ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, September 27, 2019

အိမ္မက္မက္တာေကာင္းသလား?

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
အမ်ိဳးမ်ိဳးအေထြေထြေသာလူေတြကေျပာၾကတယ္ "ငါ႕မွာအိပ္မက္တစ္ခုရွိတယ္" ဒီလိုအျမဲၾကားရတယ္။ အိပ္မက္ရွိတဲ႕သူေတြကို ေအာ္ တစ္ေန႕ေတာ႕ သူ႕အိပ္မက္အတိုင္းျဖစ္လာပါလားဆုိျပီး လူေတြအထင္ၾကီးတတ္ၾကတယ္။

အိပ္မက္ရွိသူေတြဟာ ဘဝမွာတကယ္ပဲ ေအာင္ျမင္ခဲ႕သလား? အိပ္ယာကမထဘဲ အိပ္မက္မက္ေနသူကို ကံတရားက ကံေကာင္းျခင္းလက္ေဆာင္ယူလာေပးဖူးပါသလား? ကြ်န္ေတာ႕ကိုယ္ကြ်န္ေတာ္ေမးခြန္းေတြ ျပန္ေမးမိတယ္။

ထီေပါက္ဖို႕ ထီလက္မွတ္လိုသလို အိပ္မက္ၾကီးတစ္ခု လက္ေတြ႕မွာျဖစ္လာဖို႕ သြားရမယ္႕လမ္း နဲ႕ ေဖာ္ေဆာင္ရမယ္႕လုပ္ရပ္လိုတာကို နားေထာင္ထားမိတဲ႕ ေဟာေျပာပြဲတစ္ခုရဲ႕စကားလံုးေတြကို ကုိးကားျပီးေျပာျပခ်င္တယ္။

"တကယ္လို႕ မိတ္ေဆြမွာ ဘဝအတြက္ေန႕စဥ္လုပ္ေဆာင္ခ်က္ေတြမရွိဘူးဆိုရင္-If you don't have daily objectives for your life, " "အိမ္မက္မက္သူတစ္ေယာက္ျဖစ္ဖို႕ မိတ္ေဆြအရည္အခ်င္းျပည္႕မီပါျပီ-you qualify as a dreamer" ေဟာေျပာခဲ႕သူက မုိင္းလ္မန္ရိုး ဆိုတဲ႕ လူမည္းတရားေဟာဆရာ၊ စိတ္ဓါတ္ျမင္႕တင္ေရးေဟာေျပာသူ နဲ႕ လူမႈအသိုင္းအဝိုင္းေတြရဲ႕အားနည္းခ်က္ အားသာခ်က္ေတြကို စာေရးျပီးအသိပညာေပးေနသူတစ္ေယာက္ျဖစ္ပါတယ္။
ကမၻာေက်ာ္ လူ႕အခြင္႕အေရးကာကြယ္သူ၊ အသားအေရာင္ခြဲျခားမႈတုိက္ဖ်က္သူ ေဒါက္တာမာတင္လူသားကင္းရဲ႕ လူေတြေမ႕မရတဲ႕မိန္႕ခြန္းထဲမွာ အိပ္မက္အေၾကာင္းကုိ လူေတြရဲ႕ဘဝနဲ႕ယွဥ္ျပီးေျပာသြားခဲ႕တယ္။ (၁၉၆၃) ခုႏွစ္မွာ I Have a Dream ဆုိတဲ႕ စာေၾကာင္းေလးတစ္ေၾကာင္းဟာ ကမၻာၾကီးကိုတိုက္ခတ္သြားတဲ႕ အပူလိႈင္းထက္ျပင္းတယ္။ ကမၻာတစ္ျခမ္းကိုျဖတ္စီးသြားတဲ႕ အေအးလိႈင္းထက္ မာေက်ာေအးခဲေစခဲ႕တယ္။

မာတင္လူသာကင္းဟာ သူမက္ခဲ႕တဲ႕အိပ္မက္ကို အျပင္မွာတကယ္ျဖစ္လာဖို႕ ကုတင္ေပၚကေနဆုေတာင္းခဲ႕တာမဟုတ္ဘူး။ လူထုေဟာေျပာပြဲေဟာေျပာဖို႕ သူ႕ကို ေဆးရံုကုတင္ကေန ထမ္းစဥ္နဲ႕ေခၚထုတ္သြားခဲ႕ရတာ မဟုတ္ဘူး။ ဒီလိုဆန္႕က်င္မႈေတြလုပ္ခ်င္လို႕ လူမ်ားစုအခြင္႕အေရးကိုကာကြယ္ခ်င္လို႕ လူနည္းစုအာဏာရွင္ေတြကိုတိုက္ဖ်က္ရမယ္ဆိုျပီး စနစ္တက် အစီအစဥ္ခ် Plan ေရးဆြဲရင္း လမ္းခုလတ္မွာအသက္စြန္႕သြားခဲ႕ရတာသာျဖစ္တယ္။

ေျပာခ်င္တာက အိပ္မက္ မက္ပါ။ မက္တဲ႕အိပ္မက္မွာ အၾကိမ္ၾကိမ္အခါခါ က်ရွံဴးခံပါ။ ဒါက ေနာက္တဆင္႕။ ျပီးေတာ႕မွ အိပ္မက္ကေပးတဲ႕ ေအာင္ျမင္မႈပံုရိပ္ေယာင္-Illusion ေတြ၊ က်ရွံဳးမႈအခက္အခဲ-Obstacle ေတြ ကုိ ေကာင္းေကာင္းရင္ဆုိင္ျပီး အမ်ိဳးမ်ိဳးေတြးေတာဖို႕လိုပါတယ္။ ရုပ္ခႏၶာက်န္းမာေရးအတြက္အစားအေသာက္ကို တစ္ၾကိမ္နည္းနည္း နဲ႕ ေန႕တုိင္းစားသံုးေပးရသလိုပဲ စိတ္ခႏၶာက်န္းမာေရးအတြက္ ေအာင္ျမင္မႈဆီေရာက္ဖို႕လုပ္ေဆာင္ခ်က္အနည္းငယ္စီကုိ ေန႕တုိင္းလုပ္ေဆာင္ေပးတာဟာ အိပ္မက္ကိုအေကာင္အထည္ေဖာ္ေနတာပါပဲ။

ဒီအခါက်မွ ေအာင္ျမင္မႈဆီေရာက္ေအာင္ တစ္ေန႕တစ္ေန႕ ဘာလုပ္သင္႕သလဲဆုိတာသိလာမယ္။ က်ရံွဴးမႈေတြကိုၾကည္႕ျပီး တစ္ေန႕တစ္ေန႕ ဘာကိုေရွာင္က်ဥ္ရမလဲဆုိတာသိလာပါမယ္။ ဒါေတြကိုျမင္ျပီးသူတစ္ေယာက္ဟာ အိပ္မက္ထဲမွာသာ ေက်နပ္ေရာင္႕ရဲျပီး အေတြးေရယဥ္ေၾကာမွာေမ်ာေနရံုနဲ႕မျပီးဘဲ တစ္ခုခုကို ထလုပ္ရမယ္ဆုိတာသိလာတယ္။ ဒါအခ်ိန္မွာ အစီအစဥ္ခ်မႈ-Planning ရဲ႕အလွည္႕ေရာက္လာပါျပီ။

ငယ္ငယ္တုန္းက အိပ္ယာကမထင္ခ်င္တဲ႕စိတ္နဲ႕တူတဲ႕အေတြးေတြကုိ ကေလးဘဝမွာထားခဲ႕လိုက္ပါ။ လုပ္ခ်င္ရာလုပ္မယ္ ဘာမွမစဥ္းစားေတာ႕ဘူးဆုိတဲ႕အေတြးေတြကုိ ဆယ္ေက်ာ္သက္ဘဝမွာ ျမွဳပ္ႏွံခဲ႕လိုက္ပါ။ မုိက္ရူးရဲလုပ္မယ္ ဘယ္သူ႕ကုိမွလူမထင္ဘူးဆိုတဲ႕စိတ္ေတြကိုလည္း အလုပ္ခြင္ဝင္တဲ႕အခန္းဝမွာ အမိႈက္ပံုးထဲစြန္႕ပစ္လိုက္ခဲ႕ၾကပါ။

စာေရးဆရာ မုိင္းလ္မန္ရုိးေျပာတဲ႕အတုိင္းပါပဲ အိပ္မက္ေတြဟာ မိတ္ေဆြရဲ႕ဘဝကိုမေျပာင္းလဲေပးႏုိင္ပါဘူး။ အစီအစဥ္က်တဲ႕စီမံကိန္းကသာ မိတ္ေဆြရဲ႕ဘဝကို ေအာင္ျမင္မႈဆီပို႕ေပးႏုိင္ပါတယ္။ Dreams don't change your life, plans do.

"If you don't have daily objectives for your life, you qualify as a dreamer. Dreams don't change your life, plans do"
Myles Munroe

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
09-27-2019


𝐔𝐧𝐢𝐜𝐨𝐝𝐞 𝐕𝐞𝐫𝐬𝐢𝐨𝐧:

"အိမ်မက်မက်တာကောင်းသလား?" အမျိုးမျိုးအထွေထွေသောလူတွေကပြောကြတယ် "ငါ့မှာအိပ်မက်တစ်ခုရှိတယ်" ဒီလိုအမြဲကြားရတယ်။ အိပ်မက်ရှိတဲ့သူတွေကို အော် တစ်နေ့တော့ သူ့အိပ်မက်အတိုင်းဖြစ်လာပါလားဆိုပြီး လူတွေအထင်ကြီးတတ်ကြတယ်။ အိပ်မက်ရှိသူတွေဟာ ဘဝမှာတကယ်ပဲ အောင်မြင်ခဲ့သလား? အိပ်ယာကမထဘဲ အိပ်မက်မက်နေသူကို ကံတရားက ကံကောင်းခြင်းလက်ဆောင်ယူလာပေးဖူးပါသလား? ကျွန်တော့ကိုယ်ကျွန်တော်မေးခွန်းတွေ ပြန်မေးမိတယ်။ ထီပေါက်ဖို့ ထီလက်မှတ်လိုသလို အိပ်မက်ကြီးတစ်ခု လက်တွေ့မှာဖြစ်လာဖို့ သွားရမယ့်လမ်း နဲ့ ဖော်ဆောင်ရမယ့်လုပ်ရပ်လိုတာကို နားထောင်ထားမိတဲ့ ဟောပြောပွဲတစ်ခုရဲ့စကားလုံးတွေကို ကိုးကားပြီးပြောပြချင်တယ်။ "တကယ်လို့ မိတ်ဆွေမှာ ဘဝအတွက်နေ့စဉ်လုပ်ဆောင်ချက်တွေမရှိဘူးဆိုရင်-If you don't have daily objectives for your life, " "အိမ်မက်မက်သူတစ်ယောက်ဖြစ်ဖို့ မိတ်ဆွေအရည်အချင်းပြည့်မီပါပြီ-you qualify as a dreamer" ဟောပြောခဲ့သူက မိုင်းလ်မန်ရိုး ဆိုတဲ့ လူမည်းတရားဟောဆရာ၊ စိတ်ဓါတ်မြင့်တင်ရေးဟောပြောသူ နဲ့ လူမှုအသိုင်းအဝိုင်းတွေရဲ့အားနည်းချက် အားသာချက်တွေကို စာရေးပြီးအသိပညာပေးနေသူတစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာကျော် လူ့အခွင့်အရေးကာကွယ်သူ၊ အသားအရောင်ခွဲခြားမှုတိုက်ဖျက်သူ ဒေါက်တာမာတင်လူသားကင်းရဲ့ လူတွေမေ့မရတဲ့မိန့်ခွန်းထဲမှာ အိပ်မက်အကြောင်းကို လူတွေရဲ့ဘဝနဲ့ယှဉ်ပြီးပြောသွားခဲ့တယ်။ (၁၉၆၃) ခုနှစ်မှာ I Have a Dream ဆိုတဲ့ စာကြောင်းလေးတစ်ကြောင်းဟာ ကမ္ဘာကြီးကိုတိုက်ခတ်သွားတဲ့ အပူလှိုင်းထက်ပြင်းတယ်။ ကမ္ဘာတစ်ခြမ်းကိုဖြတ်စီးသွားတဲ့ အအေးလှိုင်းထက် မာကျောအေးခဲစေခဲ့တယ်။ မာတင်လူသာကင်းဟာ သူမက်ခဲ့တဲ့အိပ်မက်ကို အပြင်မှာတကယ်ဖြစ်လာဖို့ ကုတင်ပေါ်ကနေဆုတောင်းခဲ့တာမဟုတ်ဘူး။ လူထုဟောပြောပွဲဟောပြောဖို့ သူ့ကို ဆေးရုံကုတင်ကနေ ထမ်းစဉ်နဲ့ခေါ်ထုတ်သွားခဲ့ရတာ မဟုတ်ဘူး။ ဒီလိုဆန့်ကျင်မှုတွေလုပ်ချင်လို့ လူများစုအခွင့်အရေးကိုကာကွယ်ချင်လို့ လူနည်းစုအာဏာရှင်တွေကိုတိုက်ဖျက်ရမယ်ဆိုပြီး စနစ်တကျ အစီအစဉ်ချ Plan ရေးဆွဲရင်း လမ်းခုလတ်မှာအသက်စွန့်သွားခဲ့ရတာသာဖြစ်တယ်။ ပြောချင်တာက အိပ်မက် မက်ပါ။ မက်တဲ့အိပ်မက်မှာ အကြိမ်ကြိမ်အခါခါ ကျရှံူးခံပါ။ ဒါက နောက်တဆင့်။ ပြီးတော့မှ အိပ်မက်ကပေးတဲ့ အောင်မြင်မှုပုံရိပ်ယောင်-Illusion တွေ၊ ကျရှုံးမှုအခက်အခဲ-Obstacle တွေ ကို ကောင်းကောင်းရင်ဆိုင်ပြီး အမျိုးမျိုးတွေးတောဖို့လိုပါတယ်။ ရုပ်ခန္ဓာကျန်းမာရေးအတွက်အစားအသောက်ကို တစ်ကြိမ်နည်းနည်း နဲ့ နေ့တိုင်းစားသုံးပေးရသလိုပဲ စိတ်ခန္ဓာကျန်းမာရေးအတွက် အောင်မြင်မှုဆီရောက်ဖို့လုပ်ဆောင်ချက်အနည်းငယ်စီကို နေ့တိုင်းလုပ်ဆောင်ပေးတာဟာ အိပ်မက်ကိုအကောင်အထည်ဖော်နေတာပါပဲ။ ဒီအခါကျမှ အောင်မြင်မှုဆီရောက်အောင် တစ်နေ့တစ်နေ့ ဘာလုပ်သင့်သလဲဆိုတာသိလာမယ်။ ကျရှူံးမှုတွေကိုကြည့်ပြီး တစ်နေ့တစ်နေ့ ဘာကိုရှောင်ကျဉ်ရမလဲဆိုတာသိလာပါမယ်။ ဒါတွေကိုမြင်ပြီးသူတစ်ယောက်ဟာ အိပ်မက်ထဲမှာသာ ကျေနပ်ရောင့်ရဲပြီး အတွေးရေယဉ်ကြောမှာမျောနေရုံနဲ့မပြီးဘဲ တစ်ခုခုကို ထလုပ်ရမယ်ဆိုတာသိလာတယ်။ ဒါအချိန်မှာ အစီအစဉ်ချမှု-Planning ရဲ့အလှည့်ရောက်လာပါပြီ။ ငယ်ငယ်တုန်းက အိပ်ယာကမထင်ချင်တဲ့စိတ်နဲ့တူတဲ့အတွေးတွေကို ကလေးဘဝမှာထားခဲ့လိုက်ပါ။ လုပ်ချင်ရာလုပ်မယ် ဘာမှမစဉ်းစားတော့ဘူးဆိုတဲ့အတွေးတွေကို ဆယ်ကျော်သက်ဘဝမှာ မြှုပ်နှံခဲ့လိုက်ပါ။ မိုက်ရူးရဲလုပ်မယ် ဘယ်သူ့ကိုမှလူမထင်ဘူးဆိုတဲ့စိတ်တွေကိုလည်း အလုပ်ခွင်ဝင်တဲ့အခန်းဝမှာ အမှိုက်ပုံးထဲစွန့်ပစ်လိုက်ခဲ့ကြပါ။ စာရေးဆရာ မိုင်းလ်မန်ရိုးပြောတဲ့အတိုင်းပါပဲ အိပ်မက်တွေဟာ မိတ်ဆွေရဲ့ဘဝကိုမပြောင်းလဲပေးနိုင်ပါဘူး။ အစီအစဉ်ကျတဲ့စီမံကိန်းကသာ မိတ်ဆွေရဲ့ဘဝကို အောင်မြင်မှုဆီပို့ပေးနိုင်ပါတယ်။ Dreams don't change your life, plans do. "If you don't have daily objectives for your life, you qualify as a dreamer. Dreams don't change your life, plans do" Myles Munroe ခင်လျက် ကိုညီညီ (တောင်ကြီး) 09-27-2019

No comments: