ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Monday, October 16, 2017

ခူးပြီးခပ်ပြီး နူးပြီးနှပ်ပြီးအမေရိကား . . လား?

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
.
. ကျွန်တော်ဟာ အဖွဲ့တစ်ခုမှာကယ်တင်ရှင်ပေါ်နေပြီလို့ ရေးဖူးပါတယ်။ ဒါကို ဝေဖန်သူတွေရှိသလို အမြင်မတူသူတွေရှိတာလည်း ကျွန်တော်သိပါတယ်။ အဲဒီကြားထဲမှာ "ဝိုင်းဝန်းကူညီမယ့်သူတစ်ယောက်တိုးလာတယ်လို့နားလည်ပေးပါလား ဦးညီ" ဆိုတဲ့မှတ်ချက်ကြောင့် ကျေးဇူးအထူးတင်ရပါတယ်။
.
. ငယ်ငယ်ကတည်းကအလွတ်ကျက်ပညာရေးကြောင့် ကျွန်တော်တို့မျိုးဆက် (၃) ဆက်လောက် ကမ္ဘာ့အဆင့်မပြောနဲ့ အာစီယံအိမ်နီးနားချင်းအဆင့်အထိတောင် ကျောင်းသင်ခန်းစာ ပညာကဏ္ဍမှာ မယှဉ်သာပါဘူး။ အင်္ဂလိပ်စာနဲ့မရင်းနှီးဘူး . . အင်တာနက်ဆို စမ်းတဝါးဝါး အပြင် ကိစ္စတစ်ခုခုလုပ်ဖို့ဆိုရင် "ငါ့ကိုလုပ်ပေးပါလား" ဆိုပြီး ပါးစပ်ရှေ့ရောက်လာမယ့်ထမင်းတစ်လုပ်ကို (မဝါးပဲ အသင့်မျိုချဖို့) စောင့်ချင်ကြတယ်။ ဒါဟာ ရာစုနှစ်ဝက်လောက်ကျင့်ကြံခဲ့တဲ့ မြန်မာ့နည်းမြန်မာ့ဟန်ပညာရေးရဲ့အားနည်းချက်ပါလို့ အပြစ်ဖို့ရတော့မယ် ထင်ပါတယ်။
.
.
. အမေရိကားမှာတော့မတူပါဘူး။ ဘာမဆို အကုန်ကိုယ်တိုင်လုပ်ရတယ်။ ချက်၊ ပြုတ်၊ လျှော်ဖွတ်အပြင် ရုံးကိစ္စ၊ ဘဏ်ကိစ္စ၊ အစိုးရစာရွက်စာတမ်းကိစ္စတွေမှာ ကိုယ့်မှတ်ပုံတင် နဲ့ သက်သေခံအချက်အလက်တွေကို လျို့ဝှက်ထားရတယ်။ ဒီကြားထဲ နည်းပညာကိုတလွဲသုံးပြီး ခိုးယူခံရလို့ ကာယကံရှင်တွေ ဒုက္ခရောက်ရတဲ့အဖြစ်တွေဟာ နောက်ပိုင်းမှာ မဆန်းတော့တဲ့အထိ ကြားလာရတယ်။
.
. ဒီလို ကိုယ်ပိုင်သီးသန့်ပိုင်ဆိုင်မှု - Privacy ရှိရမယ့်ကိစ္စတွေမှာ ကိုယ်ယုံကြည်ရတဲ့သူဆိုတာ မရှိတာမဟုတ် ရှားကြပါတယ်။ တကယ်ယုံကြည်ရမယ့်သူဆိုတာရှိခဲ့ရင်လည်း ဒီအချက်အလက်တွေကိုမပြန့်ပွားစေဖို့ထိန်းသိမ်းရတဲ့ "ကိုယ်ကျင့်တရားနဲ့တာဝန်" ရှိနေတာမို့ အမေရိကားလိုအချိန်ပြည့်အလုပ်လုပ်နေရတဲ့နိုင်ငံမှာ တာဝန်သိပ်ကြီးပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်ဆိုတာ မှန်းကြည့်ရုံနဲ့သိနိုင်ပါတယ်။

Sunday, October 15, 2017

အမေရိကန် Electronic Diversity Visa Lottery Server ကျသွားရခြင်း၏တရားခံ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) 
.
. ဟားဟားဟား . . အခုတော့ အမှောင်ကျနေပြီမဟုတ်လား
ငါတို့ကိုပေးမဝင်တဲ့ မင်းတို့အမေရိကား
ဘယ်သူမှမဝင်ရဘူးကွ
ဘယ်ရမလဲ ငါတို့ဟက်ကာတွေအကြောင်းသိပြီမလား? (Yemen)
.
. အေး . . မင်းတို့ပြောတော့ မင်းတို့လုပ်တာပေါ့
တကယ်က ငါတို့လုပ်လိုက်တာကွ
သူတို့သမ္မတအသစ်ကငါတို့ကို
"အကြမ်းဖက်အဖွဲ့တွေလုံခြုံတဲ့မြေ"တဲ့
သူတို့ဆီကို
တစ်ကမ္ဘာလုံးကလူတွေမဝင်ရလဲ . . အေးရော (Somalia)
.
. နေကြပါဦး . . နေကြပါဦး . .
ဘယ်လိုတွေဖြစ်နေကြတာလဲ
ငါတို့လွှတ်ထားတဲ့ ဟက်ကာတွေကို
အထင်သေးလို့ပေါ့လေ
ဘယ့်နှယ် . . ဒေသဆိုင်ရာလုံခြုံရေးအချက်အလက်တွေကို
သူတို့ကိုမပေးနိုင်လို့ဆိုပြီး ဘန်း ထားတာ
အခု သူများတွေလဲပေးမဝင် နဲ့တော့ ဒါဘဲ (Libya)
.
. မင်းတို့ဟာက မြေပြင်ပေါ်မှာတင် မဟုတ်ဘူး
Facebook ပေါ်ပါ တက်ပစ်နေတာပါကလား
သမ္မတပွဲတုန်းက
ငါတို့ Russia ကိုလုပ်ခိုင်းလိုက်တာလေ
အခုတစ်ခေါက်တော့
ငါတို့ရဲ့အထူးကွန်မန်ဒိုဟက်ကာတွေအကြောင်း
ကောင်းကောင်းကြီးသိသွားပြီပေါ့ ဟားဟား (Syria)