေလးပါတဲ႕အကြက္-Mystery Spot မွာ အေျဖညွိလို႕မရတဲ႕ ပေဟဠိေတြနဲ႕ ေမးခြန္းေတြရွိေနခဲ႕ပါတယ္။ အဲဒါကေတာ႕ ဒီေနရာမွာမွ လူအပါအဝင္ အရာဝတၱဳေတြဟာ ဘာေၾကာင္႕ "ေစာင္း-Tilt" ျဖစ္ေနရပါသလဲ?
မိတ္ေဆြတုိ႕သြားၾကည္႕ရင္ ေစာင္းေနတဲ႕သစ္သားအိမ္အိုေလးနားေရာက္လာေလ ရင္ခုန္သံျမန္ရေလေလဆိုတာသိလာမွာပါ။ ဘာျဖစ္လို႕လည္းဆိုေတာ႕ ဒီအကြက္ကေလးဟာ ေတာင္ကုန္းအပုေလးေပၚမွာတည္ရွိေနတာရယ္ ဧည္႕ၾကိဳက ပါးစပ္ကေနေပါက္ေပါက္ေဖာက္ေအာင္ေျပာရင္း အေရွ႕ကေန ေငါ႕ေတာ႕ေငါ႕ေတာ႕တက္သြားေတာ႕ အေနာက္ကလူအုပ္ၾကီးကလည္း လိုက္တက္ရင္းေမာေတာ႕မွာအေသအခ်ာပဲေပါ႕။

ေျမၾကီးနဲ႕ (၂ဝ ံ) ေစာင္းေနတဲ႕အိမ္ရဲ႕ေအာက္တည္႕တည္႕မွာ ဆြဲအားလြဲေနတဲ႕ဗဟုိခ်က္မရွိတယ္။ ဒီနားနီးလာေလေလ လူတစ္ေယာက္ရဲ႕ခါးကုိတစ္ေယာက္ေယာက္ကလွမ္းဆြဲသလိုခံစားရေလေလ . .။ အေရးထဲအိမ္ထဲအဝင္မွာၾကမ္းျပင္ကမညီလို႕ ဟန္ခ်က္ထိန္းရတာကတစ္မ်ိဳး၊ ေစာင္းေနတဲ႕အရာဝတၱဳေတြက စိတ္နဲ႕မ်က္စိကုိဖမ္းစားတဲ႕သ႑န္-Illusion က တစ္မ်ိဳး . .။ အထူးသျဖင္႕ မတည္ျငိမ္ကစိ္တ္က ကရွဴးမူးထိုး . .။

ေနာက္ေတာ႕ ဧည္႕ၾကိဳကခိုင္းေစသရုပ္ျပတဲ႕ အရပ္တိုင္းတဲ႕ျပကြက္ေတြနဲ႕ ထူးဆန္းတာကုိျမင္ျပီးစိတ္လႈပ္ရွားတာကိုရင္ခုန္တတ္လြန္းတဲ႕အေမရိကန္တို႕ရဲ႕ထံုးစံအတုိင္း တ Wow Wow နဲ႕ေပါ႕။ ဒီေနရာကုိ ဘယ္သူကမွ ယုတိၱမရွိဘူး၊ လိမ္ေနတာ၊ ေပးရတဲ႕ဝင္ေၾကး (၈) ေဒၚလာမတန္ဘူးလို႕ဘယ္သူမွ ေျပာျပီးမျပန္ၾကဘူး။ ေစာင္႕လိုက္ရတာၾကာတယ္ကြာ၊ ကားပါကင္ခ (၅) ေဒၚလာကေစ်းၾကီးလိုက္တာလို႕ဘယ္သူမွညည္းမျပန္ၾကဘူး။

အားလံုးေျပာၾကတဲ႕တူတာတစ္ခုကေတာ႕ အဲဒီေစာင္းေနတဲ႕သစ္သားအိမ္ေလးကုိဝင္ေတာ႕ ေခါင္းမူးတယ္၊ လူေတြရဲ႕မ်က္စိအာရံုမွာ သာမန္ျမင္ေနက် ေရဟာ ျမင္႕ရာကေနနိမ္႕ရာကိုစီးမယ္႕အစား နိမ္႕ကေနျမင္႕ရာကုိတက္သြားတယ္။ ရာဘာေဘာ္လံုးေလးဟာလည္း အျမင္႕ကေန နိမ္႕ရာကိုလိမ္႕လာရမယ္႕အစား အေပၚကုိျပန္တက္သြားတယ္ . . ဒါေတြပဲေျပာေနၾကတယ္။

ယထာဘူတက်က်စဥ္းစားၾကည္႕ရင္ အေပၚပိုင္းကရွင္းျပခဲ႕သလိုပဲ ေရျပင္ညီမဟုတ္တဲ႕မ်က္ႏွာျပင္မွာ နိမ္႔တဲ႕အပုိင္းကို ကမၻာေျမၾကီးရဲ႕ဆြဲအားကအေလးသာလို႕ပိုဆြဲလိုက္တဲ႕အခါ အဲဒီလုိခံစားခ်က္ေတြဝင္လာတာေတာ႕အမွန္ပါပဲ။ ဒါေပမဲ႕ ေရျပင္ညီမွာစမ္းၾကည္႕ျပီးအေျဖရွာဖို႕ဘယ္လိုမွမျဖစ္ႏိုင္ဘူး။ သူတုိ႕အဆုိအရေတာ႕ ဒီအိမ္ေလးဟာလည္း အတည္႕ေဆာက္ထားေပမဲ႕ မညီမွ်တဲ႕ဆြဲအားေၾကာင္႕ အေလးသာတဲ႕ဘက္ကို ေစာင္းေနရတာပါလို႕ ေျဖၾကတယ္။

ကြ်န္ေတာ္ေရာက္ခဲ႕တဲ႕ (၂) ၾကိမ္ဟာ ႏွစ္မ်ားစြာျခားခဲ႕ေပမဲ႕ သူတုိ႕ရဲ႕သရုပ္ေဖာ္ဧည္႕ၾကိဳမႈေတြ၊ ခန္႕ထားတဲ႕ဧည္႕ၾကိဳေတြရဲ႕ေျပာတဲ႕စကားေတြ၊ စိတ္ကုိဖမ္းစားဖို႕ၾကိဳးစားတဲ႕ဧည္႕ၾကိဳေတြရဲ႕အေမရိကန္အသံခပ္ျမန္ျမန္ေတြဟာ မေျပာင္းလဲခဲ႕ဘူး။ အခုအခ်ိန္အထိ ဒီ ခရီးသြားဆြဲေဆာင္မႈလည္ပတ္စရာေနရာ-Tourist Attraction ကိုဖြင္႕လာတာႏွစ္ေပါင္း (၈ဝ) ေက်ာ္ေနျပီ၊ (၁) နာရီကို (၅) ဆိုင္း၊ (၁) ဆိုင္းကုိ လူ (၂၅) ေယာက္ နဲ႕ လက္မွတ္ေတြကုိ ဖုန္းနဲ႕တစ္နည္း၊ အြန္လိုင္းကတစ္ဖံု ေရာင္းေကာင္းေနတုန္း၊ ဝယ္ေနၾကတုန္း၊ လည္ပတ္ေနၾကတုန္း၊ ဆြဲေဆာင္အားေကာင္းေနတုန္း။

အေမရိကားတစ္ခြင္မွာ ဒီလိုေနရာမ်ိဳး (၃) ေနရာေလာက္ရွိတယ္လို႕စာေတြမွာဖတ္ဖူးတယ္။ ကယ္လီဖိုးနီးယားျပည္နယ္မွာေတာ႕ ဒီတစ္ခုက ဆန္တာခရုဇ္-Santa Cruz ေတာအုပ္ၾကားမွာတည္ရွိတယ္။ ရာသီဥတုအျမဲအုံ႕မိႈင္းတယ္။ သစ္ပင္မ်ားလို႕ မပူမေအးစိုစြတ္တယ္။ လူၾကိဳက္မ်ားတဲ႕ကမ္းေျခ Santa Cruz Beach Boardwalk ကုိေရာက္ဖုိ႕ (၁၅) မိနစ္ပဲေမာင္းရတယ္။

အျပန္မွာ ဓါတ္ပံုစားတဲ႕ ကယ္လီဖိုးနီးယားအျမန္လမ္း (၁)-California 1 (State Route 1) အေကြ႕နားေလးက Davenport Beach မွာ အာသာငမ္းငမ္းဓါတ္ဖမ္းလို႕ရေသးတယ္။ အသြားတစ္လမ္း အျပန္တစ္လမ္းေမာင္းတဲ႕ California 1 ကုိ San Francisco ဘက္ခပ္ယြန္းယြန္းေလးေမာင္းသြားရင္း Half Moon Bay ဆိုတဲ႕ေနရာအေရာက္မွာ ဓမၼနႏၵဝိဟာရျမန္မာဘုန္းေတာ္ၾကီးေက်ာင္းကုိ ၾကည္ညိဳဖူးေမွ်ာ္လုိ႕ရတယ္။

အဲဒီကေန အထုတ္အပုိးေတြပါလာလို႕ ႏိုင္ငံကူးလက္မွတ္လည္းမေမ႕ခဲ႕ဘူးဆုိရင္ တစ္လက္စထဲႏိုင္ငံအျပင္ကိုခုန္ထြက္သြားႏုိင္တဲ႕ ဆန္ဖရန္စစၥကိုအျပည္ျပည္ဆိုင္ရာေလဆိပ္-SFO ကေနတစ္ဆင္႕ခရီးဆက္ထြက္ႏုိင္ေသးတယ္။ ဒီေလာက္ေကာင္းတဲ႕လမ္းေၾကာင္းဘယ္သူဆြဲေပးသလဲေတာ႕မေမးနဲ႕ေပါ႕ေနာ။

အေရးၾကီးတာက The Mystery Spot ပါတဲ႕အလည္အပတ္ခရီးစဥ္ဆြဲမယ္ဆိုရင္ မေရာက္ခင္ အစားအေသာက္ေတြ (ေန႕လည္စာ) အကုန္စားခဲ႕ (ထမင္းဆိုင္မရွိ၊ အသင္႕စားေပါင္မုန္႕အစုတ္သာရွိ)။ အင္တာနက္ဝေအာင္သံုးခဲ႕ (သစ္ေတာထဲမွာ ဘာကြန္နက္ရွင္မွမရွိ)။ ဆက္သြယ္မႈေတြအကုန္လုပ္ခဲ႕ (ဖုန္းလိုင္းမမိ)။ ေနာက္ေတာ႕မွ မေျပာ-မရွိ-မသိ လုပ္မိေတာ႕မွဒုကၡေရာက္မယ္ အတိ။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
07-13-2019

Unicode Version:

"ဒုတိယအကြိမ်ရောက်ခဲ့ပေါ့ The Mystery Spot"
   နီးသလားမေးရင် မနီးဘူး။ ဝေးသလားမေးရင် ခပ်လှမ်းလှမ်းမှာရှိနေတဲ့  အသားနီနီသစ်တောအုပ်ကြားမှာရှိတဲ့ The Mystery Spot ကိုရောက်ဖို့ ဆန်ဖရန်စစ္စကို-San Francisco မြို့ကနေ (၁) နာရီ (၁၅) မိနစ်၊ မြန်မာတွေအနေများတဲ့ ဖရီးမောင့်-Fremont မြို့ကနေဆိုရင် (၁) နာရီ၊ ဆီလီကွန်နည်းပညာလွင်ပြင်ရဲ့မြို့တော် ဆန်ဟိုဆေး-San Jose မြို့ကနေဆိုရင်တော့ မိနစ် (၄ဝ) ခန့် မောင်းသွားဖို့လိုပါတယ်။

          အခုတစ်ခေါက် The Mystery Spot ကိုရောက်တာ (၈) နှစ်အတွင်း ဒုတိယအကြိမ်ပါ။ သွားချင်ရင်တော့အလွယ်လေး ကားစက်နှိုးပြီးကောက်မောင်းသွားလို့ရတယ်။ ခက်တာက ဘယ်နေရာကိုသွားပြီး တန်အောင် အပြန်ဘယ်ကိုဝင်ကြမလဲဆိုတာကိုပါ။ အမြန်လမ်း (၁၇)- California 17 က တန်းတန်းမောင်းရင် မြောက်ပစိဖိတ်ပင်လယ်ကြီးထဲကိုတည့်တည့်ကြီးကားမောင်းဆင်းသွားလို့ရတယ် ဒါပေမဲ့ The Mystery Spot ကိုဝင်ပြီးပြန်အထွက်မှာ ဘုရားလည်းဖူး လိပ်ဥလည်းတူး၊ ဆီစားသက်သာ နေရာများများရောက်သီအိုိရီအရ ဟိုဟာလည်းဝင် ဒီဟာလည်းဝင် စီစဉ်တတ်တာက အသက် . .။

          ကျွန်တော်ဒီဘက်နို်င်ငံမရောက်ခင်တုန်းက စာတွေဒီလောက်ကြိုဖတ်ထားတာ The Mystery Spot ဆိုတာကို မကြားခဲ့ဖူးဘူး။ ရောက်တော့သိပ်မကြာဘူး သူများပြောပြတော့ တောင်တန်းတွေ ကွေ့ကာဝိုက်ကာ နဲ့ ချောက်တွေအနက်ကြီး၊ သစ်ပင်တွေကအမြင့်ကြီးကြားက တောလမ်းအတိုင်းသွားရတယ်ဆိုတာနဲ့ မဝင့်မရဲဖြစ်ခဲ့ရတယ်။ ဒီလိုနဲ့  (၂ဝ၁၂) မှာ ကမ္ဘာမြေကြီးဆွဲအားမညီမျှတဲ့ခြံဝန်းငယ်လေးတစ်ခုကို ကျွန်တော်တို့မိသားစု ပထမအကြိမ်ကိုရောက်ခဲ့တယ်။ 

          ဧည့်ကြိုတွေအကြမ်းဖျဉ်းရှင်းပြတဲ့သမိုင်းအရ သစ်တောထဲမှာတွေ့ရတဲ့ ပေ (၁၅ဝ) အကျယ်မြေနေရာတစ်ခုမှာ တစ်ခြမ်းစောင်းနေတဲ့ဆွဲအားကြောင့်အရာဝတ္တုတွေဟာတည့်မတ်အောင်ကြာကြာမနေနို်င်ပါဘူး။ အခု ကျွန်တော်တို့ရောက်ခဲ့တဲ့ သစ်သားအိမ်အိုလေးပါတဲ့အကွက်-Mystery Spot မှာ အဖြေညှိလို့မရတဲ့ ပဟေဠိတွေနဲ့ မေးခွန်းတွေရှိနေခဲ့ပါတယ်။ အဲဒါကတော့ ဒီနေရာမှာမှ လူအပါအဝင် အရာဝတ္တုတွေဟာ ဘာကြောင့် "စောင်း-Tilt" ဖြစ်နေရပါသလဲ?

          မိတ်ဆွေတို့သွားကြည့်ရင် စောင်းနေတဲ့သစ်သားအိမ်အိုလေးနားရောက်လာလေ ရင်ခုန်သံမြန်ရလေလေဆိုတာသိလာမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအကွက်ကလေးဟာ တောင်ကုန်းအပုလေးပေါ်မှာတည်ရှိနေတာရယ် ဧည့်ကြိုက ပါးစပ်ကနေပေါက်ပေါက်ဖောက်အောင်ပြောရင်း အရှေ့ကနေ ငေါ့တော့ငေါ့တော့တက်သွားတော့ အနောက်ကလူအုပ်ကြီးကလည်း လိုက်တက်ရင်းမောတော့မှာအသေအချာပဲပေါ့။

          မြေကြီးနဲ့ (၂ဝ ံ) စောင်းနေတဲ့အိမ်ရဲ့အောက်တည့်တည့်မှာ ဆွဲအားလွဲနေတဲ့ဗဟိုချက်မရှိတယ်။ ဒီနားနီးလာလေလေ လူတစ်ယောက်ရဲ့ခါးကိုတစ်ယောက်ယောက်ကလှမ်းဆွဲသလိုခံစားရလေလေ . .။ အရေးထဲအိမ်ထဲအဝင်မှာကြမ်းပြင်ကမညီလို့ ဟန်ချက်ထိန်းရတာကတစ်မျိုး၊ စောင်းနေတဲ့အရာဝတ္တုတွေက စိတ်နဲ့မျက်စိကိုဖမ်းစားတဲ့သဏ္ဍန်-Illusion က တစ်မျိုး . .။ အထူးသဖြင့် မတည်ငြိမ်ကစိ်တ်က ကရှူးမူးထိုး . .။

           နောက်တော့ ဧည့်ကြိုကခိုင်းစေသရုပ်ပြတဲ့ အရပ်တိုင်းတဲ့ပြကွက်တွေနဲ့ ထူးဆန်းတာကိုမြင်ပြီးစိတ်လှုပ်ရှားတာကိုရင်ခုန်တတ်လွန်းတဲ့အမေရိကန်တို့ရဲ့ထုံးစံအတိုင်း တ Wow Wow နဲ့ပေါ့။ ဒီနေရာကို ဘယ်သူကမှ ယုတ္တိမရှိဘူး၊ လိမ်နေတာ၊ ပေးရတဲ့ဝင်ကြေး (၈) ဒေါ်လာမတန်ဘူးလို့ဘယ်သူမှ ပြောပြီးမပြန်ကြဘူး။ စောင့်လိုက်ရတာကြာတယ်ကွာ၊ ကားပါကင်ခ (၅) ဒေါ်လာကစျေးကြီးလိုက်တာလို့ဘယ်သူမှညည်းမပြန်ကြဘူး။ 

         အားလုံးပြောကြတဲ့တူတာတစ်ခုကတော့ အဲဒီစောင်းနေတဲ့သစ်သားအိမ်လေးကိုဝင်တော့ ခေါင်းမူးတယ်၊ လူတွေရဲ့မျက်စိအာရုံမှာ သာမန်မြင်နေကျ ရေဟာ မြင့်ရာကနေနိမ့်ရာကိုစီးမယ့်အစား နိမ့်ကနေမြင့်ရာကိုတက်သွားတယ်။ ရာဘာဘော်လုံးလေးဟာလည်း အမြင့်ကနေ နိမ့်ရာကိုလိမ့်လာရမယ့်အစား အပေါ်ကိုပြန်တက်သွားတယ် . . ဒါတွေပဲပြောနေကြတယ်။

          ယထာဘူတကျကျစဉ်းစားကြည့်ရင် အပေါ်ပိုင်းကရှင်းပြခဲ့သလိုပဲ ရေပြင်ညီမဟုတ်တဲ့မျက်နှာပြင်မှာ နိမ့်တဲ့အပိုင်းကို ကမ္ဘာမြေကြီးရဲ့ဆွဲအားကအလေးသာလို့ပိုဆွဲလိုက်တဲ့အခါ အဲဒီလိုခံစားချက်တွေဝင်လာတာတော့အမှန်ပါပဲ။ ဒါပေမဲ့ ရေပြင်ညီမှာစမ်းကြည့်ပြီးအဖြေရှာဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူတို့အဆိုအရတော့ ဒီအိမ်လေးဟာလည်း အတည့်ဆောက်ထားပေမဲ့ မညီမျှတဲ့ဆွဲအားကြောင့် အလေးသာတဲ့ဘက်ကို စောင်းနေရတာပါလို့ ဖြေကြတယ်။

         ကျွန်တော်ရောက်ခဲ့တဲ့ (၂) ကြိမ်ဟာ နှစ်များစွာခြားခဲ့ပေမဲ့ သူတို့ရဲ့သရုပ်ဖော်ဧည့်ကြိုမှုတွေ၊ ခန့်ထားတဲ့ဧည့်ကြိုတွေရဲ့ပြောတဲ့စကားတွေ၊ စိတ်ကိုဖမ်းစားဖို့ကြိုးစားတဲ့ဧည့်ကြိုတွေရဲ့အမေရိကန်အသံခပ်မြန်မြန်တွေဟာ မပြောင်းလဲခဲ့ဘူး။ အခုအချိန်အထိ ဒီ ခရီးသွားဆွဲဆောင်မှုလည်ပတ်စရာနေရာ-Tourist Attraction ကိုဖွင့်လာတာနှစ်ပေါင်း (၈ဝ) ကျော်နေပြီ၊ (၁) နာရီကို (၅) ဆိုင်း၊ (၁) ဆိုင်းကို လူ (၂၅) ယောက် နဲ့ လက်မှတ်တွေကို ဖုန်းနဲ့တစ်နည်း၊ အွန်လိုင်းကတစ်ဖုံ ရောင်းကောင်းနေတုန်း၊ ဝယ်နေကြတုန်း၊ လည်ပတ်နေကြတုန်း၊ ဆွဲဆောင်အားကောင်းနေတုန်း။ 

         အမေရိကားတစ်ခွင်မှာ ဒီလိုနေရာမျိုး (၃) နေရာလောက်ရှိတယ်လို့စာတွေမှာဖတ်ဖူးတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ ဒီတစ်ခုက ဆန်တာခရုဇ်-Santa Cruz တောအုပ်ကြားမှာတည်ရှိတယ်။ ရာသီဥတုအမြဲအုံ့မှိုင်းတယ်။ သစ်ပင်များလို့ မပူမအေးစိုစွတ်တယ်။ လူကြိုက်များတဲ့ကမ်းခြေ Santa Cruz Beach Boardwalk ကိုရောက်ဖို့ (၁၅) မိနစ်ပဲမောင်းရတယ်။ 

          အပြန်မှာ ဓါတ်ပုံစားတဲ့ ကယ်လီဖိုးနီးယားအမြန်လမ်း (၁)-California 1 (State Route 1) အကွေ့နားလေးက Davenport Beach မှာ အာသာငမ်းငမ်းဓါတ်ဖမ်းလို့ရသေးတယ်။ အသွားတစ်လမ်း အပြန်တစ်လမ်းမောင်းတဲ့ California 1 ကို San Francisco ဘက်ခပ်ယွန်းယွန်းလေးမောင်းသွားရင်း Half Moon Bay ဆိုတဲ့နေရာအရောက်မှာ ဓမ္မနန္ဒဝိဟာရမြန်မာဘုန်းတော်ကြီးကျောင်းကို ကြည်ညိုဖူးမျှော်လို့ရတယ်။ 

          အဲဒီကနေ အထုတ်အပိုးတွေပါလာလို့ နိုင်ငံကူးလက်မှတ်လည်းမမေ့ခဲ့ဘူးဆိုရင် တစ်လက်စထဲနိုင်ငံအပြင်ကိုခုန်ထွက်သွားနိုင်တဲ့ ဆန်ဖရန်စစ္စကိုအပြည်ပြည်ဆိုင်ရာလေဆိပ်-SFO ကနေတစ်ဆင့်ခရီးဆက်ထွက်နိုင်သေးတယ်။ ဒီလောက်ကောင်းတဲ့လမ်းကြောင်းဘယ်သူဆွဲပေးသလဲတော့မမေးနဲ့ပေါ့နော။ 

          အရေးကြီးတာက The Mystery Spot ပါတဲ့အလည်အပတ်ခရီးစဉ်ဆွဲမယ်ဆိုရင် မရောက်ခင် အစားအသောက်တွေ (နေ့လည်စာ) အကုန်စားခဲ့ (ထမင်းဆိုင်မရှိ၊ အသင့်စားပေါင်မုန့်အစုတ်သာရှိ)။ အင်တာနက်ဝအောင်သုံးခဲ့ (သစ်တောထဲမှာ ဘာကွန်နက်ရှင်မှမရှိ)။ ဆက်သွယ်မှုတွေအကုန်လုပ်ခဲ့ (ဖုန်းလိုင်းမမိ)။ နောက်တော့မှ မပြော-မရှိ-မသိ လုပ်မိတော့မှဒုက္ခရောက်မယ် အတိ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)

07-13-2019

No comments: