ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, October 15, 2018

မဖြင္႕ေဖာက္ျဖစ္တဲ႕စာအိပ္ေလးတစ္ခု

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. ေအာင္ျမင္မႈေနာက္ကိုလုိက္ၾကတဲ႕လူသားေတြထဲ သူတစ္ေယာက္မပါဘူး။ ေငြရဲ႕အလုပ္ျဖစ္ႏုိင္စြမ္းေနာက္ကိုလိုက္ၾကတဲ႕သူေတြထဲ သူတစ္ေယာက္မပါဘူး။ ဒါေပမယ္႕ ခ်စ္ျခင္းေမတၱာ နဲ႕ မိသားစုအိမ္ယာေလးကိုတည္ေဆာက္တဲ႕ဗိသုကာေတြထဲမွာ သူဟာ အျမဲတမ္းအဖြဲ႕ဝင္ျဖစ္ခဲ႕တယ္။
.
. ဒီလုိပဲ ေနရာသစ္ဆီေရာက္ေတာ႕ ခ်စ္တတ္တဲ႕သူ႕ရဲ႕စိတ္ကုိ ပုိသိလာတယ္။ လူလူခ်င္းေဝးေနေပမယ္႕ ဖုန္းခ်ည္းဆက္ေနတယ္လုိ႕ အမ်ိဳးရပ္ေဆြေတြက ေနာက္ေျပာင္ၾကတယ္။ Facebook Messenger မွာ အျမဲမီးစိမ္းေနတယ္။ အသည္းပံုေလးက အျမဲအလိုက္တသိ အတြဲလိုက္ အတန္းလုိက္ အသံအက်ယ္ၾကီးခ်ီးျမွင္႕ၾကတယ္။
.
.
. တစ္ႏွစ္လံုးေနမွ (၂) ခါေလာက္ ဟင္းခ်က္ရင္း အြန္လိုင္းေပၚတက္ၾကြားတတ္တဲ႕ ကြ်န္ေတာ႕လက္ရာကို သူစားတဲ႕အခ်ိန္ တစ္ႏွစ္ပတ္လံုးသူ႕လက္ရာကုိ ကြ်န္ေတာ္အသိအမွတ္ျပဳရင္းေရာ အသိအမွတ္မျပဳရင္းပါ အျမဲစားေသာက္ခဲ႕တယ္။ ေျပာခ်င္တာက ပင္းပန္းတာက သူ၊ ဟန္လုပ္ျပီး လူသိေစခ်င္တာက ကြ်န္ေတာ္။ မတရားတာ မတရားတာကိုျမင္ၾကည္႕ပါ။
.
. အဓိက အျမင္သာဆံုးကေတာ႕ Motherhood လို႕ေခၚတဲ႕ မိခင္စိတ္ပဲ။ သားသမီးေတြကိုခ်စ္ခင္တဲ႕အထဲ သူ႕ကုိမွီသူ ကြ်န္ေတာ္မေတြ႕ဖူးဘူး။ ေခတ္ကာလကိုသိသလို အနာဂါတ္ကို သူသိေနတယ္။ ဒါေၾကာင္႕ သားသမီးရဲ႕ခ်စ္ျခင္းေတြ သူအကုန္ပိုင္ဆုိင္တယ္။ ဒါေတြ ကြ်န္ေတာ္ဘာမွမသင္ေပးရဘူး။ သူ႕ဟာသူျဖစ္တည္လာတဲ႕ မိခင္ေမတၱာလို႕ ေျပာရလိမ္႕မယ္ထင္ပါတယ္။


.
.
. ဒီႏွစ္က်ေရာက္တဲ႕သူ႕ေမြးေန႕မွာ သူဘာမွမေတာင္းဆိုဘူး။ ျပည္တြင္းကထြက္လာခဲ႕တဲ႕ေနာက္ ကြ်န္ေတာ္တို႕ညီညြတ္ခဲ႕သမွ် သားသမီးေတြပညာတတ္ျဖစ္ခဲ႕တယ္။ အနာဂါတ္ရဲ႕လင္းလက္တဲ့ေနရာကိုသြားၾကတဲ႕ သမီးေကာင္း သားရတနာကို ဘယ္မိဘက တန္ဖိုးမထားပဲ ေနၾကပါလိမ္႕မလဲ?
.
. ဒီအတြက္ပဲ ကြ်န္ေတာ္တို႕ ေနရာသစ္ေျမကုိအေျခခ်ခဲ႕တယ္။ အပင္စုိက္၊ ေရေလာင္း၊ အရိပ္ကာ၊ ပင္စည္သန္ေအာင္လုပ္ရင္း ကြ်န္ေတာ္ကေတာ႕ အေပၚယံျခံခတ္ျခင္းကို လူျမင္ေအာင္ျပခဲ႕မိတာကုိ အားနာေနမိတယ္။ သူမပါရင္ ကြ်န္ေတာ္ ဒီေျမကိုမလာခဲ႕မိမွာ အမွန္ပါ။
.
.
. ဘယ္ကိစၥကိုမဆို သူ႕ေနရာ နဲ႕ သူ႕အေၾကာင္းရင္း နဲ႕ လူမွန္ ေနရာမွန္မွာ ေဆာင္ရြက္ရတယ္။ ဒါကုိ စိတ္သေဘာထားအရင္းမွန္ခဲ႕သမို႕ ျမန္မာျပည္ကုိအတင္းျပန္မယ္လို႕ ဘယ္တုန္းကမွ သူမေျပာခဲ႕ဘူး။ အေဝးတစ္ေနရာကေန မိခင္ျမိဳ႕ေတာ္ကိုလြမ္းဆြတ္ရင္း မိသားစုအတြက္၊ သမီး နဲ႕ သားအတြက္ ပါရမီျဖည္႕ေပးခဲ႕တာ ေက်းဇူးအနႏၱပါ။
.
. သူ႕ကုိမေပးျဖစ္ခဲ႕တဲ႕ ဒီစာအိတ္ေလးထဲမွာ အခ်စ္အေၾကာင္းေလးေတြ ေရးထားတယ္။ သူမျမင္ရေသးတဲ႕ဒီစာအိတ္ေလးထဲမွာ သံေယာဇဥ္အေၾကာင္းေလးေတြ ေႏႊးထားတယ္။ သူမေဖာက္ဖတ္ရေသးတဲ႕ ဒီစာအိတ္ေလးထဲမွာ ကြ်န္ေတာ႕ကိုဘယ္ေလာက္အထိခ်စ္ေၾကာင္း ေမးထားလိုက္မိပါတယ္။
.
. ယေန႔မွစ ႏွစ္စဥ္ေမြးေန႔ေရာက္တိုင္း စိတ္ခ်မ္းသာ၍ ကိုယ္က်န္းမာေၾကာင္း ဆုမြန္ေတာင္းရင္း . . .။
.
. ခ်စ္တဲ႕
.
. ကို
. 10-15-2018
.
.
Unicode Version:
.
.
. "မဖွင့်ဖောက်ဖြစ်တဲ့စာအိပ်လေးတစ်ခု"
. အောင်မြင်မှုနောက်ကိုလိုက်ကြတဲ့လူသားတွေထဲ သူတစ်ယောက်မပါဘူး။ ငွေရဲ့အလုပ်ဖြစ်နိုင်စွမ်းနောက်ကိုလိုက်ကြတဲ့သူတွေထဲ သူတစ်ယောက်မပါဘူး။ ဒါပေမယ့် ချစ်ခြင်းမေတ္တာ နဲ့ မိသားစုအိမ်ယာလေးကိုတည်ဆောက်တဲ့ဗိသုကာတွေထဲမှာ သူဟာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ခဲ့တယ်။
.
. ဒီလိုပဲ နေရာသစ်ဆီရောက်တော့ ချစ်တတ်တဲ့သူ့ရဲ့စိတ်ကို ပိုသိလာတယ်။ လူလူချင်းဝေးနေပေမယ့် ဖုန်းချည်းဆက်နေတယ်လို့ အမျိုးရပ်ဆွေတွေက နောက်ပြောင်ကြတယ်။ Facebook Messenger မှာ အမြဲမီးစိမ်းနေတယ်။ အသည်းပုံလေးက အမြဲအလိုက်တသိ အတွဲလိုက် အတန်းလိုက် အသံအကျယ်ကြီးချီးမြှင့်ကြတယ်။
.
.
. တစ်နှစ်လုံးနေမှ (၂) ခါလောက် ဟင်းချက်ရင်း အွန်လိုင်းပေါ်တက်ကြွားတတ်တဲ့ ကျွန်တော့လက်ရာကို သူစားတဲ့အချိန် တစ်နှစ်ပတ်လုံးသူ့လက်ရာကို ကျွန်တော်အသိအမှတ်ပြုရင်းရော အသိအမှတ်မပြုရင်းပါ အမြဲစားသောက်ခဲ့တယ်။ ပြောချင်တာက ပင်းပန်းတာက သူ၊ ဟန်လုပ်ပြီး လူသိစေချင်တာက ကျွန်တော်။ မတရားတာ မတရားတာကိုမြင်ကြည့်ပါ။
.
. အဓိက အမြင်သာဆုံးကတော့ Motherhood လို့ခေါ်တဲ့ မိခင်စိတ်ပဲ။ သားသမီးတွေကိုချစ်ခင်တဲ့အထဲ သူ့ကိုမှီသူ ကျွန်တော်မတွေ့ဖူးဘူး။ ခေတ်ကာလကိုသိသလို အနာဂါတ်ကို သူသိနေတယ်။ ဒါကြောင့် သားသမီးရဲ့ချစ်ခြင်းတွေ သူအကုန်ပိုင်ဆိုင်တယ်။ ဒါတွေ ကျွန်တော်ဘာမှမသင်ပေးရဘူး။ သူ့ဟာသူဖြစ်တည်လာတဲ့ မိခင်မေတ္တာလို့ ပြောရလိမ့်မယ်ထင်ပါတယ်။
.
.
. ဒီနှစ်ကျရောက်တဲ့သူ့မွေးနေ့မှာ သူဘာမှမတောင်းဆိုဘူး။ ပြည်တွင်းကထွက်လာခဲ့တဲ့နောက် ကျွန်တော်တို့ညီညွတ်ခဲ့သမျှ သားသမီးတွေပညာတတ်ဖြစ်ခဲ့တယ်။ အနာဂါတ်ရဲ့လင်းလက်တဲ့နေရာကိုသွားကြတဲ့ သမီးကောင်း သားရတနာကို ဘယ်မိဘက တန်ဖိုးမထားပဲ နေကြပါလိမ့်မလဲ?
.
. ဒီအတွက်ပဲ ကျွန်တော်တို့ နေရာသစ်မြေကိုအခြေချခဲ့တယ်။ အပင်စိုက်၊ ရေလောင်း၊ အရိပ်ကာ၊ ပင်စည်သန်အောင်လုပ်ရင်း ကျွန်တော်ကတော့ အပေါ်ယံခြံခတ်ခြင်းကို လူမြင်အောင်ပြခဲ့မိတာကို အားနာနေမိတယ်။ သူမပါရင် ကျွန်တော် ဒီမြေကိုမလာခဲ့မိမှာ အမှန်ပါ။
.
.
. ဘယ်ကိစ္စကိုမဆို သူ့နေရာ နဲ့ သူ့အကြောင်းရင်း နဲ့ လူမှန် နေရာမှန်မှာ ဆောင်ရွက်ရတယ်။ ဒါကို စိတ်သဘောထားအရင်းမှန်ခဲ့သမို့ မြန်မာပြည်ကိုအတင်းပြန်မယ်လို့ ဘယ်တုန်းကမှ သူမပြောခဲ့ဘူး။ အဝေးတစ်နေရာကနေ မိခင်မြို့တော်ကိုလွမ်းဆွတ်ရင်း မိသားစုအတွက်၊ သမီး နဲ့ သားအတွက် ပါရမီဖြည့်ပေးခဲ့တာ ကျေးဇူးအနန္တပါ။
.
. သူ့ကိုမပေးဖြစ်ခဲ့တဲ့ ဒီစာအိတ်လေးထဲမှာ အချစ်အကြောင်းလေးတွေ ရေးထားတယ်။ သူမမြင်ရသေးတဲ့ဒီစာအိတ်လေးထဲမှာ သံယောဇဉ်အကြောင်းလေးတွေ နွှေးထားတယ်။ သူမဖောက်ဖတ်ရသေးတဲ့ ဒီစာအိတ်လေးထဲမှာ ကျွန်တော့ကိုဘယ်လောက်အထိချစ်ကြောင်း မေးထားလိုက်မိပါတယ်။
.
. ယနေ့မှစ နှစ်စဉ်မွေးနေ့ရောက်တိုင်း စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာကြောင်း ဆုမွန်တောင်းရင်း . . .။
.
. ချစ်တဲ့
.
. ကို
. 10-15-2018

No comments: