ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, August 10, 2014

ကိုကိုလွင် နှင့် ကိုညီညီ စကားစစ်ထိုးခန်း

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ကိုကိုလွင် ။         ။ မင်းကိုကြည့်ကြည့်နေတာ တစ်ချိန်လုံး ဖေ့စ်ဘွတ်ခ် ပေါ်မှာချည်းပဲ
.
ကိုညီညီ ။          ။ အေး ပြောရင်လဲခံရမှာပဲ။ အားရင်တော့ သုံးနေတာပါပဲ
.
.
.
ကိုကိုလွင် ။         ။ ပြီးတော့ မင်းက ကိုညီညီ ( တောင်ကြီး ) ဆိုပြီး အကောင့်အသစ်ဖွင့်သုံးနေတယ်ဆို၊ ဘာတွေ အကြံအဖန်လုပ်နေတာလဲ
.
ကိုညီညီ ။          ။ ဘာမှမလုပ်ရပါဘူးကွာ။ ရိုးရိုးသားသားပါ။ မူလနာမည်လည်းဖြစ်၊ ဆောင်းပါးရေးတဲ့ကလောင်လည်းဖြစ်တော့ အများနဲ့ဆက်သွယ်ရလွယ်ကူအောင် ကိုယ်ရေးကိုယ်တာမပါတဲ့ Profile လေးတစ်ခု တည်ဆောက်ထားတာပါ
.
.
.
ကိုကိုလွင် ။         ။ နောက်ထပ် မင်းက စကားဝိုင်း Group တစ်ခု ထောင်ထားသေးတယ်ဆို? ဘယ်သူ့တွေကို ဆရာသွားလုပ်ချင်သေးတာလဲ ? သူတို့က မင်းထက်တတ်တယ်
.
ကိုညီညီ ။          ။ ဒီလိုတော့လဲ ဘယ်ဟုတ်မလဲ။ Group ထောင်တာထက် ဝါသနာတူသူတွေချင်း အသိပညာဖြန့်ဖြူးတာကို လုပ်ချင်တဲ့စိတ်ကူးနဲ့ စ, ဖြစ်သွားတာပါ။ ဘယ်သူ့ကိုမှ ဆရာလုပ်ဖို့ မရည်ရွယ်ပါဘူး။ အတွေ့အကြုံဒါန ၊ စေတနာဒါန သက်သက် နဲ့ လုပ်လိုက်တာပါ။ ဘာလဲ မကောင်းလို့လား