ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ) |
.
ဟုိးေရွးေရွးတုန္းက
အေရွ႕ပိုင္းတိုင္းျပည္တစ္ခုမွာ ေျမြအလႅမယ္ဆရာတစ္ေယာက္ရွိတယ္..။ သူေမြးထားတဲ႕
ေျမြယဥ္ ( ၂ ) ေကာင္ နဲ႕ ျမိဳ႕တစ္ကာလွည္႕ ျပစားပါတယ္။ အၾကီးတစ္ေကာင္က
အသက္ၾကီးေနလို႕ “ စိမ္းအုိ ” လို႕ ေခၚျပီး ပုိမုိယဥ္ပါးသန္စြမ္းလိမၼာတဲ႕
ေနာက္တစ္ေကာင္ကိုေတာ႕ “ စိမ္းမ ” လို႕ အမည္ေပးထားပါသတဲ႕..။
.
“ စိမ္းမ ” ရဲ႕ နဖူးမွာ
ျမင္သာတဲ႕အနီကြက္ကေလးတစ္ကြက္ ရွိတယ္။ တစ္ပတ္လွည္႕ျပတာတို႕၊ အလွကျပတာတို႕ဆို
စိမ္းမက သခင္ရဲ႕ညႊန္ၾကားမႈကို တစ္ေသြမတိမ္းလုိက္နာႏိုင္ရံုမက ပရိတ္သတ္အၾကိဳက္ေတြ႕ေအာင္ေဖ်ာ္ေျဖႏိုင္တာျဖစ္လို႕
ေျမြဆရာက အင္မတန္ခ်စ္ျမတ္ႏုိးပါတယ္။
.
.
တစ္ႏွစ္ေလာက္ၾကာတဲ႕အခါ အသက္ၾကီးလို႕ စိမ္းအို
ၾကီး ကံကုန္ပါေလေရာ..။ အဲဒီမွာ ဇာတ္လမ္းေလးက ေျမြဆရာရဲ႕ ဘဝကို
တစ္မ်ိဳးျဖစ္ေစလိမ္႕မယ္လို႕ ဘယ္သူမွ မထင္ခဲ႕ပါဘူး။ ေျမြအလႅမယ္အတြက္ အတြဲလုိတယ္။ ဒါေၾကာင္႕ ေနာက္တစ္ေကာင္ကိုထြက္ရွာဖို႕လည္း ေျမြဆရာမွာ ေတာ္ေတာ္အလုပ္မ်ားေနပါတယ္။
.
တစ္ညမွာ ေတာင္ကုန္းေလးတစ္ခုေပၚက
ဘုရားေက်ာင္းထဲမွာ ေမာေမာပမ္းပမ္း နားၾကတယ္။ ေနာက္တစ္ေန႕မနက္
ပျခဳပ္ေလးကိုဖြင္႕ၾကည္႕လိုက္ေတာ႕ ... ဗုေဒါၶ ... " စိမ္းမ "
တစ္ေကာင္ ေပ်ာက္ေနပါေရာ႕လား..။ သြားျပီ
... ေျမြဆရာနားမွာ ေျမြတစ္ေကာင္မွ မရွိေတာ႕ဘူး..။
.
.
ဆရာသမားလည္း ေတာ္ေတာ္စိတ္ပ်က္သြားတယ္။
.
" စိမ္းမ ေရ ... စိမ္းမ ..
" ေနရာတကာလွည္႕ျပီး ေအာ္ေခၚ၊ ပတ္ခ်ာလည္ လွည္႕ရွာတယ္။ ဒါေပမယ္႕
စိမ္းမ ရဲ႕ အရိပ္အေယာင္ဆိုလို႕ တစ္ေမာက္တစ္ျမီးမွ မေတြ႕ရဘူးေလ။ အရင္တုန္းက
ဒါမ်ိဳးျဖစ္ဖူးတယ္။ သူတို႕ထြက္သြားရင္ သစ္တိုသစ္စ တုိ႕၊ ခ်ံဳႏြယ္ေပါက္ပင္ တုိ႕ ကို
ရွင္းေပးထားလုိက္၊ ကစားတာဝသြားရင္ သင္ေပးထားတဲ႕ေျမြေတြျဖစ္ေတာ႕ ျပန္လာၾကတယ္။
.
အခုက ဘာအစအနမွ မရတာ။ ေခါင္းငုိက္စိုက္က်ျပီး
စိတ္ပ်က္ေနတဲ႕ ေျမြဆရာဟာ ေနေစာင္းတဲ႕အထိေစာင္႕ရွာတယ္။ ေမွ်ာ္လင္႕ခ်က္မဲ႕ျပီဆိုတာသိလိုက္ရတဲ႕စိတ္ကူးေလေပြဟာ ေျမြဆရာကို
အိမ္ျပန္ဖို႕ မစြဲေဆာင္ႏုိင္ေသာ္ျငားလည္း လုပ္သင္႕တဲ႕အလုပ္ကို လုပ္ရပါေတာ႕တယ္။
ဒါကေတာ႕ အရာရာကိုထားခဲ႕ျပီး လက္ခ်ည္းဗလာအိမ္ရွိရာခရီးကို
တစ္ကိုယ္တည္း ျပန္ရတာပါပဲ။
.
.
ေလးလံလွတဲ႕ေျခအစံုကို မႏုိင္႕တစ္ႏိုင္သယ္မရင္း
လမ္းမွာ ျမက္ေတာထဲကတရႊတ္ရႊတ္အသံကုိၾကားမိတဲ႕ေျမႊဆရာဟာ ဝမ္းသာသြားတယ္။
.
" စိမ္းမ .. စိမ္းမ "
.
ဒီတစ္ေခါက္ေတာ႕ လိုက္ရွာတဲ႕အသံမဟုတ္ပဲ၊ ေတြ႕ျပီ
.. ေတြ႕ျပီ ဆိုတဲ႕ ေျမြဆရာရဲ႕ေအာ္သံဟာ ေတာအုပ္ကေလးကို တစ္မုဟုတ္ခ်င္းလႊမ္းမိုးသြားတယ္။
ဟုတ္ပါတယ္ .. စိမ္းမ ျပန္လာျပီ။
.
ေျမႊဆရာဟာ
လက္ထဲကအထုတ္ေတြကို ေျမၾကီးေပၚပစ္ခ်လိုက္တဲ႕အခါ စိမ္းမ
ဟာ ျမက္ခင္းၾကားထဲက ထြက္လာတယ္ .. သူ႕ေရွ႕ေရာက္လာတယ္။ ဒါေပမယ္႕ ဒီတစ္ခါမွာေတာ႕
သူတစ္ေကာင္တည္းျပန္လာတာမဟုတ္ပဲ သူ႕ေနာက္မွာ ေျမြအငယ္ေလးတစ္ေကာင္
ပါလာပါေတာ႕တယ္။
.
.
" ငါ႕မွာေတာ႕ သမီးကို ဆံုးရွံုးရျပီထင္တာ။
သမီးက အေဖာ္ငယ္ေလးတစ္ေကာင္သြားေခၚတာကိုး။ သူ႕ကို သင္ေပးရမွာလား? " စိမ္းမ က
ဘာမွတံု႕ျပန္စကားမေျပာႏုိင္မွန္းသိေပမယ္႕ ေျမြဆရာဟာ တစ္ေယာက္တည္း
တဇြတ္ထုိးေျပာေနမိတယ္။
.
ျပန္လာတဲ႕ ေျမြႏွစ္ေကာင္ကို
အစာေတြအမ်ားၾကီးေကြ်းေနေပမယ္႕ ေျမြအငယ္ေလးက ေၾကာက္ေနရွာတယ္။ အဲဒီအခါမွာ
သခင္ေပးတဲ႕အစာကို ေျမြျပပြဲေတြမွာလုပ္သလို ပါးစပ္နဲ႕ကိုက္ျပီး
ေျမြအငယ္ေလးကိုခြံ႕ေကြ်းေနတာကိုၾကည္႕ျပီး ေျမြဆရာရင္ထဲမွာ
ပီတိေတြျဖာေနတာေပါ႕ဗ်ာ..။
.
.
သိပ္မၾကာပါဘူး ... ဧည္႕သည္ေျမြေလးကို သခင္က
စသင္ပါေတာ႕တယ္။ ကေလးဆိုေတာ႕ ေျမြဆရာအတြက္ သင္ရတာ လြယ္ကူလွတယ္။
နည္းနည္းေလးေလ႕က်င္႕ေပးလိုက္တာနဲ႕ ေျမြႏွစ္ေကာင္ရဲ႕ ညိႈ႕ကြင္းမိ
လွည္႕ကြင္းစံု လႈပ္ရွားမႈေတြဟာ အခ်ိတ္ဆက္မိလာတာနဲ႕အမွ် နယ္ထြက္ကျပဖို႕
အဆင္သင္႕ျဖစ္ေနပါျပီ။ ဒါနဲ႕ ေျမြဆရာဟာ အသစ္ေရာက္လာတဲ႕ေျမြငယ္ေလးကို "
သားငယ္ေလး " လို႕ နာမယ္ေပးပါတယ္။
.
အေျခခံက်က်ေျပာရရင္ ( ၂ ) ေပ ဆုိတဲ႕
ေျမြတစ္ေကာင္ရဲ႕အရွည္ဟာ ေျမႊဆရာအတြက္ ႏိုင္ႏိုင္နင္းနင္း ကႏုိင္ ျပႏုိင္
မ,ခ်ီႏုိင္တဲ႕ အေနအထားပါ။ ဒီထက္ရွည္လာရင္ ေျမြဆရာအတြက္ သိပ္ေလးလာျပီး
တစ္ျခားတစ္ေကာင္အစားထုိးရမယ္႕အေနအထား ျဖစ္ပါတယ္။ ဒါေပမယ္႕ " စိမ္းမ
" ကို က်ေတာ႕ ေျမြဆရာက ႏွေျမာေနတယ္။
.
.
ေနာက္ထပ္တစ္ႏွစ္ေလာက္လည္းၾကာေရာ ပျခဳပ္တစ္ခုလံုး (
၃ ) ေပခဲြေလာက္ရွည္တဲ႕ သူ႕ကုိယ္လံုးတစ္ခုတည္းနဲ႕ျပည္႕ေနေတာ႕
သခင္အတြက္ ေတာ္ေတာ္အဆင္မေျပျဖစ္လာေနတယ္။ ဒါေၾကာင္႕ စိတ္မေကာင္းျခငး္မ်ားစြာနဲ႕ ေတာထဲမွာ
သြားလႊတ္ရပါေတာ႕တယ္။
.
စိမ္းမ က အရင္လိုထင္ျပီး သခင္နားျပန္လာတယ္။
ပျခဳပ္ထဲျပန္ဝင္ဖို႕လုပ္တယ္။ ဒီအခါမွာ ေျမြဆရာက ..
.
" သြားပါ သမီးေလးရယ္ ..။ ေလာကၾကီးမွာ
ဘာမွမျမဲပါဘူး။ အခုအခ်ိန္ကစျပီး ေတာစိုစိုေတာင္ညိဳညိဳၾကားထဲမွာ သဘာဝအရ
လွပေပ်ာ္ရြင္စြာေနပါေလေတာ႕ "
.
" တစ္ခ်ိန္က်ရင္ သမီးဟာ စိမ္းမ ဆိုတဲ႕
ေျမြအလိမၼာေလးဘဝကေန ရင္႕က်င္တည္ျငိမ္တဲ႕ " နဂါးမယ္ေလး " တစ္ေကာင္ ျဖစ္လာရမယ္။
ဒီပျခဳပ္က်ဥ္းက်ဥ္းေလးမွာ သမီးဘဝ အခ်ိန္ကုန္ခံျပီး ေပေပေတေတေခြမေနပါနဲ႕ေတာ႕ "
ဆုိျပီး မ်က္စိမွိတ္ျပီး ေျပာခ်လိုက္ပါတယ္။
.
.
စိမ္းမ ဟာ
ခ်ာကနဲလွည္႕ထြက္သြားျပီး ေနာက္တစ္ေခါက္လွည္႕လာျပန္တယ္။ အနားေရာက္တဲ႕အခါ
ပျခဳပ္ကို သူ႕ေခါင္းနဲ႕တုိ႕ေတာ႕ အထဲက " သားငယ္ေလး " ကပါ
လႈပ္လႈပ္ရြရြျဖစ္လာတယ္။ ဒါကိုေတြ႕ေတာ႕ ေျမြဆရာက ..
.
" ေအာ္ .. ဟုတ္သားပဲ..။ သမီးလည္း
သားငယ္ေလးကို ႏႈတ္ဆက္ခ်င္ရွာမွာေပါ႕ " ဆိုျပီး
ပျခဳပ္ကုိဖြင္႕ေပးလိုက္တာမွာ ေျမြႏွစ္ေကာင္ဟာ ကိုယ္လံုးခ်င္းပတ္
အလြမ္းေတြထပ္လို႕ ရင္ခ်င္းအပ္ႏႈတ္ဆက္ေနတာကိုေတြ႕လိုက္တဲ႕ ေျမြဆရာရဲ႕အသဲေတြကဲြေၾကေနတာကို
မွန္းၾကည္႕ႏုိင္ပါတယ္။
.
ျမက္ခင္းေတြၾကားကို အတူတကြထြက္သြားၾကတဲ႕
ေျမြႏွစ္ေကာင္ကုိေငးၾကည္႕ေနတဲ႕ေျမြဆရာဟာ မွင္သက္ေနမိတယ္။ သိပ္မၾကာခင္မွာ "
သားငယ္ေလး " ျပန္လာျပီး ပျခဳပ္ထဲဝင္မွ ျပန္သတိထားလာမိတယ္။
.
.
.
.
ေနာက္ပိုင္းမွာ ေျမြအလႅမယ္ျပတာ
အဆင္ေျပဖို႕အေရး ေျမြဆရာဟာ ေနာက္တစ္ေကာင္ကိုသင္တဲ႕အခါ
သိပ္တတ္မလာတဲ႕အျပင္ " သားငယ္ေလး " ဟာလည္း မၾကံဳစဖူး
ထြားသထက္ထြားလာပါတယ္။ ပိုဆိုးတာက ကိုယ္အေလးခ်ိန္မ်ားလာတဲ႕ သားငယ္ေလးကို ေျမြဆရာမႏိုင္မနင္းျဖစ္လာတာပါ။
.
.
တစ္ခ်ိန္တည္းမွာ ေတာထဲကိုလႊတ္လိုက္တဲ႕ "
စိမ္းမ " ကုိ ထင္းခုတ္သမားေတြက မၾကာမၾကာေတြ႕တယ္လို႕ေျပာၾကတယ္။ စိမ္းမ ရဲ႕
ကိုယ္လံုးဟာ ထြားထြားၾကိဳင္းၾကိဳင္းလူတစ္ေယာက္ရဲ႕ ေျခသလံုးေလာက္ၾကီးလာတဲ႕အခါ
လူေတြက ပုိသတိထားမိလာၾကတယ္။
.
ဒါေၾကာင္႕ စိမ္းမ ေလာကၾကီးထဲထြက္ျပီး
အစာရွာေလျပီ။ ဒီအခါမွာ လမ္းသြားလမ္းလာေတြနဲ႕ ထိပ္တိုက္တိုးတဲ႕ ေျမအယဥ္ေလး
စိမ္းမ ဟာ အရင္လို မယဥ္ပါးႏုိင္ေတာ႕ျပီ။ ဒါေၾကာင္႕ ရြာနီးခ်ဳပ္စပ္
ရြာသူရြာသားေတြၾကား ေျမြအႏၱရာယ္ကို အခ်င္းခ်င္းသတိေပးရင္း စိုးရိမ္စိတ္ေတြဝင္လာၾကတယ္။
.
.
တစ္ေန႕မွာေတာ႕ ေျမြဆရာဟာ
လမ္းေလွ်ာက္သြားေနရင္း
ခ်ံဳထဲကရွည္လ်ားတဲ႕ေျမြၾကီးတစ္ေကာင္ထြက္လာျပီး ေလထဲမွာပဝါတစ္ထည္လြင္႕သြားသလို ေျမြဆရာကိုပတ္ခ်ဳပ္လိုက္ပါတယ္။
ခ်က္ခ်င္းေရွာင္ျပီးထြက္ေျပးတဲ႕ေျမြဆရာေနာက္ကိုလိုက္ေနတဲ႕ ေျမြၾကီးက
ပိုျမန္သေယာင္ထင္ေနရတယ္။ ေျမြၾကီးက အေမာက္ေထာင္ျပီးေပါက္မယ္အလုပ္
.. ေျမြဆရာက ေျပးေနရင္းေနာက္လွည္႕အၾကည္႕မွာ
ေျမြၾကီးရဲ႕နဖူးကအနီကြက္ကို ေတြ႕သြားတဲ႕ ေျမြဆရာဟာ ..
.
" ဟင္ .. စိမ္းမ ... စိမ္းမ .. သမီးေလး
မဟုတ္လား? " လို႕ ေရရြတ္မိပါတယ္။ တစ္ဆက္တည္း
လက္ထဲက ေျပးရင္းလႊားရင္းသယ္လာတဲ႕ ေျမြပျခဳပ္ေလးကိုေအာက္ခ်လိုက္တယ္။
ဒါေပမယ္႕ ေျမြၾကီးက ေျမြဆရာကိုရစ္ပတ္ေနတာ ရပ္မသြားပါဘူး။
တင္းတင္းၾကပ္ၾကပ္ကိုပတ္ေနတုန္းပါ။ အေမာက္ၾကီးေထာင္ျပီး ေျမြဆရာကို
လွ်ာေလးတစ္လစ္တစ္လစ္နဲ႕ေလ႕လာေနတဲ႕ ေျမြၾကီးဟာ ေၾကာက္စရာေကာင္းေလာက္ေအာင္
အေကာင္ၾကီးေနပါတယ္။
.
သုိ႕ေပမယ္႕ အလႅမယ္ပြဲေတြမွာ သခင္နဲ႕အတူတူေဖ်ာ္ေျဖသလို
ခံစားရတဲ႕ေျမြဆရာဟာ " စိမ္းမ " သူ႕ကုိ ရန္မျပဳဘူးဆိုတာ
ႏွလံုးသားနဲ႕နားလည္သြားတယ္။ ဒီေလာက္ၾကီးလာတဲ႕ စိမ္းမ ကို ေျမြဆရာ
မခ်ီႏုိင္ေတာ႕ပါ။ ဒါေၾကင္႕ သူ႕ကိုေအာက္ခ်ေပးလိုက္တယ္။ တစ္ဆက္တည္း
သူ႕ကိုရန္မျပဳဖုိ႕လည္း စိတ္ထဲက ဆုေတာင္းေနပါတယ္။
.
.
စိမ္းမ ဟာ သခင္ေဟာင္းကိုမွတ္မိသြားျပီး အလုပ္တစ္ခုကုိအျမန္လုပ္ပါတယ္။
အဲဒါကေတာ႕ ေျမြပျခဳပ္ေလးကို ေခါင္းနဲ႕တိုက္တာပါပဲ။
အေျခအေနကုိသေဘာေပါက္သြားတဲ႕ ေျမြဆရာဟာ ခ်က္ခ်င္းပဲ ပျခဳပ္ကိုဖြင္႕ေပးလိုက္တယ္။
အထဲကထြက္လာတဲ႕ သားငယ္ေလး နဲ႕ သူ႕အစ္မ စိမ္းမ တို႕ ေျမြသဘာဝ ရစ္ပတ္ျပီးႏႈတ္ဆက္ၾကတယ္။
ဒါကိုၾကည္႕ျပီး ..
.
" သမီးကို ေက်းဇူးတင္စကားေျပာဖို႕
ေစာင္႕ေနခဲ႕တာ ၾကာျပီ။ အခုေတာ႕ အခ်ိန္ကိုက္ ေျပာခြင္႕ရေတာ႕မယ္ "
.
" သမီးဟာ သားငယ္ေလး ကို ေခၚေဆာင္လာေပးတယ္။
ဒီအတြက္လည္း ဘဝမွ ျပည္႕စံုေပ်ာ္ရႊင္မႈဆုိတာေတြ ပိုင္ဆိုင္ခဲ႕ရတယ္ "
.
" ဒါေၾကာင္႕ အခုအခ်ိန္ကစျပီး သားငယ္ေလးကို
သမီး နဲ႕ အတူ ျပန္ေခၚသြားလုိ႕ရပါျပီ "
.
" တစ္ခုပဲရွိတယ္..။ လူေျခ သူေျခမ်ားတဲ႕နားမွာ
မေနပါနဲ႕။ အႏၱရာယ္မ်ားတယ္။ ကိုယ္ကအစာရွာတာ ရိုးရိုးပဲ။ ဒါေပမယ္႕
သမီး ေနတဲ႕ေလာက နဲ႕ သဘာဝမတူဘူး "
.
" ဒီေတာ႕ ေတာင္တန္းေတြဘက္မွာ သြားေနပါ။
အစားအေသာက္ နဲ႕ ေရေျမကအစ သမီး နဲ႕ သားငယ္ေလး တုိ႕နဲ႕ ကုိက္ညီတယ္ "
.
.
ဒီအခိုက္အတန္႕ေလးကျမန္ေပမယ္႕
ကမၻာၾကီးရဲ႕လည္ပတ္မႈက ေႏွးေနပါတယ္။ အဲဒီအေျခအေနအားလံုးကို
မေနာစိတ္ကနားလည္သည္႕အလား " စိမ္းမ " ဟာ " သားငယ္ေလး "
ကုိ ေခၚျပီး ျမက္ခင္းထဲကို တိုးဝင္သြားပါတယ္။
.
အေရွ႕ကသြားတဲ႕ စိမ္းမ
ရဲ႕လမ္းမွာ ျမက္ခင္းေတြဟာ ညာဘက္ကိုေခါင္းဖီးလိုက္သလို ယိမ္းသြားျပီး
အေနာက္ကလိုက္တဲ႕ သားငယ္ေလးျဖတ္သန္းရာလမ္းမွာေတာ႕ ျမက္ပင္ေတြဟာ ဘယ္ဘက္ကို
ဆြဲဖီးလိုက္သလို သဲ႕သဲ႕ယဲ႕ယဲ႕တိမ္းပါတယ္။
.
.
သူတို႕သြားတာဘယ္ေလာက္ၾကာျပီလည္းမသိေပမယ္႕
မ်က္စိထဲကကြယ္ေပ်ာက္သြားမွ ေျမြဆရာလည္း အသိျပန္ဝင္လာတယ္။
မတ္တပ္ရပ္လိုက္ေပမယ္႕ လက္ထဲမွာေတာ႕ ေျမြပျခဳပ္ ပါမလာေတာ႕ပါဘူး။ အဲဒီအခ်ိန္ကစ
ရြာအနီးနားက လမ္းေတြမွာ လံုျခံဳမႈရွိေနျပီး ရပ္ေရးရြာေရး အကုန္ေအးခ်မ္းလာပါတယ္။
ဒါေပမယ္႕ ဒီေျမြႏွစ္ေကာင္ဘယ္ေရာက္သြားတယ္ဆုိတာေတာ႕ ျပန္ေျပာျပႏုိင္သူ
အခုထိမရွိေသးပါဘူး။
.
.
.
ဒီ အဂၤလိပ္လိုေရးထားတဲ႕ တရုတ္ပံုျပင္ေလးကိုဖတ္ျပီး
ကြ်န္ေတာ႕ဘဝနဲ႕ ယွဥ္ထုိးစဥ္းစားမိတယ္။
ကြ်န္ေတာ္သာဆုိရင္ေတာ႕ ေျမြႏွစ္ေကာင္နဲ႕ေတာထဲမွာလိုက္သြားေနမိမွာပဲလို႕ ..။
တစ္ကယ္ေတာ႕ ကြ်န္ေတာ႕ဘဝကိုျပန္ေျပာျပႏုိင္သူတစ္ေယာက္မွမရွိတာကလည္း ခပ္ေကာင္းေကာင္းပဲလုိ႕
တစ္ဆက္တည္း ေတြးေနမိပါေတာ႕တယ္။
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
.
09-10-2016
.
Ref: The Painted Skin: Selected Stories from the
Remarkable Stories
.
.
Unicode Version:
.
.
“ မဖြေသာတဲ့မြွေဆရာ ”
.
ဟိုးရှေးရှေးတုန်းက အရှေ့ပိုင်းတိုင်းပြည်တစ်ခုမှာ မြွေအလ္လမယ်ဆရာတစ်ယောက်ရှိတယ်..။
သူမွေးထားတဲ့ မြွေယဉ် ( ၂ ) ကောင် နဲ့ မြို့တစ်ကာလှည့် ပြစားပါတယ်။ အကြီးတစ်ကောင်က
အသက်ကြီးနေလို့ “ စိမ်းအို ” လို့ ခေါ်ပြီး ပိုမိုယဉ်ပါးသန်စွမ်းလိမ္မာတဲ့ နောက်တစ်ကောင်ကိုတော့
“ စိမ်းမ ” လို့ အမည်ပေးထားပါသတဲ့..။
.
“ စိမ်းမ ” ရဲ့ နဖူးမှာ မြင်သာတဲ့အနီကွက်ကလေးတစ်ကွက် ရှိတယ်။ တစ်ပတ်လှည့်ပြတာတို့၊
အလှကပြတာတို့ဆို စိမ်းမက သခင်ရဲ့ညွှန်ကြားမှုကို တစ်သွေမတိမ်းလိုက်နာနိုင်ရုံမက ပရိတ်သတ်အကြိုက်တွေ့အောင်ဖျော်ဖြေနိုင်တာဖြစ်လို့
မြွေဆရာက အင်မတန်ချစ်မြတ်နိုးပါတယ်။
.
.
တစ်နှစ်လောက်ကြာတဲ့အခါ
အသက်ကြီးလို့ စိမ်းအို ကြီး ကံကုန်ပါလေရော..။ အဲဒီမှာ ဇာတ်လမ်းလေးက မြွေဆရာရဲ့ ဘဝကို
တစ်မျိုးဖြစ်စေလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ပါဘူး။ မြွေအလ္လမယ်အတွက် အတွဲလိုတယ်။ ဒါကြောင့်
နောက်တစ်ကောင်ကိုထွက်ရှာဖို့လည်း မြွေဆရာမှာ တော်တော်အလုပ်များနေပါတယ်။
.
တစ်ညမှာ တောင်ကုန်းလေးတစ်ခုပေါ်က ဘုရားကျောင်းထဲမှာ မောမောပမ်းပမ်း
နားကြတယ်။ နောက်တစ်နေ့မနက် ပခြုပ်လေးကိုဖွင့်ကြည့်လိုက်တော့ ... ဗုဒ္ဓေါ ...
" စိမ်းမ " တစ်ကောင် ပျောက်နေပါရော့လား..။ သွားပြီ ... မြွေဆရာနားမှာ မြွေတစ်ကောင်မှ
မရှိတော့ဘူး..။
.
.
ဆရာသမားလည်း တော်တော်စိတ်ပျက်သွားတယ်။
.
" စိမ်းမ ရေ ... စိမ်းမ .. " နေရာတကာလှည့်ပြီး အော်ခေါ်၊
ပတ်ချာလည် လှည့်ရှာတယ်။ ဒါပေမယ့် စိမ်းမ ရဲ့ အရိပ်အယောင်ဆိုလို့ တစ်မောက်တစ်မြီးမှ
မတွေ့ရဘူးလေ။ အရင်တုန်းက ဒါမျိုးဖြစ်ဖူးတယ်။ သူတို့ထွက်သွားရင် သစ်တိုသစ်စ တို့၊ ချုံနွယ်ပေါက်ပင်
တို့ ကို ရှင်းပေးထားလိုက်၊ ကစားတာဝသွားရင် သင်ပေးထားတဲ့မြွေတွေဖြစ်တော့ ပြန်လာကြတယ်။
.
အခုက ဘာအစအနမှ မရတာ။ ခေါင်းငိုက်စိုက်ကျပြီး စိတ်ပျက်နေတဲ့ မြွေဆရာဟာ
နေစောင်းတဲ့အထိစောင့်ရှာတယ်။ မျှော်လင့်ချက်မဲ့ပြီဆိုတာသိလိုက်ရတဲ့စိတ်ကူးလေပွေဟာ မြွေဆရာကို
အိမ်ပြန်ဖို့ မစွဲဆောင်နိုင်သော်ငြားလည်း လုပ်သင့်တဲ့အလုပ်ကို လုပ်ရပါတော့တယ်။ ဒါကတော့
အရာရာကိုထားခဲ့ပြီး လက်ချည်းဗလာအိမ်ရှိရာခရီးကို တစ်ကိုယ်တည်း ပြန်ရတာပါပဲ။
.
.
လေးလံလှတဲ့ခြေအစုံကို မနိုင့်တစ်နိုင်သယ်မရင်း လမ်းမှာ မြက်တောထဲကတရွှတ်ရွှတ်အသံကိုကြားမိတဲ့မြွှေဆရာဟာ
ဝမ်းသာသွားတယ်။
.
" စိမ်းမ .. စိမ်းမ "
.
ဒီတစ်ခေါက်တော့ လိုက်ရှာတဲ့အသံမဟုတ်ပဲ၊ တွေ့ပြီ .. တွေ့ပြီ ဆိုတဲ့
မြွေဆရာရဲ့အော်သံဟာ တောအုပ်ကလေးကို တစ်မုဟုတ်ချင်းလွှမ်းမိုးသွားတယ်။ ဟုတ်ပါတယ် ..
စိမ်းမ ပြန်လာပြီ။
.
မြွှေဆရာဟာ လက်ထဲကအထုတ်တွေကို မြေကြီးပေါ်ပစ်ချလိုက်တဲ့အခါ စိမ်းမ
ဟာ မြက်ခင်းကြားထဲက ထွက်လာတယ် .. သူ့ရှေ့ရောက်လာတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ သူတစ်ကောင်တည်းပြန်လာတာမဟုတ်ပဲ
သူ့နောက်မှာ မြွေအငယ်လေးတစ်ကောင် ပါလာပါတော့တယ်။
.
.
" ငါ့မှာတော့ သမီးကို ဆုံးရှုံးရပြီထင်တာ။ သမီးက အဖော်ငယ်လေးတစ်ကောင်သွားခေါ်တာကိုး။
သူ့ကို သင်ပေးရမှာလား? " စိမ်းမ က ဘာမှတုံ့ပြန်စကားမပြောနိုင်မှန်းသိပေမယ့် မြွေဆရာဟာ
တစ်ယောက်တည်း တဇွတ်ထိုးပြောနေမိတယ်။
.
ပြန်လာတဲ့ မြွေနှစ်ကောင်ကို အစာတွေအများကြီးကျွေးနေပေမယ့် မြွေအငယ်လေးက
ကြောက်နေရှာတယ်။ အဲဒီအခါမှာ သခင်ပေးတဲ့အစာကို မြွေပြပွဲတွေမှာလုပ်သလို ပါးစပ်နဲ့ကိုက်ပြီး မြွေအငယ်လေးကိုခွံ့ကျွေးနေတာကိုကြည့်ပြီး
မြွေဆရာရင်ထဲမှာ ပီတိတွေဖြာနေတာပေါ့ဗျာ..။
.
.
သိပ်မကြာပါဘူး ... ဧည့်သည်မြွေလေးကို သခင်က စသင်ပါတော့တယ်။ ကလေးဆိုတော့
မြွေဆရာအတွက် သင်ရတာ လွယ်ကူလှတယ်။ နည်းနည်းလေးလေ့ကျင့်ပေးလိုက်တာနဲ့ မြွေနှစ်ကောင်ရဲ့
ညှို့ကွင်းမိ လှည့်ကွင်းစုံ လှုပ်ရှားမှုတွေဟာ အချိတ်ဆက်မိလာတာနဲ့အမျှ နယ်ထွက်ကပြဖို့
အဆင်သင့်ဖြစ်နေပါပြီ။ ဒါနဲ့ မြွေဆရာဟာ အသစ်ရောက်လာတဲ့မြွေငယ်လေးကို " သားငယ်လေး
" လို့ နာမယ်ပေးပါတယ်။
.
အခြေခံကျကျပြောရရင် ( ၂ ) ပေ ဆိုတဲ့ မြွေတစ်ကောင်ရဲ့အရှည်ဟာ မြွှေဆရာအတွက်
နိုင်နိုင်နင်းနင်း ကနိုင် ပြနိုင် မ,ချီနိုင်တဲ့ အနေအထားပါ။ ဒီထက်ရှည်လာရင် မြွေဆရာအတွက်
သိပ်လေးလာပြီး တစ်ခြားတစ်ကောင်အစားထိုးရမယ့်အနေအထား ဖြစ်ပါတယ်။ ဒါပေမယ့် " စိမ်းမ
" ကို ကျတော့ မြွေဆရာက နှမြောနေတယ်။
.
.
နောက်ထပ်တစ်နှစ်လောက်လည်းကြာရော ပခြုပ်တစ်ခုလုံး ( ၃ ) ပေခွဲလောက်ရှည်တဲ့
သူ့ကိုယ်လုံးတစ်ခုတည်းနဲ့ပြည့်နေတော့ သခင်အတွက် တော်တော်အဆင်မပြေဖြစ်လာနေတယ်။ ဒါကြောင့်
စိတ်မကောင်းခြင်းများစွာနဲ့ တောထဲမှာ သွားလွှတ်ရပါတော့တယ်။
.
စိမ်းမ က အရင်လိုထင်ပြီး သခင်နားပြန်လာတယ်။ ပခြုပ်ထဲပြန်ဝင်ဖို့လုပ်တယ်။
ဒီအခါမှာ မြွေဆရာက ..
.
" သွားပါ သမီးလေးရယ် ..။ လောကကြီးမှာ ဘာမှမမြဲပါဘူး။ အခုအချိန်ကစပြီး
တောစိုစိုတောင်ညိုညိုကြားထဲမှာ သဘာဝအရ လှပပျော်ရွင်စွာနေပါလေတော့ "
.
" တစ်ချိန်ကျရင် သမီးဟာ စိမ်းမ ဆိုတဲ့ မြွေအလိမ္မာလေးဘဝကနေ
ရင့်ကျင်တည်ငြိမ်တဲ့ " နဂါးမယ်လေး " တစ်ကောင် ဖြစ်လာရမယ်။ ဒီပခြုပ်ကျဉ်းကျဉ်းလေးမှာ
သမီးဘဝ အချိန်ကုန်ခံပြီး ပေပေတေတေခွေမနေပါနဲ့တော့ " ဆိုပြီး မျက်စိမှိတ်ပြီး ပြောချလိုက်ပါတယ်။
.
.
စိမ်းမ ဟာ ချာကနဲလှည့်ထွက်သွားပြီး နောက်တစ်ခေါက်လှည့်လာပြန်တယ်။
အနားရောက်တဲ့အခါ ပခြုပ်ကို သူ့ခေါင်းနဲ့တို့တော့ အထဲက " သားငယ်လေး " ကပါ
လှုပ်လှုပ်ရွရွဖြစ်လာတယ်။ ဒါကိုတွေ့တော့ မြွေဆရာက ..
.
" အော် .. ဟုတ်သားပဲ..။ သမီးလည်း သားငယ်လေးကို နှုတ်ဆက်ချင်ရှာမှာပေါ့
" ဆိုပြီး ပခြုပ်ကိုဖွင့်ပေးလိုက်တာမှာ မြွေနှစ်ကောင်ဟာ ကိုယ်လုံးချင်းပတ် အလွမ်းတွေထပ်လို့
ရင်ချင်းအပ်နှုတ်ဆက်နေတာကိုတွေ့လိုက်တဲ့ မြွေဆရာရဲ့အသဲတွေကွဲကြေနေတာကို မှန်းကြည့်နိုင်ပါတယ်။
.
မြက်ခင်းတွေကြားကို အတူတကွထွက်သွားကြတဲ့
မြွေနှစ်ကောင်ကိုငေးကြည့်နေတဲ့မြွေဆရာဟာ မှင်သက်နေမိတယ်။ သိပ်မကြာခင်မှာ " သားငယ်လေး
" ပြန်လာပြီး ပခြုပ်ထဲဝင်မှ ပြန်သတိထားလာမိတယ်။
.
.
နောက်ပိုင်းမှာ မြွေအလ္လမယ်ပြတာ အဆင်ပြေဖို့အရေး မြွေဆရာဟာ နောက်တစ်ကောင်ကိုသင်တဲ့အခါ
သိပ်တတ်မလာတဲ့အပြင် " သားငယ်လေး " ဟာလည်း မကြုံစဖူး ထွားသထက်ထွားလာပါတယ်။
ပိုဆိုးတာက ကိုယ်အလေးချိန်များလာတဲ့ သားငယ်လေးကို မြွေဆရာမနိုင်မနင်းဖြစ်လာတာပါ။
.
.
တစ်ချိန်တည်းမှာ တောထဲကိုလွှတ်လိုက်တဲ့ " စိမ်းမ " ကို
ထင်းခုတ်သမားတွေက မကြာမကြာတွေ့တယ်လို့ပြောကြတယ်။ စိမ်းမ ရဲ့ ကိုယ်လုံးဟာ ထွားထွားကြိုင်းကြိုင်းလူတစ်ယောက်ရဲ့
ခြေသလုံးလောက်ကြီးလာတဲ့အခါ လူတွေက ပိုသတိထားမိလာကြတယ်။
.
ဒါကြောင့် စိမ်းမ လောကကြီးထဲထွက်ပြီး အစာရှာလေပြီ။ ဒီအခါမှာ လမ်းသွားလမ်းလာတွေနဲ့
ထိပ်တိုက်တိုးတဲ့ မြေအယဉ်လေး စိမ်းမ ဟာ အရင်လို မယဉ်ပါးနိုင်တော့ပြီ။ ဒါကြောင့် ရွာနီးချုပ်စပ်
ရွာသူရွာသားတွေကြား မြွေအန္တရာယ်ကို အချင်းချင်းသတိပေးရင်း စိုးရိမ်စိတ်တွေဝင်လာကြတယ်။
.
.
တစ်နေ့မှာတော့ မြွေဆရာဟာ လမ်းလျှောက်သွားနေရင်း ချုံထဲကရှည်လျားတဲ့မြွေကြီးတစ်ကောင်ထွက်လာပြီး
လေထဲမှာပဝါတစ်ထည်လွင့်သွားသလို မြွေဆရာကိုပတ်ချုပ်လိုက်ပါတယ်။ ချက်ချင်းရှောင်ပြီးထွက်ပြေးတဲ့မြွေဆရာနောက်ကိုလိုက်နေတဲ့
မြွေကြီးက ပိုမြန်သယောင်ထင်နေရတယ်။ မြွေကြီးက အမောက်ထောင်ပြီးပေါက်မယ်အလုပ် .. မြွေဆရာက
ပြေးနေရင်းနောက်လှည့်အကြည့်မှာ မြွေကြီးရဲ့နဖူးကအနီကွက်ကို တွေ့သွားတဲ့ မြွေဆရာဟာ
..
.
" ဟင် .. စိမ်းမ ... စိမ်းမ .. သမီးလေး မဟုတ်လား? " လို့
ရေရွတ်မိပါတယ်။ တစ်ဆက်တည်း လက်ထဲက ပြေးရင်းလွှားရင်းသယ်လာတဲ့ မြွေပခြုပ်လေးကိုအောက်ချလိုက်တယ်။
ဒါပေမယ့် မြွေကြီးက မြွေဆရာကိုရစ်ပတ်နေတာ ရပ်မသွားပါဘူး။ တင်းတင်းကြပ်ကြပ်ကိုပတ်နေတုန်းပါ။
အမောက်ကြီးထောင်ပြီး မြွေဆရာကို လျှာလေးတစ်လစ်တစ်လစ်နဲ့လေ့လာနေတဲ့ မြွေကြီးဟာ ကြောက်စရာကောင်းလောက်အောင်
အကောင်ကြီးနေပါတယ်။
.
သို့ပေမယ့် အလ္လမယ်ပွဲတွေမှာ သခင်နဲ့အတူတူဖျော်ဖြေသလို ခံစားရတဲ့မြွေဆရာဟာ
" စိမ်းမ " သူ့ကို ရန်မပြုဘူးဆိုတာ နှလုံးသားနဲ့နားလည်သွားတယ်။ ဒီလောက်ကြီးလာတဲ့
စိမ်းမ ကို မြွေဆရာ မချီနိုင်တော့ပါ။ ဒါကြေင့် သူ့ကိုအောက်ချပေးလိုက်တယ်။ တစ်ဆက်တည်း
သူ့ကိုရန်မပြုဖို့လည်း စိတ်ထဲက ဆုတောင်းနေပါတယ်။
.
.
စိမ်းမ ဟာ သခင်ဟောင်းကိုမှတ်မိသွားပြီး အလုပ်တစ်ခုကိုအမြန်လုပ်ပါတယ်။
အဲဒါကတော့ မြွေပခြုပ်လေးကို ခေါင်းနဲ့တိုက်တာပါပဲ။ အခြေအနေကိုသဘောပေါက်သွားတဲ့ မြွေဆရာဟာ
ချက်ချင်းပဲ ပခြုပ်ကိုဖွင့်ပေးလိုက်တယ်။ အထဲကထွက်လာတဲ့ သားငယ်လေး နဲ့ သူ့အစ်မ စိမ်းမ
တို့ မြွေသဘာဝ ရစ်ပတ်ပြီးနှုတ်ဆက်ကြတယ်။ ဒါကိုကြည့်ပြီး ..
.
" သမီးကို ကျေးဇူးတင်စကားပြောဖို့ စောင့်နေခဲ့တာ ကြာပြီ။ အခုတော့
အချိန်ကိုက် ပြောခွင့်ရတော့မယ် "
.
" သမီးဟာ သားငယ်လေး ကို ခေါ်ဆောင်လာပေးတယ်။ ဒီအတွက်လည်း ဘဝမှ
ပြည့်စုံပျော်ရွှင်မှုဆိုတာတွေ ပိုင်ဆိုင်ခဲ့ရတယ် "
.
" ဒါကြောင့် အခုအချိန်ကစပြီး သားငယ်လေးကို သမီး နဲ့ အတူ ပြန်ခေါ်သွားလို့ရပါပြီ
"
.
" တစ်ခုပဲရှိတယ်..။ လူခြေ သူခြေများတဲ့နားမှာ မနေပါနဲ့။ အန္တရာယ်များတယ်။
ကိုယ်ကအစာရှာတာ ရိုးရိုးပဲ။ ဒါပေမယ့် သမီး နေတဲ့လောက နဲ့ သဘာဝမတူဘူး "
.
" ဒီတော့ တောင်တန်းတွေဘက်မှာ သွားနေပါ။ အစားအသောက် နဲ့ ရေမြေကအစ
သမီး နဲ့ သားငယ်လေး တို့နဲ့ ကိုက်ညီတယ် "
.
.
ဒီအခိုက်အတန့်လေးကမြန်ပေမယ့် ကမ္ဘာကြီးရဲ့လည်ပတ်မှုက နှေးနေပါတယ်။
အဲဒီအခြေအနေအားလုံးကို မနောစိတ်ကနားလည်သည့်အလား " စိမ်းမ " ဟာ " သားငယ်လေး
" ကို ခေါ်ပြီး မြက်ခင်းထဲကို တိုးဝင်သွားပါတယ်။
.
အရှေ့ကသွားတဲ့ စိမ်းမ ရဲ့လမ်းမှာ မြက်ခင်းတွေဟာ ညာဘက်ကိုခေါင်းဖီးလိုက်သလို
ယိမ်းသွားပြီး အနောက်ကလိုက်တဲ့ သားငယ်လေးဖြတ်သန်းရာလမ်းမှာတော့ မြက်ပင်တွေဟာ ဘယ်ဘက်ကို
ဆွဲဖီးလိုက်သလို သဲ့သဲ့ယဲ့ယဲ့တိမ်းပါတယ်။
.
.
သူတို့သွားတာဘယ်လောက်ကြာပြီလည်းမသိပေမယ့် မျက်စိထဲကကွယ်ပျောက်သွားမှ
မြွေဆရာလည်း အသိပြန်ဝင်လာတယ်။ မတ်တပ်ရပ်လိုက်ပေမယ့် လက်ထဲမှာတော့ မြွေပခြုပ် ပါမလာတော့ပါဘူး။
အဲဒီအချိန်ကစ ရွာအနီးနားက လမ်းတွေမှာ လုံခြုံမှုရှိနေပြီး ရပ်ရေးရွာရေး အကုန်အေးချမ်းလာပါတယ်။
ဒါပေမယ့် ဒီမြွေနှစ်ကောင်ဘယ်ရောက်သွားတယ်ဆိုတာတော့ ပြန်ပြောပြနိုင်သူ အခုထိမရှိသေးပါဘူး။
.
.
.
ဒီ အင်္ဂလိပ်လိုရေးထားတဲ့ တရုတ်ပုံပြင်လေးကိုဖတ်ပြီး ကျွန်တော့ဘဝနဲ့
ယှဉ်ထိုးစဉ်းစားမိတယ်။ ကျွန်တော်သာဆိုရင်တော့ မြွေနှစ်ကောင်နဲ့တောထဲမှာလိုက်သွားနေမိမှာပဲလို့
..။ တစ်ကယ်တော့ ကျွန်တော့ဘဝကိုပြန်ပြောပြနိုင်သူတစ်ယောက်မှမရှိတာကလည်း ခပ်ကောင်းကောင်းပဲလို့
တစ်ဆက်တည်း တွေးနေမိပါတော့တယ်။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
09-10-2016
.
Ref: The Painted Skin: Selected Stories from the Remarkable
Stories
No comments:
Post a Comment