ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, September 14, 2019

ျပဳတုိင္းေအာင္လုိ႕ေဆာင္တုိင္းေျမာက္ပါေစ သားေလးေရ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
သား "စြမ္း" နဲ႕ ပတ္သက္ျပီး အမွတ္ရစရာေတြကအမ်ားၾကီး။ သူ႕ရဲ႕ငယ္ဘဝၾကီးျပင္းမႈေနာက္ကေနလိုက္ခဲ႕ရတဲ႕ကြ်န္ေတာ႕ရဲ႕မျပီးဆံုးႏုိင္တဲ႕သင္ယူရမႈေတြဟာလည္းအမ်ားၾကီးပါ။ သူနဲ႕ကြ်န္ေတာ္ဟာ ဒီဘဝမွာ အေဖနဲ႕သား ဆုိေပမဲ႕ ျပီးခဲ႕တဲ႕ မသိမျမင္ခဲ႕ရတဲ႕ဘဝေတြက အရင္းႏွီးဆံုးသူငယ္ခ်င္းတစ္ေယာက္ျဖစ္ခဲ႕သလားလို႕ေတာင္ ကြ်န္ေတာ္မၾကာခဏစဥ္းစားမိတယ္။

ကြ်န္ေတာ္တို႕ မၾကာခဏစကားေျပာၾကတယ္။ တစ္ခါတစ္ရံ ေဆြေႏြးတိုင္ပင္ၾကတယ္။ တစ္ခ်ိဳ႕အခ်ိန္ေတြဆိုရင္ အၾကံဥာဏ္ယူရတယ္။ ငယ္ငယ္တုန္းက တစ္ျခားအတန္းေဖာ္ေတြလို ဗူးသီး နဲ႕ ခရမ္းသီးကိုကြဲကြဲျပားျပားမခြဲျခားတတ္ခဲ႕တဲ႕ (၉) ႏွစ္သား ဒီသူငယ္ေလးဟာ ဒီဘက္ေျမမွာ ဘာစာေမးပြဲေျဖေျဖ (A+) ရတဲ႕ေခတ္ပညာတတ္တစ္ေယာက္ျဖစ္လာမယ္လို႕ဘယ္သူထင္မလဲ?

ကုိယ္႕ငါးခ်ဥ္မုိ႕ကိုယ္ခ်င္တယ္လုိ႕ေျပာေျပာ၊ ကိုယ္စုိက္တဲ႕အသီးၾကီးထြားလာတယ္လို႕ပဲေျပာေျပာ အေတာင္ပံစံုတဲ႕ငွက္ေလးတစ္ေကာင္ ေကာင္းကင္ေပၚေျပးအတက္မွာ ၾကည္ႏူးမႈေတြဆုိတာ တိမ္တိုက္ေတြလို၊ ေလေျပေလးလို . . မိဘေတြရဲ႕ခံစားခ်က္ေတြကိုေျပာျပတာပါ။

ကြြ်န္ေတာ္ဟာ ျမန္မာႏိုင္ငံကေန မာန္မာနအဆင္႕မ်ိဳးစံု၊ ပကာသနအေရာင္မ်ိဳးစံု၊ ေလာဘ ေဒါသ ေမာဟဆိုတဲ႕အဘိဇၨာမ်ိဳးစံုတုိ႕အျပင္ ငါသိတာမွအမွန္ဆိုတဲ႕ အတၱရုပ္ဆိုး အက်င္႕အမ်ိဳးမ်ိဳးကိုယူေဆာင္ခရီးထြက္လာခဲ႕သူပါ။ ဒါေတြကုိ ဘဝနဲ႕ရင္းျပီး သင္ျပ ရွင္းျပ လမ္းခင္းျပသြားသူေတြကေတာ႕ ကြ်န္ေတာ္ေခၚလာခဲ႕တဲ႕ ဇနီး၊ သမီး နဲ႕ သား တို႕ ျဖစ္ပါတယ္ဆုိတာ ရွင္းျပေနစရာမလိုေတာ႕ပါဘူး။
နင္းတဲ႕ေျမကြာတဲ႕အခါ ရွဴတဲ႕ေလ ကြာလာတယ္။ ရွဴတဲ႕ေလကြာတဲ႕အခါ ေလေကာင္းေလသန္႕ရတဲ႕အဆုတ္ေၾကာင္႕ စဥ္းစားတဲ႕ဦးေႏွာက္ကြာလာတယ္။ စဥ္းစားတဲ႕ဦးေႏွာက္က အသိဥာဏ္ရွိလာတဲ႕အခါ လုပ္သင္႕ျပီးမလုပ္ျဖစ္တဲ႕အရာ နဲ႕ မလုပ္သင္႕တာကိုလုပ္မိေနတဲ႕အက်င္႕ဆိုးေတြကုိ ျမင္လာပါတယ္။ လူ႕ဘဝမွာ ဒီလိုခြဲျခားတတ္တာကို ပညာေရးလို႕ေခၚပါတယ္။

ကြ်န္ေတာ္တုိ႕တေတြဟာ လူျဖစ္တဲ႕ခႏၶာကိုယ္နဲ႕ စဥ္းစားတတ္တဲ႕စိတ္ဝိဥာဥ္ပူးကပ္ေပးလိုက္ကတည္းက ေကာင္းတာေရာ မေကာင္းတာပါ လုပ္တတ္လာတယ္။ ဒါေၾကာင္႕ ကုသိုလ္ေရာ အကုသုိလ္ေရာ လုပ္မွန္းမသိလုပ္လာၾကတယ္။ ဒါကိုသိဖို႕က ကေလးငယ္အရြယ္ေတြမွာခက္ခဲေလေတာ႕ လူၾကီးကသင္ေပးရတယ္။

လူၾကီးေတြက သင္သာ သင္ေပးရတာ သူသိသေလာက္ တတ္သေလာက္ကိုသာ ေကာင္းမွန္းမသိ ဆိုးမွန္းမသိ ရမ္းသမ္းသင္ေပးေနၾကတဲ႕လူ႕ပတ္ဝန္းက်င္မွာ ကြ်န္ေတာ္ၾကီးျပင္းခဲ႕တယ္။ လူၾကီးေတြ အသက္အားျဖင္႕ၾကီးရင္႕လာျပီး အားနည္းလာတဲ႕အခါ တစ္ခ်ိန္က ကေလးငယ္က အသိပညာတစ္လွည္႕ေပးတဲ႕အလုပ္ကုိ “စြမ္း” က လုပ္ေပးပါတယ္။ ဒါဟာ ကြ်န္ေတာ္တို႕လို အသစ္ေျပာင္းေရႊ႕လာတဲ႕ New Immigrants ေတြအတြက္ အေရးၾကီးလွတယ္။

သူဟာ (၉) ႏွစ္အရြယ္နဲ႕မလိုက္ေအာင္ သူလုပ္ခ်င္တဲ႕ဆႏၵေတြ နဲ႕ ကစားခ်င္တဲ႕စိတ္ေတြကို ခ်ဳပ္တည္းေပးခဲ႕တယ္။ မူလတန္းမွာ ဘာသာစကားအသစ္ျဖစ္တဲ႕ အေမရိကန္အဂၤလိပ္ကုိ (၆) လ အတြင္း လိုက္ေျပာ လိုက္ေရး လိုက္ေဆြးေႏြးႏိုင္ခဲ႕တယ္။ ေက်ာင္းသားေတြရဲ႕လုပ္ေဆာင္မႈ နဲ႕ ေက်ာင္းစည္းကမ္းေတြကုိေလ႕လာရင္း အလယ္တန္းေက်ာင္းတစ္ေက်ာင္းလံုးရဲ႕ဥကၠ႒-President ျဖစ္ခဲ႕တယ္။

အထက္တန္းမွာလည္း ထိုနည္းအတိုင္း ေဒသဆိုင္ရာေက်ာင္းသားအဖြဲ႕အစည္း-District Council မွာပါဝင္ဆင္ႏႊဲရင္း ဘက္စံုေတာ္တဲ႕ေက်ာင္းသားေခါင္းေဆာင္တစ္ေယာက္အျဖစ္ သက္ေသျပခဲ႕ျပန္တယ္။ သူစုိက္တဲ႕အပင္ရဲ႕အသီးကိုျပန္စားသံုးရတာ စြမ္း ပါ။

သူ႕ရဲ႕လူေတြကိုကူညီခ်င္တဲ႕လုပ္အားေပးခရက္ဒစ္ေတြနဲ႕ၾကိဳးစားမႈတုိ႕အျပင္ ထူးျခားတဲ႕ေဖာ္က်ဴးမႈပါဝင္တဲ႕အက္ေဆးေတြေၾကာင္႕ ဝင္ခြင္႕ေလွ်ာက္လိုက္တဲ႕ ေက်ာင္း (၇) ေက်ာင္းမွာ (၆) ေက်ာင္းဆီကတက္ဖို႕ကမ္းလွမ္းမႈေတြရခဲ႕တယ္။ ေနာက္ဆံုးမွာေက်ာင္းရဲ႕ဘာသာကိုေရြးျပန္ေတာ႕ လူေတြ နဲ႕ ကမၻာေျမကိုကူညီႏိုင္မယ္႕ဘာသာရပ္ကိုေရြးျပန္တယ္။

ဒီလိုဆံုးျဖတ္ခ်က္ေတြဟာ လူၾကီးေတြရဲ႕ "ဆရာဝန္ျဖစ္ရမယ္။ အင္ဂ်င္နီယာျဖစ္ရမယ္" ဆိုတဲ႕ပေယာဂမပါပဲ သူသြားခ်င္တဲ႕လမ္းကို ေျဖာင္႕ေျဖာင္႕တန္းတန္းေရြးခ်ယ္ထားတာသာျဖစ္ပါတယ္။ "စာဆုိရင္ စာပဲ" ဆုိတဲ႕အထဲမွာ စြမ္း မပါဘူး။

UCLA မွာ မ်ားျပားလွတဲ႕စာဖတ္ခ်ိန္ နဲ႕ အိမ္စာလုပ္ခ်ိန္ေတြၾကားမွာ အသင္းအဖြဲ႕လိုက္ကတဲ႕ အကအသင္းမွာလည္း ပါလိုက္ျပန္တယ္။ လူငယ္ေတြအတြက္ ကိုယ္လက္လႈပ္ရွားမႈ နဲ႕ အသင္းလုိက္တိုးတက္ဖို႕လိုအပ္တဲ႕ပူးေပါင္းေဆာင္ရြက္ႏုိင္မႈ-Collaboration တုိ႕အျပင္ လူငယ္ေတြလမ္းမွားမလုိက္သြားေစဖို႕ စိတ္ဖိစီးမႈကိုသက္သာေလ်ာ႕ပါးေစတဲ႕ နားေနျခင္းလို႕ေခၚေခၚ ထြက္ေပါက္လုိ႕ေခၚေခၚ စြမ္း အခ်ိန္ေပးျပီးလုပ္တယ္။

စည္းခ်က္ ဝါးခ်က္ နဲ႕ ဂီတသံစဥ္အျပင္ လႈပ္ရွားမႈနဲ႕ ကဟန္ ကကြက္ေတြ အားလံုးညီညာမွသာ အကအဖြဲ႕ေအာင္ျမင္မယ္ဆုိတာ စြမ္း အျမဲေျပာတယ္။ တာဝန္တစ္ခုစီယူထားတဲ႕အကအဖြဲ႕မွာ ကာရံကုိက္တဲ႕ေဖ်ာ္ေျဖမႈရေအာင္ေလ႕က်င္႕ေပးရတာ ဦးေႏွာက္စားလွတယ္။ ဒီအရာေတြကိုေလ႕လာရင္း စြမ္းဟာ အဲဒီအကအသင္းရဲ႕ေခါင္းေဆာင္ ေနာက္ေတာ႕ ကပၸတိန္ျဖစ္လာတယ္။

သူ႕လက္ထက္မွာ အကအသင္းရဲ႕ေပါင္းစည္းမႈ နဲ႕ တစ္ဦးအေပၚတစ္ဦးခ်စ္ခင္မႈအားေကာင္းခဲ႕တယ္။ ဆုမေပးတဲ႕ေဖ်ာ္ေျဖပြဲရဲ႕ရလဒ္ဟာ ဆုပါတဲ႕ျပိဳင္ပြဲထက္ အဓိပၸာယ္ရွိတာကုိ အေမရိကန္ေက်ာင္းသားေတြ ေကာင္းေကာင္းသိၾကတယ္။

သူတို႕ရဲ႕စိတ္ဓါတ္ဟာ အဆင္႕ (၁) ရေရး နဲ႕ ထိပ္တန္း (၁ဝ)-Top 10 ဝင္ေရးေလာက္ကုိ ထည္႕ကုိမတြက္ထားၾကဘူး။ ကိုယ္ပုိင္စြမ္းရည္တုိးတက္မႈ-Personal Growth ကို လုိခ်င္လို႕ မအားလပ္တဲ႕တကၠသိုလ္ေက်ာင္းသားရဲ႕ၾကပ္ညွပ္တဲ႕အခ်ိန္ေတြၾကားက လုိလိုလားလား အကသင္တန္းကိုလာဆင္ႏႊဲတာလုိ႕ သူ႕အသင္းသားေတြအေၾကာင္းကို စြမ္း က ရွင္းျပတယ္။

(၉) လပိုင္း (၁၉) ရက္ေန႕ (၂ဝ၁၉) ခုႏွစ္မွာ စြမ္း ဟာ (၁၉) ႏွစ္ ျပည္႕ပါတယ္။ ဒီကိန္းဂဏန္းေတြဟာ စြမ္းအတြက္ေရာ ကြ်န္ေတာ္တို႕မိသားစုအတြက္ပါ အေရးပါလွတယ္။အထူးသျဖင္႕ သူရွာခဲ႕တဲ႕ ဒီဘက္ေျမက (၁ဝ) ႏွစ္တာကာလရဲ႕အသိပညာေတြက ပုိျပီး အခရာက်ပါတယ္။

ေမြးေန႕မွသည္ႏွစ္ေပါင္းမ်ားစြာ အေကာင္းအဆိုး အေၾကာင္းအက်ိဳး နဲ႕ ကုသိုလ္ အကုသိုလ္ေတြကုိခြဲျခားႏုိင္တဲ႕ ျမတ္စြာဘုရားရဲ႕သားေကာင္းရတနာေလးတစ္ပါးျဖစ္ပါေစ။ ေနာင္ႏွစ္ေတြမွာက်ေရာက္မယ္႕ ေမြးေန႕တုိင္းမွာလည္း လူသားအက်ိဳး နဲ႕ ကမၻာၾကီးအက်ိဳးေတြကုိ ေရာက္ရာေနရာကေန စိတ္သြားတုိင္းကိုယ္ပါႏုိင္လို႕ ျပဳတုိင္းေအာင္လုိ႕ ေဆာင္တိုင္းေျမာက္ပါေစ သားေလးေရ။

(ပံုထဲမွာေတာ႕ စြမ္းသြားခ်င္တဲ႕သူ႕အနာဂါတ္ကုိသူေတြးေတာေနပံုေလးကိုျမင္ႏိုင္ပါတယ္)

ခ်စ္တဲ႕ ပါပါး
ကုိညီညီ (ေတာင္ၾကီး)
09-19-2019

Unicode Version:

"ပြုတိုင်းအောင်လို့ဆောင်တိုင်းမြောက်ပါစေ သားလေးရေ" သား "စွမ်း" နဲ့ ပတ်သက်ပြီး အမှတ်ရစရာတွေကအများကြီး။ သူ့ရဲ့ငယ်ဘဝကြီးပြင်းမှုနောက်ကနေလိုက်ခဲ့ရတဲ့ကျွန်တော့ရဲ့မပြီးဆုံးနိုင်တဲ့သင်ယူရမှုတွေဟာလည်းအများကြီးပါ။ သူနဲ့ကျွန်တော်ဟာ ဒီဘဝမှာ အဖေနဲ့သား ဆိုပေမဲ့ ပြီးခဲ့တဲ့ မသိမမြင်ခဲ့ရတဲ့ဘဝတွေက အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်ခဲ့သလားလို့တောင် ကျွန်တော်မကြာခဏစဉ်းစားမိတယ်။ ကျွန်တော်တို့ မကြာခဏစကားပြောကြတယ်။ တစ်ခါတစ်ရံ ဆွေနွေးတိုင်ပင်ကြတယ်။ တစ်ချို့အချိန်တွေဆိုရင် အကြံဉာဏ်ယူရတယ်။ ငယ်ငယ်တုန်းက တစ်ခြားအတန်းဖော်တွေလို ဗူးသီး နဲ့ ခရမ်းသီးကိုကွဲကွဲပြားပြားမခွဲခြားတတ်ခဲ့တဲ့ (၉) နှစ်သား ဒီသူငယ်လေးဟာ ဒီဘက်မြေမှာ ဘာစာမေးပွဲဖြေဖြေ (A+) ရတဲ့ခေတ်ပညာတတ်တစ်ယောက်ဖြစ်လာမယ်လို့ဘယ်သူထင်မလဲ? ကိုယ့်ငါးချဉ်မို့ကိုယ်ချင်တယ်လို့ပြောပြော၊ ကိုယ်စိုက်တဲ့အသီးကြီးထွားလာတယ်လို့ပဲပြောပြော အတောင်ပံစုံတဲ့ငှက်လေးတစ်ကောင် ကောင်းကင်ပေါ်ပြေးအတက်မှာ ကြည်နူးမှုတွေဆိုတာ တိမ်တိုက်တွေလို၊ လေပြေလေးလို . . မိဘတွေရဲ့ခံစားချက်တွေကိုပြောပြတာပါ။ ကွျွန်တော်ဟာ မြန်မာနိုင်ငံကနေ မာန်မာနအဆင့်မျိုးစုံ၊ ပကာသနအရောင်မျိုးစုံ၊ လောဘ ဒေါသ မောဟဆိုတဲ့အဘိဇ္ဇာမျိုးစုံတို့အပြင် ငါသိတာမှအမှန်ဆိုတဲ့ အတ္တရုပ်ဆိုး အကျင့်အမျိုးမျိုးကိုယူဆောင်ခရီးထွက်လာခဲ့သူပါ။ ဒါတွေကို ဘဝနဲ့ရင်းပြီး သင်ပြ ရှင်းပြ လမ်းခင်းပြသွားသူတွေကတော့ ကျွန်တော်ခေါ်လာခဲ့တဲ့ ဇနီး၊ သမီး နဲ့ သား တို့ ဖြစ်ပါတယ်ဆိုတာ ရှင်းပြနေစရာမလိုတော့ပါဘူး။ နင်းတဲ့မြေကွာတဲ့အခါ ရှူတဲ့လေ ကွာလာတယ်။ ရှူတဲ့လေကွာတဲ့အခါ လေကောင်းလေသန့်ရတဲ့အဆုတ်ကြောင့် စဉ်းစားတဲ့ဦးနှောက်ကွာလာတယ်။ စဉ်းစားတဲ့ဦးနှောက်က အသိဉာဏ်ရှိလာတဲ့အခါ လုပ်သင့်ပြီးမလုပ်ဖြစ်တဲ့အရာ နဲ့ မလုပ်သင့်တာကိုလုပ်မိနေတဲ့အကျင့်ဆိုးတွေကို မြင်လာပါတယ်။ လူ့ဘဝမှာ ဒီလိုခွဲခြားတတ်တာကို ပညာရေးလို့ခေါ်ပါတယ်။ ကျွန်တော်တို့တတွေဟာ လူဖြစ်တဲ့ခန္ဓာကိုယ်နဲ့ စဉ်းစားတတ်တဲ့စိတ်ဝိဉာဉ်ပူးကပ်ပေးလိုက်ကတည်းက ကောင်းတာရော မကောင်းတာပါ လုပ်တတ်လာတယ်။ ဒါကြောင့် ကုသိုလ်ရော အကုသိုလ်ရော လုပ်မှန်းမသိလုပ်လာကြတယ်။ ဒါကိုသိဖို့က ကလေးငယ်အရွယ်တွေမှာခက်ခဲလေတော့ လူကြီးကသင်ပေးရတယ်။ လူကြီးတွေက သင်သာ သင်ပေးရတာ သူသိသလောက် တတ်သလောက်ကိုသာ ကောင်းမှန်းမသိ ဆိုးမှန်းမသိ ရမ်းသမ်းသင်ပေးနေကြတဲ့လူ့ပတ်ဝန်းကျင်မှာ ကျွန်တော်ကြီးပြင်းခဲ့တယ်။ လူကြီးတွေ အသက်အားဖြင့်ကြီးရင့်လာပြီး အားနည်းလာတဲ့အခါ တစ်ချိန်က ကလေးငယ်က အသိပညာတစ်လှည့်ပေးတဲ့အလုပ်ကို “စွမ်း” က လုပ်ပေးပါတယ်။ ဒါဟာ ကျွန်တော်တို့လို အသစ်ပြောင်းရွှေ့လာတဲ့ New Immigrants တွေအတွက် အရေးကြီးလှတယ်။ သူဟာ (၉) နှစ်အရွယ်နဲ့မလိုက်အောင် သူလုပ်ချင်တဲ့ဆန္ဒတွေ နဲ့ ကစားချင်တဲ့စိတ်တွေကို ချုပ်တည်းပေးခဲ့တယ်။ မူလတန်းမှာ ဘာသာစကားအသစ်ဖြစ်တဲ့ အမေရိကန်အင်္ဂလိပ်ကို (၆) လ အတွင်း လိုက်ပြော လိုက်ရေး လိုက်ဆွေးနွေးနိုင်ခဲ့တယ်။ ကျောင်းသားတွေရဲ့လုပ်ဆောင်မှု နဲ့ ကျောင်းစည်းကမ်းတွေကိုလေ့လာရင်း အလယ်တန်းကျောင်းတစ်ကျောင်းလုံးရဲ့ဥက္ကဋ္ဌ-President ဖြစ်ခဲ့တယ်။ အထက်တန်းမှာလည်း ထိုနည်းအတိုင်း ဒေသဆိုင်ရာကျောင်းသားအဖွဲ့အစည်း-District Council မှာပါဝင်ဆင်နွှဲရင်း ဘက်စုံတော်တဲ့ကျောင်းသားခေါင်းဆောင်တစ်ယောက်အဖြစ် သက်သေပြခဲ့ပြန်တယ်။ သူစိုက်တဲ့အပင်ရဲ့အသီးကိုပြန်စားသုံးရတာ စွမ်း ပါ။ သူ့ရဲ့လူတွေကိုကူညီချင်တဲ့လုပ်အားပေးခရက်ဒစ်တွေနဲ့ကြိုးစားမှုတို့အပြင် ထူးခြားတဲ့ဖော်ကျူးမှုပါဝင်တဲ့အက်ဆေးတွေကြောင့် ဝင်ခွင့်လျှောက်လိုက်တဲ့ ကျောင်း (၇) ကျောင်းမှာ (၆) ကျောင်းဆီကတက်ဖို့ကမ်းလှမ်းမှုတွေရခဲ့တယ်။ နောက်ဆုံးမှာကျောင်းရဲ့ဘာသာကိုရွေးပြန်တော့ လူတွေ နဲ့ ကမ္ဘာမြေကိုကူညီနိုင်မယ့်ဘာသာရပ်ကိုရွေးပြန်တယ်။ ဒီလိုဆုံးဖြတ်ချက်တွေဟာ လူကြီးတွေရဲ့ "ဆရာဝန်ဖြစ်ရမယ်။ အင်ဂျင်နီယာဖြစ်ရမယ်" ဆိုတဲ့ပယောဂမပါပဲ သူသွားချင်တဲ့လမ်းကို ဖြောင့်ဖြောင့်တန်းတန်းရွေးချယ်ထားတာသာဖြစ်ပါတယ်။ "စာဆိုရင် စာပဲ" ဆိုတဲ့အထဲမှာ စွမ်း မပါဘူး။ UCLA မှာ များပြားလှတဲ့စာဖတ်ချိန် နဲ့ အိမ်စာလုပ်ချိန်တွေကြားမှာ အသင်းအဖွဲ့လိုက်ကတဲ့ အကအသင်းမှာလည်း ပါလိုက်ပြန်တယ်။ လူငယ်တွေအတွက် ကိုယ်လက်လှုပ်ရှားမှု နဲ့ အသင်းလိုက်တိုးတက်ဖို့လိုအပ်တဲ့ပူးပေါင်းဆောင်ရွက်နိုင်မှု-Collaboration တို့အပြင် လူငယ်တွေလမ်းမှားမလိုက်သွားစေဖို့ စိတ်ဖိစီးမှုကိုသက်သာလျော့ပါးစေတဲ့ နားနေခြင်းလို့ခေါ်ခေါ် ထွက်ပေါက်လို့ခေါ်ခေါ် စွမ်း အချိန်ပေးပြီးလုပ်တယ်။ စည်းချက် ဝါးချက် နဲ့ ဂီတသံစဉ်အပြင် လှုပ်ရှားမှုနဲ့ ကဟန် ကကွက်တွေ အားလုံးညီညာမှသာ အကအဖွဲ့အောင်မြင်မယ်ဆိုတာ စွမ်း အမြဲပြောတယ်။ တာဝန်တစ်ခုစီယူထားတဲ့အကအဖွဲ့မှာ ကာရံကိုက်တဲ့ဖျော်ဖြေမှုရအောင်လေ့ကျင့်ပေးရတာ ဦးနှောက်စားလှတယ်။ ဒီအရာတွေကိုလေ့လာရင်း စွမ်းဟာ အဲဒီအကအသင်းရဲ့ခေါင်းဆောင် နောက်တော့ ကပ္ပတိန်ဖြစ်လာတယ်။ သူ့လက်ထက်မှာ အကအသင်းရဲ့ပေါင်းစည်းမှု နဲ့ တစ်ဦးအပေါ်တစ်ဦးချစ်ခင်မှုအားကောင်းခဲ့တယ်။ ဆုမပေးတဲ့ဖျော်ဖြေပွဲရဲ့ရလဒ်ဟာ ဆုပါတဲ့ပြိုင်ပွဲထက် အဓိပ္ပာယ်ရှိတာကို အမေရိကန်ကျောင်းသားတွေ ကောင်းကောင်းသိကြတယ်။ သူတို့ရဲ့စိတ်ဓါတ်ဟာ အဆင့် (၁) ရရေး နဲ့ ထိပ်တန်း (၁ဝ)-Top 10 ဝင်ရေးလောက်ကို ထည့်ကိုမတွက်ထားကြဘူး။ ကိုယ်ပိုင်စွမ်းရည်တိုးတက်မှု-Personal Growth ကို လိုချင်လို့ မအားလပ်တဲ့တက္ကသိုလ်ကျောင်းသားရဲ့ကြပ်ညှပ်တဲ့အချိန်တွေကြားက လိုလိုလားလား အကသင်တန်းကိုလာဆင်နွှဲတာလို့ သူ့အသင်းသားတွေအကြောင်းကို စွမ်း က ရှင်းပြတယ်။ (၉) လပိုင်း (၁၉) ရက်နေ့ (၂ဝ၁၉) ခုနှစ်မှာ စွမ်း ဟာ (၁၉) နှစ် ပြည့်ပါတယ်။ ဒီကိန်းဂဏန်းတွေဟာ စွမ်းအတွက်ရော ကျွန်တော်တို့မိသားစုအတွက်ပါ အရေးပါလှတယ်။အထူးသဖြင့် သူရှာခဲ့တဲ့ ဒီဘက်မြေက (၁ဝ) နှစ်တာကာလရဲ့အသိပညာတွေက ပိုပြီး အခရာကျပါတယ်။ မွေးနေ့မှသည်နှစ်ပေါင်းများစွာ အကောင်းအဆိုး အကြောင်းအကျိုး နဲ့ ကုသိုလ် အကုသိုလ်တွေကိုခွဲခြားနိုင်တဲ့ မြတ်စွာဘုရားရဲ့သားကောင်းရတနာလေးတစ်ပါးဖြစ်ပါစေ။ နောင်နှစ်တွေမှာကျရောက်မယ့် မွေးနေ့တိုင်းမှာလည်း လူသားအကျိုး နဲ့ ကမ္ဘာကြီးအကျိုးတွေကို ရောက်ရာနေရာကနေ စိတ်သွားတိုင်းကိုယ်ပါနိုင်လို့ ပြုတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေ သားလေးရေ။ (ပုံထဲမှာတော့ စွမ်းသွားချင်တဲ့သူ့အနာဂါတ်ကိုသူတွေးတောနေပုံလေးကိုမြင်နိုင်ပါတယ်) ချစ်တဲ့ ပါပါး ကိုညီညီ (တောင်ကြီး) 09-19-2019

No comments: