ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Tuesday, October 29, 2013

ကားထုတ်လုပ်သူတွေ ကားပြန်မသိမ်းပါ

2000 Honda Accord LX



                 ဟိုတစ်လောကတည်းက ကားအကြောင်းအဓိကဖော်ပြနေတဲ့ဂျာနယ်ကို စေတနာရှေ့ထားပြီးပြောပြခဲ့ပြီးဖြစ်ပါတယ် ၊ မီဒီယာသမားရဲ့တာဝန်သိစိတ်ဖြစ်တဲ့ မှားရင်ပြင်ရမယ် ၊ အမှားမပြင်မချင်းဆက်မှားနေမယ် ဆိုသလို ကူညီအသိပေးခဲ့တာပါ ၊ RECALL ဆိုတဲ့ အင်္ဂလိပ်စာလုံးရဲ့တိုက်ရိုက်အဓိပ္ပာယ်က “ re-call : to ask people to return ( a product with a defect or problem ) “ ဖြစ်ပါတယ် ၊ ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တဲ့ Dumex နို့မှုန့်ပြန်သိမ်းပွဲကြီးက မြန်မာနို့မှုန့်ဈေးကွက်ကို အနည်းငယ်လှုပ်ခါသွားပါသေးတယ် ၊ ရှင်းပါတယ်-ထုတ်လုပ်သူကုမ္ပဏီက ကုန်ပစ္စည်းကိုဖြန့်ချိရေးမလုပ်သေးခင် သုတေသနနဲ့ဖွံဖြိုးတိုးတက်ရေးအဖွဲ့- R&D-Research and Development Team ကို ကျော်ဖြတ်ရပါတယ် ၊ ထိုမှတဖန် ကုန်အရည်အသွေးစစ်အဖွဲ့-QC – Quality Control ကိုအောင်မှရောင်းခွင့်ရမှာပါ ၊ လူသုံးကုန် နဲ့  စားသောက်ကုန်အားလုံး RECALL ခေါ်တယ်ဆိုရင်တော့ သေချာပါတယ် ၊ ဈေးကွက်ထဲပါမက စားသုံးသူလက်ရောက်ကုန်တွေကိုပါလိုက်သိမ်းပြီး ရောင်းဈေးအတိုင်းပြန်လိုက်ဝယ်ပါတော့တယ် ၊ ကုန်တိုက်နဲ့ဆိုင်တွေက ဆက်မရောင်းရသလို စားသုံးသူ အန္တရာယ်မရှိအောင် ထုတ်လုပ်တဲ့ကုမ္ပဏီ က အပြည့်အဝ တာဝန်ယူဖြေရှင်းကြရပါတယ် ။

မော်တော်ကားကျတော့ဒီလိုမဟုတ်ပါဘူး ၊ ကားအသစ် ရောင်းထုတ်လိုက်ပြီဆိုကတည်းက ဘာပြသနာမှမရှိလို့ပါ ၊
အဖန်ဖန်အကြိမ်ကြိမ် စမ်းသပ်စစ်ဆေးပြီးမှ လွှတ်-Release တာပါ ၊ တကယ့်ကုမ္ပဏီကြီးတွေဆိုရင် ကားတိုက်မိရင် မောင်းတဲ့သူ သေမသေအထိ ဘန်ပါ တွေကိုလက်တွေ့တိုက်ကြည့်ပြီး သုတေသနပြုလုပ်မြဲပါ ၊ ရောင်းလိုက်ပြီး ကားသုံးစွဲသူလက်ထဲရောက်မှ ပြသနာ က စပါတယ် ၊ ဥပမာ-လီဗာနင်းပေမယ့် ကားမထွက်တာမျိုး ၊ စီယာတိုင်အကုန်ခေါက်လိုက်လို့မီးလောင်နိုင်တာ စတာမျိုး က ကားထုတ်လုပ်သူလက်ထဲ လက်လှမ်းမမီတဲ့ စက်ချွတ်ယွင်းခြင်း-Malfunctioning လို့ အကြမ်းအားဖြင့်ခေါ်လို့ရပါတယ် ၊ မိခင်ကားကုမ္ပဏီကို ဖုန်းဆက်တိုင်ကြားတဲ့အခါမှသိရတာမျိုးလဲရှိနိုင်ပါတယ် ၊ ဒီအခါမှာ ချက်ချင်းရောဂါရှာဖွေ-Diagnosis ပြီး အစားထိုးပြင်ဆင်မယ့်အပိုပစ္စည်း-Part ကို သက်ရောက်တဲ့နိုင်ငံဒေသရဲ့အရောင်းကိုယ်စားလှယ်-Dealer တွေဆီ အရေးပေါ်ပို့ဖို့စီစဉ်ရပါတယ် ၊ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် မီဒီယာတွေကနေ “ ပြန်လည်ခေါ်ယူပြင်ဆင်ပေးမည် ” ဆိုပြီး RECALL ခေါ်ပါတယ် ၊ ကားကို လုံးဝပြန်မသိမ်းပါ ။ ကုမ္ပဏီကအကြောင်းကြားတဲ့စာရောက်ရင်နီးစပ်ရာကိုယ်စားလှယ်ရုံးမှာ ရက်ချိန်းယူပြီးသွားလိုက်တာနဲ့ အခမဲ့ပြင်ပေးလွှတ်လိုက်တာပါ - ကျသင့်ငွေကို မူလ ကားထုတ်လုပ်တဲ့ ကုမ္ပဏီကို ဒီလာ-Dealer ကိုယ်စားလှယ်က ဗောက်ချာဖွင့်ငွေတောင်းယူရတဲ့စံနစ်နဲ့အလုပ်လုပ်ကြတာပါ ။


San Leandro Honda Dealership, California, USA


   ဆောင်းပါးရှင်မှာ ကိုယ်တိုင်အတွေ့အကြုံအရ ဒီဆောင်းပါးကိုရေးရဲတာပါ ၊ 2000 Honda Accord LX ကားတုန်းက ဆန်ဖရန်စစ္စကိုမြို့တောင်ဘက်က မြန်မာအများစုနေထိုင်တဲ့ ဒေးလီးစီးတီး-DALY CITY မြို့ ကနေ ၂ဝ၁ဝ ခုနှစ်မှာ ဝယ်ခဲ့ပါတယ် ၊ လက်ထဲရောက်ပြီးမကြာမီ လေအိတ်မပွင့်လို့ဆိုပြီး ဟွန်ဒါယူအက်စ်အေကုမ္ပဏီက ရီကောခေါ်တဲ့စာရောက်လာပါတယ် ၊ စာထဲမှာချွတ်ယွင်းနေ/ချွတ်ယွင်းနိုင်တဲ့ကားအစိတ်အပိုင်းအကြောင်းကိုရှင်းပြထားပြီး နီးစပ်ရာ ဟွန်ဒါကားအရောင်းကိုယ်စားလှယ်ရုံးကို ရက်ချိန်းယူ အမြန်သွားပြီး ပျက်နေတဲ့အစိတ်အပိုင်းကို အချိန်မဆွဲဘဲချက်ချင်းပြင်ဖို့ ရေးထားပါတယ် ၊ အသေးစိတ်ကိုအောက်မှာဖော်ပြလိုက်ပါတယ် ။

  • ကားအမျိုးအစား - 2000 Honda Accord LX , 4 Doors
  • ဂီယာအမျိုးအစား - အော်တို
  • ပြင်သည့်ဒီလာ - San Leandro Honda Dealership, California, USA
  • ကိုယ်စားလှယ်နံမယ် - San Leandro Honda Inc.
  • ပြင်ရသည့်ကိစ္စ - ဒရိုင်ဘာရှေ့လေအိတ်အလုပ်မလုပ်ခြင်း
  • Recall - Driver Front Airbags Failure
  • ကားပြင်ခဲ့သည့်မိုင်းလစ် - 160000 မိုင်
  • အကျုံးဝင်သည့်မိုင် - လက်ဝယ်ပိုင်ဆိုင်သည့်ကားအားလုံး
  • ကုန်ကျစားရိတ် -  ဒေါ်လာ ၉ဝဝ ( Honda က ပေးသွားပါတယ် )
  • စမ်းသပ်ခ - မတောင်းခံပါ ( Honda က ပေးရမှာပါ )
  • စောင့်ရချိန် - နားနေခန်းမှာထိုင်စောင့်ရင်း ၁ နာရီ ၁၅ မိနစ်အတွင်း ပြီးစီးသွားပါတယ်


ကိုညီညီ - တောင်ကြီး


No comments: