ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Friday, May 5, 2017

အလုပ်အတွက် စိတ်အညစ်မခံပါနဲ့

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
. ဒီအချိန်ရောက်လာရင် တူညီတဲ့မေးခွန်းတွေကြားက မတူညီတဲ့အမေးတွေကြားရတတ်စမြဲပါ။ အထူးသဖြင့် ကျွန်တော်က အမေရိကားကိုပြောင်းရွှေ့နေထိုင်ခွင့်ရှိတဲ့အီလက်ထရောနစ်ကံစမ်းမဲ - DV အကြောင်း ရံဖန်ရံခါရေးတတ်တော့ လာလာမေးကြတယ်။
.
. အဲဒီအထဲမှာ သာမန် " စစ်လို့မရဘူး။ ဘာမှားနေသလဲ မသိဘူး။ နာမယ်စာလုံးပေါင်းက ဘယ်တစ်ခုအရင်ရေးရမှာလဲ? ဒီလိုစာတန်းကြီးပေါ်နေတယ် " ဆိုတဲ့ မေးခွန်းတွေက အမြဲရောက်လာနေတဲ့အတွက် အခုလောက်ကြာတဲ့အခါ အဖြေတွေလည်းရလောက်နေပြီလို့ ယုံကြည်ပါတယ်။
.
.
. ဒီကြားထဲက " ကျွန်တော်/ကျွန်မတို့ DV ပေါက်တယ်။ လာရတော့မယ်။ ဘာပြင်ဆင်လာရမလဲ? " ဆိုတာအတွက် ကိုယ့်ငါးချဉ် ကိုယ်ချဉ်စတမ်းပြောရရင် ကျွန်တော်ရေးပေးထားတဲ့ဆောင်းပါးတွေ အများကြီးပါ။ တစ်ချို့က အဲဒီစာတွေမဖတ်ပဲ အစကနေပြောပြဖို့ ပြန်လာမေးကြတဲ့အခါ ကျွန်တော်မျိုးကြီးဘယ်လိုလုပ်ရပါ့မလဲဆိုတာ အဖြေရှာရခက်နေပါတယ်။
.
. အရာအားလုံးမှာ ရင်းနှီးမြှုပ်နှံမှု - Investment ဆိုတာ ရှိတယ်။ အလုပ်အားသူလည်း အားသူအလျှောက်၊ မအားသူလည်း မအားသူအလျှောက် မိမိရဲ့အချိန်တွေရင်းပြီး လူသားအကျိုးပြုစိတ်ဓါတ် နဲ့ မိမိရဲ့ကိုယ်ကျိုးမဖက်တဲ့သဘောထားနဲ့ အားပေးကူညီတတ်ကြတယ်။ ဒါ ကောင်းတယ်။ ဒီအတွက် စာရေးမိတာမှားတယ်၊ သူတပါးကောင်းကျိုးအတွက်ကူညီမိသမျှ နောင်တရတယ်လို့ ကျွန်တော်မခံယူပါဘူး။
.
.
. အများကိုယ်စားမေးတဲ့မေးခွန်းတစ်ခုလို့ယူဆပြီး ဒီနေရာမှာ " DV ပေါက်ပြီး သွားရတော့မှာဖြစ်လို့ အလုပ်မရှိပဲ ဆွေးမျိုးတွေနားမှာ ကြာကြာကပ်မနေချင်တာကြောင့် အလုပ်ရနိုင်ဖို့နည်းလမ်းလေးပြောပြပေးပါ " ဆိုတာလေးကို အာရုံငြိပြီး ဖြေကြည့်ကြည့်ပါမယ်။ ခေါင်းစဉ်ခွဲလေးကတော့
.
. " အမေရိကားလာရင် အလုပ်အတွက်ကြောက်စရာမလို "

Sunday, April 30, 2017

" သူ " နဲ့သာဆိုရင်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
. " သူ " နဲ့သာဆိုရင် ရှမ်းရိုးမတောင်တန်းကြီးလည်းတက်နိုင်ပါတယ် . . အမေရိကားလည်းသွားရဲပါတယ် ဆိုတဲ့သတ္တိကိုတော့ တကယ်ချီးကျူးမိတယ်။ ရန်ကုန်ကမ်းနားလမ်းက မှောင်ပျပျ ဖုံထူထူလမ်းပေါ်မှာ သူ့လက်လေးကိုတွဲလို့ သူပြန်ဖက်ထားတဲ့ကျွန်တော့ပုခုံးသားဟာ အခုလို ( ၂၅ ) နှစ်တိုင်တိုင် တိုင်းတပါးနိုင်ငံမှာ ပိုင်ပိုင်နိုင်နိုင်ခိုင်မြဲနေမယ်ဆိုတာ မယုံနိုင်ခဲ့ဘူး။
.
. ဘာသာတူပေမယ့် လူမျိုးမတူတာက လူသားတို့ပေါင်းနွယ်မှုကို အထစ်အငေါ့ဖြစ်စေတယ်။ ဒါကိုကျော်ဖြတ်ပြီး " နင့်ကို တရုတ်ချွေးမ မလုပ်ခိုင်းဘူး " လို့ ကျွန်တော်ပြောခဲ့တဲ့စကားတစ်ခွန်းမတည်နိုင်ခဲ့ပေမယ့် သူယုံခဲ့တယ်။ အခုလို ဘာသာစကားလုံးဝမတူတဲ့နိုင်ငံမှာ ကျွန်တော့စကားက သက်သေပြဖို့ပို၍ပို၍ခက်နေပေမယ့်လည်း . .။
.
.
. ဘယ်လိုပင်လောကဓံအထုအထောင်းတွေ သောင်းကြမ်းခဲ့သော်လည်း သူ စိတ်မပြောင်းခဲ့ဘူး။ လေတိုက်ပေမယ့် သူမယိုင်ခဲ့ဘူး။ အပြင်မှာအေးနေပေမယ့် သူမဖျားခဲ့ဘူး။ ရာသီဥတုပူလောင်နေပေမယ့် အိုက်စပ်စပ်သူမခံစားခဲ့ရဘူး။ ဒါတွေက နားလည်မှုရဲ့ခွန်အားဆိုရင် ကျွန်တော့ကိုချစ်တဲ့သူ့အချစ်က စွန့်လွှတ်မှုရဲ့အပြင်းဆုံးပြိုင်အား လို့ သာသာထိုးထိုးအမှတ်ခိုးပေးချင်ပါတယ်။
.
. ဒီအရည်အချင်းတွေအားလုံး သူ့မှာရှိတယ်။ သမီးကိုစိတ်ပူတာ၊ သမီးကိုသတိရနေတာ၊ သားကိုကျောင်းပို့တာ၊ သားကျောင်းအတွက်ထမင်းဗူးထည့်ပေးတာ မိခင်စိတ်ကို တိတိကျကျပြနေတာပါ။ ကျွန်တော်ကမှ ရေသာခိုလို့ရသေးတယ်။ စနေနေ့ရောက်လို့ တရုတ်ဆိုင်မှာဈေးဝယ်ရတာ နဲ့ အိမ်ရောက်တော့ တစ်ပတ်စာဟင်းချက်ရတာထက် မြန်မာနိုင်ငံမှာ တရုတ်ချွေးမလုပ်ရတာက သူ့အတွက်သက်သာပေဦးမယ်။