ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, February 21, 2018

လာလိုက္တဲ႕တယ္လီမားကက္တင္းဖုန္းေတြ

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
.
"ကလင္ . . ကလင္ . . ကလင္"
.
"ဟယ္လို?" (တစ္ျခားဖုန္းတစ္ခုကုိေစာင္႕ေနလို႕ကိုင္လုိက္တာ)
.
.
"ဟုတ္ကဲ႕ . . ကိုကိုလြင္ နဲ႕ ေျပာလို႕ရမလား?"
.
"ေျပာေနပါတယ္" (ဆက္မယ္လို႕ေျပာထားသူမ်ားလား?)
.
.
"ကြ်န္ေတာ္တို႕ အာမခံ -Warranty ကုမၸဏီ မေဆးဒီးစ္႒ာနက ဆက္တာပါ။ မိတ္ေဆြၾကီးရဲ႕ 20xx ေမာ္ဒယ္ Mercedes Benz R350 ကားသန္႕ကေလးဟာ ကုမၸဏီကေပးထားတဲ႕ အာမခံ - Warranty သက္တမ္းကုန္ေနတာကိုလွမ္းအေၾကာင္းၾကားတာပါ။ ကားက လက္ထဲမွာရွိေသးတယ္မဟုတ္လား? မုိင္းလစ္ - Mileage ဘယ္ေလာက္ေရာက္ေနပါျပီလဲ?"
.
"ရွိပါေသးတယ္။ မုိင္းလစ္ (xxxxx) ေက်ာ္ပါ" (ကိုယ္ေစာင္႕တဲ႕ဖုန္းကလည္း ကားနဲ႕ဆုိင္တာဆုိေတာ႕ကာ)
.
.
"အေရးၾကီးတဲ႕အပိုင္းျဖစ္လုိ႕ ကြ်န္ေတာ္တို႕ကုမၸဏီကအထူးကြ်မ္းက်င္သူ - Warranty Specialist နဲ႕ ဖုန္း လႊဲေပးပါမယ္။ ေက်းဇူးျပဳျပီးေခတၱကိုင္ထားေပးပါ"
.
"ေအးေလ . . ေျပာၾကည္႕တာေပါ႕" (အမွန္ ကိုယ္ကလည္း ကိုယ္႕ကားအေၾကာင္းသိခ်င္ေနတာ)
.
.
"ဟယ္လို . . ကြ်န္ေတာ႕နာမယ္ ABCDEFG ပါ။ မိတ္ေဆြၾကီးကိုရွင္းျပစရာရိွလို႕ မေဆးဒီးစ္ကားကုိယ္စားလွယ္ - Dealer မွာသြားျပင္ရင္ လက္ခ (၁) နာရီကို ေဒၚလာ (၁၅ဝ) ရွိတယ္ဆုိတာကို သိရွိပါသလား?"
.
"မသိပါ" (တိုယုိတာက (၁) နာရီ ေဒၚလာ (၇ဝ) နဲ႕တြက္တာသိတယ္။ မေဆးဒီးစ္ က သူေျပာမွသိတာ)
.
.
"ကားစစ္ေဆးဖို႕ နဲ႕ အေထြေထြစစ္ေဆးေရး - Diagnose လုပ္ရင္ တစ္ၾကိမ္ကုိ ေဒၚလာ (၃ဝဝဝ) ေလာက္ကုန္တယ္ဆုိတာေရာသိပါသလား?"
.
"မသိပါဘူး" (ပိုေစ်းၾကီးတယ္ဆုိတာသိတယ္။ ပမဏေတာ႕မသိတာအမွန္)
.
.
"ဒါနဲ႕ . . ေနပါဦး . . ခင္မ်ားက က်ဳပ္ဖုန္းနံပါတ္ဘယ္ကရသလဲ" (ဟုတ္တယ္ . . စိတ္ကသိပ္မရွည္ခ်င္ေတာ႕ဘူး)
.
"မိတ္ေဆြၾကီးက ဒီကားဝယ္တုန္းက အာမခံဝယ္ဖို႕အြန္လိုင္းမွာရွာခဲ႕ေသးတယ္မဟုတ္လား? အဲဒီ Op-In ကေန ရတာပါ။ အခုလိုလက္ခံေျပာေပးတာေက်းဇူးတင္ပါတယ္။ ဆက္ေျပာလုိ႕အဆင္ေျပပါတယ္ေနာ္?"
.
"အင္း . . ဆက္ေျပာပါဦး" (ျမန္မာႏုိင္ငံမွာေစ်းေရာင္းလာတဲ႕သူကြ . . ဘာမွတ္သလဲ)
.
.
"ကြ်န္ေတာ္တို႕အာမခံက (၅) ႏွစ္သက္တမ္းပါ။ တစ္ႏွစ္စာကို (၁၂) ၾကိမ္ခြဲေပးလို႕ရသလို (၁) ႏွစ္စာတစ္ေပါင္းတည္းေပးရင္ပိုသက္သာမွာပါ။ မိတ္ေဆြၾကီးရဲ႕အိမ္ကုိ ကြ်န္ေတာ္တို႕ရံုးကစာ - Offer ပို႕လုိက္ပါေသးတယ္"
.
"အဲဒါ က်ဳပ္မရဘူး" (အမွန္က သူ႕ Offer အေၾကာင္းသိခ်င္လို႕)
.
.
"ဒီအာမခံ - Warranty ရဲ႕လႊမ္းျခံဳမႈက ကားျပင္သမွ်ကုိ ကြ်န္ေတာ္တို႕ကုမၸဏီက (၂ဝ%) စိုက္ေပးမွာျဖစ္ျပီး မိတ္ေဆြၾကီးက (၈ဝ%) သာက်ခံရမွာျဖစ္လို႕အင္မတန္ကုိသက္သာေစပါတယ္"
.
"ေနာက္ျပီး အခမဲ႕လုပ္ခြင္႕ရွိတဲ႕ မွန္သုတ္တံလဲေပးတာ၊ အင္ဂ်င္ဝုိင္လဲတာ၊ ကားဘီးေပါက္လို႕ဖာတာ နဲ႕ မီးလိုင္းေပ်ာက္တာအျပင္ အင္ဂ်င္စစ္ဖို႕မီးအဝါေပၚတာကိုစစ္ေပးတာမ်ိဳးေတြကို မိတ္ေဆြၾကီးအက်ိဳးရွိရွိ ခံစားရမွာပါ"
.
"က်ဳပ္ကားက ဝယ္ကတည္းက အဲဒါေတြတစ္ခါမွမျဖစ္ေသးဘူးဗ်" (အမွန္က ကားဘီးေလေလ်ာ႕ေနတဲ႕မီးမၾကာခဏေပၚလို႕ လုပ္ျပီးသြားျပီ။ အဲဒါ ဘာအာမခံမွမလိုဘူး။ Costco Member ျဖစ္တာနဲ႕ ဘယ္လုိကားတာယာလာလာ ေပါက္မေပါက္စစ္ေပးတယ္။ ဘီးေပါက္လို႕ဖာရင္ $11.95 ပဲ ေပးရတာ)
.
.
"မိတ္ေဆြၾကီး သေဘာတူရင္ ကနဦးစာရင္းသြင္းခ (၂၄၉) ေဒၚလာကို အခုေပးႏုိင္ျပီး လစဥ္ေၾကးပရီမီယမ္ (၁၂၉) ေဒၚလာ ကို တစ္လခ်င္းေပးသြားႏုိင္ပါတယ္။ ဒါမွမဟုတ္ တစ္ႏွစ္စာလံုးေပးခ်င္ရင္ေတာ႕ (၁၈၆ဝ) ေဒၚလာပဲက်သင္႕လုိ႕ အင္မတန္သက္သာပါတယ္"
.
"က်ဳပ္က အလုပ္ကေန ဖုန္းတစ္ခုေစာင္႕ေနတာမလုိ႕ ဒီဖုန္းကိုကိုင္လုိက္တာဗ်။ ခင္မ်ားတုိ႕ေစ်းေရာင္းမယ္ဆုိတာသိေပမယ္႕ မရုိင္းပ်ခ်င္လို႕ လက္ခံစကားေျပာေနတာ"
.
"ကဲဗ်ာ . . ခင္မ်ားကို ဒါရုိက္ဆက္ႏုိင္မယ္႕ဖုန္းနံပါတ္ကိုေပးထား။ က်ဳပ္စဥ္းစားၾကည္႕ျပီး စိတ္ဝင္စားရင္ျပန္ဆက္လုိက္မယ္ . . ရမလား?"
.
.
"မိတ္ေဆြၾကီးမအားလို႕ဖုန္းခ်လုိက္ေတာ႕မယ္ဆုိတာ ကြ်န္ေတာ္ခန္႕မွန္းမိပါတယ္။ အခုေပးတဲ႕ေစ်းႏႈန္းေတြက Offer အရ ေလွ်ာ႕ေစ်းေတြျဖစ္လို႕ ေနာက္မွျပန္ဆက္လာမယ္ဆိုရင္ ဒီေစ်းေတြမရႏုိင္ပါဘူး။ ကားပ်က္ေတာ႕မွအာမခံလွမ္းဝယ္ရင္လည္း ဒီေစ်းနဲ႕ကြ်န္ေတာ္တို႕မေရာင္းႏုိင္ပါဘူး။ ေစ်းအမ်ားၾကီးတက္သြားႏုိင္ပါတယ္။ ဒါေၾကာင္႕ အခုလုိေလွ်ာ႕ေစ်းနဲ႕ရမယ္႕အခြင္႕အေရးကိုလက္မလႊတ္သင္႕ပါခင္မ်ား"
.
"ဒါဆိုလည္း . . ဒီလုိလုပ္ . .။ ခင္မ်ားတို႕ေပးတဲ႕ေစ်းနဲ႕ေလွ်ာ႕ေစ်းစာရင္းပါတဲ႕စာရြက္ေတြကို က်ဳပ္အိမ္ကိုစာတိုက္ကေနပို႕ေပးလုိက္။ အဲဒီထဲမွာ အမႈတြဲနံပါတ္ - Case Number ပါပေစ။ က်ဳပ္ၾကိဳက္တယ္ဆုိရင္ စာတုိက္ကေနျပန္ပို႕ေပးလိုက္မယ္" (က်ဴပ္ကဖုန္းခ်မလို႕လုပ္ေနတုန္း . .)
.
.
"ဒီလိုဆိုမေကာင္းဘူးလား . . မိတ္ေဆြၾကီး . .? တစ္ခါတည္းဝယ္လုိက္မယ္ဆိုရင္ ကနဦးစာရင္းသြင္းခကို (၉၉) ေဒၚလာပဲေပးေတာ႕။ ျပီးေတာ႕ လခ်င္းေပးပရီမီယမ္ကိုလည္း (၉၉) ေဒၚလာ ထားေပးပါမယ္။ ဖုန္းေတာ႕မခ်သြားပါနဲ႕။ တစ္ခါတည္းဝယ္လိုက္ပါ"
.
"က်ဳပ္အိမ္ကုိ စာအိပ္ထုတ္ပို႕လုိက္ပါဆို" (မရုိင္းခ်င္လို႕ ဆက္ေျပာေနတာကို သူက . .)
.
.
"ဒါဆိုရင္ မိတ္ေဆြၾကီးက Credit Card နဲ႕ေပးမွာလား? Debit Card နဲ႕ ေပးမွာလား?"
.
"က်ဳပ္မဆံုးျဖတ္ရေသးဘူး" (ဒီလူေတာ႕ကြာ . .)
.
.
"ဂြပ္" (ဖုန္းခ်သံ)
.
.
ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
02-21-2018
.
.
Unicode Version:
.
.
. "လာလိုက်တဲ့တယ်လီမားကက်တင်းဖုန်းတွေ"
"ကလင် . . ကလင် . . ကလင်"
.
"ဟယ်လို?" (တစ်ခြားဖုန်းတစ်ခုကိုစောင့်နေလို့ကိုင်လိုက်တာ)
.
.
"ဟုတ်ကဲ့ . . ကိုကိုလွင် နဲ့ ပြောလို့ရမလား?"
.
"ပြောနေပါတယ်" (ဆက်မယ်လို့ပြောထားသူများလား?)
.
.
"ကျွန်တော်တို့ အာမခံ -Warranty ကုမ္ပဏီ မဆေးဒီးစ်ဋ္ဌာနက ဆက်တာပါ။ မိတ်ဆွေကြီးရဲ့ 20xx မော်ဒယ် Mercedes Benz R350 ကားသန့်ကလေးဟာ ကုမ္ပဏီကပေးထားတဲ့ အာမခံ - Warranty သက်တမ်းကုန်နေတာကိုလှမ်းအကြောင်းကြားတာပါ။ ကားက လက်ထဲမှာရှိသေးတယ်မဟုတ်လား? မိုင်းလစ် - Mileage ဘယ်လောက်ရောက်နေပါပြီလဲ?"
.
"ရှိပါသေးတယ်။ မိုင်းလစ် (xxxxx) ကျော်ပါ" (ကိုယ်စောင့်တဲ့ဖုန်းကလည်း ကားနဲ့ဆိုင်တာဆိုတော့ကာ)
.
.
"အရေးကြီးတဲ့အပိုင်းဖြစ်လို့ ကျွန်တော်တို့ကုမ္ပဏီကအထူးကျွမ်းကျင်သူ - Warranty Specialist နဲ့ ဖုန်း လွှဲပေးပါမယ်။ ကျေးဇူးပြုပြီးခေတ္တကိုင်ထားပေးပါ"
.
"အေးလေ . . ပြောကြည့်တာပေါ့" (အမှန် ကိုယ်ကလည်း ကိုယ့်ကားအကြောင်းသိချင်နေတာ)
.
.
"ဟယ်လို . . ကျွန်တော့နာမယ် ABCDEFG ပါ။ မိတ်ဆွေကြီးကိုရှင်းပြစရာရှိလို့ မဆေးဒီးစ်ကားကိုယ်စားလှယ် - Dealer မှာသွားပြင်ရင် လက်ခ (၁) နာရီကို ဒေါ်လာ (၁၅ဝ) ရှိတယ်ဆိုတာကို သိရှိပါသလား?"
.
"မသိပါ" (တိုယိုတာက (၁) နာရီ ဒေါ်လာ (ရဝ) နဲ့တွက်တာသိတယ်။ မဆေးဒီးစ် က သူပြောမှသိတာ)
.
.
"ကားစစ်ဆေးဖို့ နဲ့ အထွေထွေစစ်ဆေးရေး - Diagnose လုပ်ရင် တစ်ကြိမ်ကို ဒေါ်လာ (၃ဝဝဝ) လောက်ကုန်တယ်ဆိုတာရောသိပါသလား?"
.
"မသိပါဘူး" (ပိုစျေးကြီးတယ်ဆိုတာသိတယ်။ ပမဏတော့မသိတာအမှန်)
.
.
"ဒါနဲ့ . . နေပါဦး . . ခင်များက ကျုပ်ဖုန်းနံပါတ်ဘယ်ကရသလဲ" (ဟုတ်တယ် . . စိတ်ကသိပ်မရှည်ချင်တော့ဘူး)
.
"မိတ်ဆွေကြီးက ဒီကားဝယ်တုန်းက အာမခံဝယ်ဖို့အွန်လိုင်းမှာရှာခဲ့သေးတယ်မဟုတ်လား? အဲဒီ Op-In ကနေ ရတာပါ။ အခုလိုလက်ခံပြောပေးတာကျေးဇူးတင်ပါတယ်။ ဆက်ပြောလို့အဆင်ပြေပါတယ်နော်?"
.
"အင်း . . ဆက်ပြောပါဦး" (မြန်မာနိုင်ငံမှာစျေးရောင်းလာတဲ့သူကွ . . ဘာမှတ်သလဲ)
.
.
"ကျွန်တော်တို့အာမခံက (၅) နှစ်သက်တမ်းပါ။ တစ်နှစ်စာကို (၁၂) ကြိမ်ခွဲပေးလို့ရသလို (၁) နှစ်စာတစ်ပေါင်းတည်းပေးရင်ပိုသက်သာမှာပါ။ မိတ်ဆွေကြီးရဲ့အိမ်ကို ကျွန်တော်တို့ရုံးကစာ - Offer ပို့လိုက်ပါသေးတယ်"
.
"အဲဒါ ကျုပ်မရဘူး" (အမှန်က သူ့ Offer အကြောင်းသိချင်လို့)
.
.
"ဒီအာမခံ - Warranty ရဲ့လွှမ်းခြုံမှုက ကားပြင်သမျှကို ကျွန်တော်တို့ကုမ္ပဏီက (၂ဝ%) စိုက်ပေးမှာဖြစ်ပြီး မိတ်ဆွေကြီးက (၈ဝ%) သာကျခံရမှာဖြစ်လို့အင်မတန်ကိုသက်သာစေပါတယ်"
.
"နောက်ပြီး အခမဲ့လုပ်ခွင့်ရှိတဲ့ မှန်သုတ်တံလဲပေးတာ၊ အင်ဂျင်ဝိုင်လဲတာ၊ ကားဘီးပေါက်လို့ဖာတာ နဲ့ မီးလိုင်းပျောက်တာအပြင် အင်ဂျင်စစ်ဖို့မီးအဝါပေါ်တာကိုစစ်ပေးတာမျိုးတွေကို မိတ်ဆွေကြီးအကျိုးရှိရှိ ခံစားရမှာပါ"
.
"ကျုပ်ကားက ဝယ်ကတည်းက အဲဒါတွေတစ်ခါမှမဖြစ်သေးဘူးဗျ" (အမှန်က ကားဘီးလေလျော့နေတဲ့မီးမကြာခဏပေါ်လို့ လုပ်ပြီးသွားပြီ။ အဲဒါ ဘာအာမခံမှမလိုဘူး။ Costco Member ဖြစ်တာနဲ့ ဘယ်လိုကားတာယာလာလာ ပေါက်မပေါက်စစ်ပေးတယ်။ ဘီးပေါက်လို့ဖာရင် $11.95 ပဲ ပေးရတာ)
.
.
"မိတ်ဆွေကြီး သဘောတူရင် ကနဦးစာရင်းသွင်းခ (၂၄၉) ဒေါ်လာကို အခုပေးနိုင်ပြီး လစဉ်ကြေးပရီမီယမ် (၁၂၉) ဒေါ်လာ ကို တစ်လချင်းပေးသွားနိုင်ပါတယ်။ ဒါမှမဟုတ် တစ်နှစ်စာလုံးပေးချင်ရင်တော့ (၁၈၆ဝ) ဒေါ်လာပဲကျသင့်လို့ အင်မတန်သက်သာပါတယ်"
.
"ကျုပ်က အလုပ်ကနေ ဖုန်းတစ်ခုစောင့်နေတာမလို့ ဒီဖုန်းကိုကိုင်လိုက်တာဗျ။ ခင်များတို့စျေးရောင်းမယ်ဆိုတာသိပေမယ့် မရိုင်းပျချင်လို့ လက်ခံစကားပြောနေတာ"
.
"ကဲဗျာ . . ခင်များကို ဒါရိုက်ဆက်နိုင်မယ့်ဖုန်းနံပါတ်ကိုပေးထား။ ကျုပ်စဉ်းစားကြည့်ပြီး စိတ်ဝင်စားရင်ပြန်ဆက်လိုက်မယ် . . ရမလား?"
.
.
"မိတ်ဆွေကြီးမအားလို့ဖုန်းချလိုက်တော့မယ်ဆိုတာ ကျွန်တော်ခန့်မှန်းမိပါတယ်။ အခုပေးတဲ့စျေးနှုန်းတွေက Offer အရ လျှော့စျေးတွေဖြစ်လို့ နောက်မှပြန်ဆက်လာမယ်ဆိုရင် ဒီစျေးတွေမရနိုင်ပါဘူး။ ကားပျက်တော့မှအာမခံလှမ်းဝယ်ရင်လည်း ဒီစျေးနဲ့ကျွန်တော်တို့မရောင်းနိုင်ပါဘူး။ စျေးအများကြီးတက်သွားနိုင်ပါတယ်။ ဒါကြောင့် အခုလိုလျှော့စျေးနဲ့ရမယ့်အခွင့်အရေးကိုလက်မလွှတ်သင့်ပါခင်များ"
.
"ဒါဆိုလည်း . . ဒီလိုလုပ် . .။ ခင်များတို့ပေးတဲ့စျေးနဲ့လျှော့စျေးစာရင်းပါတဲ့စာရွက်တွေကို ကျုပ်အိမ်ကိုစာတိုက်ကနေပို့ပေးလိုက်။ အဲဒီထဲမှာ အမှုတွဲနံပါတ် - Case Number ပါပစေ။ ကျုပ်ကြိုက်တယ်ဆိုရင် စာတိုက်ကနေပြန်ပို့ပေးလိုက်မယ်" (ကျူပ်ကဖုန်းချမလို့လုပ်နေတုန်း . .)
.
.
"ဒီလိုဆိုမကောင်းဘူးလား . . မိတ်ဆွေကြီး . .? တစ်ခါတည်းဝယ်လိုက်မယ်ဆိုရင် ကနဦးစာရင်းသွင်းခကို (၉၉) ဒေါ်လာပဲပေးတော့။ ပြီးတော့ လချင်းပေးပရီမီယမ်ကိုလည်း (၉၉) ဒေါ်လာ ထားပေးပါမယ်။ ဖုန်းတော့မချသွားပါနဲ့။ တစ်ခါတည်းဝယ်လိုက်ပါ"
.
"ကျုပ်အိမ်ကို စာအိပ်ထုတ်ပို့လိုက်ပါဆို" (မရိုင်းချင်လို့ ဆက်ပြောနေတာကို သူက . .)
.
.
"ဒါဆိုရင် မိတ်ဆွေကြီးက Credit Card နဲ့ပေးမှာလား? Debit Card နဲ့ ပေးမှာလား?"
.
"ကျုပ်မဆုံးဖြတ်ရသေးဘူး" (ဒီလူတော့ကွာ . .)
.
.
"ဂွပ်" (ဖုန်းချသံ)
.
.
ခင်လျက်
ကိုညီညီ (တောင်ကြီး)
02-21-2018






No comments: