ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, June 8, 2015

ေက်ာင္းျပီးသူ နဲ႕ ေက်ာင္းမျပီးသူ

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )
.
ရွယ္လီက အေမရိကားေရာက္ေတာ႕ ( ၁၉ ) ႏွစ္သမီးအရြယ္။ အခုလိုဘဝေရာက္ေအာင္ ေတာ္ေတာ္ရုန္းခဲ႕ရတယ္။ အေဖနဲ႕လုိက္လာရင္း ဒီေရာက္ေတာ႕ ေက်ာင္းတက္၊ ေငြရွားလို႕အလုပ္လုပ္ နဲ႕ တစ္ခါကမ်ားဆို တစ္ရက္ကို အလုပ္ ( ၃ ) မ်ိဳးအထိလုပ္ခဲ႕တဲ႕ကာလေတြရွိခဲ႕တယ္။ ရွယ္လီ႕ဘဝက ရိုးရိုးစင္းစင္းပါပဲ။ ထူးျခားတာဆုိလို႕ အထက္မွာ အစ္ကို ( ၄ ) ေယာက္ရွိတယ္။ အေဖက တရားဝင္ေျပာင္းေရႊ႕ဗီဆာ - New Immigrant နဲ႕ ျမန္မာႏိုင္ငံကေန အေရးေတာ္ပံုအျပီး ( ၁၉၈၉ ) မွာ လုိက္လာခဲ႕တာေပါ႕ရွင္။
.
ရွယ္လီ႕ဘဝကလည္း ၾကပ္တည္းတယ္လုိ႕ေျပာရမွာပဲ။ ဘာမွမေျပာတတ္ မဆိုတတ္။ အသက္ ( ၂ဝ ) ရဲ႕ လွ်ာက ဘာသာစကားတစ္ခုအတြက္ ေတာ္ေတာ္ျပင္ရခက္တယ္ဆုိတာ ၾကံဳဖူးသူေတြကုိယ္ခ်င္းစာႏုိင္ပါလိမ္႕မယ္။ ပထမပိုင္း ဘိနပ္ဆိုင္မွာလုပ္တယ္။ လခက တစ္လလံုးမွ ေဒၚလာတစ္ေထာင္ေတာင္မရဘူး။ ဒါေၾကာင္႕ ပိုလုပ္ရတယ္။ အေဖက ဆရာဝန္ဆုိေတာ႕ ပညာတတ္ေပါ႕။ စည္းကမ္းထဲမွာေနခုိင္းျပီး ေငြအသံုးစားရိတ္ကိုေခြ်တာခိုင္းတယ္။ တင္႕ေတာင္႕တင္႕တယ္လူလားေျမာက္ေစခ်င္တယ္။ ဒါေပမယ္႕ တစ္ခ်ိဳ႕ကိစၥေတြက ထင္ထားသလိုျဖစ္မလာခဲ႕ပါဘူး။
.
.
( ၁ဝ ) ႏွစ္အၾကာမွာ ဆိုင္မြန္ နဲ႕ေတြ႕တယ္။ သူက အေမရိကားေရာက္တာ ရွယ္လီ႕ထက္ ( ၄ ) လေလာက္ပဲ ေနာက္က်တယ္။ သူ႕ကိုေတြ႕တဲ႕ေန႕က အေဖ နဲ႕ သူ႕အေမ ျမန္မာႏုိင္ငံတုန္းက အမ်ိဳးေတြစပ္ၾကရင္း ျဖစ္ခ်င္ေတာ႕ ရန္ကုန္မွာတုန္းက အေဖ႕ဆီေဆးလာလာကုတဲ႕ အေဒၚၾကီးရဲ႕သားျဖစ္ေနတယ္။ ပိုဆန္းၾကယ္တာက သူတုိ႕က ( ၃၈ ) လမ္း ေအာက္လမ္း .. ရွယ္လီက အလယ္လမ္း။ ဒါေပမယ္႕ ရွယ္လီ နဲ႕ သူနဲ႕ တစ္ခါမွ မဆံုဖူးဘူး။ ေျပာရင္ယံုမလားေတာ႕မသိဘူး .. ရွယ္လီ႕အစ္ကို ( ၄ ) ေယာက္စလံုးနဲ႕ သူနဲ႕က သိကြ်မ္းၾကတယ္။ ဒါေပမယ္႕ ညီမအငယ္ဆံုးရွိတယ္ဆုိတာကုိ ဆုိင္မြန္ က မသိဘူး။ ဆန္းတယ္ေနာ္ ..။

.
ဖူးစာအေၾကာင္းေျပာရင္ ဆုိင္မြန္႕အေၾကာင္းပါမွ ပိုျပည္႕စံုလိမ္႕မယ္။ သူ႕သူငယ္ခ်င္းက စပြန္ဆာေပးေခၚလို႕ ဆိုင္မြန္က အေမရိကားကုိ အလည္အေနနဲ႕ေရာက္လာတာ။ ေရာက္ေရာက္ခ်င္း ဓါတ္ဆီဆိုင္၊ ကားပါကင္၊ ကားေဆးတာ အကုန္လုပ္ျပီးေနခဲ႕တယ္။ တစ္ႏွစ္ျပည္႕ခါနီးမွာ ကြန္ပ်ဴတာကုမၸဏီတစ္ခုမွာ အလုပ္လုပ္ရင္း ဆုိင္မြန္႕သူေ႒းက H1 ဗီဆာထုတ္ေပးတဲ႕အခါ သူက Green Card ေလွ်ာက္လိုက္တယ္။ ဒါနဲ႕ပဲ ႏိုင္ငံသားျဖစ္ခဲ႕တယ္လို႕ လြယ္လြယ္ေျပာႏုိင္ပါတယ္။ သူေရာက္လာတဲ႕ပံုစံကုိ လူေတြစိတ္ဝင္စားၾကတယ္။ အခုေနာက္ပိုင္း ဒါမ်ိဳးနဲ႕ေနလို႕ရတယ္လို႕ မၾကားမိေတာ႕ပါဘူး။
.
.
ဆိုင္မြန္က အလုပ္အမ်ားၾကီးလုပ္တယ္။ ေက်ာင္းမတက္ႏိုင္ဘူး။ မွတ္မွတ္ရရ သူေနထုိုင္လာခဲ႕တဲ႕ အႏွစ္ ( ၂ဝ ) ေလာက္မွာ ေက်ာင္း ( ၂ ) ၾကိမ္တက္ခဲ႕ဖူးတယ္။ တစ္ေခါက္ဆုိ အမ်ားဆံုးခံႏိုင္ရင္ ( ၃ ) လပဲ။ မခံႏိုင္လို႕ ဆက္မတက္ႏိုင္ဘူးေလ။ စဥ္းစားၾကည္႕ အလုပ္ခ်ိန္ ( ၈ ) နာရီဆိုတာ ျပင္ရဆင္ရနဲ႕ တစ္ရက္ရဲ႕တစ္ဝက္ကုန္တယ္။ အိမ္မႈကိစၥရွိေသးတယ္ .. အမိႈက္သြန္ရေသးတယ္ .. ခ်က္ျပဳတ္စားေသာက္ရေသးတယ္။ မအိပ္လို႕လည္းမရျပန္ဘူးေလ။ အိပ္ေရးအပ်က္ခံျပီး ေက်ာင္းေျပးတက္လိုက္ အလုပ္ကိုေနာက္က်လုိက္နဲ႕ အဆင္ကိုမေျပခဲ႔သလို ဆုိင္မြန္တစ္ေယာက္ ပညာတတ္မျဖစ္္ခဲ႕ဘူး။
.
ရွယ္လီနဲ႕မညားခင္အထိ           ဆိုင္မြန္က ေငြအရမ္းသံုးႏုိင္တယ္။ တစ္ကိုယ္ေရတကာယသမားလည္းျဖစ္တယ္။ ဘာမွ ပူပန္စရာမရွိဘူး။ ရွယ္လီနဲ႕အိမ္ေထာင္က်ျပီးတဲ႕အထိ ရွယ္လီအလုပ္မလုပ္ရင္ေတာင္ အားလံုးအဆင္ေျပတယ္။ ဒီလုိနဲ႕ တစ္ရက္မွာေတာ႕ သူမေမ်ွာ္လင္႕ထားတဲ႕ကိစၥက ဆိုင္မြန္႕ကုမၸဏီမွာ ျဖစ္ပြားခဲ႕တယ္။ ( ၁၂ ) ႏွစ္ဆက္တိုက္လုပ္လာတဲ႕ ဝန္ထမ္းေကာင္းဆုိင္မြန္႕ကို လူေလွ်ာ႕ - Layoff လုပ္တဲ႕စာရင္းထဲထည္႕လုိက္တယ္တဲ႕ေလ။ အဲဒီဘဝကို ဆိုင္မြန္အသက္ရွဴမဝဘူး။ သူ႕ကိုေမးတုိင္း သူဘာမွ ျပန္မေျပာျပခ်င္ဘူး .. စကားမစခ်င္ဘူး။ အလုပ္ျပဳတ္တဲ႕အရသာဟာ ဘယ္လိုၾကီးမွန္းကိုမသိဘူးဆိုျပီး စကားလံုးရွာမရဘူးလို႕ အျမဲေျပာတယ္။
.
.
တစ္ခုကံေကာင္းသြားတာက ဆိုင္မြန္အလုပ္မျပဳတ္ခင္ အေရွ႕ပိုင္းေလးမွာ ေက်ာင္းမျပီးတဲ႕ ရွယ္လီ႕ကို သူက ေက်ာင္းျပန္တက္ခိုင္းတယ္။ ဆုိင္ေတြမွာ ဝန္ထမ္း၊ ဆုိင္အကူလုပ္ေနရာကေနအစိုးရရံုးအလုပ္ေတြအမ်ားၾကီးရွိတဲ႕ ဆီလီကြန္ဗဲလီျမိဳ႕ေတာ္ ဆန္ဟုိေဆး - San Jose ကို အလုပ္ေျပာင္းခုိင္းတယ္။ ရွယ္လီလုပ္တဲ႕ကုမၸဏီက ေက်ာင္းျပန္တက္တဲ႕ရွယ္လီ႕ကုိ ေက်ာင္းက်ဴရွင္ေၾကးတစ္ဝက္စိုက္ေပးတယ္။
.
က်န္တဲ႕ေငြကုိေက်ာင္းသားေခ်းေငြ - Student Loan ယူျပီး တစ္လကို ( ၁ဝ၈ ) ေဒၚလာနဲ႕ ( ၆ ) ႏွစ္ေလာက္ဆပ္လိုက္တာ အေၾကြးေက်သြားတယ္။ ရွယ္လီတုိ႕အိမ္ဝယ္တယ္။ ( ၁ဝ % ) လက္ငင္းေငြခ်တယ္။ က်န္ေငြကို အိမ္ေခ်းေငြ - Mortgage တစ္လ ေဒၚလာ ( ၃ဝဝဝ ) ေက်ာ္သြင္းၾကရတယ္။
.
အလုပ္အေျပာင္းအလဲျဖစ္လာတဲ႕ ဆုိင္မြန္ဟာ ပါဆယ္ပို႕တဲ႕အလုပ္ကိုလုပ္တယ္။ ေပါင္မုန္႕ကားေလးတစ္စီးဝယ္ျပီး တစ္ေနကုန္ Amazon နဲ႕ eBay ရဲ႕ပါဆယ္ေတြလုိက္ပို႕တာ တစ္ရက္ကို ေဒၚလာ ( ၁၇ဝ ) ဝင္တယ္။ တစ္ပတ္ ( ၅ ) ရက္လုပ္ရံုပဲ စေန တနဂၤေႏြနားလို႕ရတယ္။ တစ္ခုအခက္အခဲရွိတာက ခြင္႕ယူလို႕မရဘူး က်န္းမာေရးအာမခံ - Medical Insurance မရွိဘူး။ ေနာက္ေတာ႕ အဲဒီအလုပ္ကေနနားလိုက္တယ္။ ကားကိုေရာင္းဖို႕ Craigslist’s မွာတင္ထားတယ္။ အခုထိေတာ႕ေရာင္းမထြက္ေသးဘူး။
.
.
ေျပာခ်င္တာက ကြ်န္မေက်ာင္းျပီးတဲ႕အထိ ဆိုင္မြန္ကေငြအသံုးၾကမ္းတုန္းပဲ။ ကြ်န္မက ေငြသိပ္မရွာႏုိင္ေသးတဲ႕အခ်ိန္ေလ။ ဒါေပမယ္႕ ရွယ္လီေက်ာင္းျပီးသြားေတာ႕ ဘြဲ႕နဲ႕တန္္တဲ႕အလုပ္ရလာတယ္။ နာရီစားကေန လစားျဖစ္လာတယ္။ တစ္ရက္ကို ( ၁၄ ) နာရီလုပ္ရတယ္။ ရွယ္လီ႕ဝင္ေငြဟာ တစ္ႏွစ္စာ ( ၉၆ဝဝဝ ) အထိ ျဖစ္လာတယ္။ ဒါကေတာ႕ ဆရာစားမခ်န္ထားပဲ အကုန္ေျပာျပတာပါ။
.
တက္ခဲ႕တဲ႕ေမဂ်ာက စာရင္းကိုင္ - Accounting ။ မနက္ေစာ သား နဲ႕ သမီးကုိေက်ာင္းပို႕ျပီး ( ၉ ) နာရီရံုးတက္တယ္။ အလုပ္စကတည္းကရံုးမွာ အစည္းအေဝးေပါင္းမ်ိဳးစံုလုိက္တက္ေနရတာနဲ႕ ညေန ( ၄ ) နာရီေလာက္မွ ျပီးတယ္။ ရွယ္လီ႕ရံုးခန္းထဲကိုဝင္လုိက္တဲ႕ ညေန ( ၅ ) နာရီေလာက္မွ ကိုယ္႕အလုပ္ကုိယ္ စလုပ္ရတယ္။ ဒါနဲ႕ပဲ အီးေမးလ္ျပန္၊ စာျပန္၊ စာရင္းခ်ဳပ္၊ ကုမၸဏီတစ္ခုလံုးရဲ႕စာရင္းေပါင္းခ်ဳပ္ အားလံုးလုပ္ျပီးသြားတဲ႕အခ်ိန္ ည ၉ ၁ဝ ) နာရီထုိးေနျပီ။ အိမ္ေရာက္ရင္ ဆိုင္မြန္ နဲ႕ ကေလး ( ၂ ) ေယာက္က အိပ္ျပီ။ မအိပ္ခင္ ေခါက္ဆြဲတစ္ထုပ္ျပဳပ္စားျပီး ကိုယ္လက္သန္႕စင္ရတယ္။
.
.
အဲဒီမွာ ရွယ္လီကဝင္ေငြေကာင္းလာျပီးေတာ႕ ဆိုင္မြန္က ဝင္ေငြမရွိဘူးျဖစ္လာတယ္။ ရုပ္ရွင္ေတြ စာေတြထဲမွာဖတ္ဖူးသလို ရွယ္လီမလုပ္ပါဘူး။ မႏွိမ္ဘူး .. သူ႕ကိုအားေပးတယ္။ ငါတုိ႕မွာေငြမလိုဘူး။ ဝင္ေငြကလည္း အိမ္ေၾကြးထဲကိုပဲ ဝင္သြားတယ္။ ကေလးေတြအတြက္လည္း စိတ္ပူစရာမရွိဘူးေလ။ အေမရိကားမွာ သူတို႕ဖာသာသူတုိ႕လုပ္ရမွာ .. ရပ္တည္ရမွာ။
.
အိမ္ေၾကြးက ( ၄၈ဝဝဝဝ ) က်န္ေသးေတာ႕ လင္မယားႏွစ္ေယာက္ဝင္ေငြအသစ္နဲ႕ဆုိရင္ ဘဏ္မွာ အေၾကြးႏႈန္းအသစ္ျပင္ - Refinance လုပ္ဖို႕ ဆိုင္မြန္ကို အလုပ္ျပန္လုပ္ခိုင္းတယ္။ ဝင္ေငြမ်ားစရာမလိုဘူး။ ရွယ္လီတို႕ႏွစ္ေယာက္ဝင္ေငြ နဲ႕ တစ္ႏွစ္စာဝင္ေငြ - W2 အသစ္နဲ႕ဆုိရင္ တစ္လအိမ္ေၾကြး ေဒၚလာ ( ၃ဝဝဝ ) ေပးစရာမလိုေတာ႕ဘူးေလ။ ဒါေၾကာင္႕ အားမငယ္နဲ႕ဆိုင္မြန္ေရ ဆိုျပီး စိတ္ဓါတ္ျမွင္႕တင္ေပးရတယ္။
.
.
ဆက္စပ္ျပီးေတြးလို႕ရေအာင္ ဆိုင္မြန္အခုလုပ္တဲ႕အလုပ္က တရုတ္မတစ္ေယာက္အေၾကာင္း သတိရမိတယ္။ သူ႕နာမည္က ဝမ္ တဲ႕။ အလုပ္မွာဆို ထိပ္စည္းနာမယ္တစ္လံုးပဲေခၚၾကတယ္ေလ။ ဝမ္ဟာ ဆိုင္မြန္႕အလုပ္မွာ အေမရိကန္သံအေနအထားအမိုက္စားနဲ႕ စကားေျပာတယ္။ ကြမ္တုန္းစကားလည္းတတ္တယ္။ တစ္ရက္မွာ ဝမ္ကို လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္က “ နင္႕ အဂၤလိပ္အသံက ဒီေလာက္ေကာင္းတာ ဘာနဲ႕ေက်ာင္းျပီးထားတာလဲ ” လို႕ေမးေတာ႕ ဝမ္ က “ သူေက်ာင္းမျပီးဘူးလို႕ ” ျပန္ေျဖတယ္ေလ။ နင္ေက်ာင္းမျပီးဘူးဆိုတာဟုတ္ပါ႕မလား လို႕ ျပန္ေမးေတာ႕

“ ဟုတ္ပါတယ္။ ငါ႕မွာ ကေလးဘယ္ႏွစ္ေယာက္ရွိတယ္ထင္သလဲ ” လို႕အစခ်ီျပီး ဝမ္ က သူ႕ဇာတ္လမ္းကို ေျပာျပပါေတာ႕တယ္။
.
“ ငါ႕မွာ ကေလး ( ၄ ) ေယာက္ရွိတယ္။ သား ( ၃ ) ေယာက္ နဲ႕ သမီးကေတာ႕ အငယ္ဆံုးေပါ႕။ ငါ႕မိဘေတြက ေဟာင္ေကာင္ကေနလာေတာ႕ ငါ႕အစ္ကို ( ၃ ) ေယာက္ပါလာတယ္။ ငါ႕ကုိေတာ႕ အေမရိကားေရာက္မွေမြးတာ။ ဒါေၾကာင္႕ ငါ႕အဂၤလိပ္အသံထြက္ေကာင္းတာေနမွာ ”
.
“ ငါက အထက္တန္း ( ၁၂ ) တန္းေက်ာင္းျပီးတယ္။ ေကာလိပ္တက္ေတာ႕ ( ၁၇ ) ႏွစ္သမီးအရြယ္မွာ ငါ႕သားၾကီးကုိယ္ဝန္စရတယ္။ ဒါနဲ႕ ဆက္တုိက္ေမြးလာလိုက္တာ ( ၃ ) ေယာက္ျပီးေတာ႕ ေက်ာင္းျပန္တက္ဖို႕လုပ္ေသးတယ္ ”
.
“ ဒါေပမယ္႕ အငယ္ေလးေမြးျပီးတဲ႕အခ်ိန္ ငါ႕ေယာက္်ားက အလုပ္သိပ္မေကာင္းေတာ႕ ကေလးေတြကုိ အဖိုးအဖြားေတြထိန္းခိုင္းျပီး ငါအလုပ္ထြက္လုပ္ရတယ္။ အိမ္မႈကိစၥစီမံရတယ္။ ဟင္းခ်က္ရတယ္။ ဝင္ေငြရွိမွျဖစ္မယ္ေလ .. မဟုတ္ဘူးလား ”
.
“ ေအး .. ငါသာေက်ာင္းျပီးခဲ႕ရင္ေတာ႕ နင္တုိ႕ကုမၸဏီမွာ တစ္နာရီ ( ၁၃ ) ေဒၚလာနဲ႕အလုပ္လုပ္ဖို႕ အခုစကားေျပာေနတဲ႕ ဝမ္ ကုိ နင္ဘယ္ေတြ႕ရပါေတာ႕မလဲ။ ေက်ာင္းေတာ႕ျပန္တက္ခ်င္ပါတယ္ဟာ .. ကေလးေတြေရွ႕ေရးနဲ႕ သူတုိ႕ေက်ာင္းကိစၥေတြကရွိေသးတယ္။ အခုေတာင္ အိမ္မွာ တရုတ္စကားမေျပာလို႕ မနည္းဆူထားရတယ္ ” လုိ႕ ဝမ္ က ရွည္ရွည္ေဝးေဝးရွင္းျပသြားပါတယ္။
.
.
ရွယ္လီ နဲ႕ ဝမ္ တုိ႕ရဲ႕ဘဝေတြ ဘယ္ေနရာမွာကြာျခားပါသလဲ? စားဝတ္ေနေရးအတြက္ လုပ္ေနရသူခ်ည္းပါပဲ။ ေယာက္်ား နဲ႕ ကေလးေတြကုိ ခ်စ္တာျခင္းလည္းတူပါတယ္။ ဝင္ေငြသိပ္မရွိတဲ႕ေယာက္်ားေတြကို ကိုယ္စီကိုယ္ငွပိုင္ဆိုင္ၾကတယ္။ ကေလးေတြကိုထိန္းသိမ္းတာထက္စာရင္ အလုပ္ပိုလုပ္ေနရတာလည္း တူေနျပန္တယ္။ မတူတာက လစာ..။
.
ရွယ္လီ႕တစ္ႏွစ္ဝင္ေငြကုိလိုက္မီဖို႕ ဝမ္ဟာ ( ၄၂ ) လ လုပ္ရလိမ္႕မယ္။ အေၾကာၾကီးနဲ႕ေျပာတာမဟုတ္ဘူးေနာ္ ..  ပညာက စကားေျပာသြားတာ။ ဘြဲ႕ရတဲ႕လူက ေငြပိုရတယ္ဆုိတာ ေနရာတုိင္းမွာေတာ႕မဟုတ္ဘူး။ ပညာရွာလုိသူကုိ ပံ႕ပိုးမႈရွိမရွိကလည္း စကားေျပာတယ္။ ဝမ္႕ ေယာက္်ားက ဘယ္လိုလဲေတာ႕ေသခ်ာမသိဘူး..။
.
ရွယ္လီ႕ေယာက္်ားက သူ႕အလုပ္ျပဳတ္ခံျပီး ရွယ္လီ႕ကို ေက်ာင္းျပီးေအာင္တက္ခိုင္းႏုိင္ခဲ႕တယ္။ ဒါေၾကာင္႕ မိသားစုေတြ စားႏုိင္ေသာက္ႏုိင္ ဝယ္ႏုိင္ျခမ္းႏိုင္တယ္ေလ။ ေက်ာင္းမျပီးခဲ႕သူက ဝမ္ ..။ ေက်ာင္းျပီးခဲ႕တာက ရွယ္လီပါ .. ယွဥ္ၾကည္႕ၾကေပါ႕။ ဦးေႏွာက္ရွိျပီး တစ္ကယ္ပညာတတ္သူက ရွယ္လီသိပ္ခ်စ္ရတဲ႕ ရွယ္လီ႕အမ်ိဳးသား ဆိုင္မြန္ပါ။ ဒါေၾကာင္႕ ေက်ာင္းျပီးတာနဲ႕ ေက်ာင္းမျပီးတာကြာတယ္လုိ႕ အစပိုင္းက ေျပာခဲ႕တာ။
.
.
အထက္ပါဇာတ္လမ္းကိုေျပာျပီး ထမင္းစားပြဲခံုေအာက္မွာ လက္ကေလးကိုဖြက္ျပီး ဖုန္းထဲက စေတာ႕ရွယ္ယာေစ်းႏႈန္းေတြၾကည္႕ေနတဲ႕ ရွယ္လီကုိေက်ာခုိင္းျပီး ကြ်န္ေတာ္ ခပ္ေဝးေဝးကို ေငးၾကည္႕ေနမိတယ္။ ဒီအခ်ိန္မွာ ကြ်န္ေတာ႕အမ်ိဳးသမီးဆီက မက္ေဆ႕ဝင္လာတယ္္ “ ကုိ .. သားကို ဒီေန႕ေက်ာင္းၾကိဳရဦးမွာလား ” တဲ႕..။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
06-08-2015
.
.
.
Myanmar Unicode Version:
.
.
“ ကျောင်းပြီးသူ နဲ့ ကျောင်းမပြီးသူ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ရှယ်လီက အမေရိကားရောက်တော့ ( ၁၉ ) နှစ်သမီးအရွယ်။ အခုလိုဘဝရောက်အောင် တော်တော်ရုန်းခဲ့ရတယ်။ အဖေနဲ့လိုက်လာရင်း ဒီရောက်တော့ ကျောင်းတက်၊ ငွေရှားလို့အလုပ်လုပ် နဲ့ တစ်ခါကများဆို တစ်ရက်ကို အလုပ် ( ၃ ) မျိုးအထိလုပ်ခဲ့တဲ့ကာလတွေရှိခဲ့တယ်။ ရှယ်လီ့ဘဝက ရိုးရိုးစင်းစင်းပါပဲ။ ထူးခြားတာဆိုလို့ အထက်မှာ အစ်ကို ( ၄ ) ယောက်ရှိတယ်။ အဖေက တရားဝင်ပြောင်းရွှေ့ဗီဆာ - New Immigrant နဲ့ မြန်မာနိုင်ငံကနေ အရေးတော်ပုံအပြီး ( ၁၉၈၉ ) မှာ လိုက်လာခဲ့တာပေါ့ရှင်။
.
ရှယ်လီ့ဘဝကလည်း ကြပ်တည်းတယ်လို့ပြောရမှာပဲ။ ဘာမှမပြောတတ် မဆိုတတ်။ အသက် ( ၂ဝ ) ရဲ့ လျှာက ဘာသာစကားတစ်ခုအတွက် တော်တော်ပြင်ရခက်တယ်ဆိုတာ ကြုံဖူးသူတွေကိုယ်ချင်းစာနိုင်ပါလိမ့်မယ်။ ပထမပိုင်း ဘိနပ်ဆိုင်မှာလုပ်တယ်။ လခက တစ်လလုံးမှ ဒေါ်လာတစ်ထောင်တောင်မရဘူး။ ဒါကြောင့် ပိုလုပ်ရတယ်။ အဖေက ဆရာဝန်ဆိုတော့ ပညာတတ်ပေါ့။ စည်းကမ်းထဲမှာနေခိုင်းပြီး ငွေအသုံးစားရိတ်ကိုချွေတာခိုင်းတယ်။ တင့်တောင့်တင့်တယ်လူလားမြောက်စေချင်တယ်။ ဒါပေမယ့် တစ်ချို့ကိစ္စတွေက ထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။
.
.
( ၁ဝ ) နှစ်အကြာမှာ ဆိုင်မွန် နဲ့တွေ့တယ်။ သူက အမေရိကားရောက်တာ ရှယ်လီ့ထက် ( ၄ ) လလောက်ပဲ နောက်ကျတယ်။ သူ့ကိုတွေ့တဲ့နေ့က အဖေ နဲ့ သူ့အမေ မြန်မာနိုင်ငံတုန်းက အမျိုးတွေစပ်ကြရင်း ဖြစ်ချင်တော့ ရန်ကုန်မှာတုန်းက အဖေ့ဆီဆေးလာလာကုတဲ့ အဒေါ်ကြီးရဲ့သားဖြစ်နေတယ်။ ပိုဆန်းကြယ်တာက သူတို့က ( ၃၈ ) လမ်း အောက်လမ်း .. ရှယ်လီက အလယ်လမ်း။ ဒါပေမယ့် ရှယ်လီ နဲ့ သူနဲ့ တစ်ခါမှ မဆုံဖူးဘူး။ ပြောရင်ယုံမလားတော့မသိဘူး .. ရှယ်လီ့အစ်ကို ( ၄ ) ယောက်စလုံးနဲ့ သူနဲ့က သိကျွမ်းကြတယ်။ ဒါပေမယ့် ညီမအငယ်ဆုံးရှိတယ်ဆိုတာကို ဆိုင်မွန် က မသိဘူး။ ဆန်းတယ်နော် ..။
.
ဖူးစာအကြောင်းပြောရင် ဆိုင်မွန့်အကြောင်းပါမှ ပိုပြည့်စုံလိမ့်မယ်။ သူ့သူငယ်ချင်းက စပွန်ဆာပေးခေါ်လို့ ဆိုင်မွန်က အမေရိကားကို အလည်အနေနဲ့ရောက်လာတာ။ ရောက်ရောက်ချင်း ဓါတ်ဆီဆိုင်၊ ကားပါကင်၊ ကားဆေးတာ အကုန်လုပ်ပြီးနေခဲ့တယ်။ တစ်နှစ်ပြည့်ခါနီးမှာ ကွန်ပျူတာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ရင်း ဆိုင်မွန့်သူဋ္ဌေးက H1 ဗီဆာထုတ်ပေးတဲ့အခါ သူက Green Card လျှောက်လိုက်တယ်။ ဒါနဲ့ပဲ နိုင်ငံသားဖြစ်ခဲ့တယ်လို့ လွယ်လွယ်ပြောနိုင်ပါတယ်။ သူရောက်လာတဲ့ပုံစံကို လူတွေစိတ်ဝင်စားကြတယ်။ အခုနောက်ပိုင်း ဒါမျိုးနဲ့နေလို့ရတယ်လို့ မကြားမိတော့ပါဘူး။
.
.
ဆိုင်မွန်က အလုပ်အများကြီးလုပ်တယ်။ ကျောင်းမတက်နိုင်ဘူး။ မှတ်မှတ်ရရ သူနေထိုင်လာခဲ့တဲ့ အနှစ် ( ၂ဝ ) လောက်မှာ ကျောင်း ( ၂ ) ကြိမ်တက်ခဲ့ဖူးတယ်။ တစ်ခေါက်ဆို အများဆုံးခံနိုင်ရင် ( ၃ ) လပဲ။ မခံနိုင်လို့ ဆက်မတက်နိုင်ဘူးလေ။ စဉ်းစားကြည့် အလုပ်ချိန် ( ၈ ) နာရီဆိုတာ ပြင်ရဆင်ရနဲ့ တစ်ရက်ရဲ့တစ်ဝက်ကုန်တယ်။ အိမ်မှုကိစ္စရှိသေးတယ် .. အမှိုက်သွန်ရသေးတယ် .. ချက်ပြုတ်စားသောက်ရသေးတယ်။ မအိပ်လို့လည်းမရပြန်ဘူးလေ။ အိပ်ရေးအပျက်ခံပြီး ကျောင်းပြေးတက်လိုက် အလုပ်ကိုနောက်ကျလိုက်နဲ့ အဆင်ကိုမပြေခဲ့သလို ဆိုင်မွန်တစ်ယောက် ပညာတတ်မဖြစ်ခဲ့ဘူး။
.
ရှယ်လီနဲ့မညားခင်အထိ        ဆိုင်မွန်က ငွေအရမ်းသုံးနိုင်တယ်။ တစ်ကိုယ်ရေတကာယသမားလည်းဖြစ်တယ်။ ဘာမှ ပူပန်စရာမရှိဘူး။ ရှယ်လီနဲ့အိမ်ထောင်ကျပြီးတဲ့အထိ ရှယ်လီအလုပ်မလုပ်ရင်တောင် အားလုံးအဆင်ပြေတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူမမျှော်လင့်ထားတဲ့ကိစ္စက ဆိုင်မွန့်ကုမ္ပဏီမှာ ဖြစ်ပွားခဲ့တယ်။ ( ၁၂ ) နှစ်ဆက်တိုက်လုပ်လာတဲ့ ဝန်ထမ်းကောင်းဆိုင်မွန့်ကို လူလျှော့ - Layoff လုပ်တဲ့စာရင်းထဲထည့်လိုက်တယ်တဲ့လေ။ အဲဒီဘဝကို ဆိုင်မွန်အသက်ရှူမဝဘူး။ သူ့ကိုမေးတိုင်း သူဘာမှ ပြန်မပြောပြချင်ဘူး .. စကားမစချင်ဘူး။ အလုပ်ပြုတ်တဲ့အရသာဟာ ဘယ်လိုကြီးမှန်းကိုမသိဘူးဆိုပြီး စကားလုံးရှာမရဘူးလို့ အမြဲပြောတယ်။
.
.
တစ်ခုကံကောင်းသွားတာက ဆိုင်မွန်အလုပ်မပြုတ်ခင် အရှေ့ပိုင်းလေးမှာ ကျောင်းမပြီးတဲ့ ရှယ်လီ့ကို သူက ကျောင်းပြန်တက်ခိုင်းတယ်။ ဆိုင်တွေမှာ ဝန်ထမ်း၊ ဆိုင်အကူလုပ်နေရာကနေအစိုးရရုံးအလုပ်တွေအများကြီးရှိတဲ့ ဆီလီကွန်ဗဲလီမြို့တော် ဆန်ဟိုဆေး - San Jose ကို အလုပ်ပြောင်းခိုင်းတယ်။ ရှယ်လီလုပ်တဲ့ကုမ္ပဏီက ကျောင်းပြန်တက်တဲ့ရှယ်လီ့ကို ကျောင်းကျူရှင်ကြေးတစ်ဝက်စိုက်ပေးတယ်။
.
ကျန်တဲ့ငွေကိုကျောင်းသားချေးငွေ - Student Loan ယူပြီး တစ်လကို ( ၁ဝ၈ ) ဒေါ်လာနဲ့ ( ၆ ) နှစ်လောက်ဆပ်လိုက်တာ အကြွေးကျေသွားတယ်။ ရှယ်လီတို့အိမ်ဝယ်တယ်။ ( ၁ဝ % ) လက်ငင်းငွေချတယ်။ ကျန်ငွေကို အိမ်ချေးငွေ - Mortgage တစ်လ ဒေါ်လာ ( ၃ဝဝဝ ) ကျော်သွင်းကြရတယ်။
.
အလုပ်အပြောင်းအလဲဖြစ်လာတဲ့ ဆိုင်မွန်ဟာ ပါဆယ်ပို့တဲ့အလုပ်ကိုလုပ်တယ်။ ပေါင်မုန့်ကားလေးတစ်စီးဝယ်ပြီး တစ်နေကုန် Amazon နဲ့ eBay ရဲ့ပါဆယ်တွေလိုက်ပို့တာ တစ်ရက်ကို ဒေါ်လာ ( ၁၇ဝ ) ဝင်တယ်။ တစ်ပတ် ( ၅ ) ရက်လုပ်ရုံပဲ စနေ တနင်္ဂနွေနားလို့ရတယ်။ တစ်ခုအခက်အခဲရှိတာက ခွင့်ယူလို့မရဘူး ကျန်းမာရေးအာမခံ - Medical Insurance မရှိဘူး။ နောက်တော့ အဲဒီအလုပ်ကနေနားလိုက်တယ်။ ကားကိုရောင်းဖို့ Craigslist’s မှာတင်ထားတယ်။ အခုထိတော့ရောင်းမထွက်သေးဘူး။
.
.
ပြောချင်တာက ကျွန်မကျောင်းပြီးတဲ့အထိ ဆိုင်မွန်ကငွေအသုံးကြမ်းတုန်းပဲ။ ကျွန်မက ငွေသိပ်မရှာနိုင်သေးတဲ့အချိန်လေ။ ဒါပေမယ့် ရှယ်လီကျောင်းပြီးသွားတော့ ဘွဲ့နဲ့တန်တဲ့အလုပ်ရလာတယ်။ နာရီစားကနေ လစားဖြစ်လာတယ်။ တစ်ရက်ကို ( ၁၄ ) နာရီလုပ်ရတယ်။ ရှယ်လီ့ဝင်ငွေဟာ တစ်နှစ်စာ ( ၉၆ဝဝဝ ) အထိ ဖြစ်လာတယ်။ ဒါကတော့ ဆရာစားမချန်ထားပဲ အကုန်ပြောပြတာပါ။
.
တက်ခဲ့တဲ့မေဂျာက စာရင်းကိုင် - Accounting ။ မနက်စော သား နဲ့ သမီးကိုကျောင်းပို့ပြီး ( ၉ ) နာရီရုံးတက်တယ်။ အလုပ်စကတည်းကရုံးမှာ အစည်းအဝေးပေါင်းမျိုးစုံလိုက်တက်နေရတာနဲ့ ညနေ ( ၄ ) နာရီလောက်မှ ပြီးတယ်။ ရှယ်လီ့ရုံးခန်းထဲကိုဝင်လိုက်တဲ့ ညနေ ( ၅ ) နာရီလောက်မှ ကိုယ့်အလုပ်ကိုယ် စလုပ်ရတယ်။ ဒါနဲ့ပဲ အီးမေးလ်ပြန်၊ စာပြန်၊ စာရင်းချုပ်၊ ကုမ္ပဏီတစ်ခုလုံးရဲ့စာရင်းပေါင်းချုပ် အားလုံးလုပ်ပြီးသွားတဲ့အချိန် ည ၉ ၁ဝ ) နာရီထိုးနေပြီ။ အိမ်ရောက်ရင် ဆိုင်မွန် နဲ့ ကလေး ( ၂ ) ယောက်က အိပ်ပြီ။ မအိပ်ခင် ခေါက်ဆွဲတစ်ထုပ်ပြုပ်စားပြီး ကိုယ်လက်သန့်စင်ရတယ်။
.
.
အဲဒီမှာ ရှယ်လီကဝင်ငွေကောင်းလာပြီးတော့ ဆိုင်မွန်က ဝင်ငွေမရှိဘူးဖြစ်လာတယ်။ ရုပ်ရှင်တွေ စာတွေထဲမှာဖတ်ဖူးသလို ရှယ်လီမလုပ်ပါဘူး။ မနှိမ်ဘူး .. သူ့ကိုအားပေးတယ်။ ငါတို့မှာငွေမလိုဘူး။ ဝင်ငွေကလည်း အိမ်ကြွေးထဲကိုပဲ ဝင်သွားတယ်။ ကလေးတွေအတွက်လည်း စိတ်ပူစရာမရှိဘူးလေ။ အမေရိကားမှာ သူတို့ဖာသာသူတို့လုပ်ရမှာ .. ရပ်တည်ရမှာ။
.
အိမ်ကြွေးက ( ၄၈ဝဝဝဝ ) ကျန်သေးတော့ လင်မယားနှစ်ယောက်ဝင်ငွေအသစ်နဲ့ဆိုရင် ဘဏ်မှာ အကြွေးနှုန်းအသစ်ပြင် - Refinance လုပ်ဖို့ ဆိုင်မွန်ကို အလုပ်ပြန်လုပ်ခိုင်းတယ်။ ဝင်ငွေများစရာမလိုဘူး။ ရှယ်လီတို့နှစ်ယောက်ဝင်ငွေ နဲ့ တစ်နှစ်စာဝင်ငွေ - W2 အသစ်နဲ့ဆိုရင် တစ်လအိမ်ကြွေး ဒေါ်လာ ( ၃ဝဝဝ ) ပေးစရာမလိုတော့ဘူးလေ။ ဒါကြောင့် အားမငယ်နဲ့ဆိုင်မွန်ရေ ဆိုပြီး စိတ်ဓါတ်မြှင့်တင်ပေးရတယ်။
.
.
ဆက်စပ်ပြီးတွေးလို့ရအောင် ဆိုင်မွန်အခုလုပ်တဲ့အလုပ်က တရုတ်မတစ်ယောက်အကြောင်း သတိရမိတယ်။ သူ့နာမည်က ဝမ် တဲ့။ အလုပ်မှာဆို ထိပ်စည်းနာမယ်တစ်လုံးပဲခေါ်ကြတယ်လေ။ ဝမ်ဟာ ဆိုင်မွန့်အလုပ်မှာ အမေရိကန်သံအနေအထားအမိုက်စားနဲ့ စကားပြောတယ်။ ကွမ်တုန်းစကားလည်းတတ်တယ်။ တစ်ရက်မှာ ဝမ်ကို လုပ်ဖော်ကိုင်ဖက်တစ်ယောက်က “ နင့် အင်္ဂလိပ်အသံက ဒီလောက်ကောင်းတာ ဘာနဲ့ကျောင်းပြီးထားတာလဲ ” လို့မေးတော့ ဝမ် က “ သူကျောင်းမပြီးဘူးလို့ ” ပြန်ဖြေတယ်လေ။ နင်ကျောင်းမပြီးဘူးဆိုတာဟုတ်ပါ့မလား လို့ ပြန်မေးတော့

ဟုတ်ပါတယ်။ ငါ့မှာ ကလေးဘယ်နှစ်ယောက်ရှိတယ်ထင်သလဲ ” လို့အစချီပြီး ဝမ် က သူ့ဇာတ်လမ်းကို ပြောပြပါတော့တယ်။
.
ငါ့မှာ ကလေး ( ၄ ) ယောက်ရှိတယ်။ သား ( ၃ ) ယောက် နဲ့ သမီးကတော့ အငယ်ဆုံးပေါ့။ ငါ့မိဘတွေက ဟောင်ကောင်ကနေလာတော့ ငါ့အစ်ကို ( ၃ ) ယောက်ပါလာတယ်။ ငါ့ကိုတော့ အမေရိကားရောက်မှမွေးတာ။ ဒါကြောင့် ငါ့အင်္ဂလိပ်အသံထွက်ကောင်းတာနေမှာ ”
.
ငါက အထက်တန်း ( ၁၂ ) တန်းကျောင်းပြီးတယ်။ ကောလိပ်တက်တော့ ( ၁၇ ) နှစ်သမီးအရွယ်မှာ ငါ့သားကြီးကိုယ်ဝန်စရတယ်။ ဒါနဲ့ ဆက်တိုက်မွေးလာလိုက်တာ ( ၃ ) ယောက်ပြီးတော့ ကျောင်းပြန်တက်ဖို့လုပ်သေးတယ် ”
.
ဒါပေမယ့် အငယ်လေးမွေးပြီးတဲ့အချိန် ငါ့ယောက်ျားက အလုပ်သိပ်မကောင်းတော့ ကလေးတွေကို အဖိုးအဖွားတွေထိန်းခိုင်းပြီး ငါအလုပ်ထွက်လုပ်ရတယ်။ အိမ်မှုကိစ္စစီမံရတယ်။ ဟင်းချက်ရတယ်။ ဝင်ငွေရှိမှဖြစ်မယ်လေ .. မဟုတ်ဘူးလား ”
.
အေး .. ငါသာကျောင်းပြီးခဲ့ရင်တော့ နင်တို့ကုမ္ပဏီမှာ တစ်နာရီ ( ၁၃ ) ဒေါ်လာနဲ့အလုပ်လုပ်ဖို့ အခုစကားပြောနေတဲ့ ဝမ် ကို နင်ဘယ်တွေ့ရပါတော့မလဲ။ ကျောင်းတော့ပြန်တက်ချင်ပါတယ်ဟာ .. ကလေးတွေရှေ့ရေးနဲ့ သူတို့ကျောင်းကိစ္စတွေကရှိသေးတယ်။ အခုတောင် အိမ်မှာ တရုတ်စကားမပြောလို့ မနည်းဆူထားရတယ် ” လို့ ဝမ် က ရှည်ရှည်ဝေးဝေးရှင်းပြသွားပါတယ်။
.
.
ရှယ်လီ နဲ့ ဝမ် တို့ရဲ့ဘဝတွေ ဘယ်နေရာမှာကွာခြားပါသလဲ? စားဝတ်နေရေးအတွက် လုပ်နေရသူချည်းပါပဲ။ ယောက်ျား နဲ့ ကလေးတွေကို ချစ်တာခြင်းလည်းတူပါတယ်။ ဝင်ငွေသိပ်မရှိတဲ့ယောက်ျားတွေကို ကိုယ်စီကိုယ်ငှပိုင်ဆိုင်ကြတယ်။ ကလေးတွေကိုထိန်းသိမ်းတာထက်စာရင် အလုပ်ပိုလုပ်နေရတာလည်း တူနေပြန်တယ်။ မတူတာက လစာ..။
.
ရှယ်လီ့တစ်နှစ်ဝင်ငွေကိုလိုက်မီဖို့ ဝမ်ဟာ ( ၄၂ ) လ လုပ်ရလိမ့်မယ်။ အကြောကြီးနဲ့ပြောတာမဟုတ်ဘူးနော် ..  ပညာက စကားပြောသွားတာ။ ဘွဲ့ရတဲ့လူက ငွေပိုရတယ်ဆိုတာ နေရာတိုင်းမှာတော့မဟုတ်ဘူး။ ပညာရှာလိုသူကို ပံ့ပိုးမှုရှိမရှိကလည်း စကားပြောတယ်။ ဝမ့် ယောက်ျားက ဘယ်လိုလဲတော့သေချာမသိဘူး..။
.
ရှယ်လီ့ယောက်ျားက သူ့အလုပ်ပြုတ်ခံပြီး ရှယ်လီ့ကို ကျောင်းပြီးအောင်တက်ခိုင်းနိုင်ခဲ့တယ်။ ဒါကြောင့် မိသားစုတွေ စားနိုင်သောက်နိုင် ဝယ်နိုင်ခြမ်းနိုင်တယ်လေ။ ကျောင်းမပြီးခဲ့သူက ဝမ် ..။ ကျောင်းပြီးခဲ့တာက ရှယ်လီပါ .. ယှဉ်ကြည့်ကြပေါ့။ ဦးနှောက်ရှိပြီး တစ်ကယ်ပညာတတ်သူက ရှယ်လီသိပ်ချစ်ရတဲ့ ရှယ်လီ့အမျိုးသား ဆိုင်မွန်ပါ။ ဒါကြောင့် ကျောင်းပြီးတာနဲ့ ကျောင်းမပြီးတာကွာတယ်လို့ အစပိုင်းက ပြောခဲ့တာ။
.
.
အထက်ပါဇာတ်လမ်းကိုပြောပြီး ထမင်းစားပွဲခုံအောက်မှာ လက်ကလေးကိုဖွက်ပြီး ဖုန်းထဲက စတော့ရှယ်ယာဈေးနှုန်းတွေကြည့်နေတဲ့ ရှယ်လီကိုကျောခိုင်းပြီး ကျွန်တော် ခပ်ဝေးဝေးကို ငေးကြည့်နေမိတယ်။ ဒီအချိန်မှာ ကျွန်တော့အမျိုးသမီးဆီက မက်ဆေ့ဝင်လာတယ် “ ကို .. သားကို ဒီနေ့ကျောင်းကြိုရဦးမှာလား ” တဲ့..။
.
ခင်မင်ခြင်းများစွာဖြင့်
.
06-08-2015
.
“ ေက်ာင္းျပီးသူ နဲ႕ ေက်ာင္းမျပီးသူ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ေမလ ( ၇ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၃၃ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link : http://www.mediafire.com/download/r240so6piyqpwf9/NetGuide+Vol.4%2C+No.33%282%29.pdf
 



No comments: