ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, December 17, 2020

Relief Flight နဲ့ အိမ်ပြန်ရောက်ပြီ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

 ဦးညီရေ . . .

          အွန်လိုင်းမှာ မြန်မာနိုင်ငံပြန်နိုင်ဖို့ Relief Flight ဘယ်လိုလျှောက်ရသလဲဆိုတာရှာဖတ်ကြည့်မိရင်းအချိန်တော်တော်ကုန်သွားတယ်။ သိချင်လို့ ဦးညီကိုလည်းမေးခဲ့သေးတယ်လေ။ ဟိုလိုလို ဒီလိုလိုနဲ့ဘယ်သူ့ကိုမေးရမှန်းမသိဘဲ နောက်ဆုံးမြန်မာတွေမဲသွားပေးခဲ့တဲ့ အယ်လ်အေမြန်မာသံရုံးကဦးအောင်ကျော်နိုင်ကိုမေးလိုက်တော့ သူကသဘောကောင်းတယ်။ လုပ်ဆောင်ရမယ့်ပုံစံတွေပြောပြလိုက်တယ်။ တင်ဖို့ဖောင်ပေးလာတယ်။ ဒါပေမဲ့ ဒီ Relief Flight ကိစ္စကို အယ်လ်အေမြန်မာသံရုံးကမကိုင်ဘူး။ ဝါရှင်တန်မြန်မာသံရုံးကကိုင်တာလို့ပြောပြပါတယ်။

 

          အီးမေးလ်က mewdcusa@yahoo.com ကိုပို့ရမှာပါ။ ပါတဲ့အချက်တွေက နိုင်ငံကူးလက်မှတ်မိတ္တူ၊ ဗီဆာစာမျက်နှာနဲ့အမြဲတမ်းနေထိုင်ခွင့်ကဒ်ပြား-Green Card တို့ဖြစ်ပါတယ်။ အဲဒီမှာအမေရိကားကိုသမီးရောက်တဲ့နေ့နဲ့ပြန်သွားလိုတဲ့အကြောင်းအရာတွေကိုဖြည့်ရတယ်။ ရန်ကုန်ရောက်ရင် ၂၁ ရက် Q ဝင်တာကိုလက်ခံပါမယ်ဆိုတာလည်းပါတယ်။ ကျန်တာတွေကကိုယ်ရေးကိုယ်တာအချက်အလက်တွေချည်းဖြစ်လို့ ဦးညီဖတ်ကြည့်ရင်သိပါလိမ့်မယ်။

 

          သမီးက ဖြည့်ပြီးတဲ့ဖောင်ကိုစကင်ကောင်းကောင်းလေးဖတ်ပြီးအီးမေးလ်ပို့လိုက်ပြီးကံကောင်းလို့လားမသိဘူး ရက်ကြာတာနဲ့ ဝါရှင်တန်မြန်မာသံရုံးကအသံချိုချိုနဲ့အမျိုးသမီးတစ်ယောက်ကဖုန်းဆက်လာပြီး လာမယ့် ___ လ၊ ___ ရက်မှာပြန်မယ့် Relief Flight နဲ့ ထည့်ပေးလိုက်မယ်လို့ပြောတယ်။ သူရှင်းပြတာတွေကတော့အများကြီးပဲ။ ခရီးစဉ်က ဆင့်စီးရမှာဖြစ်တဲ့အကြောင်း၊ လေကြောင်းလိုင်း လိုင်းရှိကြောင်း၊ အမေရိကားကနေကိုယ့်လက်မှတ်ကိုယ်ဝယ်ပြီး ကိုးရီးယားနိုင်ငံအင်ချွန်းလေဆိပ်ကို သူပေးမယ့်ရက်အတိုင်းလက်မှတ်ဝယ်ရမှာဖြစ်ကြောင်း အဲဒါတွေအသေးစိတ်ပြောပါတယ်။

 

          ဦးညီရေ အခုဖြစ်နေတာကရောဂါပိုးကြောင့်လေယာဉ်တွေမထွက်နိုင်ပေမယ့် ထွက်နေတဲ့လေယာဉ်တွေကိုစီးခွင့်ရနေသူတွေကရောဂါပိုးတွေကိုဆင့်ပွားသယ်ယူတာမျိုးမဖြစ်စေဖို့အရေးကြီးတာမဟုတ်လား။ သမီးကိုသူတို့မယုံ၊ သမီးကသူတို့ကိုမယုံ နဲ့ ခန္ဓာကိုယ်ကိုကာကွယ်ရေးတွေသေသေချာချာလုပ်တတ်မှလေယာဉ်နဲ့တစ်ဆင့်ပြောင်းလေဆိပ်တွေကလက်ခံကြမှာမဟုတ်လား။

 

          လေကြောင်းလိုင်း လိုင်းလုံးကကိုးရီးယားပိုင်လေကြောင်းလိုင်းတွေပါပဲ။ တစ်ခုက ကိုးရီးယားအဲ နဲ့ နောက်တစ်ခုက အေရှားနားအဲဝေးတို့ပါ။ သံရုံးကအမျိုးသမီးကရှင်းပြတာက ကိုးရီးယားအဲနဲ့စီးရင်တော့ ဒီအမေရိကားကနေ ဘယ်နှစ်ရက်အတွင်း ပိုးကင်းစင်ကြောင်းစစ်ဆေးထားတဲ့အတည်ပြုလက်မှတ်လိုတယ်။ အေးရှားနားအဲလိုင်းကမလိုဘူးတဲ့။ ဒါနဲ့ သမီးလည်း သမီးအဖေနဲ့တိုင်ပင်ပြီး အေးရှားနားလက်မှတ်ကိုဝယ်လိုက်တာ ၂ဝ၂ဝ ဒီဇင်ဘာလဆန်းအတွက်ကို ၆ဝ၁ ဒေါ်လာပေးရတယ်။ လက်ခံတာက ပေါင် ၅ဝ တန်ဆာ ထုတ်သယ်ခွင့်ကိုအခမဲ့။ လက်ဆွဲကယ်ရီက ၂၁ ပေါင်။ ဟိုဘက်လေဆိပ်ရောက်ရင်တော့ မြန်မာနိုင်ငံကလာကြိုမယ့် မြန်မာအဲဝေးအင်တာနေရှင်နယ်က ထုတ်ပဲပေးသယ်တော့ တန်ဆာခ ၈၅ ဒေါ်လာပေးရမယ် ငွေသားယူသွားပါ ငွေလဲကောင်တာမှာကိုးရီယားဝမ်ငွေလဲပြီးပေးဆောင်ရမယ်လို့မှာလိုက်တယ်။ 

 

          အင်ချွန်း-ရန်ကုန်အခြမ်းကိုအွန်လိုင်းကဝယ်လို့မရပါ။ ရန်ကုန်ကလူကအေးဂျင့်ဖြစ်ဖြစ် MAI ရုံးချုပ်မှာဖြစ်ဖြစ်သွားဝယ်ရပါတယ်။ ဒေါ်လာ ၅ဝဝ ပေးရတယ်။ ဒါကိုလည်းသံရုံးကလက်မှတ်ဝယ်လို့ရပြီဆိုတာကိုဖုန်းပြန်ဆက်မယ်လို့ပြောပါတယ်။ သူတို့ဆက်မှ ရန်ကုန်ကအမျိုးတွေကအေးဂျင့်မှာသွားဝယ်တာပါ။ MAI ရုံးချုပ်မှာတိုက်ရိုက်ဝယ်ရင်တော့ ၁ဝ ဒေါ်လာလောက်သက်သာတယ်လို့ပြောတယ်။ ဒါတွေအားလုံးက သံရုံးက Relief Flight အတွက်လူစာရင်းထွက်မှလုပ်ရမှာပါ။ 

 

          သမီးလေဆိပ်ဆင်းတော့ ဒီက အဖေနဲ့အမေလေဆိပ်လိုက်ပို့တယ်။ သမီးရဲ့ဂရင်းကဒ်က အမေရိကားပြင်ပနေထိုင်သက်တမ်း ၁၁ လနဲ့ပြန်ဝင်လာတာလေ။ အခုပြန်ထွက်တော့လည်း ဒီဂရင်းကဒ်နဲ့ပဲပြန်ထွက်သွားလိုက်တာပါ။ သံရုံးကပို့လာပေးတဲ့ကျန်းမာရေးကောင်းကြောင်းဖောင် စောင်ကိုလည်းဖြည့်သွားလိုက်တယ်။

 

          ဆန်ဖရန်လေဆိပ်ကောင်တာမှာကတည်းက သမီးအထုတ်တွေဟာ ရန်ကုန်အထိ Check Through System လုပ်ပေးဖို့သံရုံးကမှာတာကိုကောင်တာမှာသေသေချာချာပြောပြလိုက်တယ်။ ထပ်ပြောပြချင်တာက ရောဂါမကူးအောင်လူတွေကခုခံနေပုံနဲ့အခုလိုခေတ်ပျက်ကြီးထဲမှာခရီးသွားရတဲ့ပုံစံ။ 

 

           သမီးက မျက်နှာဖုံးတပ်တယ်။ အရှေ့ကအပြားအကြည်နဲ့ Face Shield တပ်တယ်။ ပိုးသတ်ဆေးထဲက Disinfecting Wipe အစိုဝယ်သွားတယ်။ အထဲမှာ အစ ၃ဝ-၄ဝ လောက်ပါတာမျိုးလေးလေ။ နောက်ထပ် Isopropyl Alcohol Wipes ကို အစ ၄ဝ ပါတာဝယ်သွားတယ်။ နောက်ပြီး အရက်ပြန်ကိုဖြန်းလို့ရတဲ့ Spray ဝယ်သွားတယ်။ သမီးယူသွားတဲ့ဘီးပါခရီးဆောင်အိတ်ကို Roll Stretch Plastic Wrap နဲ့ အိမ်ကနေတစ်ခါတည်းပတ်သွားတယ်။ ပြောရရင်တော့ နှာခေါင်းရော၊ ပါးစပ်ရော၊ လူရော၊ ကိုယ်ခန္ဓာရော၊ ခရီးဆောင် Luggage ရောဂရုစိုက်တယ်ပေါ့ဦးညီရာ။ 

 

          ဒါတွေလုပ်ခဲ့တာမှန်သွားတယ် ဦးညီ။ ဆန်ဖရန်စစ္စကိုကနေ အင်ချွန်းကိုသွားတဲ့လေယာဉ်က ထိုင်ခုံကတစ်ယောက်ခြားစီ၊ အရှေ့တန်းနဲ့နောက်တန်းမှာလည်း လူအချင်းချင်းမဆုံအောင်ရှောင်ပြီးထိုင်ရတယ်။ အစားအသောက်လည်းစားရဲတယ်။ ပြီးတော့ စဉ်းစားကြည့်လေ။ သမီးက ဒီဘက်မှာ လလောက်ကြာခဲ့တော့ လေယာဉ်ပေါ်ကကိုးရီးယားစာကစားကောင်းတော့တာပေါ့။ လေယာဉ်ထိုင်ခုံတွေ၊ လက်တန်းတွေကိုအရက်ပြန်နဲ့သုတ်၊ လက်ကိုပြန်သုတ်၊ ဗူးတွေကိုထပ်သုတ်၊ အစားစားရတာအားမနာရတော့ဘူး။ မစိုးရိမ်ရတော့ဘူး။

 

          အင်ချွန်းလေဆိပ်ရောက်တော့ ၁ဝ နာရီလောက်နားရတယ်။ သမီးတို့နားနေရမယ့်အခန်းကိုပြတယ်။ လေဆိပ်မှာအကြိုက်ဆုံး ခုတွေ့ခဲ့တာပြောပြရဦးမယ် ဦးညီ။ ကိုဗစ်ကင်းစင်လေဆိပ်တဲ့။ သိပ်ကြိုက်တာပဲ။

 

          နောက်တစ်ခုက အလိုအလျောက်သွားနေတဲ့စက်ရုပ်လေးတွေလူတွေကိုလိုက်ကူညီနေတာ။ သူတို့နဲ့စကားပြောလို့လည်းရတယ်။ တကယ်တော့ အင်ချွန်းလေဆိပ်ထဲမှာသမီးတို့ကကြိုက်တဲ့နေရာသွားလို့ရပါတယ်။ ထိုင်စရာလည်းပေါတယ်။ အကျယ်ကြီးပဲ။ ချောင်ချောင်ချိချိနေရာတွေလည်းရှာရလွယ်တယ်။ အမှန်တကယ်က သမီးတို့လို့ တစ်ထောက်နားခရီသည်တွေဘယ်သွားသလဲဆိုတာ သူတို့ကထောက်လှမ်းနေမှာပေါ့။

 


          ပြောလိုက်တာလောသွားတယ်။ ဝါရှင်တန်ဒီစီမြန်မာသံရုံးကမှာလိုက်တဲ့အတိုင်း အင်ချွန်းလေဆိပ်က MAI ကောင်တာမှာ ပေါင် ၅ဝ စာ ထုတ်အတွက်တန်ဆာဆောင်ဖို့ကိုးရီးယားဝမ်လဲထားပြီး ပေးမယ်လည်းလုပ်ရော ပေးစရာမလိုဘူးတဲ့ တကယ်ပြောတာ။ သူများတော့မသိဘူး။ သမီးကမပေးရတော့ အဲဒီ ပေါင် ၅ဝ စာ ထုတ်ဟာ ဆန်ဖရန်လေဆိပ်မှာကတည်းက ခရီးလမ်းဆုံးလေဆိပ်လို့ပြထားတဲ့အတိုင်းရန်ကုန်လေဆိပ်ကိုတန်ဆာခအပိုကြေးမပေးရဘဲ အခမဲ့ရောက်လာခဲ့ပါတယ်။ ဒါနဲ့ လဲထားတဲ့ဒေါ်လာကိုကောင်တာမှာပြန်သွားသွင်းတာ ဒေါ်လာရှုံးသွားတယ် ဒီလို . . ဒီလိုပါ ဦးညီရေ။

 

          လေယာဉ်ပေါ်တက်တက်ချင်း MAI ကပေးလိုက်တဲ့အထုတ်လေးကသိပ်ကောင်းတယ်။ မျက်နှာဖုံးပါတယ်။ Face Shield ပါတယ်။ PPE လို Gear လို့ခေါ်မလား Gown လို့ခေါ်မလားပါတယ်။ ခေါင်းစည်းပါတယ်။ ဖိနပ်ပါတယ်။ လက်အိတ်တွေ၊ Hand Sanitizer တစ်ခါသုံး Sanitizer အထုတ်လေးတွေ အစုံ အစုံပေးလိုက်တာ။

 

          လေယာဉ်ဟာရန်ကုန်လေဆိပ်ကိုဆိုက်တာနဲ့ Q ဝင်တာက ဟော်တယ်ယူမလား Facility ယူမလားလို့မေးတယ်။ အခုက သမီးတို့က ရက်ပဲဝင်ရမှာ။ Facility ဆိုရင်တော့ သမီးမပြောတတ်ဘူး။ သမီးကဟော်တယ်မှာဘာရှိသလဲဆိုတော့ ကြယ်သုံးပွင့်ဟော်တယ်နဲ့ကြယ်ငါးပွင့်ဟော်တယ်ဆိုပြီးရှိတယ်တဲ့။ ဟော်တယ်တွေက အစိုးရပိုင်းရဲ့စီမံမှုအရတစ်ချိန်နဲ့တစ်ချိန်မတူဘူး လှည့်နေတယ်။ သမီးရောက်တဲ့နေ့က ဟိုတယ်ရှန်ဂရီလာနဲ့နောက်တစ်ခုဆိုတော့ သမီးကဟိုတယ်ရှန်ဂရီလာကိုယူလိုက်တယ်။ တစ်ရက်ကို ၈၅ ဒေါ်လာ။ သမီးရောက်တဲ့အချိန်က ညဘက်ကြီး ၁၁ နာရီကျော်ဆိုတော့ Q က ရက်အစား ညဝင်ခဲ့ရတယ်။

          

          ဟိုတယ်ရောက်တာနဲ့ချက်ကင်ဝင်ရတယ်။ ပိုးကင်းစင်ကြောင်းစစ်ဆေးထားတဲ့စာရွက်ပါသလားလို့မေးတယ်။ သမီးကမပါဘူးလို့ပြောတော့ ဘာမှမဖြစ်ဘူး။ ဟိုတယ်ရောက်တော့ ရက်မြောက်တဲ့နေ့မှာ ပိုးစစ်တဲ့အဖွဲ့လာပြီးစစ်တယ်။ စစ်မယ့်နေ့ကိုလည်းကြိုပြောတယ်။ လူတွေချဲပြီး Social Distancing အရလုပ်ဆောင်တာအားရစရာကောင်းတယ်။ အဖြေကျတော့ ပြန်ထွက်တော့မယ့်အရှေ့ရက်မှာစာအိတ်လေးနဲ့လာပေးတယ်။ ပိုးကင်းစင်တယ်ဆိုတဲ့ မြန်မာလိုစာရွက်ရယ်၊ အင်္ဂလိပ်လိုစာရွက်ရယ်၊ ဟိုတယ်ကပေးတဲ့ ရှန်ဂရီလာမှာ ရက် သီးသန့်ခွဲခြားနေထိုင်ပြီးကြောင်းစာရွက်တွေထုတ်ပေးတယ်။

 

          ဟိုတယ်က အစားအသောက် နှပ်ပါတယ်။ မနက်စာက နာရီ၊ နေ့လည်စာ ၁၂ နာရီ နဲ့ ညစာက နာရီအချိန်မှန်လာပို့တယ်။ ကျွေးတာကသူတို့စီစဉ်ပေးတယ်။ ဘိုစာပါတယ်။ ကိုယ်စားချင်တာဆိုရင်လည်းချက်ခိုင်းလို့ရတယ်။ သမီးက ဘိုစာချည်းစားရလို့တစ်ခြားအစာစားချင်တယ်လို့ပြောလိုက်တော့ မြန်မာဟင်းချက်ပြီးလာပို့ပေးတယ်။ ပြောရရင် ဟိုတယ်ကတော်တော်သန့်တယ်။ ကြယ်သုံးပွင့်ဟိုတယ်သွားရင် ဒေါ်လာအနည်းငယ်သက်သာနိုင်တယ်။ အခုလိုခရီးသွားတွေမရှိတဲ့အချိန်မှာ မြန်မာ့ခရီးသွားလုပ်ငန်းကိုအထောက်အပံ့ပေးချင်တာကြောင့် ဟိုတယ်မှာပဲတည်းခဲ့တယ် ဦးညီ။

 

          ဟော်တယ်ခရှင်းတဲ့ပုံစံလား။ သူများတွေဘယ်လိုရှင်းသလဲတော့မသိဘူး။ သမီးရဲ့ ဗီဆာဘဏ်ကဒ်ကို အပေါင် ဒေါ်လာ ၁ဝဝဝ ခဏထိန်းထားတယ်။ ထွက်တဲ့အခါမှာ သမီးကအစိမ်းနဲ့ရှင်းလိုက်တဲ့အခါ အဲဒါကိုပြန်ဖြုတ်ပေးတယ်။ ဒါကြောင့် သမီးကငွေသားပေးပြီးတည်းခဲ့တာပါ။ ဟိုတယ်ကနေတော့အပြင်မထွက်ရ။ ထွက်ရင်ဒဏ်ငွေ ဒေါ်လာ ၅ဝဝ ဆောင်ရမယ်လို့ပြောတယ်။ 

 

          ဒီနေ့ဟိုတယ်ကထွက်ရမယ့်အချိန်က နေ့လည် ၁၂ နာရီနောက်ဆုံးဆိုတော့ သမီးက ၁ဝ နာရီလောက်ထွက်လိုက်တာ။ မထွက်ခင်မှာ အိမ်လိပ်စာတောင်းတယ်။ အိမ်မှာ အုပ်ထိန်းသူဘယ်သူရှိသလဲလို့မေးတယ်။ နာမည်နဲ့ဖုန်းနံပါတ်တောင်းတယ်။ အိမ်မှာသီးသန့်ခွဲနေပြီး Q ဝင်မယ်ဆိုတဲ့စာရွက်ကိုသူတို့ကိုစာပြန်ပို့ရတယ်။ 

 

        တစ်ချို့မေးကြတာရှိတယ် ဒီဘက်အမေရိကားမှာ ပိုးကင်းစင်ကြောင်းစစ်ဆေးပြီးတဲ့စာရွက်ပြရင် ဟိုတယ် Q ရော Facility Q ရော မဝင်လို့မရဘူးလားတဲ့။ အဲဒါကကျန်းမာရေးဌာနနဲ့အစိုးရပိုင်းကိစ္စ။ သမီးမသိဘူး။ သမီးသိတာက စာရွက်ပါလာလာ မပါလာလာ၊ စစ်လာလာ မစစ်လာလာ Q ဝင်တာကဝင်ရမှာပဲ။ ကိုယ့်ကျမှဈေးဆစ်လို့ဘယ်ရမလဲ။

 

         ဆေးစစ်တာက အခုအင်တာနက်မှာမြင်နေရတဲ့ Test Kid နဲ့စစ်တာမဟုတ်ဘူး။ အစိုးရကစီစဉ်ပေးတဲ့ဆေးစစ်တဲ့ကားနဲ့လာပြီးသူတို့အစီအစဉ်နဲ့သူတို့စစ်ကြတာ။ အားလုံးစံနစ်ကျတယ်။ အားလုံးအနစ်နာခံ အချိန်ကုန်ခံ အကုန်အကျခံပြီးလုပ်ပေးကြတာ သိပ်ကျေးဇူးတင်ဖို့ကောင်းတယ်။

 

          သမီးတို့ကမြန်မာနိုင်ငံပြင်ပကိုမထွက်လို့မရလို့ထွက်ကြရတာပါ။ ဒီလိုခေတ်ကြီးထဲမှာဘယ်သူက ကိုယ့်ကျန်းမာရေးကိုကိုယ်အနစ်နာခံစွန့်စားချင်ပါ့မလဲ။ အခုလိုအကြပ်အတည်းကြားမှာမြန်မာနိုင်ငံကိုပြန်ရဖို့လည်း တစ်လမှလေယာဉ်က စီးလောက်ရှိတာလေ။ ကိုယ်လိုအခက်အခဲရှိသူတွေဘယ်နှစ်ယောက်ရှိနေမှန်းမှမသိတာ။ ဒါကြောင့် အခုလိုချောချောမွေ့မွေ့ပြန်ရောက်ပြီးတော့ အိမ်ရပ်နင်းရတော့မှ ဦးညီကိုစာရေးဖြစ်တာ။

 

          သမီးကြုံရတာကိုသူများပြောပြရင် လူ ယောက်လောက်ပဲသိမယ်။ အခု ဦးညီကိုပြောပြတော့ လူပေါင်းထောင်နဲ့ချီသိသွားမယ်။ အမေရိကားမှာမြန်မာနိုင်ငံကိုပြန်ချင်တဲ့သူတွေရာနဲ့ချီရှိတယ်။ တစ်ခြားနိုင်ငံတွေနဲ့ပေါင်းရင်ထောင်နဲ့ချီရှိမယ်။ နိုင်ငံတော်အစိုးရကလေယာဉ်လက်မှတ်နဲ့ဟိုတယ်ခကလွဲရင်အားလုံးကူညီပါတယ်။ မြန်မာသံရုံးတွေလည်းကူညီကြတယ်။ လုပ်တာကိုင်တာကတော့ အမေရိကားဆိုတော့သိကြတဲ့အတိုင်းအားလုံးကိုယ်တိုင်ပေါ့။ ဒါပေမဲ့ စိတ်ဆင်းရဲမှုနည်းပါးစွာနဲ့ပြန်ခဲ့ရတဲ့အကြောင်း သမီးပြောပြချင်လို့ပါ။

 

          အရေးအကြီးဆုံးပြောပြစရာရှိသေးတယ်။ အိမ်ရောက်တော့ ဘာစားလဲဦးညီသိချင်လား . .? ရှမ်းခေါက်ဆွဲ၊ ခေါပုတ်၊ ဟင်းထုပ်၊ ရှမ်းထမင်းနယ်၊ ဆီချက်ခေါက်ဆွဲ၊ ဂျင်းသုပ် နဲ့ ထောပတ်ဖျော်ရည်တို့ကိုမှာလိုက်တာ အားလုံးမြန်မာငွေ ၁၆ဝဝဝ ဖိုးကို ရှမ်းဆိုင်ကပရိုမိုးရှင်းနဲ့တိုးတော့ အားလုံးကို ၁ဝဝဝဝ ပဲပေးရတယ်။ ဒလစ်ဗာရီလူငယ်ကိုမုန့်ဖိုးပေးလိုက်သေးတယ်။ ဦးညီ စားပါဦးလား . .

 

တယ် ဒီကလေးမ . . ရှမ်းအစားအစာအကြောင်းမပြောလို့မရဘူးလား?

 

ခင်လျက်

ကိုညီညီ (တောင်ကြီး)

12-09-2020

 



No comments: