ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Monday, August 6, 2018

၈၈၈၈ ပုလဲရတုရဲ့ စွဲပြုခဲ့ရင်တွင်းကဝေဒနာ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
. ကျွန်တော်တို့ရဲ့ရင်ထဲမှာ အနှစ် (၃ဝ) ပေါင်းစုထားတဲ့ဝေဒနာတွေ ရှိတယ် . .။
.
ရှစ်သောင်းသော အုံကြွမှုတွေရဲ့နောက်ကွယ်
ရှစ်သိန်းသော တားဆီးမှုတွေရဲ့ကြားက
ရှစ်သန်းသော ပြည်သူတွေရဲ့ရင်ကြားစေ့မှုနဲ့အတူ
ရှစ်ဘဝဂ်က ညံ တိုင်းပြည်မှာ အသံထွက်ခဲ့ပြီ။
.
ညီစေခဲ့သော ငါတို့ရဲ့ဆောင်ပုဒ်တွေ
ညီစေခဲ့သော ငါတို့ရဲ့အလံအောက်ကတွဲလက်တွေ
ညီစေခဲ့သော ပြေးရင်းမထောက်နိုင်တော့တဲ့ခြေထောက်တွေနဲ့
ညီစေခဲ့သော တိုင်းပြည်ရဲ့အားမာန် တိမ်ယံမှာ ထင်ကျန်ခဲ့ပြီ။
.
ငါတို့တတွေ အခုဘာလုပ်ကြမလဲ?
.
ဒီနေရာကိုရောက်အောင် ခင်းခဲ့တဲ့ဘဝတွေ နဲ့
ဒီခရီးထိပေါက်အောင် ရင်းခဲ့တဲ့တခဏတွေအတွက်
ဒီလိုအုပ်ချုပ်သူရဖို့ နင်းခဲ့ရတဲ့အသက်တွေဆက်ပြီး
ဒီမိုကရေစီသိုင်းဖက် တိုင်းပြည်ပျက်အတွက်
အလုပ်ဆက်လုပ်ကြမယ် ရောင်းရင်းတို့ . .။
.
ကိုညီညီ (တောင်ကြီး)
ဝ၈-ဝ၈-၂ဝ၁၈

No comments: