ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ
My Blog List
Wednesday, October 31, 2018
.
.
.
ဓါတ်ပုံတစ်ပုံ၊ အလှရှုခင်းတစ်ကွက်၊ မြင်ကွင်းတစ်ခုကိုမြင်တဲ့အခါ ကြည့်သူပေါ်မူတည်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေက မတူညီနိုင်ပါဘူး။ ဒီကြားထဲမှာ ကြည့်သူရဲ့မျက်စိကအဝေးမှုန်နေသလား? မှန်ဘီလူးနဲ့ကြည့်နေတာလား? စသဖြင့် ကွဲပြားနိုင်တဲ့အတွက် ပေးနိုင်မယ့်ရသ နဲ့ အတွေးအမြင်တွေက အတိမ်အနက်ကွာခြားနိုင်ပါသေးတယ်။
.
.
.
ဒီနေရာမှာ အနောက်နိုင်ငံကပြောတဲ့ ပုံရိပ်ကြီး - Big Pictures ဆိုတာက "အရာအားလုံးကိုခြုံငုံမိပြီး အုပ်မိချုပ်မိအောင် မြင်လိုက်တဲ့အသိတရား" ကို ဆိုလိုတာပါ။ ဒါကြောင့် ဒီနေရာမှာသူပြောပေးချင်တဲ့သတင်းစကားက မိတ်ဆွေဟာ သစ်ပင် - Trees တွေကိုပဲမြင်နေတဲ့သာမန်လူလား? သစ်ပင်တွေရဲ့အသေးစိတ်အပိုင်းတွေအပါအဝင် သစ်တောအုပ်ကြီးနဲ့သူ့ပတ်ဝန်းကျင်တွေကိုပါထည့်တွေးပြီး လွှမ်းခြုံသိမြင်ပြီး ရှေ့ဆက်လုပ်ရမယ့်ကိစ္စရပ်တွေကို ပန်းချီကားတစ်ချပ်ကဲ့သို့ရှုမြင်နိုင်သူလား? ဆိုတာ မေးခွန်းထုတ်ရမယ့်အခြေအနေဖြစ်ပါတယ်။
.
.
ဒီလို စီးပွားရေးသမားရဲ့စကားကို ကျွန်တော်တို့အမြဲအလေးထားတဲ့ ကလေးသူငယ်ပညာရေးကဏ္ဍမှာထည့်သွင်းစဉ်းစားကြည့်တဲ့အခါ အုပ်ချုပ်သူအဆင့်ဆင့်က တောအုပ်ကိုမမြင်ပဲ အသေးစိတ်ပြသနာတွေဖြစ်တဲ့ သစ်ပင်တွေအများကြီးကိုသာအာရုံစိုက်နေတာသတိထားမိလာတယ်။ ဘာစံနစ်၊ ညာစံနစ်ဆိုတာ အသာထားဦး . . အလွတ်ကျက်ပညာရေးကိုအမြစ်တွယ်နေတဲ့ သောင်းခြောက်ထောင်ပြသနာတွေမှာငြိတွယ်ရင်း ဥပဒေသစ်လည်းမပြုရဲ ရှိပြီးသားဥပဒေတွေကိုလည်းမပြင်ရဲ နဲ့ မပြု-မပြင်နေနိုင်လွန်းကြတယ်။
.
.
.
အစိုးရအပြောင်းအလဲကြားမှာ ကမ္ဘာကသိသာသွားတာက "မြန်မာတွေဟာ နောက်ကျမြဲ နောက်ကျလျက်" ဆိုတာကိုပါပဲ။ ဒီတောအုပ်ကြီးအတွက် မြေဆီလွှာကခိုင်မြဲဖို့အဓိကလား? ပေါက်ချင်သလိုပေါက် သစ်ပင်တွေရှိနေရင်ပြီးရောလား? ဆိုတာ မိမိအိမ်မှာ ကျောင်းတက်နေတဲ့သားသမီးရှိသူ အစိုးရမင်းတိုင်း စဉ်းစားအဖြေရှာသင့်တယ်။
.
.
ဒါ့အပြင် ပညာရေးစံနစ်ဟောင်းနဲ့လဲကျသွားတဲ့သစ်ပင်တွေနေရာမှာ မြေဆီလွှာအသစ်သရိုးစီပြီး မျိုးဆက်သစ်ပျိုးပင်တွေစိုက်ရမယ့်အစား တစ်ပင်ပြုတ်ရင် နောက်တစ်ပင်ခုတ်မြဲခုတ်နေတဲ့စိတ်ဓါတ်တွေကြောင့် လွင်တီးခေါင်မှာ ဆင်းရဲမွှေးမပြောင်ပဲ ဖြစ်နေရတယ်။
.
.
.
.
.
ခင်လျက်
.
ကိုညီညီ (တောင်ကြီး)
10-31-2018
.
.
Unicode Version:
.
.
. "သစ်တောအုပ်ကိုမြင်တာလား? သစ်ပင်တွေကိုမြင်တာလား?"
. Some people see big pictures (forests) and others see details (trees) ဒီစာသားလေးကိုဖတ်မိတော့ စာရေးသူ " ရေးဒါလီယို - Ray Dalio" ကို မချီးကျူးပဲမနေနိုင်ပါ။ သူဟာ ငယ်စဉ်အခါက အင်မတန်ဆင်းရဲခဲ့သလောက် နောက်ပိုင်း ရင်းနီးမြုပ်နံမု စတော့ရယ်ယာတွေကိုစီမံခန့်ခွဲတဲ့ကုမ္ပဏီထောင်ပြီး ကမ္ဘာကျော်အောင်လုပ်ပြနိုင်ခဲ့တယ်။ သူရေးခဲ့တဲ့ Principles_Life and Work စာအုပ်ဟာ ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးဘီလ်ဂိတ်က အမာစကားရေးပေးရတဲ့အထိကျော်ကြားပေါက်မြောက်ခဲ့တယ်။
.
.
ဓါတ်ပုံတစ်ပုံ၊ အလုခင်းတစ်ကွက်၊ မြင်ကွင်းတစ်ခုကိုမြင်တဲ့အခါ ကြည့်သူပေါ်မူတည်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေက မတူညီနိုင်ပါဘူး။ ဒီကြားထဲမာ ကြည့်သူရဲ့မျက်စိကအဝေးမုန်နေသလား? မန်ဘီလူးနဲ့ကြည့်နေတာလား? စသဖြင့် ကွဲပြားနိုင်တဲ့အတွက် ပေးနိုင်မယ့်ရသ နဲ့ အတွေးအမြင်တွေက အတိမ်အနက်ကွာခြားနိုင်ပါသေးတယ်။
.
.
.
ဒီနေရာမာ အနောက်နိုင်ငံကပြောတဲ့ ပုံရိပ်ကြီး - Big Pictures ဆိုတာက "အရာအားလုံးကိုခြုံငုံမိပြီး အုပ်မိချုပ်မိအောင် မြင်လိုက်တဲ့အသိတရား" ကို ဆိုလိုတာပါ။ ဒါကြောင့် ဒီနေရာမာသူပြောပေးချင်တဲ့သတင်းစကားက မိတ်ဆွေဟာ သစ်ပင် - Trees တွေကိုပဲမြင်နေတဲ့သာမန်လူလား? သစ်ပင်တွေရဲ့အသေးစိတ်အပိုင်းတွေအပါအဝင် သစ်တောအုပ်ကြီးနဲ့သူ့ပတ်ဝန်းကျင်တွေကိုပါထည့်တွေးပြီး လွမ်းခြုံသိမြင်ပြီး ရေ့ဆက်လုပ်ရမယ့်ကိစ္စရပ်တွေကို ပန်းချီကားတစ်ချပ်ကဲ့သို့ရုမြင်နိုင်သူလား? ဆိုတာ မေးခွန်းထုတ်ရမယ့်အခြေအနေဖြစ်ပါတယ်။
.
.
ဒီလို စီးပွားရေးသမားရဲ့စကားကို ကျွန်တော်တို့အမြဲအလေးထားတဲ့ ကလေးသူငယ်ပညာရေးကဏ္ဍမာထည့်သွင်းစဉ်းစားကြည့်တဲ့အခါ အုပ်ချုပ်သူအဆင့်ဆင့်က တောအုပ်ကိုမမြင်ပဲ အသေးစိတ်ပြသနာတွေဖြစ်တဲ့ သစ်ပင်တွေအများကြီးကိုသာအာရုံစိုက်နေတာသတိထားမိလာတယ်။ ဘာစံနစ်၊ ညာစံနစ်ဆိုတာ အသာထားဦး . . အလွတ်ကျက်ပညာရေးကိုအမြစ်တွယ်နေတဲ့ သောင်းခြောက်ထောင်ပြသနာတွေမာငြိတွယ်ရင်း ဥပဒေသစ်လည်းမပြုရဲ ရိပြီးသားဥပဒေတွေကိုလည်းမပြင်ရဲ နဲ့ မပြု-မပြင်နေနိုင်လွန်းကြတယ်။
.
.
.
အစိုးရအပြောင်းအလဲကြားမာ ကမ္ဘာကသိသာသွားတာက "မြန်မာတွေဟာ နောက်ကျမြဲ နောက်ကျလျက်" ဆိုတာကိုပါပဲ။ ဒီတောအုပ်ကြီးအတွက် မြေဆီလွာကခိုင်မြဲဖို့အဓိကလား? ပေါက်ချင်သလိုပေါက် သစ်ပင်တွေရိနေရင်ပြီးရောလား? ဆိုတာ မိမိအိမ်မာ ကျောင်းတက်နေတဲ့သားသမီးရိသူ အစိုးရမင်းတိုင်း စဉ်းစားအဖြေရာသင့်တယ်။
.
.
ဒါ့အပြင် ပညာရေးစံနစ်ဟောင်းနဲ့လဲကျသွားတဲ့သစ်ပင်တွေနေရာမာ မြေဆီလွာအသစ်သရိုးစီပြီး မျိုးဆက်သစ်ပျိုးပင်တွေစိုက်ရမယ့်အစား တစ်ပင်ပြုတ်ရင် နောက်တစ်ပင်ခုတ်မြဲခုတ်နေတဲ့စိတ်ဓါတ်တွေကြောင့် လွင်တီးခေါင်မာ ဆင်းရဲမွေးမပြောင်ပဲ ဖြစ်နေရတယ်။
.
.
.
ဒါကြောင့် မိတ်ဆွေတို့ရဲ့ရေ့မာ နစ်ပေါင်းများစွာ ဓါးတုံးတုံးနဲ့အခြစ်ခံထားရတဲ့ ချိနဲ့နဲ့ပညာရေးပန်းချီကားအချပ်အကြီးကြီးတစ်ချပ်ရိပါတယ်။ သစ်တောအုပ်ကိုမြင်သလား? သစ်ပင်တွေကိုပဲမြင်သလား? ထွက်လာမယ့်အဖြေကတော့ ကြည့်တဲ့ အုပ်ချုပ်သူတွေရဲ့မြင်နိုင်စွမ်းအားအပေါ်သာမူတည်ပါတယ်။
.
.
ခင်လျက်
.
ကိုညီညီ (တောင်ကြီး)
10-31-2018
No comments: