ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, January 30, 2020

တစ်ချိန်တုန်းက ကိုရိုနာ နဲ့ အခုခေတ် ကိုရိုနာ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
တို့များငယ်ငယ်တုန်းက တိုယိုတာကားတွေစီးတော့ တိုယိုတာ ကိုရိုနာ-Toyota Corona ဆိုတာရှိခဲ့တယ်။ အခုပြန်ဖတ်ကြည့်တော့ မှတ်မှတ်ရရ (၁၉၅၇) ကနေထုတ်ခဲ့တာ (၂ဝဝ၁) ခုနှစ်အထိ နှစ်များစွာတာစားခဲ့တယ်။ လူတိုင်းရဲ့လက်ထဲကို သူ့ကားရဲ့စတီယာရင်ကိုထိုးအပ်ခဲ့တယ်။ ဒါက ခပ်စောစောသိခဲ့တဲ့ ကိုရိုနာ။

တကယ်တမ်းလေ့လာကြည့်တော့ Corona ရဲ့အဓိပ္ပာယ်က နေနဲ့ကြယ်တာယာတို့ကနေထုတ်လွှတ်တဲ့ရောင်ခြည်အလင်းပါတဲ့အငွေ့အတန်းလို့ဆိုပါတယ်။ ပြောရရင်တော့ နေ နဲ့ ပြောရင် နေထီးဆောင်းတယ်။ လ နဲ့ ပြောရင် လထီးဆောင်းတယ်။ ဒီအဖြစ်အပျက်တွေက နေကြတ်/လကြတ်တဲ့အခါမှသာ ရှားရှားပါးပါးမြင်ရလေ့ရှိတဲ့ တန်ဖိုးထားကြတဲ့စကားလုံးဖြစ်ပါတယ်။

သက္ကရာဇ်စောစောပိုင်းကိုပြန်သွားရရင် စကားလုံးအစ လက်တင်ကလို့လူအများကယုံကြည်ကြပေမဲ့ ဒီ ကိုရိုနာစာလုံးဟာ စပိန်စကားရဲ့မူရင်းအဓိပ္ပာယ်ဖြစ်တဲ့ “သရဖူ-Crown” ကနေ ဆင်းသက်လာတယ်လို့ သိရှိရပါတယ်။ အမေရိကန်ပြည်ထောင်စု လော့အိမ့်ဂျလိစ်မြို့အနီးက မြစ်းကမ်းပါးခရိုင်-Riverside County, California မှာ စပိန်လူမျိုးအများစုရှင်သန်စီးပွားရှာတဲ့ ကိုရိုနာမြို့လေးလည်း ရှိနေပြန်ပါတယ်။

အနုပညာနဲ့ပတ်သက်တဲ့ ကိုရိုနာ ကို ပြပါဆိုရင် အီတာလျံအကအဖွဲ့ကို‌အ‌ခြေတည်ဖွဲ့ထားတဲ့ Corona Music Band ရှိ‌ခဲ့ပါတယ်။ သူ့ခေတ် သူ့အခါက အတော်လေးအောင်မြင်ခဲ့ပြီး ကျော်ကြားတဲ့သီချင်းက “The Rhythm of the Night” ပါ။
America ဘက်မှာလူသိအများဆုံး ကိုရိုနာက ကားလည်းမဟုတ်၊ မြို့လည်းမဟုတ်၊ တေးဂီတအဖွဲ့လည်းမဟုတ် ယောက်ျား မိန်းမမရွေးကြိုက်ကြတဲ့ မက္ကဆီကိုနိုင်ငံထုတ် ကိုရိုနာဘီယာ-Corona Beer Brand ဖြစ်ပါတယ်။ ထင်ရှားတဲ့သင်္ကေတအနေနဲ့ ဗိုက်ပူပူ‌လူလတ်ပိုင်းတွေသာမက မိန်းကလေးတွေပါ စတိုးဆိုင် မီနီမားကက်တွေကဆွဲပြီးထွက်လာတဲ့ (၆) ပုလင်း တစ်ကဒ် Corona Extra ဘီယာပုလင်းအဝါ‌ရောင်တွေကသက်သေခံပေးနေပါတယ်။

နည်းပညာနဲ့ပတ်သက်သူတွေအတွက် ကိုရိုနာလည်းရှိနေပြန်ပါတယ်။ အစောပိုင်းမိုက်ခရိုဆော့ဖ်ဝင်းဒိုးတွေကြီးစိုးတဲ့ခေတ်တုန်းက ကွန်ပျူတာဝယ်ရင်အသင့်ပါလာတဲ့ ဖဲကစားနည်းထဲမှာ ဘူကြီး၊ ကွန်းမီး၊ ရှိုး စတဲ့ တစ်ချပ်မှောက်၊ အချပ်အများကြီးမှောက် ကစားနည်းထဲမှာပါတာက Corona Solitaire ပါတဲ့။

အခုနောက်ဆုံးလူတွေရဲ့ပါးစပ်ဖျား၊ နှာခေါင်း၊ လည်ချောင်း၊ အဆုတ် ကနေ အသက်အထိသက်ရောက်မှုရှိလာတာက‌တော့ ကိုရိုနာဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ Coronavirus ဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီးရှာကြည့်ပြန်တော့ ဒီဗိုင်းရပ်ရဲ့နာမည်ပေးပုံက လက်တင်အမေရိကစာလုံး ကိုရိုနာ ကနေ လာတယ်လို့ဆိုနေပြန်ပါတယ်။

ဆန်းစစ်လေ့လာတွေ့ရှိချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ဟာ အသက်ရှုလမ်းကြောင်းမှာတွယ်ကပ်တဲ့ RTI-Respiratory Tract Infection တစ်မျိုးဖြစ်ပြီး နို့တိုက်သတ္တဝါ နဲ့ ငှက်မျိုးစိတ်တွေကနေ လူတွေဆီကူးစက်တာလို့ဖော်ပြပါတယ်။ အစပိုင်းမှာဖျားမယ်၊ နောက်တော့အဖျားကြီးလာမယ် ဒီကနေတစ်ဆင့်တက်ပြီး SARS-Severe Acute Respiratory Syndrome ဖြစ်တာရှိခဲ့တယ်။ MERS-Middle East Respiratory Syndrome ဆိုတာတွေဟာ နောက်ဆုံးပေါ်ရောဂါဆန်းတွေဖြစ်ခဲ့ကြပါတယ်။

နောက်ဆုံးပေါ် ကိုရိုနာဟာ လူတွေကြားထဲကိုကြေငြာပြီးဝင်ခဲ့တာမဟုတ်ပါဘူး။ သတင်းတွေမှာပါသလောက် လူတိုင်းနီးပါးသိနေကြတဲ့အတိုင်း ရောဂါအမှုတွဲပေါင်း (၁ဝဝဝဝ) ပြည့်ခါနီး၊ သေဆုံးသူ (၂ဝဝ) ကျော် နဲ့ ခန္ဓာကိုယ်ထဲတိတ်တိတ်လေးခိုးဝင်တတ်တဲ့ ကပ်ရောဂါဆန်ဆန် လူမသိ သူမသိ ကူးစက်နိုင်မှုကို အင်တာနက်တစ်ခွင်မှာတွေ့နိုင်ပါတယ်။

ဆိုးရွားတဲ့ဗီဒီယိုအတိုတွေထဲမှာ ဈေးဝယ်စင်တာတွေမှာ ဆန်အိပ်ပေါ်မှာတက်ထိုင်ထားပြီး အစားအသောက်မပြတ်သွားရေးရန်လိုနေကြတာ၊ ပိုးသတ်ဆေးတွေကို လူတွေရဲ့အသုံးအဆောင်တွေပေါ်မှာသာမက လေထုထဲကို မော်တာနဲ့မှုတ်ထုတ်ကာကွယ်နေတာအပြင် ဆေးရုံတွေရဲ့လူလျှောက်လမ်းတွေမှာ မရှင်းလင်းနိုင်တဲ့အလောင်းကောင်တွေကြား လူ‌နာတွေဆေးအကုအသခံဖို့စောင့်ဆိုင်းနေရတာတွေကအသည်းနှလုံးကိုထိရှလာတဲ့ကိုယ်ချင်းစာမှုတွေဖြစ်လာပါတယ်။

လေထုထဲကနေ ဘာရောဂါလက္ခဏာမှမပြဘဲကူးစက်နေပြီလို့သိရတဲ့နောက် စဉ်းစားဆင်ခြင်စရာတွေကိုကျွန်တော်တို့လုပ်သင့်ပါပြီ။

အခမဲ့ရတဲ့ “လေ” ကို ဘယ်လိုသန့်ရှင်းအောင်ရှူမယ်လို့စဉ်းစားနိုင်သူ၊

အမြဲလွတ်နေတဲ့ “သတိ” ကို ဘယ်လိုထားပြီးဆင်ခြင်မယ်ဆိုတဲ့အသိရှိထားနိုင်သူဟာ

တစ်သက်မှာတစ်ခါသာရတဲ့ “အသက်” ကို ဘယ်လိုရှည်အောင်နေထိုင်မယ်ဆိုတဲ့နည်းလမ်းကိုရှာတွေ့နိုင်မယ့် အခုခေတ် ကိုရိုနာကို သဘောပေါက်သူဖြစ်လာပါလိမ့်မယ်။

လူ နတ် သတ္တဝါ (၃၁) ဘုံသား သက်ရှိများအားလုံးဘေးရန်ကင်းကွာကျန်းမာချမ်းသာကြပါစေ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
01-30-2020


<Zawgyi>

"တစ္ခ်ိန္တုန္းက ကိုရိုနာ နဲ႔ အခုေခတ္ ကိုရိုနာ" တို႔မ်ားငယ္ငယ္တုန္းက တိုယိုတာကားေတြစီးေတာ့ တိုယိုတာ ကိုရိုနာ-Toyota Corona ဆိုတာရွိခဲ့တယ္။ အခုျပန္ဖတ္ၾကည့္ေတာ့ မွတ္မွတ္ရရ (၁၉၅၇) ကေနထုတ္ခဲ့တာ (၂ဝဝ၁) ခုႏွစ္အထိ ႏွစ္မ်ားစြာတာစားခဲ့တယ္။ လူတိုင္းရဲ့လက္ထဲကို သူ႔ကားရဲ့စတီယာရင္ကိုထိုးအပ္ခဲ့တယ္။ ဒါက ခပ္ေစာေစာသိခဲ့တဲ့ ကိုရိုနာ။ တကယ္တမ္းေလ့လာၾကည့္ေတာ့ Corona ရဲ့အဓိပၸာယ္က ေနနဲ႔ၾကယ္တာယာတို႔ကေနထုတ္လႊတ္တဲ့ေရာင္ျခည္အလင္းပါတဲ့အေငြ႕အတန္းလို႔ဆိုပါတယ္။ ေျပာရရင္ေတာ့ ေန နဲ႔ ေျပာရင္ ေနထီးေဆာင္းတယ္။ လ နဲ႔ ေျပာရင္ လထီးေဆာင္းတယ္။ ဒီအျဖစ္အပ်က္ေတြက ေနၾကတ္/လၾကတ္တဲ့အခါမွသာ ရွားရွားပါးပါးျမင္ရေလ့ရွိတဲ့ တန္ဖိုးထားၾကတဲ့စကားလုံးျဖစ္ပါတယ္။ သကၠရာဇ္ေစာေစာပိုင္းကိုျပန္သြားရရင္ စကားလုံးအစ လက္တင္ကလို႔လူအမ်ားကယုံၾကည္ၾကေပမဲ့ ဒီ ကိုရိုနာစာလုံးဟာ စပိန္စကားရဲ့မူရင္းအဓိပၸာယ္ျဖစ္တဲ့ “သရဖူ-Crown” ကေန ဆင္းသက္လာတယ္လို႔ သိရွိရပါတယ္။ အေမရိကန္ျပည္ေထာင္စု ေလာ့အိမ့္ဂ်လိစ္ၿမိဳ႕အနီးက ျမစ္းကမ္းပါးခရိုင္-Riverside County, California မွာ စပိန္လူမ်ိဳးအမ်ားစုရွင္သန္စီးပြားရွာတဲ့ ကိုရိုနာၿမိဳ႕ေလးလည္း ရွိေနျပန္ပါတယ္။ အႏုပညာနဲ႔ပတ္သက္တဲ့ ကိုရိုနာ ကို ျပပါဆိုရင္ အီတာလ်ံအကအဖြဲ႕ကို‌အ‌ေျခတည္ဖြဲ႕ထားတဲ့ Corona Music Band ရွိ‌ခဲ့ပါတယ္။ သူ႔ေခတ္ သူ႔အခါက အေတာ္ေလးေအာင္ျမင္ခဲ့ၿပီး ေက်ာ္ၾကားတဲ့သီခ်င္းက “The Rhythm of the Night” ပါ။ America ဘက္မွာလူသိအမ်ားဆုံး ကိုရိုနာက ကားလည္းမဟုတ္၊ ၿမိဳ႕လည္းမဟုတ္၊ ေတးဂီတအဖြဲ႕လည္းမဟုတ္ ေယာက္်ား မိန္းမမေရြးႀကိဳက္ၾကတဲ့ မကၠဆီကိုနိုင္ငံထုတ္ ကိုရိုနာဘီယာ-Corona Beer Brand ျဖစ္ပါတယ္။ ထင္ရွားတဲ့သေကၤတအေနနဲ႔ ဗိုက္ပူပူ‌လူလတ္ပိုင္းေတြသာမက မိန္းကေလးေတြပါ စတိုးဆိုင္ မီနီမားကက္ေတြကဆြဲၿပီးထြက္လာတဲ့ (၆) ပုလင္း တစ္ကဒ္ Corona Extra ဘီယာပုလင္းအဝါ‌ေရာင္ေတြကသက္ေသခံေပးေနပါတယ္။ နည္းပညာနဲ႔ပတ္သက္သူေတြအတြက္ ကိုရိုနာလည္းရွိေနျပန္ပါတယ္။ အေစာပိုင္းမိုက္ခရိုေဆာ့ဖ္ဝင္းဒိုးေတြႀကီးစိုးတဲ့ေခတ္တုန္းက ကြန္ပ်ဴတာဝယ္ရင္အသင့္ပါလာတဲ့ ဖဲကစားနည္းထဲမွာ ဘူႀကီး၊ ကြန္းမီး၊ ရွိုး စတဲ့ တစ္ခ်ပ္ေမွာက္၊ အခ်ပ္အမ်ားႀကီးေမွာက္ ကစားနည္းထဲမွာပါတာက Corona Solitaire ပါတဲ့။ အခုေနာက္ဆုံးလူေတြရဲ့ပါးစပ္ဖ်ား၊ ႏွာေခါင္း၊ လည္ေခ်ာင္း၊ အဆုတ္ ကေန အသက္အထိသက္ေရာက္မႈရွိလာတာက‌ေတာ့ ကိုရိုနာဗိုင္းရပ္စ္ပိုးျဖစ္ပါတယ္။ Coronavirus ျဖစ္ေပၚလာပုံနဲ႔ပတ္သက္ၿပီးရွာၾကည့္ျပန္ေတာ့ ဒီဗိုင္းရပ္ရဲ့နာမည္ေပးပုံက လက္တင္အေမရိကစာလုံး ကိုရိုနာ ကေန လာတယ္လို႔ဆိုေနျပန္ပါတယ္။ ဆန္းစစ္ေလ့လာေတြ႕ရွိခ်က္ေတြအရ ကိုရိုနာဗိုင္းရပ္စ္ဟာ အသက္ရႈလမ္းေၾကာင္းမွာတြယ္ကပ္တဲ့ RTI-Respiratory Tract Infection တစ္မ်ိဳးျဖစ္ၿပီး နို႔တိုက္သတၱဝါ နဲ႔ ငွက္မ်ိဳးစိတ္ေတြကေန လူေတြဆီကူးစက္တာလို႔ေဖာ္ျပပါတယ္။ အစပိုင္းမွာဖ်ားမယ္၊ ေနာက္ေတာ့အဖ်ားႀကီးလာမယ္ ဒီကေနတစ္ဆင့္တက္ၿပီး SARS-Severe Acute Respiratory Syndrome ျဖစ္တာရွိခဲ့တယ္။ MERS-Middle East Respiratory Syndrome ဆိုတာေတြဟာ ေနာက္ဆုံးေပၚေရာဂါဆန္းေတြျဖစ္ခဲ့ၾကပါတယ္။ ေနာက္ဆုံးေပၚ ကိုရိုနာဟာ လူေတြၾကားထဲကိုေၾကျငာၿပီးဝင္ခဲ့တာမဟုတ္ပါဘူး။ သတင္းေတြမွာပါသေလာက္ လူတိုင္းနီးပါးသိေနၾကတဲ့အတိုင္း ေရာဂါအမႈတြဲေပါင္း (၁၀ဝဝဝ) ျပည့္ခါနီး၊ ေသဆုံးသူ (၂ဝဝ) ေက်ာ္ နဲ႔ ခႏၶာကိုယ္ထဲတိတ္တိတ္ေလးခိုးဝင္တတ္တဲ့ ကပ္ေရာဂါဆန္ဆန္ လူမသိ သူမသိ ကူးစက္နိုင္မႈကို အင္တာနက္တစ္ခြင္မွာေတြ႕နိုင္ပါတယ္။ ဆိုးရြားတဲ့ဗီဒီယိုအတိုေတြထဲမွာ ေဈးဝယ္စင္တာေတြမွာ ဆန္အိပ္ေပၚမွာတက္ထိုင္ထားၿပီး အစားအေသာက္မျပတ္သြားေရးရန္လိုေနၾကတာ၊ ပိုးသတ္ေဆးေတြကို လူေတြရဲ့အသုံးအေဆာင္ေတြေပၚမွာသာမက ေလထုထဲကို ေမာ္တာနဲ႔မႈတ္ထုတ္ကာကြယ္ေနတာအျပင္ ေဆး႐ုံေတြရဲ့လူေလၽွာက္လမ္းေတြမွာ မရွင္းလင္းနိုင္တဲ့အေလာင္းေကာင္ေတြၾကား လူ‌နာေတြေဆးအကုအသခံဖို႔ေစာင့္ဆိုင္းေနရတာေတြကအသည္းႏွလုံးကိုထိရွလာတဲ့ကိုယ္ခ်င္းစာမႈေတြျဖစ္လာပါတယ္။ ေလထုထဲကေန ဘာေရာဂါလကၡဏာမွမျပဘဲကူးစက္ေနၿပီလို႔သိရတဲ့ေနာက္ စဥ္းစားဆင္ျခင္စရာေတြကိုကၽြန္ေတာ္တို႔လုပ္သင့္ပါၿပီ။ အခမဲ့ရတဲ့ “ေလ” ကို ဘယ္လိုသန္႔ရွင္းေအာင္ရႉမယ္လို႔စဥ္းစားနိုင္သူ၊ အျမဲလြတ္ေနတဲ့ “သတိ” ကို ဘယ္လိုထားၿပီးဆင္ျခင္မယ္ဆိုတဲ့အသိရွိထားနိုင္သူဟာ တစ္သက္မွာတစ္ခါသာရတဲ့ “အသက္” ကို ဘယ္လိုရွည္ေအာင္ေနထိုင္မယ္ဆိုတဲ့နည္းလမ္းကိုရွာေတြ႕နိုင္မယ့္ အခုေခတ္ ကိုရိုနာကို သေဘာေပါက္သူျဖစ္လာပါလိမ့္မယ္။ လူ နတ္ သတၱဝါ (၃၁) ဘုံသား သက္ရွိမ်ားအားလုံးေဘးရန္ကင္းကြာက်န္းမာခ်မ္းသာၾကပါေစ။ ခင္လ်က္ ကိုညီညီ (ေတာင္ႀကီး) 01-30-2020

No comments: