ဆောင်းပါးရှင်
- ကလောင်စေတနာ
|
.
.
ကြွယ်ကြွယ်။ ။ ဒါနဲ့ အမေရိကားက ဈေးနှုန်းတွေက ဘာဖြစ်လို့
ကိန်းပြည့်မဟုတ်ပဲ ဒသမ ၉၉ ( .99 ) နဲ့ ဆုံးတာတွေ အများဆုံးတွေ့နေရတာလဲ?
.
လည်လည်။ ။ နင့်မေးခွန်းကောင်းတယ်။ ငါကိုယ်တိုင်လည်း
ဒီနိုင်ငံမရောက်ခင်ကတည်းက ဒီကိစ္စကို လိုက်မေးတာ မသိကြဘူး။ ပြောပြမယ် .. ဒီလို။ စီးပွာရေးလုပ်ငန်းရှင်တွေမှာ
အပြိုင်အဆိုင်ဈေးချရင်းကနေ နည်းလမ်းတစ်ခု တွေ့ရှိခဲ့တယ်။ လူတွေဟာ ဈေးနှုန်းဖတ်ရင် ဘယ်ဘက်စာလုံးကနေ
စ,ဖတ်တယ် မဟုတ်လား။ ဒီတော့ ပစ္စည်းတစ်ခု ( $4 ) လေးဒေါ်လာဆိုပါတော့။ ဒီလို ဂဏန်းမျိုးကို
စားသုံးသူတွေ မကြာခဏတွေ့နေ မြင်နေကျဖြစ်တော့ သတိမထားမိကြဘူး။ စီးပွားပြိုင်ဘက်နဲ့ ရောင်းအားပြိုင်တဲ့သူတစ်ယောက်က
$3.99 လို့စ,ရေးပြီးရောင်းလိုက်တော့ ရောင်းအားက မထင်မှတ်ပဲ ( ၁၅% ) တက်လာတယ်။ ဒါတိုက်ဆိုင်မှု
မဟုတ်ဘူး။ လူတွေက ( ၁ ) ပြားထဲကွာတာကို မသိတာလည်းမဟုတ်ဘူး။ အတွင်းစိတ်ကနေ “ ငါဟာ ဒီပစ္စည်းကို
ဈေးသက်သက်သာသာနဲ့ရတယ် ” ဆိုတဲ့ လက်ဝဲစ,ဖတ်ဂဏန်းသက်ရောက်မှု “ The Left Digit
Effect ” ဆိုတဲ့ ရောင်းနည်းတစ်မျိုးကြောင့်ပဲ။
.
နောက်ပိုင်းလူတွေလိုက်လုပ်လာကြတော့မှ ( ၉၉ ပြား
)၊ ( ၉၈ ပြား )၊ ( ၉၇ ပြား )၊ ( ၉၄ ပြား ) အစွန်းထွက်တွေနဲ့ ကိုယ့်ကုန်ပစ္စည်းကို ဘယ်နှစ်ကြိမ်
ဈေးလျှော့ရောင်းပြီးပြီလဲဆိုတာမှတ်ထားနိုင်တဲ့ သင်္ကေတ - Code တွေ ထည့်သွင်းသတ်မှတ်လာကြတယ်။
ပိုလည်းရောင်းရတယ် .. စာရင်းလည်း မှတ်လို့ရတယ် ဘယ်လောက်အဆင်ပြေလဲ။
.
နောက်တစ်ခုက
စာရေးတွေ ငွေခိုးလို့မလွယ်အောင် လုပ်တာလည်းပါတယ်။ ဥပမာကွာ .. နင်က ဓါတ်ဆီဆိုင်မှာ ကားဆီထည့်ရင်း
ပီကေတစ်ခု ဆင်းဝယ်တယ်။ တစ်ခု ( ၁ ) ဒေါ်လာ ဆိုပါတော့။ အရောင်းစာရေးက ပီကေ သေးသေးလေးတစ်ခု
ပေးလိုက်ပြီး နင်ပေးတဲ့ တစ်ဒေါ်လာတန်တစ်ရွက်ကို သူ့ဘောင်းဘီအိပ်ကပ်ထဲထည့်လိုက်ရင် ဆိုင်ရှင်မသိမချင်း
ခိုးလို့ရနေမှာပေါ့။ ဒါကြောင့် ( 99 Cents ) လုပ်ထားလိုက်တဲ့အခါမှာ စာရေးက ( ၁ ) ပြား
- 1 Cent အမ်းဖို့ အတွက် မဖြစ်မနေ ဗောက်ချာ ပရင့်ထုတ်ပေးရသလို အံဆွဲဖွင့်ရတော့တယ်။
ဒါကြောင့် နင်ပေးတဲ့ ဒီ ( ၁ ) ဒေါ်လာဟာ အခိုးမခံရပဲ ပိုင်ရှင်ကိုယ်တိုင် ငွေရဖို့သေချာပြီပေါ့။
ပိုကောင်းတာတစ်ခုက ငွေစာရင်း နဲ့ ကုန်လက်ကျန်ကိုလည်း ချိန်ကိုက်ပြီးသားဖြစ်နေတယ်လေ။
ဒီနည်းစံနစ် အမေရိကန်မြေပေါ်မှာ အမြစ်တွယ်လာတာ ရာစုနှစ် တစ်ခုကျော်နေပြီ။ ဘယ်သူက စ,ခဲ့တယ်ဆိုတာ
မြစ်ဖျားခံလို့မရသေးဘူးလို့ ဖတ်ဖူးတယ်။
.
ပြီးတော့ တစ်ချို့ပြည်နယ်တွေရဲ့ ဥပဒေမှာ ( ၁ ) ဒေါ်လာကျော်တဲ့
ပစ္စည်းနဲ့ ( ၁ ) ဒေါ်လာမပြည့်တဲ့ ပစ္စည်းတွေက ရောင်းခွန်ဆောင်ရတာချင်း မတူဘူး။ ဒီတော့
( ၉၉ ပြား ) လုပ်ထားလိုက်တယ်။ အခွန်သက်သာတယ်။ ငွေအခိုးမခံရဘူး။ ဈေးသက်သာတယ်ထင်လို့
ပိုရောင်းရတယ်။ သိပြီလား .. သေးသေးလေးတွေကအစ လိုက်စဉ်းစားတဲ့ ရွှေဥာဏ်ကြီးရှင်တွေ။
.
.
ကြွယ်ကြွယ်။ ။ အေးပါ သိပါပြီ။ နင်က ပြောလိုက်ရင် မရပ်တော့ဘူး။
ဒါပေမယ့် ဗဟုသုတ ရပါတယ်ဟာ။ Ad အကြောင်းဆက်ပြောပါဦး။ ဒီမှာရေးထားတာ .. ဘာတဲ့။ 2.99
lb တဲ့ .. 4.99 ea တဲ့ 18.97 + CRV ( CA Only ) တဲ့ ။ ရှုတ်နေတာပဲ။
.
လည်လည်။ ။ ဒီနေရာတော့ နင့်ဗဟုသုတဟင်းလေးအိုးကြီးက
မလိုက်နိုင်တော့ဘူးမဟုတ်လား။ 2.99 lb ဆိုတာ ( ၁ ) ပေါင် - 1 Pound အလေးချိန်ကို ( ၂.၉၉
) ဒေါ်လာ လို့ပြောတာ။ ea ဆိုတာ Each ကို အတိုကောက်ရေးထားတာ။
.
.
.
.
ကြွယ်ကြွယ်။ ။ ဒါဆို 4.99 ea က တစ်ခုယူရင် ( ၄.၉၉ )
ဒေါ်လာ လို့ပြောတာပေါ့။
.
လည်လည်။ ။ နားလည်လာပြီ .. တော်တယ်။ CRV ဆိုတာ California Redemption Value ကို အတိုကောက်ရေးထားတာ။
ပြည်နယ်တစ်ခုနဲ့တစ်ခုတော့ မတူနိုင်ဘူး။ ဆိုလိုတာက ပလပ်စတစ်ဗူး၊ ပုလင်းခွံ နဲ့ ဒန်
( Tin ) - Can ဗူးခွံတွေက ပြည်ပကနေဝယ်သွင်းရတော့ အစိုးရ နဲ့ လုပ်ငန်းရှင်တွေက ဒီအပေါ်မှာ
ငွေအများကြီးရင်းရတယ်။ နည်းနည်းနောနောမဟုတ်တာ သိထားရမယ်။ ဒီဝန်ထုပ်ဝန်ပိုးတွေကို
လျှော့ချလိုတာကတစ်ကြောင်း၊ နောက်ပြီး
ဒီပစ္စည်းတွေက ပြန်လည်အသုံးပြု - Recycle ခြင်းအားဖြင့် အသစ်မဝယ်ရဘူးဆိုတာ
စားသုံးသူတွေ သတိပြုစေလိုတာကတစ်ကြောင်း ပစ္စည်းရောင်းရင်းနဲ့ ကောက်ထားလိုက်တာ။
.
အဲဒီတော့
နင်အချိုရည်ဝယ်သောက်ပြီး ဗူးခွံတွေစု၊ ငါတို့ငယ်ငယ်တုန်းကလို ပုလင်းဝယ် ဒန်ဝယ်ကို
ပြန်ရောင်းရင် နင်စိုက်ထားတဲ့ငွေထဲက တစ်ချို့တစ်ဝက် ပြန်ရမယ်။
ပြန်မရောင်းတဲ့လူတွေများတော့ ဒီငွေနဲ့ ဖယ်ဒရယ်က အခွန်အဖြစ်သိမ်းပြီး
နောက်ထပ်တင်သွင်းမယ့်ကုန်ကြမ်းအတွက် ရင်းနှီးမြှုပ်နှံတယ်လေ။ Recycle လုပ်ငန်းနဲ့ဆိုင်တဲ့
အလုပ်အကိုင်အခွင့်အလမ်းအများကြီးပွင့်လာသေးတယ်။ မပိုင်ဘူးလား။
.
.
ကြွယ်ကြွယ်။ ။ ( CA Only ) ကျတော့ရော?
.
လည်လည်။ ။ ဒါက ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုတည်းအတွက်သာလို့ပြောတာ။
CA ဆိုတာ Californai ပြည်နယ်ရဲ့ အတိုကောက်စာလုံး။ ဒါပေမယ့် CA က +CRV ပါတဲ့ပစ္စည်းကိုဝယ်ပြီး
နောက်တစ်ပြည်နယ်ရောက်မှ ဗူးခွံ၊ ပုလင်းခွံ သွားရောင်းရင် ဟိုက မဝယ်ဘူး။ အခွန်က CA က
ရထားလို့လေ။ ရှင်းပြီလား။
.
.
ကြွယ်ကြွယ်။ ။ မြန်မာနိုင်ငံမှာပဲ ရှိတယ်ထင်နေတာ။ အမေရိကားမှာလည်း
ပုလင်းဝယ် ဒန်ဝယ် ရှိတာကိုး …!
.
ဆက်ပါမည်။
No comments:
Post a Comment