ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, June 24, 2020

ပြည်ဝင်ခွင့်ကိုဖွင့်ပေးမှအမေရိကားပထမပြန်ဖြစ်မယ်

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
ဒီစာကို အမေရိကန်သမ္မတကြီးမတွေ့ပါစေနဲ့လို့ကျွန်တော်ဆုမတောင်းပါဘူး။ မြန်မာလိုရေးထားတာကိုသမဖတ်နိုင်တာ မဖတ်နိုင်တာအသာထား မီဒီယာတွေ၊ လုပ်ငန်းရှင်‌တွေအဖက်ဖက်ကဝေဖန်ထောက်ပြနေတဲ့ကြားက သမ္မတဒေါ်နယ်ထရမ့်ဟာ အရည်အချင်းပြည့်လုပ်သား-High Skilled Worker အများစုတို့ရဲ့ပြည်ဝင်ခွင့်ကန့်သတ်မှုကိုထပ်ပြီးသက်တမ်းတိုးလိုက်တာကိုစာဖတ်သူတွေဖတ်မိကြမှာပါ။

တကယ်တော့ “အမေရိကားသာ ပထမ” ဆိုတဲ့ ဦးထုပ်နီကြီးဆောင်းပြီးတက်လာတဲ့သူ့ရဲ့ဦးဆောင်မှုအောက်မှာ “ ရင်လေးစရာအပြည့်နဲ့အမေရိကား” လို့သာဆိုရမှာဖြစ်ပါတယ်။

လေ့လာသုံးသပ်ချက်တစ်ချို့ကဘာပြောသလဲဆိုတော့ အမေရိကားမှာကြီးပြင်းသူတွေမှာအတွေ့ရနည်းတတ်တဲ့ “အိပ်မက်” တွေဟာ အမေရိကားကိုအသစ်ပြောင်းရွှေ့လာသူ-New Immigrant တွေဆီမှာ ပါလာတတ်တယ် တဲ့။ လုပ်ခနာရီစား၊ လခစားအပြင် ကိုယ်ပိုင်လုပ်ငန်းစတင်ပြီး သူဌေးဖြစ်ချင်စိတ်ပိုများတာ စွန့်စားချင်သူတွေဆီမှာပိုတွေ့ရတယ်။

ဒီလိုလူတွေ ကုမ္ပဏီစထောင်တော့ လူထောင်နဲ့ချီအလုပ်အကိုင်သစ်တွေရကြတယ်။ စီးပွားရေးအဆင်ပြေကြတယ်။ ဘယ်သူကဘယ်သူ့ကိုတည်မှီတယ်ဆိုတာထက် ကိုင်းကကျွန်းကို ကျွန်းကကိုင်းကိုမှီခိုပြီး အလုပ်ဖြစ်တဲ့ အညမညမျှခြေတစ်ခုဖြစ်ဖို့လိုအပ်နေတာကိုသိဖို့လိုပါတယ်။

အမေရိကား‌ရဲ့အောင်မြင်မှုထဲမှာအကြီးမားဆုံးပြယုဂ်က ဉာဏစွမ်းရည်နည်းပါးတဲ့ထုတ်ကုန်တွေကိုအစားထိုးထုတ်လုပ်စေခိုင်းတတ်ခြင်း နဲ့ ကုန်ပစ္စည်းအသစ်တွေကိုတီထွင်ကြံဆတတ်ခြင်းတို့ဖြစ်ကြပါတယ်။

ကမ္ဘာ‌မြေရဲ့နေ‌ရာအသီးသီးမှာ ထူးချွန်တဲ့သိပ္ပံပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူ နဲ့ စွန့်ဦးလုပ်ငန်းတီထွင်သူတွေ ကျယ်ပြန့်ခြားနားစွာရှိကြတယ်။ သူတို့ဉာဏ်စွမ်းရှိသ၍ အကြံဉာဏ်အား၊ လူ နဲ့ ခွန်အားတွေကိုသယ်ဆောင်လာပြီး ချမ်းသာကြွယ်ဝအောင်လုပ်ဆောင်ကြတယ်။ အခု ဒီသမ္မတလက်ထက်မှာတော့ မီးကိုရေနဲ့ငြိမ်းသလို ဗီဆာထုတ်ပေးမှုကိုဇာတ်လမ်းသိမ်းချင်နေတာအသိအသာကြီးဖြစ်နေပါတယ်။

အခုက အမေရိကားမှာ ၂ဝ၂ဝ ခုနှစ်တစ်ဝက်ကျိုးလာ‌တော့ အလုပ်လက်မဲ့ဦးရေ သန်း ၄ဝ ပေါ်လာတယ်။ ဘဏ္ဍာရေးဌာနရဲ့ခန့်မှန်းချက်အရ အသစ်ပြောင်းရွှေ့လာသူတွေဟာ အမေရိကားမှာကြီးသူတွေထက် ၂၅% ပိုပြီး အစုစပ်ကုမ္ပဏီလုပ်ငန်းသစ်တွေထောင်ဖြစ်ကြတယ်လို့ဆိုတယ်။ ဒီကနေတစ်ဆင့်တက်ပြီး အများပိုင်ကုမ္ပဏီကိုကူးပြောင်းတဲ့ IPO-Initial Public Offering အဆင့်ရောက်တဲ့အခါ ရှယ်ယာတွေထုတ်ရောင်းပြီး သူဌေးကြီးတွေဖြစ်လာကြပါတယ်။

အရင်တစ်ချိန်က အမေရိကားကိုအထင်ကြီးလို့ပိုက်ဆံအကုန်ခံပြီးကျောင်းလာတက်၊ ကျောင်းပြီးတာနဲ့ကုမ္ပဏီထောင်၊ သူဌေးဖြစ် ဆိုတဲ့ဇာတ်ညွှန်းဟာ သမ္မတဒေါ်နယ်ထရမ့်လက်ထက်မှာဆက်ရိုက်နိုင်မှာမဟုတ်တော့ဘူး။ ကျောင်းပြီးတာနဲ့ ဒီမှာခိုကပ်မနေဖို့ကို ပိုက်စိပ်တိုက်လိုက်စစ်ဆေးနေတဲ့ စောင့်ကြပ်မှုတွေကြောင့် ဒီလိုပညာတတ်တွေရဲ့ပြည်ဝင်ခွင့်ဟာလည်း တစ်နည်းမဟုတ်တစ်နည်းခက်ခဲလာနေပြန်ပါတယ်။

ဒါက ဆောင်းပါးတွေမှာရေးထားတဲ့ ပညာတတ်သူအသစ်ပြောင်း‌‌ရွှေ့သူတွေအကြောင်းကိုပြန်ပြောပြတာ။ ပညာမတတ်တော့ရော အမေရိကားကို ကူညီထူထောင်သူတွေထဲ မပါဘူးတဲ့လား? ပါသမှ သိပ်ကိုပါသပေါ့ဗျာ။ ကဲ . .

🔵ယာခင်းထဲမှာ ဆလပ်ရွက် ၃ စည်းကို ဇစ်အိပ်ထဲထည့်ရတဲ့အလုပ်

🔵၁ ရက်ကို စတော်ဘယ်ရီဘယ်နှစ်ဗူးပြီးအောင်ဆွတ်ရမယ်ဆိုတဲ့အလုပ်

🔵ဖက်ထုပ်ကြော်ပါကင်ပေါင်း တစ်ရက်ဘယ်လောက်ပြီးမှအိမ်ပြန်ရမယ်ဆိုတဲ့အလုပ်ခွင်တွေမှာ ဘယ် “ဘို” တစ်ယောက် အလုပ်လုပ်တာတွေ့ဖူးလို့လဲ။

ပြီးတော့ ပြည်တွင်းအခွန်ဌာနကထုတ်ပြန်တာရှိသေးတယ်။ အမေရိကားကိုအလုပ်လုပ်ခွင့်မရှိ/တရားဝင်အလုပ်လုပ်ခွင့်မရှိဘဲ ဝင်လုပ်ကိုင်နေသူ -Cash Worker တွေကြောင့် ကောက်မရတဲ့အခွန််ငွေဟာ တစ်နှစ်ကို ဒေါ်လာ ဘီလျံ ၂ဝဝ ကျော်ပါသတဲ့ (၂ဝ၁၈)။ ဒါကိုပဲပြန်မေးချင်တာ။ အစိုးရကအခွန်မရတာပဲသိတယ်။ နှစ်စဉ်နှစ်တိုင်း အမေရိကားမှာတရားမဝင်အလုပ်လုပ်နေသူတွေ လူ ၈ သန်း အမြဲရှိတယ် (၂ဝ၁၈)။


🔴လုပ်ခလစာမခွဲခြားဘူး-Equal Employment Opportunity ဆိုတာနေရာတိုင်းမှာရှိပါရဲ့လား?

🔴စကားမတတ်လို့ Language Barrier ရဲ့ဒဏ်ကိုခံပြီး လုပ်ခလျှော့အနှိမ်ခံပေးနေရတာဘယ်သူတွေလဲ?

🔴လူတစ်ကာမလုပ်ချင်တဲ့အပုတ်ချိန်မှာပေးတဲ့ဈေးနဲ့အလုပ်ဝင်နေနိုင်ကြတာဘယ်သူတွေလဲ?

🔴Communication မကောင်းလို့ မြန်မာစကားပြောတဲ့အလုပ်ခွင်မှာအကြာကြီးအနစ်နာခံ၊ အနှိမ်ခံ ပေပေကပ်ကပ်လုပ်ပေးနေရတာဘယ်သူတွေလဲ?

🔴သူတစ်ပါးအခွင့်အရေးကိုလေးစားပါ-Respect Rights of Others ဆိုတဲ့အလုပ်ခွင်မှာအနှိမ်ခံပေး‌နေသူတွေ စာရွက်ရှိတဲ့လူလား? စာရွက်မရှိတဲ့လူလား?

သေချာပါတယ်။ အခုလို

❌စီးပွားရေးကျ

❌ကပ်ရောဂါပိုးကျ

❌အလုပ်အကိုင်အခွင့်အလမ်းကျ

❌ငွေတန်ဖိုးကျ

❌စတော့တန်ဖိုးတွေကျ

❌အိမ်ခြံမြေပိုင်ဆိုင်မှုတွေကျ

❌အရောင်းအဝယ်တွေကျ

နောက်ဆုံး

❌စိတ်ဓာတ်တွေကျနေရတဲ့အချိန်မှာ ပြည်ဝင်ခွင့်ပိတ်လိုက်ရုံနဲ့ အမေရိကားကိုစီးပွား‌ရေးပထမနေရာကိုပြန်ပို့ပေးမှာမဟုတ်ပါဘူး။

ကမ္ဘာ့စက်ရုံကြီးတွေအတွက်

🔵ဒီဇိုင်းဘက်မှာ

🔵နည်းပညာဘက်မှာ

🔵တီထွင်ဆန်းသစ်မှုဘက်မှာ

🔵ဉာဏပစ္စည်းပိုင်ဆိုင်မှုဘက်မှာဦးဆောင်နေပါတယ်ဆိုတဲ့အမေရိကားမှာမဟာယိုပေါက်ကြီးအဖြစ် “the U.S. Continues to Bleed Jobs” ဆိုတဲ့အရေးအသားကို ကမ္ဘာ့စင်မြင့်သတင်းတွေမှာပိုမိုဖတ်ရှုလာရဖို့ရှိနေပါတယ်။

အရင်တစ်ချိန်က အလုပ်များလို့ စျေးသက်သာတဲ့အလုပ်တွေကို ပင်လယ်ရပ်ခြားကို Outsourcing ပို့လိုက်တဲ့အမေရိကားကို ဈေးသက်သာတဲ့အသစ်ပြောင်း‌‌ရွှေ့ဝင်‌ရောက်လာသူတွေနဲ့ပြန်လည်တည်ဆောက်ဖို့လိုနေပါတယ်။ ဒါမှသာ “အမေရိကားတွင်ထုတ်လုပ်သည်-Made in the United States” ထွက်ကုန်တွေပိုမိုမြင်တွေ့လာရဖို့ရှိပါလိမ့်မယ်။

ရှင်းရှင်းလေးပါ။ အကြမ်းသမားကိုအကြမ်းနေရာမှာခိုင်းပါ။ အချောသမားကိုအချောနေရာမှာသုံးပါ။ ပညာရှင်ကိုလိုရင်ပညာရှင် ရှာခန့်ပါ။ သူ့ဈေးနဲ့သူ အခွန်တွေက လုပ်ငန်းရှင်ကြီးကြီးသေးသေး ဆန်ကာစစ်သလို အုပ်ချုပ်မှုယန္တရားဆီကိုပြန်ရောက်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ အလုပ်မလုပ်တိုင်း အားဆေးထိုးပေးတဲ့ ကယ်တင်ခြင်းချက်လက်မှတ်တွေကိုသာ အိမ်တိုင်ယာရောက်ဆက်တိုက်ပို့ပေးနေရင်တော့ အမေရိကားမှာလူပျင်းတွေသာတိုးလာမှာဖြစ်ပါတယ်။

ဒီနေရာမှာ ပြည်ဝင်ခွင့်ပိတ်သင့်တယ် . . ဒါမှအလုပ်ပြုတ်နေသူတွေအလုပ်ပြန်ရမယ် ဆိုပြီး သမ္မတဘက်ကလိုက်ပြောနေသူတွေရှိမှန်းသိပါတယ်။ EDD-Employment Development Department က အလုပ်ပြုတ်ချိန်ခံစားခွင့်ရနေသ၍ တော်ရုံတန်ရုံအလုပ်သစ်မရှာချင်ပါဘူး။ ဒီအတွက် ဘာအလုပ်ဖြစ်ဖြစ်လုပ်မယ်” ဆိုတဲ့ လူတန်းစားကို အလုပ်ခိုင်းဖို့လိုပါတယ်။ ဒါကြောင့် “ပြည်ဝင်ခွင့်ကိုဖွင့်ပေးမှအမေရိကားပထမပြန်ဖြစ်မယ်” ဆိုတာ ကျွန်တော့တစ်ယောက်တည်းအမြင်နဲ့ရေးသားလိုက်ပါတယ်။

Ref: techcrunch.com

ခင်လျက်
ကိုညီညီ (တောင်ကြီး)
06-23-2020

<Zawgyi>

“ျပည္ဝင္ခြင့္ကိုဖြင့္ေပးမွအေမရိကားပထမျပန္ျဖစ္မယ္”
ဒီစာကို အေမရိကန္သမၼတႀကီးမေတြ႕ပါေစနဲ႔လို႔ကၽြန္ေတာ္ဆုမေတာင္းပါဘူး။ ျမန္မာလိုေရးထားတာကိုသူမဖတ္နိုင္တာ မဖတ္နိုင္တာအသာထား မီဒီယာေတြ၊ လုပ္ငန္းရွင္‌ေတြအဖက္ဖက္ကေဝဖန္ေထာက္ျပေနတဲ့ၾကားက သမၼတေဒၚနယ္ထရမ့္ဟာ အရည္အခ်င္းျပည့္လုပ္သား-High Skilled Worker အမ်ားစုတို႔ရဲ့ျပည္ဝင္ခြင့္ကန္႔သတ္မႈကိုထပ္ၿပီးသက္တမ္းတိုးလိုက္တာကိုစာဖတ္သူေတြဖတ္မိၾကမွာပါ။

တကယ္ေတာ့ “အေမရိကားသာ ပထမ” ဆိုတဲ့ ဦးထုပ္နီႀကီးေဆာင္းၿပီးတက္လာတဲ့သူ႔ရဲ့ဦးေဆာင္မႈေအာက္မွာ “ ရင္ေလးစရာအျပည့္နဲ႔အေမရိကား” လို႔သာဆိုရမွာျဖစ္ပါတယ္။

ေလ့လာသုံးသပ္ခ်က္တစ္ခ်ိဳ႕ကဘာေျပာသလဲဆိုေတာ့ အေမရိကားမွာႀကီးျပင္းသူေတြမွာအေတြ႕ရနည္းတတ္တဲ့ “အိပ္မက္” ေတြဟာ အေမရိကားကိုအသစ္ေျပာင္းေရႊ႕လာသူ-New Immigrant ေတြဆီမွာ ပါလာတတ္တယ္ တဲ့။ လုပ္ခနာရီစား၊ လခစားအျပင္ ကိုယ္ပိုင္လုပ္ငန္းစတင္ၿပီး သူေဌးျဖစ္ခ်င္စိတ္ပိုမ်ားတာ စြန္႔စားခ်င္သူေတြဆီမွာပိုေတြ႕ရတယ္။

ဒီလိုလူေတြ ကုမၸဏီစေထာင္ေတာ့ လူေထာင္နဲ႔ခ်ီအလုပ္အကိုင္သစ္ေတြရၾကတယ္။ စီးပြားေရးအဆင္ေျပၾကတယ္။ ဘယ္သူကဘယ္သူ႔ကိုတည္မွီတယ္ဆိုတာထက္ ကိုင္းကကၽြန္းကို ကၽြန္းကကိုင္းကိုမွီခိုၿပီး အလုပ္ျဖစ္တဲ့ အညမညမၽွေျခတစ္ခုျဖစ္ဖို႔လိုအပ္ေနတာကိုသိဖို႔လိုပါတယ္။

အေမရိကား‌ရဲ့ေအာင္ျမင္မႈထဲမွာအႀကီးမားဆုံးျပယုဂ္က ဉာဏစြမ္းရည္နည္းပါးတဲ့ထုတ္ကုန္ေတြကိုအစားထိုးထုတ္လုပ္ေစခိုင္းတတ္ျခင္း နဲ႔ ကုန္ပစၥည္းအသစ္ေတြကိုတီထြင္ႀကံဆတတ္ျခင္းတို႔ျဖစ္ၾကပါတယ္။

ကမၻာ‌ေျမရဲ့ေန‌ရာအသီးသီးမွာ ထူးခၽြန္တဲ့သိပၸံပညာရွင္ေတြ၊ ရင္းႏွီးျမႇုပ္ႏွံသူ နဲ႔ စြန္႔ဦးလုပ္ငန္းတီထြင္သူေတြ က်ယ္ျပန္႔ျခားနားစြာရွိၾကတယ္။ သူတို႔ဉာဏ္စြမ္းရွိသ၍ အႀကံဉာဏ္အား၊ လူ နဲ႔ ခြန္အားေတြကိုသယ္ေဆာင္လာၿပီး ခ်မ္းသာႂကြယ္ဝေအာင္လုပ္ေဆာင္ၾကတယ္။ အခု ဒီသမၼတလက္ထက္မွာေတာ့ မီးကိုေရနဲ႔ၿငိမ္းသလို ဗီဆာထုတ္ေပးမႈကိုဇာတ္လမ္းသိမ္းခ်င္ေနတာအသိအသာႀကီးျဖစ္ေနပါတယ္။

အခုက အေမရိကားမွာ ၂ဝ၂ဝ ခုႏွစ္တစ္ဝက္က်ိဳးလာ‌ေတာ့ အလုပ္လက္မဲ့ဦးေရ သန္း ၄ဝ ေပၚလာတယ္။ ဘ႑ာေရးဌာနရဲ့ခန္႔မွန္းခ်က္အရ အသစ္ေျပာင္းေရႊ႕လာသူေတြဟာ အေမရိကားမွာႀကီးသူေတြထက္ ၂၅% ပိုၿပီး အစုစပ္ကုမၸဏီလုပ္ငန္းသစ္ေတြေထာင္ျဖစ္ၾကတယ္လို႔ဆိုတယ္။ ဒီကေနတစ္ဆင့္တက္ၿပီး အမ်ားပိုင္ကုမၸဏီကိုကူးေျပာင္းတဲ့ IPO-Initial Public Offering အဆင့္ေရာက္တဲ့အခါ ရွယ္ယာေတြထုတ္ေရာင္းၿပီး သူေဌးႀကီးေတြျဖစ္လာၾကပါတယ္။

အရင္တစ္ခ်ိန္က အေမရိကားကိုအထင္ႀကီးလို႔ပိုက္ဆံအကုန္ခံၿပီးေက်ာင္းလာတက္၊ ေက်ာင္းၿပီးတာနဲ႔ကုမၸဏီေထာင္၊ သူေဌးျဖစ္ ဆိုတဲ့ဇာတ္ညႊန္းဟာ သမၼတေဒၚနယ္ထရမ့္လက္ထက္မွာဆက္ရိုက္နိုင္မွာမဟုတ္ေတာ့ဘူး။ ေက်ာင္းၿပီးတာနဲ႔ ဒီမွာခိုကပ္မေနဖို႔ကို ပိုက္စိပ္တိုက္လိုက္စစ္ေဆးေနတဲ့ ေစာင့္ၾကပ္မႈေတြေၾကာင့္ ဒီလိုပညာတတ္ေတြရဲ့ျပည္ဝင္ခြင့္ဟာလည္း တစ္နည္းမဟုတ္တစ္နည္းခက္ခဲလာေနျပန္ပါတယ္။

ဒါက ေဆာင္းပါးေတြမွာေရးထားတဲ့ ပညာတတ္သူအသစ္ေျပာင္း‌‌ေရႊ႕သူေတြအေၾကာင္းကိုျပန္ေျပာျပတာ။ ပညာမတတ္ေတာ့ေရာ အေမရိကားကို ကူညီထူေထာင္သူေတြထဲ မပါဘူးတဲ့လား? ပါသမွ သိပ္ကိုပါသေပါ့ဗ်ာ။ ကဲ . .

🔵ယာခင္းထဲမွာ ဆလပ္ရြက္ ၃ စည္းကို ဇစ္အိပ္ထဲထည့္ရတဲ့အလုပ္

🔵၁ ရက္ကို စေတာ္ဘယ္ရီဘယ္ႏွစ္ဗူးၿပီးေအာင္ဆြတ္ရမယ္ဆိုတဲ့အလုပ္

🔵ဖက္ထုပ္ေၾကာ္ပါကင္ေပါင္း တစ္ရက္ဘယ္ေလာက္ၿပီးမွအိမ္ျပန္ရမယ္ဆိုတဲ့အလုပ္ခြင္ေတြမွာ ဘယ္ “ဘို” တစ္ေယာက္ အလုပ္လုပ္တာေတြ႕ဖူးလို႔လဲ။

ၿပီးေတာ့ ျပည္တြင္းအခြန္ဌာနကထုတ္ျပန္တာရွိေသးတယ္။ အေမရိကားကိုအလုပ္လုပ္ခြင့္မရွိ/တရားဝင္အလုပ္လုပ္ခြင့္မရွိဘဲ ဝင္လုပ္ကိုင္ေနသူ -Cash Worker ေတြေၾကာင့္ ေကာက္မရတဲ့အခြန္္ေငြဟာ တစ္ႏွစ္ကို ေဒၚလာ ဘီလ်ံ ၂ဝဝ ေက်ာ္ပါသတဲ့ (၂ဝ၁၈)။ ဒါကိုပဲျပန္ေမးခ်င္တာ။ အစိုးရကအခြန္မရတာပဲသိတယ္။ ႏွစ္စဥ္ႏွစ္တိုင္း အေမရိကားမွာတရားမဝင္အလုပ္လုပ္ေနသူေတြ လူ ၈ သန္း အျမဲရွိတယ္ (၂ဝ၁၈)။


🔴လုပ္ခလစာမခြဲျခားဘူး-Equal Employment Opportunity ဆိုတာေနရာတိုင္းမွာရွိပါရဲ့လား?

🔴စကားမတတ္လို႔ Language Barrier ရဲ့ဒဏ္ကိုခံၿပီး လုပ္ခေလၽွာ့အႏွိမ္ခံေပးေနရတာဘယ္သူေတြလဲ?

🔴လူတစ္ကာမလုပ္ခ်င္တဲ့အပုတ္ခ်ိန္မွာေပးတဲ့ေဈးနဲ႔အလုပ္ဝင္ေနနိုင္ၾကတာဘယ္သူေတြလဲ?

🔴Communication မေကာင္းလို႔ ျမန္မာစကားေျပာတဲ့အလုပ္ခြင္မွာအၾကာႀကီးအနစ္နာခံ၊ အႏွိမ္ခံ ေပေပကပ္ကပ္လုပ္ေပးေနရတာဘယ္သူေတြလဲ?

🔴သူတစ္ပါးအခြင့္အေရးကိုေလးစားပါ-Respect Rights of Others ဆိုတဲ့အလုပ္ခြင္မွာအႏွိမ္ခံေပး‌ေနသူေတြ စာရြက္ရွိတဲ့လူလား? စာရြက္မရွိတဲ့လူလား?

ေသခ်ာပါတယ္။ အခုလို

❌စီးပြားေရးက်

❌ကပ္ေရာဂါပိုးက်

❌အလုပ္အကိုင္အခြင့္အလမ္းက်

❌ေငြတန္ဖိုးက်

❌စေတာ့တန္ဖိုးေတြက်

❌အိမ္ၿခံေျမပိုင္ဆိုင္မႈေတြက်

❌အေရာင္းအဝယ္ေတြက်

ေနာက္ဆုံး

❌စိတ္ဓာတ္ေတြက်ေနရတဲ့အခ်ိန္မွာ ျပည္ဝင္ခြင့္ပိတ္လိုက္႐ုံနဲ႔ အေမရိကားကိုစီးပြား‌ေရးပထမေနရာကိုျပန္ပို႔ေပးမွာမဟုတ္ပါဘူး။

ကမၻာ့စက္႐ုံႀကီးေတြအတြက္

🔵ဒီဇိုင္းဘက္မွာ

🔵နည္းပညာဘက္မွာ

🔵တီထြင္ဆန္းသစ္မႈဘက္မွာ

🔵ဉာဏပစၥည္းပိုင္ဆိုင္မႈဘက္မွာဦးေဆာင္ေနပါတယ္ဆိုတဲ့အေမရိကားမွာမဟာယိုေပါက္ႀကီးအျဖစ္ “the U.S. Continues to Bleed Jobs” ဆိုတဲ့အေရးအသားကို ကမၻာ့စင္ျမင့္သတင္းေတြမွာပိုမိုဖတ္ရႈလာရဖို႔ရွိေနပါတယ္။

အရင္တစ္ခ်ိန္က အလုပ္မ်ားလို႔ ေစ်းသက္သာတဲ့အလုပ္ေတြကို ပင္လယ္ရပ္ျခားကို Outsourcing ပို႔လိုက္တဲ့အေမရိကားကို ေဈးသက္သာတဲ့အသစ္ေျပာင္း‌‌ေရႊ႕ဝင္‌ေရာက္လာသူေတြနဲ႔ျပန္လည္တည္ေဆာက္ဖို႔လိုေနပါတယ္။ ဒါမွသာ “အေမရိကားတြင္ထုတ္လုပ္သည္-Made in the United States” ထြက္ကုန္ေတြပိုမိုျမင္ေတြ႕လာရဖို႔ရွိပါလိမ့္မယ္။

ရွင္းရွင္းေလးပါ။ အၾကမ္းသမားကိုအၾကမ္းေနရာမွာခိုင္းပါ။ အေခ်ာသမားကိုအေခ်ာေနရာမွာသုံးပါ။ ပညာရွင္ကိုလိုရင္ပညာရွင္ ရွာခန္႔ပါ။ သူ႔ေဈးနဲ႔သူ အခြန္ေတြက လုပ္ငန္းရွင္ႀကီးႀကီးေသးေသး ဆန္ကာစစ္သလို အုပ္ခ်ဳပ္မႈယႏၲရားဆီကိုျပန္ေရာက္ပါလိမ့္မယ္။ ဒီလိုမွမဟုတ္ဘဲ အလုပ္မလုပ္တိုင္း အားေဆးထိုးေပးတဲ့ ကယ္တင္ျခင္းခ်က္လက္မွတ္ေတြကိုသာ အိမ္တိုင္ယာေရာက္ဆက္တိုက္ပို႔ေပးေနရင္ေတာ့ အေမရိကားမွာလူပ်င္းေတြသာတိုးလာမွာျဖစ္ပါတယ္။

ဒီေနရာမွာ ျပည္ဝင္ခြင့္ပိတ္သင့္တယ္ . . ဒါမွအလုပ္ျပဳတ္ေနသူေတြအလုပ္ျပန္ရမယ္ ဆိုၿပီး သမၼတဘက္ကလိုက္ေျပာေနသူေတြရွိမွန္းသိပါတယ္။ EDD-Employment Development Department က အလုပ္ျပဳတ္ခ်ိန္ခံစားခြင့္ရေနသ၍ ေတာ္႐ုံတန္႐ုံအလုပ္သစ္မရွာခ်င္ပါဘူး။ ဒီအတြက္ ဘာအလုပ္ျဖစ္ျဖစ္လုပ္မယ္” ဆိုတဲ့ လူတန္းစားကို အလုပ္ခိုင္းဖို႔လိုပါတယ္။ ဒါေၾကာင့္ “ျပည္ဝင္ခြင့္ကိုဖြင့္ေပးမွအေမရိကားပထမျပန္ျဖစ္မယ္” ဆိုတာ ကၽြန္ေတာ့တစ္ေယာက္တည္းအျမင္နဲ႔ေရးသားလိုက္ပါတယ္။

Ref: techcrunch.com

ခင္လ်က္
ကိုညီညီ (ေတာင္ႀကီး)
06-23-2020

No comments: