ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Wednesday, February 12, 2014

ဝင်သူကဝင် ထွက်တာကထွက်

လူသားတို့ရဲ့နှလုံးသားမှာ အပေါက် ( ၄ ) ပေါက်နဲ့အလုပ်လုပ်စေပါတယ် ၊ တစ်ကိုယ်လုံးကိုဖြတ်သန်းသန့်စင်ပြီးတဲ့လုပ်သားသွေးများဟာ မိခင်နှလုံးကို အားသစ်လောင်းဖို့ ပြန်လာကြပါတယ် ၊ တစ်ချိန်တည်းမှာပဲ လန်းဆန်းတက်ကြွတဲ့ လုပ်သားသွေးသစ်များက နောက်ထပ်လုပ်ငန်းဆောင်တာကို ထမ်းဆောင်ဖို့တာထွက်နေကြပါပြီ ၊ မှန်ကန်တဲ့လည်ပတ်မှုစက်ဝိုင်းကြာင့် အားအင်အသစ်များကိုတိုးတက်ဖြစ်ထွန်းစေတာကတော့ သန်မာတဲ့ခန္ဓဖြစ်စဉ် ဖြစ်ပါတယ် ၊ တစ်ကယ်လို့ ဝင်တာကနည်းပြီး ထွက်တာကများနေရင် တစ်နည်းအားဖြင့် အဝင်နဲ့အထွက်ဟာ တစ်နေရာရာမှာ မမျှမတဖြစ်နေခဲ့ရင် ဗဟိုထိန်းချုပ်မှုအောက်က ခန္ဓာကိုယ်ဟာအင်အားချည့်နဲ့ပြီး နောက်ဆုံးမှာ ယိမ်းယိုင်ပြိုလဲဖို့ရာ အကြောင်းဖန်လာနိုင်ပါတယ် ။





ထပ်ရှင်းအောင်ပြောရရင် ဘဏ်စာရင်းအကောင့်တစ်ခုထဲမှာ သွင်းငွေ-Deposit နဲ့ ထုတ်ငွေ-Withdrawal တို့ရဲ့အချိတ်အဆက်ဟာ အဆိုပါစာရင်းရှင်ရပ်တည်နိုင်မှုရဲ့ အဓိကအကြောင်းရင်းပါ ၊ ဝင်ငွေ / သွင်းငွေနည်းပြီး သုံးငွေ / ထုတ်ငွေ များလာတဲ့နောက်မှာ ထိန်းချုပ်မှုကင်းမဲ့တဲ့လည်ပတ်မှုတစ်ခုစီကိုဦးတည်သွားနိုင်ပါတယ် ၊ ဒီဘဏ်စာရင်းရှင်ကို အကောင့်ပိုင်ရှင်မသိအောင် ငွေခိုးထုတ်နေတဲ့ ဝိသမလောဘစိတ်ပိုင်ရှင်လက်ကြားကြီးတွေရှိနေရင်တော့ မကြာခင် ပိတ်သိမ်းရတော့မယ်ဆိုတာ အလွယ်တကူခန့်မှန်းနိုင်ပါတယ် ၊ ဒီလိုမသမာမှုကိုအချိန်မီတားမြစ်နိုင်ပါမှ လူမွဲစာရင်း-Blacklist ကြေငြာခြင်းကိုရှောင်လွှဲနိုင်ပါလိမ့်မယ် ။





နိုင်ငံချင်းကုန်သွယ်မှုမှာတော့ပုံစံတစ်မျိုးပြောင်းလဲပြီးမြင်သာအောင်တွက်ချက်နိုင်ပါတယ် ၊ နိုင်ငံ့တစ်နေရာကထွက်သွားတဲ့ အရင်းအမြစ်ကိုပြန်အစားထိုးတဲ့နေရာမှာမှန်ကန်စွာသုံးသပ်ဆုံးဖြတ်နိုင်တဲ့တိုင်းပြည်တစ်ခုကတော့ ကျွန်တော်တို့ခေါင်းရင်းက ပေါက်ဖော်ကြီးတရုတ်ပြည်ပါ ၊ အရပ်ပုပေမယ့် တိုင်းပြည်ကို အမြင့်မားဆုံးပြောင်းလဲမှုတွေကိုပေးနိုင်ခဲ့တဲ့ ခေတ်ပြောင်းခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ပြောသမျှ တရုတ်ပြည်သူတွေလိုက်ပါလုပ်ဆောင်ခဲ့ကြပါတယ် ၊ ပြောမယ်ဆိုရင် ထိုင်းနိုင်ငံ ၊ တောင်ကိုးရီးယား ၊ မြန်မာနိုင်ငံ နဲ့ တရုတ်တို့ဟာ အာဏာရှင်ဆန့်ကျင်မှုအရေးတော်ပုံများကို ရှေ့ဆင့်နောက်ဆင့်ကြုံတွေ့ကျော်ဖြတ်ခဲ့ရတာချင်းအတူတူ ထိုခေတ်အခါအရ တရုတ်နိုင်ငံဟာ စားရမဲ့ သောက်ရမဲ့ ဘဝအခြေအနေအဆိုးဆုံးပါ ၊ အကျဉ်းထဲအကြပ်ထဲမှာ တရုတ်ခေါင်းဆောင်ကြီးက “ ငါတို့နိုင်ငံမှာ ရောင်းစရာ ‘ လူ ’ ဘဲ ရှိတယ် ၊ ဒါကြောင့် ငါတို့ရဲ့လုပ်အားစွမ်းအားကို နိုင်ငံတကာကိုပြရမယ် “ ဆိုပြီး တစ်ကမ္ဘာလုံးကို သန်းထောင်ချီရှိတဲ့ တရုတ်လူထုရဲ့လုပ်အားခကို ဈေးပေါပေါနဲ့ ထရောင်းပါတယ် ၊ ပြင်းထန်တဲ့ကွန်မြူနစ်စံနစ်ကိုအတိုက်အခံလုပ်ပြီး အရင်းအနှီးမရှိပဲ စီးပွားရေးလုပ်လိုက်တာ ထလော့-အိုတရုတ်ပြည် ၊ ( ၁၃ ) နှစ်အတွင်းမှာ သတင်းလွတ်လပ်ခွင့်နဲ့ အင်တာနက်ဆက်သွယ်ရေးပွင့်လင်းမှု က လွဲလို့ ပိုးထည်အင်ပါယာကို ပြန်လည်ထူထောင်နိုင်ပါတော့တယ် ၊ ၁၉၇ဝ ခုနှစ်မတိုင်ခင်က အိမ်နီးနားချင်းတိုင်းပြည်တွေကို အစာရေစာငတ်ပြတ်လို့ရွှေ့ပြောင်းသွားကြတဲ့ ဘောင်းဘီတိုဝတ်တရုတ်များက ၁၉၉၇ ဟောင်ကောင်ကျွန်း တရုတ်လက်ဝယ်ပြန်ရောက်တဲ့ခုနှစ်လောက်မှာ စမတ်ကျကျအနောက်တိုင်းဝတ်စုံပြည့်နဲ့ပြည်တော်ပြန်ဝင်ခဲ့တဲ့အချိန်မှာ လောပန်းတို့ရဲ့စီးပွားရေးထိုးဖောက်မှုဟာ ကမ္ဘာမှာ အမြန်ဆုံးဖြစ်ခဲ့ပါတယ် ၊ တရုတ်နိုင်ငံရဲ့လုပ်ကွက်က ရှင်းရှင်းလေးပါ ၊ တချိန်က တိုင်းတစ်ပါးကျူးကျော်မှုကို ဖိသတ်လို့ရတဲ့ လူလှိုင်းလုံးကြီးတွေရဲ့ မူလအရင်းအမြစ်ကို အကျိုးရှိရှိအသုံးချနိုင်တဲ့အချက်ပါ ၊ အရင်က ငတ်တဲ့ပြည်သူတွေ ပြင်ပထွက်ရှာစားကြတယ် ၊ ဒီဘက်ခေတ်ရောက်တော့ ချမ်းသာလို့ကိုယ့်သားသမီးကိုနိုင်ငံခြားပို့ကျောင်းထားနေကြပါပြီ ၊ တရုတ်နိုင်ငံတွင်းတင်မက  ဗြိတိန် ၊ အမေရိကန် နဲ့ ဆွစ်ဇလန်တို့မှာ အိမ်မြေခြံဝယ်ပြီးတာတောင် အစိုးရကိုယ်တိုင်ကငွေပိုနေလို့ ကမ္ဘာ့သူဋ္ဌေးနိုင်ငံတွေကို ငွေပတ်ချေးပြီး သြဇာ နဲ့ အာဏာကို လိုက်လံဝယ်ယူနေပါပြီ ၊ မျောက်မင်းစွန်းဝူခုန်းရဲ့တောင်ဝှေးရဲ့အစွမ်းလို့ပြောရမလား ကုလသမဂ္ဂမှာတောင် တရုတ်မထောက်ခံရင် အလုပ်မဖြစ်တော့တဲ့အထိ အစွမ်းထက် အရည်အချင်းတက်လာပါပြီ ၊ အကျိုးရှိရှိသုံးသပ်ရရင် တရုတ်ခေါင်းဆောင်တွေဟာ မိမိတိုင်းပြည်အခြေအနေမှန်ကို ယထာဘူတကျကျသုံးသပ်နိုင်ခဲ့ကြပြီး ပြည်ပရင်းနှီးမြုပ်နှံမှုကို အဝင် ခွင့်ပြုခဲ့ရုံသာမက လူသားအရင်းအမြစ်ကို ထုတ်ကုန်အနေဲ့ အထွက် ခံခဲ့ကြလို့ ထိပ်သီးစာရင်းဝင်သွားပါပြီ ၊ ဘောလုံးပွဲစကားနဲ့ငှားပြောရရင် တရုတ်ဘောလုံး “ ဂိုး ” သွားပါပြီ ၊ လိုက်မမီတော့ပါဘူး ။





ဈေးပေါတဲ့တရုတ်ဈေးကွက်ကို အမှန်တစ်ကယ်အားပေးခဲ့သူကတော့ ဦးလေးကြီးဆမ် အမေရိကန်ဖြစ်ပါတယ် ၊ နှစ်ပေါင်း ( ၂ဝဝ ) ကျော် ဒီမိုကရေစီစံနစ်ကိုပျိုးထောင်ခဲ့ရတဲ့ လူရိုင်းနီ-ဗိုက်ကင်းတို့ရဲ့အင်ပါယာကြီးဟာ ကြီးမားသလောက်လူဦးရေကျဲတောက်ကျဲတောက်နဲ့ မဖွံဖြိုးခဲ့ပါဘူး ၊ အဲဒီလိုအခြေအနေပျက်ကို ဟန်ချက်ညီထိန်းနိုင်ဖို့ အမျှော်အမြင်ကြီးတဲ့ သမ္မတအဆက်ဆက်တွေသာ မပေါ်ပေါက်ခဲ့ရင် အမေရိက ဟာ ပြည်နယ် ( ၅ဝ ) ကို တစ်ညီတစ်ညွှတ်တည်းစုစည်းဖို့ဖြစ်နိုင်ခဲ့မှာမဟုတ်ပါ ၊ ဒီမိုကရေစီဖော်ဆောင်တယ်လို့သာပြောတာ စစ်ခင်းတိုက်ယူခဲ့တဲ့ပြည်နယ်တွေဟာ ဒါဇင်တစ်ဝက်မကပါဘူး ၊ ဒုတိယကမ္ဘာစစ်ပြီးတဲ့အထိ သိမ်းလို့မပြီးတဲ့ ပြည်နယ်တွေရှိပါသေးတယ် ၊ စစ်ရဲ့နောက်ဖေးချောင်သွေးပျက်မှုကို နောင်ကျဉ်သွားပြီး ထိပ်ဆုံးဆင်ခြင်နိုင်ခဲ့တဲ့နည်းဗျူဟာတစ်ခုက နိုင်ငံထဲကို ဘယ်သောအခါမှ “ စစ်ဘေးစစ်ဒဏ် ” ကို ပေးမဝင်တော့ပါ ၊ အဲဒီအချိန်ကစလို့ အမေရိကန်နိုင်ငံဟာ သူတစ်ပါးမြေပေါ်မှာဘဲ စစ်လိုက်တိုက်ပါတော့တယ် ၊ သေနတ်နဲ့မပစ်ရရင် လေယျာဉ်နဲ့ပစ်ပါတယ် ၊ ရော့ကက်နဲ့မပစ်ရရင် ပါးစပ်နဲ့စစ်တိုက်ပါတယ် ၊ လူလိုစကားပြောလို့မရတော့ရင် မောင်းသူမဲ့ဒရုန်း နဲ့ လိုက်တိုက်ပါတယ် ၊ ဘယ်ကိစ္စမဆိုသူသိရမယ်ဆိုတဲ့ နိုင်ငံခြားရေးမဟာဗျူဟာကိုချမှတ်ပြီးသကာလ နိုင်ငံရဲ့ ဂျီဒီပီ ကိုအတိုးတက်ဆုံးဖြည့်ပေးနိုင်တဲ့ အဓိကဝင်ငွေဟာ တရားဝင်လူသိအောင်စာချုပ်ချုပ်ရောင်းတာရော ၊ လက်သိပ်ထိုးမှောင်ခိုရောင်းတာရောက ဒလဟောရတဲ့ လက်နက်ရောင်းချရငွေတွေဖြစ်ပါတယ် ၊ ဒီငွေတွေနဲ့ ပညာရေးကိုတစ်ဟုန်ထိုးမြှင့်တင်ခဲ့ပြီး နိုင်ငံအသီးသီးက ထိပ်သီးဦးနှောက်ပိုင်ရှင်တွေအတွက်သီးသန့်ဖန်တီးထားတဲ့ ကဒ်အဖြူ-White Card လူဝင်ခွင့်ပေးခဲ့ပြီး တိုင်းပြည်ရဲံ့ လူသားအရင်းအမြစ်ကို တည်ဆောက်နိုင်ခဲ့ပါတယ် ၊ အန်ကယ်ဆမ်တွေသိပ်တော်တဲ့အချက်က ငွေကြေးတန်ဖိုးကို ပြည်တွင်းမှာရော ပြည်ပမှာပါ စူပါ ပါဝါ နဲ့ အတက်အကျမရှိ စံနစ်တကျထိန်းထားနိုင်တာပါပဲ ၊ လူတန်းစေ့နေနိုင်အောင် လုပ်ခလစာပေးထားနိုင်ပါတယ် ၊ အုပ်စုဖွဲ့ကုန်သည်အရင်းရှင်ကြီးတွေ လူသုံးကုန်ပစ္စည်းကို ဈေးမြင့်မြင့်ရောင်းနိုင်ခွင့်ရထားပါတယ် ၊ အသစ်မှန်သမျှဗိုလ်မထား - သုံးစွဲသူလူတန်းစားတစ်ရပ်ကို ကမ္ဘာက စိတ်ဝင်စားအောင် ရပ်တည်နိုင်စေခဲ့ပါတယ် ၊ အမေရိကန်မြေမှာလာရောက်တီထွင် ၊ အမေရိကန်တရားရုံးမှာ ဥာဏပိုင်ဆိုင်မှုမှတ်ပုံတင် ၊ လုပ်ခဈေးပေါတဲ့တရုတ်ပြည်မှာအလုပ်အပ် ၊ ကိုယ့်နိုင်ငံမှာဈေးကြီးကြီးပြန်ရောင်း ၊ သူများလိုက်တုရင် အသည်းအသန်တရားစွဲ - ဒီစံနစ်နဲ့ နှစ်ပေါင်းအတော်ကြာ ခုတ်မောင်းလိုက်တာ ပေါင်းစည်းပြည်နယ်ကြီးအမေရိကား အကြွေးထူသလောက် အတော့ကို ချမ်းသာလာပါတော့တယ် ၊ ချုပ်ပြီးပြန်တွက်ကြည့်ရင် အမေရိကန်နိုင်ငံဟာ အဆင့်မြင့်ဦးနှောက်တွေ နဲ့ တန်းမီကုန်ပစ္စည်းတွေကို နိုင်ငံထဲ အဝင် ပေးခဲ့ပြီး ကုန်ကျစားရိတ်သက်သာတဲ့ အလုပ်အပ်လုပ်အားခ-Outsourcing ကို တရုတ်နိုင်ငံကို အထွက် ပြခဲ့လို့ဖြစ်ပါတယ် ၊ အားကစားစကားနဲ့ပြောရရင် အမေရိကန်ဘေ့ဘော ( ၄၉ ) အသင်း-49ers ( FORTY NINERS ) ဗိုလ်စွဲ သွားပါပြီ ၊ လိုက်မမီတော့ပါဘူး ။






စစ်မှန်တဲ့ဒီမိုကရေစီကို သက်တမ်းတစ်လျှောက် စောစောပိုင်း ( ၁ဝ ) နှစ် နဲ့ ကြားဖြတ် ( ၂ ) နှစ် - နှစ်ကြိမ်သာကျင့်သုံးခံစားခဲ့ရတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဇာတ်လမ်းကျတော့ နောက်ထပ်အရသာတစ်မျိုးပါခင်များ ၊ ပတ်ဝန်းကျင်နိုင်ငံတွေ လူအင်အားများသလောက် ငတ်မွတ်နေတဲ့အချိန်ကာလများမှာ ဗမာများဟာ စပါးကျီထဲမှာ မြေပဲဆီမီးထွန်းနေနိုင်ခဲ့ကြပါတယ် ၊ တိုးဝင်-ခိုးဝင်လာတဲ့ ပြောင်းရွှေ့အဖြူအမည်းလူမျိုးများကို ဗမာတွေက တောက်တိုမယ်ရခိုင်းဖို့ အေးအေးဆေးဆေးပဲ လက်ခံခဲ့ပါတယ် ၊ ကျွန်ဖြစ်ကိုလိုနီခေတ်လွန်နောက်ပိုင်း ပြဋ္ဌာန်းတဲ့ ဥပဒေတွေအရ အဆိုပါ ဝက်ဖြူ နဲ့ ကြွက်မည်း လူမျိုးတွေဟာ နိုင်ငံသား / ဧည့်နိုင်ငံသားစာရင်းဝင်လာသလို FRC , UCC နိုင်ငံသားပြုစာအုပ်တွေကိုင်ပြီး ကြွယ်ဝရန်ကုန် နဲ့ ရွာကြီးမန္တလေးတွေမှာ အနစ်နာခံ ပင်ပန်းဆင်းရဲကြိုးစားခဲ့ကြပါတယ် ၊ မြေအောက်မှာဖင်ခုထိုင်ထားတဲ့ ရောင်းစားအရင်းအမြစ်တွေအားကိုးနဲ့ မြန်မာဟာ ကမ္ဘာမှာနံမည်ကြီးသလောက် လူ့အရင်းအမြစ်အသုံးချမှု နဲ့ ကုန်ထုတ်လုပ်မှုစွမ်းအားတွေကို မျက်ကွယ်ပြုခဲ့ပါတယ် ၊ လွတ်လပ်ရေးဖခင်ကျေးဇူးရှင်ကြီး ကျွန်တော်တို့ အဖ ( အဘ မဟုတ်ပါ ) ဗိုလ်ချုပ်အောင်ဆန်းမပါ - ဗိုလ်အဆက်ဆက်စစ်အုပ်ချုပ်ရေး ( ၃ ) ဆက်အောက်မှာ စီင်္းပွားရေးပိတ်ဆို့မှုကိုဆန့်ကျင်ပြီး ကြီးပွားရေးဝိတ်တိုးမှုအဖွဲ့လက်သပ်မွေးနာမည်ခံ ခနော်နီ ခနော်နဲ့အဖွဲ့ဝင် စွမ်းအားရှင်များကြောင့် လူတစ်စုရဲ့ ဂျီဒီပီ အလွန်တိုးတက်ခဲ့ပြီး အစိမ်းရောင်အင်ပါယာကြီးကို တည်ထောင်နိုင်ခဲ့ပါတယ် ၊ သူတို့က “ ဒေါ်လာမရှိ ယွမ်ငွေသာရှိ၏ “ ဆိုတဲ့စကားအတိုင်း အားထားရတဲ့သစ်ပင်များ ၊ လမ်းမခင်းတဲ့အစိမ်းရောင်ကျောက်ခဲများ ၊ အနီရောင်အလှတုံးများကို တနိဖိုးကြီးမားတဲ့ ဆေးပြာကြီးသွားတိုက်ဆေး ၊ လေးထောင့်ရမ်ပုလင်း နဲ့ ယာဘမြင်းများနဲ့ နယ်စပ်မှာအလဲအလှယ်လုပ်ခဲ့ကြပါတော့တယ် ၊ ဘာပြောကောင်းမလဲ ၊ အရေးတော်ပုံကဖြစ် ၊ နယ်စပ်ကဝင်သူကဝင် ၊ အင်စိန်ဧည့်ရိပ်သာကိုအလည်သွားသူကသွား ၊ ပြူတင်းပေါက်ကနေခုန်ချသူကခုန် နဲ့ ကမ္ဘာမပျက်ဘဲ မြန်မာပျက်ခဲ့ရပြန်ပါပြီ ၊ ထွက်မြဲသံယံဇာတက မရပ်မနား ၊ အစိမ်းရောင် ကုပ်ချုပ်ရေးယန္တရားက အပေါ်ဖြူ အောက်အစိမ်းစပ်ကြား နဲ့ နိုင်ငံရေးတစ်ပတ်ပြန်လှည့်လာတော့ ပြည်ထောင်စု“ ဝ ”တို့သမ္မတမြန်မာနိုင်ငံတော်ကြီးဟာ နိုင်ငံတကာကို ဘယ်တုန်းကမှန်းမသိတဲ့ မေးခွန်းများစွာကင်ပွန်းတပ်ချေးငွေတွေဆပ်နေရပါပြီ ၊ “ ကြွေးတင်ပြည်သူဆပ် “ ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့ ရွေှ့မြန်မာများကတော့ပျော်ပျော်ပါပဲ ၊ နေ့တိုးချေးပြီးဆပ်လိုက်ရုံပါ ၊ ပူစရာလိုလို့လား ၊ မြေကြီးအောက်မှာ ရတနာသိုက်ရှိပါသေးတယ် ၊ ကျန်ပါသေးတယ် ၊ ဒီတစ်သက်စားလို့နှိုက်လို့မှမကုန် မယုံကြဘူးလားဗျာ ၊ မရှူနိုင်မကယ်နိုင်ဖြစ်ရင်တောင်မှ ချောက်ကမ်းပါးကျလုနီးနီး ကပ်ကယ်မယ့်ကယ်တင်ရှင်ကူလီထမ်းတွေရှိပါတယ် ၊ ကျေးဇူးရှိတဲ့အိမ်နီးနားချင်းတွေရှိပါတယ် ၊ နရသိန်နန်းဆိုက်လို့ မြန်မာပြည်မှာလူဦးရေနည်းသွားရင်လည်း ပုဏ္ဏားဘကုန်း လူမျိုးတွေအများကြီးပါ ၊ အမေရိကားလို ဝှိုက်ကဒ်ပေးလိုက်ရင်အဆင်ပြေသွားမှာပါလို့ တွက်သူကတွက်နဲ့ ပတ်ချာလည်အလုပ်ကိုဖြစ်နေပါတော့တယ် ၊ နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဟန်ချက်ကျကျ စီးပွားရေး ၊ နိုင်ငံရေးဟာ အချိုးညီညီဝင်ရောက်လာတဲ့ အရှေ့အိမ်နဲ့အနောက်အိမ် ခြံကျော်လူဝင်မှုဆိုတဲ့ အဝင်မှား နဲ့ ခြေဖဝါးကြီးမြုပ်မြေပေါ်မြေအောက်အရင်းအမြစ်ဖြုန်းတီးရေးဆိုတဲ့ အထွက်မှား တို့ကြောင့် ဆူနာမီငွေလှိုင်းသင့် ဖြစ်စဉ်ပြန်တမ်းတစ်ခုမျှသာဖြစ်ပါတော့တယ် ၊ ပြိုင်ပွဲမပြီးခင်ကြားဖြတ်သုံးသပ်ချက်ထုပ်လွှင့်ရမယ်ဆိုရင် ဆယ်စုနှစ် ( ၅ ) ခုအတွင်းမှာ မြန်မာအားကစားကမ္ဘာကိုလွှမ်းခဲ့ပါပြီ ၊ လိုက်မမီတော့ပါဘူး ။

ကိုညီညီ ( တောင်ကြီး )



No comments: