ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, November 8, 2019

လွမ်းစိတ်တဖြိုင်ဖြိုင် တောင်ကြီးတန်ဆောင်တိုင်

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
  တန်ဆောင်တိုင်တောင်ရောက်နေပြီ။ တောင်ကြီးသားဆိုတဲ့အတိုင်း ဒီအချိန်ရောက်ရင် အသွေးထဲက အသားထဲက မသောက်ပဲနဲ့မူး၊ မမူးပဲနဲ့ရူူးနေတဲ့ပိုးတွေကအမြဲထလာတတ်ကြတာလေ။ အေးလည်းအေးတယ် ဆွေးလည်းဆွေးတယ် ဝေးလည်းဝေးနေတဲ့ တောင်ကြီးမြို့ရဲ့ ကာလရှည်ကြာပေမယ့် ရိုးရာမပျက် ဆက်လက်ဆင်နွှဲနေကြသူတွေကို အဝေးကနေ အလေးပြုပါတယ်။

  တန်ဆောင်တိုင်ပွဲခင်းကိုလမ်းလျှောက်ရတာ ဖုန်တွေနဲ ့လူအုပ်ကြီးနဲ့ စျေးဆိုင်တွေရဲ့လှမ်းအော်ကြော်ငြာမှုတွေနဲ့၊ အသံတိုး အသံကျယ် လော်စပီကာပေါင်းစုံရဲ့ရောင်စုံအသံလှိုင်းတွေကြောင့် ပတ်ဝန်းကျင်ရဲ့အေးခဲထုံကျင်နေမှုကို အမြဲသတိမေ့တတ်ကြတာ တောင်ကြီးမြို့ရဲ့တန်ဆောင်တိုင်ပါပဲ။ ကဗျာတွေ စာတွေ ဖွဲ့မနေနဲ့၊ ဘာညာတွေ သာရကာတွေ နွဲ့မနေနဲ့၊ လာရောက်ဖို့သာ သင့်တာဝန်လို့ အဝေရာမီးပုံးပျံကွင်းကြီးက အဝေးကနေ ညှို့ဆွဲခေါ်ဆောင်နေတာ ရောက်ဖူးသူတိုင်းအတွက် အမှတ်တရဖြစ်စေခဲ့ကြတယ်။

  ငယ်ငယ်တုန်းကဆိုရင် တန်ဆောင်တိုင်ဆိုတာ အခုလက်ရှိဗိုလ်ချုပ်ကျေးရုပ်ရှိတဲ့ပန်းခြံထဲမှာလုပ်တာ။ ရွှေဘုန်းပွင့်ဘုရားဘက်ကိုမျက်နှာမူထားတဲ့အစိုးရရုံးတစ်ခုရဲ့အောက်ထပ်မှာ အကဲဖြတ်ဒိုင်တွေထိုင်ပြီးအမှတ်ပေးကြတာပေါ့။ မှတ်မိသေးတယ် . . အဲဒီတုန်းကဆိုရင် စတိတ်ရှိုးတိုင်း စိုင်းထီးဆိုင် နဲ့ ခိုင်ထူး တို့က နောက်ဆုံးပွဲပြီးခါနီးမှတက်ဆိုရသလို "ဟော်ကုန်းမီး" မလာသေးရင် တန်ဆောင်တိုင်မီးပုံးပျံပွဲက ပိတ်ပွဲလုပ်လို့မရသေးဘူး။

  ကျွန်တော့လို ကလေးငယ်ငယ်လေးဟာလည်း အဲဒီတုန်းက “ပွဲ” ဆိုတာကို စွဲလမ်းတာပဲ။ ကျောင်းကပြန်လာလို့ လွယ်အိတ်ကိုကုတင်ပေါ်ပစ်တင်၊ အိမ်စာအမြန်လုပ်၊ ထမင်းစား၊ အနွေးထည်ဝတ်ပြီး ပွဲခေါ်သွားမယ့်လူကြီးကိုအဆင်သင့်ထိုင်စောင့်နေခဲ့တာ သိပ်လွမ်းဖို့ကောင်းတာပဲ။ ပွဲခင်းထဲရောက်ရင် လူတွေ ပခုံးချင်းလက်ချင်းချိတ်ထားတဲ့ လူမီးရထားတွဲတွေ့ရင် တက်နင်းမှာစိုးလို့ကြောက်လိုက်တာ။ ဒီကြားထဲ ကျွန်တော့အစ်မတွေပါ ပွဲခင်းထဲပါလာရင် သူတို့ရဲ့နောက်ကကပ်ပြီး ကာလသားရန်တွေကနေ ကာကွယ်ပေးရသေးတာ။

  စားလို့အကောင်းဆုံးအစားအစာ‌တွေထဲက ပွဲလာတိုင်းတောင့်တမိတာက ဝက်သားချဉ် ပါ။ ဝက်ခေါက်နဲ့လွေးရင် အဝေးဘယ်လောက်ရောက်ရောက် ပြန်လာစားချင်တာ အင်းသားတွေရဲ့ဖော်မြူလာ။ ဝက်သွေးနဲ့ လုပ်ထား၊ ဝက်သားက ခပ်ပါးပါး၊ တောင်ပေါ်ရေနွေးကြမ်းက ခပ်ခါးခါး၊ အားပါးပါး စပ်လိုက်တဲ့ ငြုပ်သီးဆီကျက်အနှစ်တွေကြားက ပညာပြတဲ့ အင်းသူ အင်းသားများ။

  ဒီနေရာမှာ ဦးဆောင်ပြီးဗိုလ်ဆွဲသွားတာကတော့ တောင်သူတွေနှုတ်လာပြီး စျေးနေ့မှဝယ်လို့ရတဲ့ အမျိုးချစ်တဲ့ ဂျူးမြစ် ဖြစ်ပါတယ်။ ဟင်းထုပ်နဲ့ တွဲစားမလား၊ ဝက်သားချဉ်နဲ့ တွဲစားဦးမလား၊ လက်အိတ်မစွပ်ပဲနှယ်တဲ့ ငါးထမင်းနှယ်နဲ့ စားမလား . . အားလုံးအဆင်ပြေစေရမယ်။ ရှမ်းပြည်မှာပေါများသလောက် အမြစ်နားမှာ မြေနီတွေကပ်နေတဲ့ ဂျူးမြစ်က အသက်။

  ကလေးမို့လို့ အစားမက်နေရင်း တခါတလေဆိုရင် အပေါ်ကမီးပုံးပျံက ဘာဖြစ်သွားတယ်ဆိုတာ မသိလိုက်ဘူး။ ကြည့်လိုက်ရင်လည်း “မီးကြည်” မှ။ ဟိုနားကထွက်လာ ဒီနားကထွက်လာတဲ့ မီးရှူးတွေကြားမှာပြေးလွှားရတာ တန်ဆောင်တိုင်ရဲ့အရသာပေမယ့် အန္တရာယ်က မကင်းလှဘူး။ မီးထောင်နေတဲ့မီးပုံးပျံနားကျတော့လည်း လူကြီးတွေကပေးမသွားဘူး။ သိပ်ကံကောင်းတဲ့နှစ်တွေမှာ VIP စင်မြင့်နားက သွပ်ပြားထရံကြားကနေချောင်းကြည့်ရတဲ့ တန်ဆောင်တိုင်ကတစ်ခု ကလေးဘဝကတစ်ခု။

  ရှိသေးတယ် . . ရှိသေးတယ်။ ကလေးသဘာဝ မီးရှူးတဖြာဖြာ နဲ့ အသည်းထဲမှာဟာသွားမယ့် မီးကြည်အလုံးပဲကြည့်ချင်တာလေ။ ညက နက်နေပြီ။ ပတ်ဝန်းကျင်မှာ တောင်ခြေကလေအေးနဲ့ တောင်ပေါ်ကဝေ့ဝိုက်ဆင်းလာတဲ့ မြူအေးတွေကြောင့် ထင်းမီးပုံနားတိုးပြီးအိပ်ငိုက်နေရတဲ့ကလေးလေးဟာ မီးပုံးပျံတက်ပြီလည်းဆိုရော မျှော်လင့်တကြီးနဲ့ကြည့်လိုက်တော့ ဘာမီးရှုးမှမပါတဲ့ မီးပုံးပျံဘေးမှာ ဖယောင်းတိုင်ရောင်စုံမီးပုံးသေးသေးလေးပေါင်းစုံစုချိတ်စာလုံးအလှဖော်ထားတဲ့ "စိန်နားပန်မီးပုံးပျံ" တဲ့ဗျာ။ သွားပြီ။ အဲဒါ နောက်တစ်လုံးကြည့်ရဖို့ စောင့်ရမှာ အနည်းဆုံး (၁) နာရီပဲ။

  သမိုင်းကြောင်းကိုပြန်ကြည့်ရရင် မီးပုံးပျံပြိုင်ပွဲကျင်းပခဲ့တဲ့နေရာတွေက ဗိုလ်ချုပ်ကျေးရုပ်ရှေ့၊ ဘော်လုံးကွင်း နဲ့ အားကစားရုံရှေ့ကကျောက်တိုင်ကွင်း (စတိတ်ရှိုးလုပ်ရင် ဒီနေရာမှာအမြဲလုပ်နေကျ)၊ နောက်တော့ (၂၁၂) စစ်တပ်ကွင်း၊ ကြားထဲမှာ အစိုးရပြောင်းလို့ မြို့အဝင်က ကြိုးတံတားနားက တောင်စောင်း၊ နောက်ကျတော့ စူဠာမုဏိဘုရားတည်ပြီးတော့ ဘုရားကွင်း၊ နောက်ကျမှ ဆက်ကာ ဆက်ကာပြောင်းရင်းကနေ အခု အဝေရာမီးပုံးပျံကွင်းအထိ ရွှေ့ပြောင်းအခြေချခဲ့ရတယ်။

  ဘယ်လိုပင်နေရာတွေပြောင်းလဲသွားစေကာမူ တောင်ကြီးမြို့ရဲ့အေးမြတဲ့ရာသီဥတု နဲ့ နွေးထွေးတဲ့ဧည့်ဝတ်ကျေပွန်မှုတွေကြားမှာ ခပ်စေးစေးရှမ်းခေါက်ဆွဲထိုင်စားရင်း တောင်ကြီးတန်ဆောင်တိုင်ပွဲခင်းထဲမှာ အဖာသူဋ္ဌေးဓါတ်ဗူးထဲကနေ နှုတ်ခမ်းပဲ့ရေနွေးကြမ်းခွက်နဲ့ အငွေ့တလူလူဆားခတ်အခါးရည်ကိုမှုတ်သောက်ဖူးပါရင် ဘယ်လိုအကြောင်းအရာတွေလာပြိုင်ပြိုင် လွမ်းတဖြိုင်ဖြိုင် တောင်ကြီးတန်ဆောင်တိုင်ကို မေ့နိုင်ဖို့ရာမစွမ်းနိုင်တဲ့အကြောင်းလေးကို အလွမ်းပေဖူးလွှာဆင့်ပါးလိုက်ပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
11-08-2019

<Zawgyi>

"လြမ္းစိတ္တျဖိဳင္ျဖိဳင္ ေတာင္ၾကီးတန္ေဆာင္တိုင္"
          တန္ေဆာင္တိုင္ေတာင္ေရာက္ေနျပီ။ ေတာင္ၾကီးသားဆိုတဲ႕အတုိင္း ဒီအခ်ိန္ေရာက္ရင္ အေသြးထဲက အသားထဲက မေသာက္ပဲနဲ႕မူး၊ မမူးပဲနဲ႕ရူူးေနတဲ႕ပိုးေတြကအျမဲထလာတတ္ၾကတာေလ။ ေအးလည္းေအးတယ္ ေဆြးလည္းေဆြးတယ္ ေဝးလည္းေဝးေနတဲ႕ ေတာင္ၾကီးျမိဳ႕ရဲ႕ ကာလရွည္ၾကာေပမယ္႕ ရိုးရာမပ်က္ ဆက္လက္ဆင္ႏႊဲေနၾကသူေတြကုိ အေဝးကေန အေလးျပဳပါတယ္။

          တန္ေဆာင္တိုင္ပြဲခင္းကိုလမ္းေလွ်ာက္ရတာ ဖုန္ေတြနဲ ႕လူအုပ္ၾကီးနဲ႕ ေစ်းဆိုင္ေတြရဲ႕လွမ္းေအာ္ေၾကာ္ျငာမႈေတြနဲ႕၊ အသံတိုး အသံက်ယ္ ေလာ္စပီကာေပါင္းစံုရဲ႕ေရာင္စံုအသံလိႈင္းေတြေၾကာင္႕ ပတ္ဝန္းက်င္ရဲ႕ေအးခဲထံုက်င္ေနမႈကို အျမဲသတိေမ႕တတ္ၾကတာ ေတာင္ၾကီးျမိဳ႕ရဲ႕တန္ေဆာင္တိုင္ပါပဲ။ ကဗ်ာေတြ စာေတြ ဖြဲ႕မေနနဲ႕၊ ဘာညာေတြ သာရကာေတြ ႏြဲ႕မေနနဲ႕၊ လာေရာက္ဖို႕သာ သင္႕တာဝန္လို႕ အေဝရာမီးပံုးပ်ံကြင္းၾကီးက အေဝးကေန ညွိဳ႕ဆြဲေခၚေဆာင္ေနတာ ေရာက္ဖူးသူတိုင္းအတြက္ အမွတ္တရျဖစ္ေစခဲ႕ၾကတယ္။

          ငယ္ငယ္တုန္းကဆိုရင္ တန္ေဆာင္တိုင္ဆိုတာ အခုလက္ရွိဗိုလ္ခ်ဳပ္ေက်းရုပ္ရွိတဲ႕ပန္းျခံထဲမွာလုပ္တာ။ ေရႊဘုန္းပြင္႕ဘုရားဘက္ကုိမ်က္ႏွာမူထားတဲ႕အစုိးရရံုးတစ္ခုရဲ႕ေအာက္ထပ္မွာ အကဲျဖတ္ဒိုင္ေတြထိုင္ျပီးအမွတ္ေပးၾကတာေပါ႕။ မွတ္မိေသးတယ္ . . အဲဒီတုန္းကဆိုရင္ စတိတ္ရွိဳးတိုင္း စိုင္းထီးဆိုင္ နဲ႕ ခုိင္ထူး တို႕က ေနာက္ဆံုးပြဲျပီးခါနီးမွတက္ဆုိရသလို "ေဟာ္ကုန္းမီး" မလာေသးရင္ တန္ေဆာင္တိုင္မီးပံုးပ်ံပြဲက ပိတ္ပြဲလုပ္လို႕မရေသးဘူး။

          ကြ်န္ေတာ႕လို ကေလးငယ္ငယ္ေလးဟာလည္း အဲဒီတုန္းက “ပြဲ” ဆိုတာကို စြဲလမ္းတာပဲ။ ေက်ာင္းကျပန္လာလို႕ လြယ္အိတ္ကုိကုတင္ေပၚပစ္တင္၊ အိမ္စာအျမန္လုပ္၊ ထမင္းစား၊ အေႏြးထည္ဝတ္ျပီး ပြဲေခၚသြားမယ္႕လူၾကီးကိုအဆင္သင္႕ထိုင္ေစာင္႕ေနခဲ႕တာ သိပ္လြမ္းဖို႕ေကာင္းတာပဲ။ ပြဲခင္းထဲေရာက္ရင္ လူေတြ ပခံုးခ်င္းလက္ခ်င္းခ်ိတ္ထားတဲ႕ လူမီးရထားတြဲေတြ႕ရင္ တက္နင္းမွာစုိးလို႕ေၾကာက္လိုက္တာ။ ဒီၾကားထဲ ကြ်န္ေတာ႕အစ္မေတြပါ ပြဲခင္းထဲပါလာရင္ သူတို႕ရဲ႕ေနာက္ကကပ္ျပီး ကာလသားရန္ေတြကေန ကာကြယ္ေပးရေသးတာ။

            စားလို႕အေကာင္းဆံုးအစားအစာတြထဲက ပြဲလာတိုင္းေတာင္႕တမိတာက ဝက္သားခ်ဥ္ ပါ။ ဝက္ေခါက္နဲ႕ေလြးရင္ အေဝးဘယ္ေလာက္ေရာက္ေရာက္ ျပန္လာစားခ်င္တာ အင္းသားေတြရဲ႕ေဖာ္ျမဴလာ။ ဝက္ေသြးနဲ႕ လုပ္ထား၊ ဝက္သားက ခပ္ပါးပါး၊ ေတာင္ေပၚေရေႏြးၾကမ္းက ခပ္ခါးခါး၊ အားပါးပါး စပ္လိုက္တဲ႕ ျငဳပ္သီးဆီက်က္အႏွစ္ေတြၾကားက ပညာျပတဲ႕ အင္းသူ အင္းသားမ်ား။

          ဒီေနရာမွာ ဦးေဆာင္ျပီးဗိုလ္ဆြဲသြားတာကေတာ႕ ေတာင္သူေတြႏႈတ္လာျပီး ေစ်းေန႕မွဝယ္လို႕ရတဲ႕ အမ်ိဳးခ်စ္တဲ႕ ဂ်ဴးျမစ္ ျဖစ္ပါတယ္။ ဟင္းထုပ္နဲ႕ တြဲစားမလား၊ ဝက္သားခ်ဥ္နဲ႕ တြဲစားဦးမလား၊ လက္အိတ္မစြပ္ပဲႏွယ္တဲ႕ ငါးထမင္းႏွယ္နဲ႕ စားမလား . . အားလံုးအဆင္ေျပေစရမယ္။ ရွမ္းျပည္မွာေပါမ်ားသေလာက္ အျမစ္နားမွာ ေျမနီေတြကပ္ေနတဲ႕ ဂ်ဴးျမစ္က အသက္။

          ကေလးမုိ႕လို႕ အစားမက္ေနရင္း တခါတေလဆိုရင္ အေပၚကမီးပံုးပ်ံက ဘာျဖစ္သြားတယ္ဆုိတာ မသိလိုက္ဘူး။ ၾကည္႕လိုက္ရင္လည္း “မီးၾကည္” မွ။ ဟုိနားကထြက္လာ ဒီနားကထြက္လာတဲ႕ မီးရွဴးေတြၾကားမွာေျပးလႊားရတာ တန္ေဆာင္တိုင္ရဲ႕အရသာေပမယ္႕ အႏၱရာယ္က မကင္းလွဘူး။ မီးေထာင္ေနတဲ႕မီးပံုးပ်ံနားက်ေတာ႕လည္း လူၾကီးေတြကေပးမသြားဘူး။ သိပ္ကံေကာင္းတဲ႕ႏွစ္ေတြမွာ VIP စင္ျမင္႕နားက သြပ္ျပားထရံၾကားကေနေခ်ာင္းၾကည္႕ရတဲ႕ တန္ေဆာင္တိုင္ကတစ္ခု ကေလးဘဝကတစ္ခု။

          ရွိေသးတယ္ . . ရွိေသးတယ္။ ကေလးသဘာဝ မီးရွဴးတျဖာျဖာ နဲ႕ အသည္းထဲမွာဟာသြားမယ္႕ မီးၾကည္အလံုးပဲၾကည္႕ခ်င္တာေလ။ ညက နက္ေနျပီ။ ပတ္ဝန္းက်င္မွာ ေတာင္ေျခကေလေအးနဲ႕ ေတာင္ေပၚကေဝ႕ဝိုက္ဆင္းလာတဲ႕ ျမဴေအးေတြေၾကာင္႕ ထင္းမီးပံုနားတုိးျပီးအိပ္ငိုက္ေနရတဲ႕ကေလးေလးဟာ မီးပံုးပ်ံတက္ျပီလည္းဆိုေရာ ေမွ်ာ္လင္႕တၾကီးနဲ႕ၾကည္႕လုိက္ေတာ႕ ဘာမီးရွဳးမွမပါတဲ႕ မီးပံုးပ်ံေဘးမွာ ဖေယာင္းတိုင္ေရာင္စံုမီးပံုးေသးေသးေလးေပါင္းစံုစုခ်ိတ္စာလံုးအလွေဖာ္ထားတဲ႕ "စိန္နားပန္မီးပံုးပ်ံ" တဲ႕ဗ်ာ။ သြားျပီ။ အဲဒါ ေနာက္တစ္လံုးၾကည္႕ရဖို႕ ေစာင္႕ရမွာ အနည္းဆံုး (၁) နာရီပဲ။

          သမိုင္းေၾကာင္းကိုျပန္ၾကည္႕ရရင္ မီးပံုးပ်ံျပိဳင္ပြဲက်င္းပခဲ႕တဲ႕ေနရာေတြက ဗိုလ္ခ်ဳပ္ေက်းရုပ္ေရွ႕၊ ေဘာ္လံုးကြင္း နဲ႕ အားကစားရံုေရွ႕ကေက်ာက္တုိင္ကြင္း (စတိတ္ရွိဳးလုပ္ရင္ ဒီေနရာမွာအျမဲလုပ္ေနက်)၊ ေနာက္ေတာ႕ (၂၁၂) စစ္တပ္ကြင္း၊ ၾကားထဲမွာ အစုိးရေျပာင္းလို႕ ျမိဳ႕အဝင္က ၾကိဳးတံတားနားက ေတာင္ေစာင္း၊ ေနာက္က်ေတာ႕ စူဠာမုဏိဘုရားတည္ျပီးေတာ႕ ဘုရားကြင္း၊ ေနာက္က်မွ ဆက္ကာ ဆက္ကာေျပာင္းရင္းကေန အခု အေဝရာမီးပံုးပ်ံကြင္းအထိ ေရႊ႕ေျပာင္းအေျခခ်ခဲ႕ရတယ္။

          ဘယ္လိုပင္ေနရာေတြေျပာင္းလဲသြားေစကာမူ ေတာင္ၾကီးျမိဳ႕ရဲ႕ေအးျမတဲ႕ရာသီဥတု နဲ႕ ေႏြးေထြးတဲ႕ဧည္႕ဝတ္ေက်ပြန္မႈေတြၾကားမွာ ခပ္ေစးေစးရွမ္းေခါက္ဆြဲထုိင္စားရင္း ေတာင္ၾကီးတန္ေဆာင္တုိင္ပြဲခင္းထဲမွာ အဖာသူေ႒းဓါတ္ဗူးထဲကေန ႏႈတ္ခမ္းပဲ႕ေရေႏြးၾကမ္းခြက္နဲ႕ အေငြ႕တလူလူဆားခတ္အခါးရည္ကုိမႈတ္ေသာက္ဖူးပါရင္ ဘယ္လိုအေၾကာင္းအရာေတြလာျပိဳင္ျပိဳင္ လြမ္းတျဖိဳင္ျဖိဳင္ ေတာင္ၾကီးတန္ေဆာင္တိုင္ကုိ ေမ႕ႏုိင္ဖို႕ရာမစြမ္းႏုိင္တဲ႕အေၾကာင္းေလးကို အလြမ္းေပဖူးလႊာဆင္႕ပါးလိုက္ပါတယ္။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
11-08-2019

No comments: