ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, March 25, 2020

Ventilator ဆိုတာဘာလဲ?

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

Ventilator-ဗင်တလိတ်တာ ဆိုတာ အသက်ရှူလမ်းကြောင်းက‌တစ်ဆင့်လေရှူသွင်းနိုင် လေရှူထုတ်နိုင်အောင် လူနာကိုအောက်စီဂျင်ပေးတဲ့အသွင်းအထုတ်စက်တစ်မျိုးဖြစ်ပါတယ်။ 

"ဘယ်လိုလူနာတွေ Ventilator ကိုသုံးဖို့လိုတာလဲ?"
ခန္ဓာကိုယ်အားမရှိလို့၊ ကိုယ်ခံအားနည်းပါးလို့၊ အသက်ရှူပေမယ့် လုံလောက်တဲ့လေ (အောက်စီဂျင်) မရတဲ့လူနာတွေက Ventilator ကိုသုံးဖို့လိုပါတယ်။

"Ventilator ကို ဘယ်နေရာမှာသုံးတာလဲ?"
အထူးကြပ်မတ်ဆောင်-ICU (Intensive Care Unit) မှာ ကိုယ်ပိုင်ခွန်အားနဲ့အသက်မရှူနိုင်တဲ့လူနာတွေကို Ventilator သုံးပြီးအသက်ဝဝရှူစေနိုင်ပါတယ်။ Ventilator အများစုမှာ သူ့ချည်းချည်းမဟုတ်ဘဲ အတိုအရှည်ညှိနိုင်တဲ့လေပိုက်နဲ့ချိတ်ဆက်ထားပြီး စောင့်ကြည့်မျက်နှာပြင်-Monitor တစ်ခု အမြဲလိုလိုပါရှိပါတယ်။

"လူနာတစ်ယောက်ဟာ Ventilator သုံးပြီးအချိန်ဘယ်လောက်ကြာအောင်နေနိုင်ပါသလဲ?"
လနဲ့ချီပြီးနေနိုင်ပါတယ်။ လူနာပေါ်မူတည်ပြီး နလံထချိန်ကွာခြားနိင်ပါတယ်။ ရောဂါအပြင်း အပျော့ပေါ်မှာအခြေခံပြီး လဲလျောင်းနေတဲ့လူနာရဲ့အဆုတ်ဟာ သဘာဝအလျောက် အမှီအခိုကင်းကင်း (လေသွင်း/လေထုတ်) အသက်ဘယ်လောက်မြန်မြန်ပြန်ရှူနိုင်သလဲအပေါ်မှာအဆုံးအဖြတ်ပေးပါလိမ့်မယ်။

"လူနာတစ်ယောက်ဟာ Ventilator သုံးနေချိန်မှာသတိရှိနေနိုင်ပါသလား?"
ကုသခံနေရင်းနဲ့လူနာဟာ သက်သာလာတဲ့အချိန်နဲ့တစ်ပြေးညီ သတိရှိ-Conscious ဖြစ်နေနိုင်ပါတယ်။ သတိမေ့နေရင်လည်း ခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအားနဲ့အသက်ရှူနေရင်း Ventilator ကို မှီခိုနေရဦးမှာဖြစ်ပါတယ်။

"Ventilator သုံးနေတဲ့လူနာရဲ့နားဟာ အကြားအာရုံရှိပါသလား?"
အများအားဖြင့် Ventilator အားကိုးပြီးအသက်ရှူနေသူလူနာကိုနားမကြားဘူးလို့အထင်မှားလေ့ရှိကြတယ်။ အမှန်က လူနာဟာမှိန်းနေတာ၊ သတိမေ့နေတာ၊ သိနေရင်တောင်မတုံ့ပြန်နိုင်တာ၊ စကားပြောထွက်ဖို့ လှုပ်ရှားပြဖို့ခွန်အားမရှိတာကြောင့် လူနာကြည့်သူတွေကအော်ပြောတတ်လေ့ရှိကြတယ်။ ဒီအပြုအမူတွေလူနာရှေ့မှာမလုပ်သင့်ပါ။ လူနာက Ventilator သုံးနေပေမယ့် နားကြားပါတယ်။

"Ventilator သုံးနေတဲ့လူနာဟာလန်းဆန်းနလံထလာနိုင်ပါသလား?"
ကုသမှုခံနေရသူလူနာအများစုဟာ အိပ်ငိုက်နေလေ့ရှိပါတယ်။ ဆေးအရှိန်မပြယ်သေးတာကြောင့် မျက်လုံးတွေဖွင့်ဖို့ခက်ပါလိမ့်မယ်။ ပါးစပ်မှာပိုက်တပ်ထားတာကြောင့်လည်း စကားပြောနိုင်မှာမဟုတ်ပါ။ နလံထဖို့ကြိုးစားနေတဲ့လူနာကိုအနှောင့်အယှက်မပေးသင့်ပါ။

"Ventilator သုံးနေရင်းနှလုံးခုန်ရပ်သွားနိုင်ပါသလား?"
ဦးနှောက်ရပ်သွားပြီလို့သတ်မှတ်ခံရတဲ့လူနာဟာသေဆုံးသွားပေမယ့် အောက်စီဂျင်ကိုပိုက်တွေကနေအဆုတ်ထံကိုမပြတ်ပို့ပေးနေတဲ့ Ventilator ကြောင့် နှလုံးဆက်ခုန်နေနိုင်ပါတယ်။ ဒီစက်ကိုရပ်ဆိုင်းလိုက်တာနဲ့ ခပ်မှေးမှေးခုန်နေတဲ့နှလုံးရပ်သွားမှာပါ။

"Ventilator သုံးလို့ရလာနိုင်တဲ့ဘေးထွက်ဆိုးကျိုးကိုပြောပြပါ"
၁။ ဦးနှောက်ထိခိုက်နိုင်ပါတယ်။ ပြင်ပစက်အကူအညီယူပြီးအသက်ရှူတာကြာတဲ့လူနာမှာ စိတ်အခြေအနေချွတ်ယွင်းခြင်း-Mental Impairment ဖြစ်တဲ့သုတေသနသက်သေတွေရှိဖူးပါတယ်။

၂။ Ventilator သုံးပြီးရှူတဲ့လေဟာ အဆုတ်ကိုပြန့်သွားအောင်လေမှုတ်သွင်းလိုက်တာဖြစ်လို့  မသန့်ရှင်းရင် နူးညံ့ပြီးတိုက်ပွဲကျနေတဲ့အဆုတ်ဟာ နောက်ထပ်ရောဂါတစ်ခုကိုလက်ခံဖို့အင်မတန်လွယ်ပါတယ်။ ဒါကြောင့် ICU ထဲရောက်နေတဲ့ Ventilator သုံးပြီးအသက်ရှူနေတဲ့လူနာကို လူနာမေးခြင်းမှရှောင်ကျဉ်သင့်ပါတယ်။

“CPAP ဟာ Ventilator ဟုတ်ပါသလား?”
“CPAP-Continuous Positive Airway Pressure/Power ဟာ Ventilator အမျိုးအနွယ်ဝင်တစ်ခုဟုတ်ပါတယ်။ အိပ်နေရင်းအသက်ရှူရပ်သွားတတ်တဲ့ (ဟောက်တဲ့သူ) တွေအတွက် CPAP မှာပါတဲ့ တစ်သမတ်လေဖိအားနဲ့အဆုတ်ထဲကိုလေပျော့ပျော့လေးမှုတ်သွင်းပေးတာပါ။ ဟောက်တာကိုကာကွယ်ဖို့ CPAP သုံးသူတွေမှာ အောက်စီဂျင်ဗူးနဲ့ချိတ်ဆက်သုံးလေ့မရှိပါဘူး။ အိပ်ခန်းထဲကပြင်ပလေကို မော်တာနဲ့မှုတ်သွင်းပေးရင်းအသက်ရှူလမ်းကြောင်းကိုမပိတ်သွားအောင်လုပ်ပေးတာဖြစ်ပါတယ်။

"Ventilator တပ်ထားသူမှာနာကျင်မှုရှိပါသလား?"
မရှိပါ။ နှာခေါင်းနဲ့ပါးစပ်ကိုတွဲတပ်ထားတဲ့အစွပ်-Hose ကြောင့် လူနာကစကားပြောနိုင်မှာမဟုတ်ပါ။ စက်ကိုမပိတ်ဘဲဆွဲချွတ်လိုက်ရင် စက်ကတွန်းတင်နေတဲ့လေက ပိုက်ထိပ်ကနေချော်ထွက်လာမှာဖြစ်လို့ ရှူးကနဲအသံကိုကြားရမှာဖြစ်ပါတယ်။

"Ventilator တပ်ထားတဲ့အခါ “ပိပိ” လို့ အသံမြည်တာဘာဖြစ်တာလဲ?"
သွေးပေါင်ချိန်ကျတဲ့အခါ၊ ပါးစပ်နဲ့နှာခေါင်းမှာတပ်ထားတဲ့အစွပ်-Hose လေမလုံတဲ့အခါ၊ စက်မပိတ်ဘဲ အစွပ်ကိုဖြုတ်မိတဲ့အခါ Ventilator က ဆရာဝန် နဲ့ သူနာပြုတို့ကို PEEP alarm အသံထွက်သတိပေးစေဖို့စီမံထားတာဖြစ်ပါတယ်။

"Ventilator တစ်လုံးက ‌ဒေါ်လာဘယ်လောက်ဈေးရှိပါသလဲ?"
အမေရိကန်အစိုးရရဲ့အစားအသောက်နဲ့ဆေးဝါးညွှန်ကြားမှုဦးစီးဌာန-FDA အသိအမှတ်ပြုတွေကိုသာ အမေရိကန်ဆေးရုံ၊ ဆေးပေးခန်းတို့ရဲ့ ICU တွေမှာအသုံးများပါတယ်။ Ventilator တစ်လုံးက အနည်းဆုံး‌ ‌ဒေါ်လာ ၆ဝဝဝ ကနေ ၂ဝဝဝဝ အထိ အတန်းအစားအလိုက်ဈေးအမျိုးမျိုးရှိပါတယ်။ 

"အမေရိကားမှာ Ventilator အလုံးပေါင်းဘယ်လောက်ရှိပါသလဲ?"
The New York Times သတင်းစာရဲ့အဆိုအရ အမေရိကားမှာ Ventilator အလုံး ၁၆ဝဝဝဝ လောက်ရှိတယ်။ အရံအရေးပေါ်အခြေအနေအတွက်အစိုးရကသိမ်းထားတာ ၁၂၇ဝဝ လုံး ရှိတယ်လို့ခန့်မှန်းထားပါတယ်။ 

"ခရိုနာဗိုင်းရပ်စ်အမှန်တကယ်ကူးစက်ပြီဆိုရင်လက်ရှိရှိတဲ့စက်တွေနဲ့လောက်ငပြီလား?"
မလောက်နိုင်ပါ။ အမေရိကားမှာ ခရိုနာဗိုင်းရပ်စ်ကပ်ငြိမှုအများဆုံး နယူးယောက်ပြည်နယ်မှာ နောက် ၂ ပတ်အတွင်း Ventilator အလုံး ၃ဝဝဝဝ လိုမယ်လို့ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောတဲ့အကြောင်း မတ်လ ၂၅ ရက်နေ့ Business Insider သတင်းစာကဖော်ပြထားပါတယ်။ 

တကယ်လို့သာ တစ်နိုင်ငံလုံးအရှိန်အဟုန်ကောင်းကောင်းနဲ့ကူးစက်မှုကြီးထွားခဲ့ရင်တော့ “Mechanical Ventilator” လို့ခေါ်တဲ့ “အသက်ကူရှူစက်”  အလုံး ၉၆ဝဝဝ လိုမှာဖြစ်တာကြောင့် လက်ရှိဆေးရုံ၊ ဆေးပေးခန်းတွေမှာရှိနေတဲ့အခြေအနေနဲ့နှိုင်းယှဉ်နိုင်အောင် လေ့လာမိသလောက်ကိုပြန်လည်မျှဝေလိုက်ပါတယ်။

ကမ္ဘာသူ ကမ္ဘာသားအပေါင်း ခရိုနာဗိုင်းရပ်စ်ပိုးကိုက်ခြင်းမှကင်းဝေးပြီး ကပ်ငြိခံစားရသူတိုင်းလုံလောက်တဲ့ Ventilator တွေနဲ့ ကုသမှုခံယူနိုင်ပါစေ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
03-25-2020

<Zawgyi>

"Ventilator ဆိုတာဘာလဲ?"
Ventilator-ဗင္တလိတ္တာ ဆိုတာ အသက္ရႉလမ္းေၾကာင္းက‌တစ္ဆင့္ေလရႉသြင္းနိုင္ ေလရႉထုတ္နိုင္ေအာင္ လူနာကိုေအာက္စီဂ်င္ေပးတဲ့အသြင္းအထုတ္စက္တစ္မ်ိဳးျဖစ္ပါတယ္။ 

"ဘယ္လိုလူနာေတြ Ventilator ကိုသုံးဖို႔လိုတာလဲ?"
ခႏၶာကိုယ္အားမရွိလို႔၊ ကိုယ္ခံအားနည္းပါးလို႔၊ အသက္ရႉေပမယ့္ လုံေလာက္တဲ့ေလ (ေအာက္စီဂ်င္) မရတဲ့လူနာေတြက Ventilator ကိုသုံးဖို႔လိုပါတယ္။

"Ventilator ကို ဘယ္ေနရာမွာသုံးတာလဲ?"
အထူးၾကပ္မတ္ေဆာင္-ICU (Intensive Care Unit) မွာ ကိုယ္ပိုင္ခြန္အားနဲ႔အသက္မရႉနိုင္တဲ့လူနာေတြကို Ventilator သုံးၿပီးအသက္ဝဝရႉေစနိုင္ပါတယ္။ Ventilator အမ်ားစုမွာ သူ႔ခ်ည္းခ်ည္းမဟုတ္ဘဲ အတိုအရွည္ညႇိနိုင္တဲ့ေလပိုက္နဲ႔ခ်ိတ္ဆက္ထားၿပီး ေစာင့္ၾကည့္မ်က္ႏွာျပင္-Monitor တစ္ခု အျမဲလိုလိုပါရွိပါတယ္။

"လူနာတစ္ေယာက္ဟာ Ventilator သုံးၿပီးအခ်ိန္ဘယ္ေလာက္ၾကာေအာင္ေနနိုင္ပါသလဲ?"
လနဲ႔ခ်ီၿပီးေနနိုင္ပါတယ္။ လူနာေပၚမူတည္ၿပီး နလံထခ်ိန္ကြာျခားနိင္ပါတယ္။ ေရာဂါအျပင္း အေပ်ာ့ေပၚမွာအေျခခံၿပီး လဲေလ်ာင္းေနတဲ့လူနာရဲ့အဆုတ္ဟာ သဘာဝအေလ်ာက္ အမွီအခိုကင္းကင္း (ေလသြင္း/ေလထုတ္) အသက္ဘယ္ေလာက္ျမန္ျမန္ျပန္ရႉနိုင္သလဲအေပၚမွာအဆုံးအျဖတ္ေပးပါလိမ့္မယ္။

"လူနာတစ္ေယာက္ဟာ Ventilator သုံးေနခ်ိန္မွာသတိရွိေနနိုင္ပါသလား?"
ကုသခံေနရင္းနဲ႔လူနာဟာ သက္သာလာတဲ့အခ်ိန္နဲ႔တစ္ေျပးညီ သတိရွိ-Conscious ျဖစ္ေနနိုင္ပါတယ္။ သတိေမ့ေနရင္လည္း ခႏၶာကိုယ္ရဲ့ကိုယ္ခံစြမ္းအားနဲ႔အသက္ရႉေနရင္း Ventilator ကို မွီခိုေနရဦးမွာျဖစ္ပါတယ္။

"Ventilator သုံးေနတဲ့လူနာရဲ့နားဟာ အၾကားအာ႐ုံရွိပါသလား?"
အမ်ားအားျဖင့္ Ventilator အားကိုးၿပီးအသက္ရႉေနသူလူနာကိုနားမၾကားဘူးလို႔အထင္မွားေလ့ရွိၾကတယ္။ အမွန္က လူနာဟာမွိန္းေနတာ၊ သတိေမ့ေနတာ၊ သိေနရင္ေတာင္မတုံ႔ျပန္နိုင္တာ၊ စကားေျပာထြက္ဖို႔ လႈပ္ရွားျပဖို႔ခြန္အားမရွိတာေၾကာင့္ လူနာၾကည့္သူေတြကေအာ္ေျပာတတ္ေလ့ရွိၾကတယ္။ ဒီအျပဳအမူေတြလူနာေရွ႕မွာမလုပ္သင့္ပါ။ လူနာက Ventilator သုံးေနေပမယ့္ နားၾကားပါတယ္။

"Ventilator သုံးေနတဲ့လူနာဟာလန္းဆန္းနလံထလာနိုင္ပါသလား?"
ကုသမႈခံေနရသူလူနာအမ်ားစုဟာ အိပ္ငိုက္ေနေလ့ရွိပါတယ္။ ေဆးအရွိန္မျပယ္ေသးတာေၾကာင့္ မ်က္လုံးေတြဖြင့္ဖို႔ခက္ပါလိမ့္မယ္။ ပါးစပ္မွာပိုက္တပ္ထားတာေၾကာင့္လည္း စကားေျပာနိုင္မွာမဟုတ္ပါ။ နလံထဖို႔ႀကိဳးစားေနတဲ့လူနာကိုအေႏွာင့္အယွက္မေပးသင့္ပါ။

"Ventilator သုံးေနရင္းႏွလုံးခုန္ရပ္သြားနိုင္ပါသလား?"
ဦးေႏွာက္ရပ္သြားၿပီလို႔သတ္မွတ္ခံရတဲ့လူနာဟာေသဆုံးသြားေပမယ့္ ေအာက္စီဂ်င္ကိုပိုက္ေတြကေနအဆုတ္ထံကိုမျပတ္ပို႔ေပးေနတဲ့ Ventilator ေၾကာင့္ ႏွလုံးဆက္ခုန္ေနနိုင္ပါတယ္။ ဒီစက္ကိုရပ္ဆိုင္းလိုက္တာနဲ႔ ခပ္ေမွးေမွးခုန္ေနတဲ့ႏွလုံးရပ္သြားမွာပါ။

"Ventilator သုံးလို႔ရလာနိုင္တဲ့ေဘးထြက္ဆိုးက်ိဳးကိုေျပာျပပါ"
၁။ ဦးေႏွာက္ထိခိုက္နိုင္ပါတယ္။ ျပင္ပစက္အကူအညီယူၿပီးအသက္ရႉတာၾကာတဲ့လူနာမွာ စိတ္အေျခအေနခၽြတ္ယြင္းျခင္း-Mental Impairment ျဖစ္တဲ့သုေတသနသက္ေသေတြရွိဖူးပါတယ္။

၂။ Ventilator သုံးၿပီးရႉတဲ့ေလဟာ အဆုတ္ကိုျပန႔္သြားေအာင္ေလမႈတ္သြင္းလိုက္တာျဖစ္လို႔  မသန႔္ရွင္းရင္ ႏူးညံ့ၿပီးတိုက္ပြဲက်ေနတဲ့အဆုတ္ဟာ ေနာက္ထပ္ေရာဂါတစ္ခုကိုလက္ခံဖို႔အင္မတန္လြယ္ပါတယ္။ ဒါေၾကာင့္ ICU ထဲေရာက္ေနတဲ့ Ventilator သုံးၿပီးအသက္ရႉေနတဲ့လူနာကို လူနာေမးျခင္းမွေရွာင္က်ဥ္သင့္ပါတယ္။

“CPAP ဟာ Ventilator ဟုတ္ပါသလား?”
“CPAP-Continuous Positive Airway Pressure/Power ဟာ Ventilator အမ်ိဳးအႏြယ္ဝင္တစ္ခုဟုတ္ပါတယ္။ အိပ္ေနရင္းအသက္ရႉရပ္သြားတတ္တဲ့ (ေဟာက္တဲ့သူ) ေတြအတြက္ CPAP မွာပါတဲ့ တစ္သမတ္ေလဖိအားနဲ႔အဆုတ္ထဲကိုေလေပ်ာ့ေပ်ာ့ေလးမႈတ္သြင္းေပးတာပါ။ ေဟာက္တာကိုကာကြယ္ဖို႔ CPAP သုံးသူေတြမွာ ေအာက္စီဂ်င္ဗူးနဲ႔ခ်ိတ္ဆက္သုံးေလ့မရွိပါဘူး။ အိပ္ခန္းထဲကျပင္ပေလကို ေမာ္တာနဲ႔မႈတ္သြင္းေပးရင္းအသက္ရႉလမ္းေၾကာင္းကိုမပိတ္သြားေအာင္လုပ္ေပးတာျဖစ္ပါတယ္။

"Ventilator တပ္ထားသူမွာနာက်င္မႈရွိပါသလား?"
မရွိပါ။ ႏွာေခါင္းနဲ႔ပါးစပ္ကိုတြဲတပ္ထားတဲ့အစြပ္-Hose ေၾကာင့္ လူနာကစကားေျပာနိုင္မွာမဟုတ္ပါ။ စက္ကိုမပိတ္ဘဲဆြဲခၽြတ္လိုက္ရင္ စက္ကတြန္းတင္ေနတဲ့ေလက ပိုက္ထိပ္ကေနေခ်ာ္ထြက္လာမွာျဖစ္လို႔ ရႉးကနဲအသံကိုၾကားရမွာျဖစ္ပါတယ္။

"Ventilator တပ္ထားတဲ့အခါ “ပိပိ” လို႔ အသံျမည္တာဘာျဖစ္တာလဲ?"
ေသြးေပါင္ခ်ိန္က်တဲ့အခါ၊ ပါးစပ္နဲ႔ႏွာေခါင္းမွာတပ္ထားတဲ့အစြပ္-Hose ေလမလုံတဲ့အခါ၊ စက္မပိတ္ဘဲ အစြပ္ကိုျဖဳတ္မိတဲ့အခါ Ventilator က ဆရာဝန္ နဲ႔ သူနာျပဳတို႔ကို PEEP alarm အသံထြက္သတိေပးေစဖို႔စီမံထားတာျဖစ္ပါတယ္။

"Ventilator တစ္လုံးက ‌ေဒၚလာဘယ္ေလာက္ေဈးရွိပါသလဲ?"
အေမရိကန္အစိုးရရဲ့အစားအေသာက္နဲ႔ေဆးဝါးညႊန္ၾကားမႈဦးစီးဌာန-FDA အသိအမွတ္ျပဳေတြကိုသာ အေမရိကန္ေဆး႐ုံ၊ ေဆးေပးခန္းတို႔ရဲ့ ICU ေတြမွာအသုံးမ်ားပါတယ္။ Ventilator တစ္လုံးက အနည္းဆုံး‌ ‌ေဒၚလာ ၆ဝဝဝ ကေန ၂ဝဝဝဝ အထိ အတန္းအစားအလိုက္ေဈးအမ်ိဳးမ်ိဳးရွိပါတယ္။ 

"အေမရိကားမွာ Ventilator အလုံးေပါင္းဘယ္ေလာက္ရွိပါသလဲ?"
The New York Times သတင္းစာရဲ့အဆိုအရ အေမရိကားမွာ Ventilator အလုံး ၁၆ဝဝဝဝ ေလာက္ရွိတယ္။ အရံအေရးေပၚအေျခအေနအတြက္အစိုးရကသိမ္းထားတာ ၁၂၇ဝဝ လုံး ရွိတယ္လို႔ခန႔္မွန္းထားပါတယ္။ 

"ခရိုနာဗိုင္းရပ္စ္အမွန္တကယ္ကူးစက္ၿပီဆိုရင္လက္ရွိရွိတဲ့စက္ေတြနဲ႔ေလာက္ငၿပီလား?"
မေလာက္နိုင္ပါ။ အေမရိကားမွာ ခရိုနာဗိုင္းရပ္စ္ကပ္ၿငိမႈအမ်ားဆုံး နယူးေယာက္ျပည္နယ္မွာ ေနာက္ ၂ ပတ္အတြင္း Ventilator အလုံး ၃ဝဝဝဝ လိုမယ္လို႔ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးကေျပာတဲ့အေၾကာင္း မတ္လ ၂၅ ရက္ေန႔ Business Insider သတင္းစာကေဖာ္ျပထားပါတယ္။ 

တကယ္လို႔သာ တစ္နိုင္ငံလုံးအရွိန္အဟုန္ေကာင္းေကာင္းနဲ႔ကူးစက္မႈႀကီးထြားခဲ့ရင္ေတာ့ “Mechanical Ventilator” လို႔ေခၚတဲ့ “အသက္ကူရႉစက္”  အလုံး ၉၆ဝဝဝ လိုမွာျဖစ္တာေၾကာင့္ လက္ရွိေဆး႐ုံ၊ ေဆးေပးခန္းေတြမွာရွိေနတဲ့အေျခအေနနဲ႔ႏွိုင္းယွဥ္နိုင္ေအာင္ ေလ့လာမိသေလာက္ကိုျပန္လည္မၽွေဝလိုက္ပါတယ္။

ကမၻာသူ ကမၻာသားအေပါင္း ခရိုနာဗိုင္းရပ္စ္ပိုးကိုက္ျခင္းမွကင္းေဝးၿပီး ကပ္ၿငိခံစားရသူတိုင္းလုံေလာက္တဲ့ Ventilator ေတြနဲ႔ ကုသမႈခံယူနိုင္ပါေစ။

ခင္လ်က္
ကိုညီညီ (ေတာင္ႀကီး)
03-25-2020

No comments: