ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, August 14, 2018

လိမ္ညာတဲ႕သားသမီး နဲ႕ အမွန္မေျပာတဲ႕မိဘ


.
. "စားခ်ိန္မွာ ဝင္စားမယ္ . 🍼🍼🥣🥣. အိပ္ခ်င္မွာ ဝင္အိပ္မယ္ . 💤💤🧖🧖 . အပူအပင္ကင္းတဲ႕ကေလးေလးဘဝသာ . 👨‍👩‍👧‍👦👨‍👩‍👧‍👦🤸🤸💏💏 . တစ္ခါျပန္ျပီးရခ်င္ေသးတယ္" ဆိုတဲ႕ ဆရာစုိင္းခမ္းလိတ္စကားက ကေလးငယ္ဘဝရဲ႕ဘယ္အရာကိုျပန္တမ္းတျပီး ေရးဖြဲ႕ထားမွန္းမသိေပမယ္႕ ကြ်န္ေတာ႕အေနနဲ႕ေတာ႕ မလိမ္ မညာတတ္တဲ႕ကေလးဘဝကိုျပန္ရခ်င္မိသေလာက္ အခုခ်က္္ခ်င္းျပန္ေရာက္ခ်င္မိပါတယ္။
.
. ျဖဴျဖဴစင္စင္ကေလးေတြကို ေလာဘၾကီးတတ္ေအာင္၊ ေဒါသျဖစ္ေအာင္၊ အလိုမက်တဲ႕စိတ္ခံစားရေလေအာင္သင္ေပးခဲ႕တာ လူၾကီးေတြပါ။ မယံုမရွိၾကပါနဲ႕။ မိတ္ေဆြတို႕ငယ္ငယ္တုန္းက လက္ထဲကပစၥည္းကိုလုယူသြားျပီး ျပန္လိုခ်င္ရင္ ပါးကိုနမ္းခုိင္းတာ လူၾကီးပါ။ အစားျမန္ျမန္စား . . မစားရင္ လူဆိုးၾကီးလာလိမ္႕မယ္ဆိုျပီး ေၾကာက္စိတ္ကိုေမြးေပးတာ လူၾုကီးပါ။ မင္းကုိ ဟုိအိမ္က စာေတာ္တဲ႕ေကာင္ေလးရဲ႕ ေ- ်းေကြ်းမယ္လို႕ ေျပာျပီး စိတ္ဓါတ္မက်က်ေအာင္ ေျပာခဲ႕တာ လူၾကီးပါ။ အဲဒီထဲမွာမပါတဲ႕ မလိမ္လိမ္တတ္ေအာင္သင္ေပးတဲဲ႕ လူၾကီးမ်ိဳးကို မိတ္ေဆြငယ္ငယ္တုန္းကမေတြ႕ခဲ႕ဘူးဆိုရင္ သိပ္ကံထူးခဲ႕တယ္လို႕ ဆိုရေတာ႕မွာပါပဲ။
.
.
. အျပစ္ေပးရင္ ေၾကာက္တယ္။ ေၾကာက္ေတာ႕ အမွန္မေျပာရဲဘူး။ အမွန္ကိုဖံုးကြယ္ျပီးေျပာလုိက္ေတာ႕ လူၾကီးက အျပစ္ကုိ အျပစ္လို႕မျမင္ေတာ႕ဘူး။ ဒါကို ျပသနာေရွာင္လြဲနည္းလို႕ျမင္သြားတဲ႕ကေလးငယ္ဟာ ေနာက္ဆိုရင္ ျပဳလုပ္မိတဲ႕အျပစ္ကို လူၾကီးမသိေစဖို႕ လိမ္ညာတတ္လာတယ္။
.
. တစ္ၾကိမ္ကေန ႏွစ္ၾကိမ္၊ ႏွစ္ၾကိမ္ကေန သံုးၾကိမ္ ဒီလိုနဲ႕ ဆယ္ႏွစ္၊ အႏွစ္ (၂ဝ)၊ အႏွစ္ (၃ဝ) ၾကီးေကာင္ၾကီးမားဘဝေရာက္လာတဲ႕အထိ လိမ္တတ္လာတယ္။ လိမ္ေကာင္းရင္းနဲ႕ဆက္လိမ္တယ္။ ႏွစ္ေပါင္းမ်ားစြာလိမ္လာတဲ႕သူဟာေနာက္ေတာ႕ သူလုပ္သမွ်မွန္တယ္ဆုိတဲ႕အေနအထားနဲ႕ေလာကၾကီးကိုထပ္လိမ္ဖို႕ၾကိဳးစားၾကတာ ဆန္းၾကယ္တဲ႕သံသရာေတာ႕မဟုတ္ပါဘူး။


.
.
. အရြယ္ေရာက္လို႕ အိမ္ေထာင္က်၊ လူၾကီးျဖစ္လို႕ရင္ေသြးရလာတဲ႕ (အစတုန္းကေျပာခဲ႕တဲ႕ကေလးဟာ) သံသရာတစ္ပတ္လည္လာတဲ႕အခါမွာ ျပန္ခံစားရတဲ႕အေၾကာင္းတရားေတြ ေပၚလာပါတယ္။ အဲဒါကေတာ႕ သူ႕ရဲ႕သားသမီးေတြနားက ဘယ္အမွန္တရားမွ ျပန္မၾကားရတာပါပဲ။
.
. ဒီလုိမ်ိဳးသံသရာကို ဘယ္မိဘမွမလိုခ်င္ပါဘူး။ ကေလးငယ္ဘဝတုန္းက မသိလို႕လိမ္ခဲ႕တာ ထားလိုက္ေတာ႕ . . အခု မိမိကိုယ္တိုင္လူၾကီးဘဝေရာက္လာေတာ႕မွ ကေလးေတြကုိလိမ္ဖို႕ဘယ္လိုနည္းလမ္းမ်ိဳးနဲ႕မွ ထပ္မလုပ္သင္႕ပါဘူး။
.
.
. ငယ္ငယ္တုန္းကသင္ေပးခဲ႕သလို "နည္းနည္းေပးျပီး မ်ားမ်ားရ" ဖို႕ ကုိယ္႕သားသမီးကို အေပးအယူလုပ္ျပီးထပ္သင္ရေအာင္ အေမရိကားမွာ "Shop More Pay Less" လို႕ နာမယ္ၾကီးတဲ႕ Target စတိုးဆိုင္ၾကီးမွ မဟုတ္တာ။ သားသမီးဆိုတာ ဒီဘဝမွာ မိဘလုပ္သူလူၾကီးနားက အေၾကြးေတာင္းဖို႕လူျဖစ္လာၾကတာလို႕ ဓမၼတရားေတာ္ေတြမွာနာဖူးတာကလည္း အဓိပၸာယ္မဲ႕ေဟာၾကားထားတာမဟုတ္ႏုိင္ေလာက္ပါ။
.
. ဆုိလိုရင္းက မိဘေတြက သားသမီးကုိဘာျဖစ္ေစခ်င္သလဲဆိုတာ ပြင္႕ပြင္႕လင္းလင္း နဲ႕ ရွင္းရွင္းထင္းထင္းၾကီးေျပာထား၊ သားသမီးျဖစ္ခ်င္တာကုိ မိဘက အခန္းနံရံမွာ ပလာစတာနဲ႕ကပ္သလို အသည္းႏွလံုးထဲမွာစြဲစြဲျမဲျမဲမွတ္ထား၊ ဆပ္ႏိုင္သမွ်အေၾကြးေတြကို သားသမီးကိုဆပ္၊ ဘာမွျပန္မက္ေမာမေနနဲ႕။ သူတို႕ကုိအေကာင္းဆံုးေပးႏုိင္မွာက ငယ္တုန္းမွာ အတန္းပညာ၊ ၾကီးလာေတာ႕ အတတ္ပညာ၊ အသက္ၾကီးလာတဲ႕အခါ ေလာကုတၱရာပညာ ဒါ႕အျပင္ဘာရွိလိမ္႕ဦးမလဲ?
.
.
. သားသမီးကလည္း မိဘဆီကဘာလိုခ်င္တယ္ဆုိတာကုိ ေသေသခ်ာခ်ာေျပာ၊ ျပီးရင္ ျဖစ္ေၾကာင္းရယ္ကုန္စင္ သက္ေသျမင္ေအာင္ျပ၊ စံျပျဖစ္ျပီဆိုပါမွ မိဘ နဲ႕ သားသမီးတုိ႕ရည္မွန္းထားတဲ႕ "Get More Pay Less" အေျခအေနကိုေရာက္ႏုိင္ေတာ႕မွာျဖစ္ပါတယ္။ ဒါမွသာ တစ္ဦးကေနတစ္ဦး ျပန္႕ပြားတဲ႕ေမတၱာဆုိတာ အစုိဓါတ္က်န္ရွိေနမွာ အေသအခ်ာပါပဲ။
.
. တကယ္ေတာ႕ သားသမီးေတြက မိတ္ေဆြတို႕ဆီမွာရင္ေသြးလာျဖစ္တယ္ဆိုတာ သူတို႕ရဲ႕အိပ္မက္ေတြအေကာင္အထည္ေပၚဖို႕ အလည္လာတဲ႕ဧည္႕သည္ေတြလိုပါပဲ။ အခ်ိန္တန္လို႕ မျပန္သြားခင္ ေကာင္းေကာင္းမြန္မြန္ခ်စ္ခ်စ္ခင္ခင္ နဲ႕ စည္းလံုးေပါင္းစုျပီး ရည္မွန္းခ်က္ေတြကုိ အေကာင္ေဖာ္ၾကဖို႕လိုပါတယ္။
.
.
. ဒီအရာေတြအားလံုးျဖစ္ေျမာက္ေအာင္ျမင္ဖို႕ အဓိကေသာ႕ခ်က္ကေတာ႕ မိဘ နဲ႕ သားသမီးတုိ႕ရဲ႕ ရင္ခုန္သံေတြကို လိမ္ညာျခင္းမပါ အမွန္အတိုင္း ေျပာၾကဖို႕ နဲ႕ ႏွလံုးသားခ်င္းဆံုမွတ္ - Target တစ္ခုကိုရွာမိၾကဖို႕ပါပဲ။ ဒီစည္းေလးဟာ သိပ္ပါးလ်လြန္းလို႕ အခုလုိ စာေရးျပီးသတိေပးလိုက္မိပါတယ္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 08-14-2018
.
.
Unicode Version:
.
. "လိမ်ညာတဲ့သားသမီး နဲ့ အမှန်မပြောတဲ့မိဘ"
. "စားချိန်မှာ ဝင်စားမယ် . 🍼🍼🥣🥣. အိပ်ချင်မှာ ဝင်အိပ်မယ် . 💤💤🧖🧖 . အပူအပင်ကင်းတဲ့ကလေးလေးဘဝသာ . 👨‍👩‍👧‍👦👨‍👩‍👧‍👦🤸🤸💏💏 . တစ်ခါပြန်ပြီးရချင်သေးတယ်" ဆိုတဲ့ ဆရာစိုင်းခမ်းလိတ်စကားက ကလေးငယ်ဘဝရဲ့ဘယ်အရာကိုပြန်တမ်းတပြီး ရေးဖွဲ့ထားမှန်းမသိပေမယ့် ကျွန်တော့အနေနဲ့တော့ မလိမ် မညာတတ်တဲ့ကလေးဘဝကိုပြန်ရချင်မိသလောက် အခုချက််ချင်းပြန်ရောက်ချင်မိပါတယ်။
.
. ဖြူဖြူစင်စင်ကလေးတွေကို လောဘကြီးတတ်အောင်၊ ဒေါသဖြစ်အောင်၊ အလိုမကျတဲ့စိတ်ခံစားရလေအောင်သင်ပေးခဲ့တာ လူကြီးတွေပါ။ မယုံမရှိကြပါနဲ့။ မိတ်ဆွေတို့ငယ်ငယ်တုန်းက လက်ထဲကပစ္စည်းကိုလုယူသွားပြီး ပြန်လိုချင်ရင် ပါးကိုနမ်းခိုင်းတာ လူကြီးပါ။ အစားမြန်မြန်စား . . မစားရင် လူဆိုးကြီးလာလိမ့်မယ်ဆိုပြီး ကြောက်စိတ်ကိုမွေးပေးတာ လူြုကီးပါ။ မင်းကို ဟိုအိမ်က စာတော်တဲ့ကောင်လေးရဲ့ ေ- ျးကျွေးမယ်လို့ ပြောပြီး စိတ်ဓါတ်မကျကျအောင် ပြောခဲ့တာ လူကြီးပါ။ အဲဒီထဲမှာမပါတဲ့ မလိမ်လိမ်တတ်အောင်သင်ပေးတဲဲ့ လူကြီးမျိုးကို မိတ်ဆွေငယ်ငယ်တုန်းကမတွေ့ခဲ့ဘူးဆိုရင် သိပ်ကံထူးခဲ့တယ်လို့ ဆိုရတော့မှာပါပဲ။
.
.
. အပြစ်ပေးရင် ကြောက်တယ်။ ကြောက်တော့ အမှန်မပြောရဲဘူး။ အမှန်ကိုဖုံးကွယ်ပြီးပြောလိုက်တော့ လူကြီးက အပြစ်ကို အပြစ်လို့မမြင်တော့ဘူး။ ဒါကို ပြသနာရှောင်လွဲနည်းလို့မြင်သွားတဲ့ကလေးငယ်ဟာ နောက်ဆိုရင် ပြုလုပ်မိတဲ့အပြစ်ကို လူကြီးမသိစေဖို့ လိမ်ညာတတ်လာတယ်။
.
. တစ်ကြိမ်ကနေ နှစ်ကြိမ်၊ နှစ်ကြိမ်ကနေ သုံးကြိမ် ဒီလိုနဲ့ ဆယ်နှစ်၊ အနှစ် (၂ဝ)၊ အနှစ် (၃ဝ) ကြီးကောင်ကြီးမားဘဝရောက်လာတဲ့အထိ လိမ်တတ်လာတယ်။ လိမ်ကောင်းရင်းနဲ့ဆက်လိမ်တယ်။ နှစ်ပေါင်းများစွာလိမ်လာတဲ့သူဟာနောက်တော့ သူလုပ်သမျှမှန်တယ်ဆိုတဲ့အနေအထားနဲ့လောကကြီးကိုထပ်လိမ်ဖို့ကြိုးစားကြတာ ဆန်းကြယ်တဲ့သံသရာတော့မဟုတ်ပါဘူး။
.
.
. အရွယ်ရောက်လို့ အိမ်ထောင်ကျ၊ လူကြီးဖြစ်လို့ရင်သွေးရလာတဲ့ (အစတုန်းကပြောခဲ့တဲ့ကလေးဟာ) သံသရာတစ်ပတ်လည်လာတဲ့အခါမှာ ပြန်ခံစားရတဲ့အကြောင်းတရားတွေ ပေါ်လာပါတယ်။ အဲဒါကတော့ သူ့ရဲ့သားသမီးတွေနားက ဘယ်အမှန်တရားမှ ပြန်မကြားရတာပါပဲ။
.
. ဒီလိုမျိုးသံသရာကို ဘယ်မိဘမှမလိုချင်ပါဘူး။ ကလေးငယ်ဘဝတုန်းက မသိလို့လိမ်ခဲ့တာ ထားလိုက်တော့ . . အခု မိမိကိုယ်တိုင်လူကြီးဘဝရောက်လာတော့မှ ကလေးတွေကိုလိမ်ဖို့ဘယ်လိုနည်းလမ်းမျိုးနဲ့မှ ထပ်မလုပ်သင့်ပါဘူး။
.
.
. ငယ်ငယ်တုန်းကသင်ပေးခဲ့သလို "နည်းနည်းပေးပြီး များများရ" ဖို့ ကိုယ့်သားသမီးကို အပေးအယူလုပ်ပြီးထပ်သင်ရအောင် အမေရိကားမှာ "Shop More Pay Less" လို့ နာမယ်ကြီးတဲ့ Target စတိုးဆိုင်ကြီးမှ မဟုတ်တာ။ သားသမီးဆိုတာ ဒီဘဝမှာ မိဘလုပ်သူလူကြီးနားက အကြွေးတောင်းဖို့လူဖြစ်လာကြတာလို့ ဓမ္မတရားတော်တွေမှာနာဖူးတာကလည်း အဓိပ္ပာယ်မဲ့ဟောကြားထားတာမဟုတ်နိုင်လောက်ပါ။
.
. ဆိုလိုရင်းက မိဘတွေက သားသမီးကိုဘာဖြစ်စေချင်သလဲဆိုတာ ပွင့်ပွင့်လင်းလင်း နဲ့ ရှင်းရှင်းထင်းထင်းကြီးပြောထား၊ သားသမီးဖြစ်ချင်တာကို မိဘက အခန်းနံရံမှာ ပလာစတာနဲ့ကပ်သလို အသည်းနှလုံးထဲမှာစွဲစွဲမြဲမြဲမှတ်ထား၊ ဆပ်နိုင်သမျှအကြွေးတွေကို သားသမီးကိုဆပ်၊ ဘာမှပြန်မက်မောမနေနဲ့။ သူတို့ကိုအကောင်းဆုံးပေးနိုင်မှာက ငယ်တုန်းမှာ အတန်းပညာ၊ ကြီးလာတော့ အတတ်ပညာ၊ အသက်ကြီးလာတဲ့အခါ လောကုတ္တရာပညာ ဒါ့အပြင်ဘာရှိလိမ့်ဦးမလဲ?
.
.
. သားသမီးကလည်း မိဘဆီကဘာလိုချင်တယ်ဆိုတာကို သေသေချာချာပြော၊ ပြီးရင် ဖြစ်ကြောင်းရယ်ကုန်စင် သက်သေမြင်အောင်ပြ၊ စံပြဖြစ်ပြီဆိုပါမှ မိဘ နဲ့ သားသမီးတို့ရည်မှန်းထားတဲ့ "Get More Pay Less" အခြေအနေကိုရောက်နိုင်တော့မှာဖြစ်ပါတယ်။ ဒါမှသာ တစ်ဦးကနေတစ်ဦး ပြန့်ပွားတဲ့မေတ္တာဆိုတာ အစိုဓါတ်ကျန်ရှိနေမှာ အသေအချာပါပဲ။
.
. တကယ်တော့ သားသမီးတွေက မိတ်ဆွေတို့ဆီမှာရင်သွေးလာဖြစ်တယ်ဆိုတာ သူတို့ရဲ့အိပ်မက်တွေအကောင်အထည်ပေါ်ဖို့ အလည်လာတဲ့ဧည့်သည်တွေလိုပါပဲ။ အချိန်တန်လို့ မပြန်သွားခင် ကောင်းကောင်းမွန်မွန်ချစ်ချစ်ခင်ခင် နဲ့ စည်းလုံးပေါင်းစုပြီး ရည်မှန်းချက်တွေကို အကောင်ဖော်ကြဖို့လိုပါတယ်။
.
.
. ဒီအရာတွေအားလုံးဖြစ်မြောက်အောင်မြင်ဖို့ အဓိကသော့ချက်ကတော့ မိဘ နဲ့ သားသမီးတို့ရဲ့ ရင်ခုန်သံတွေကို လိမ်ညာခြင်းမပါ အမှန်အတိုင်း ပြောကြဖို့ နဲ့ နှလုံးသားချင်းဆုံမှတ် - Target တစ်ခုကိုရှာမိကြဖို့ပါပဲ။ ဒီစည်းလေးဟာ သိပ်ပါးလျလွန်းလို့ အခုလို စာရေးပြီးသတိပေးလိုက်မိပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 08-14-2018

No comments: