ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, April 16, 2016

ကိုယ္႕ဝန္ကိုယ္ထမ္း ကိုယ္႕လမ္းကိုယ္ေလွ်ာက္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ဆရာေတာ္ ဘဒၵႏၱ ေဒါက္တာနႏၵာမာလာဘိဝံသ ရဲ႕ တရားတစ္ပုဒ္ကုိနာယူရင္း ဆရာေတာ္ေဟာၾကားတဲ႕ “ ကိုယ္႕ဝန္ကိုယ္ထမ္း ကိုယ္႕လမ္းကိုယ္ေလွ်ာက္ ” ဆိုတဲ႕ တရားေခါင္းစဥ္ကို ႏွလံုးသြင္းမိတဲ႕အခါ ေတာင္တန္းၾကီးေပၚခရီးႏွင္ေနတဲ႕ သံသရာလူသားရဲ႕ အထုတ္အပို္းေတြကို စတင္ျပီးသတိထားမိလာပါတယ္။ ရွင္ေတာ္ျမတ္ဗုဒၶရဲ႕ ပရိတ္နိဗၺာန္မစံေတာ္ခင္အထိ အၾကိမ္ၾကိမ္အထပ္ထပ္ေဟာၾကားခဲ႕တဲ႕ “ အပၸမာေဒန သမၺာေဒထ - ျမန္မာလို မေမ႕မေလ်ာ႕သတိႏွင္႕ေနေလာ႕ “ ဆုိတဲ႕ တရားေတာ္လာနဲ႕ဆန္႕က်င္စြာ ကြ်န္ေတာ္တို႕ရဲ႕ဘဝခရီးၾကမ္းေတြကို မႏုိင္ဝန္ေတြထမ္းျပီး ဒံုးစိုင္းႏွင္လာခဲ႕တာ ဘယ္ေလာက္ေတာင္ၾကာေနျပီလဲဆိုတာကို ဇက္ၾကိဳးသတ္ျပီး စဥ္းစားခန္းဝင္မိတယ္။
.
မိမိဘဝလမ္းကို မိမိတို႕လိုတာေတြ ထမ္းပိုးရင္း ကြ်န္ေတာ္လုိ မႏိုင္႕တႏိုင္လွမ္းေလွ်ာက္ခဲ႕သလို ကုိယ္လုိခ်င္တာကိုယူသြားႏိုင္တဲ႕ သတ္သတ္မွတ္မွတ္ပုဂိၢဳလ္မ်ား -  Dedicated Person ေတြကုိ အထူးခ်ီးက်ဴးမိပါတယ္။ သူတို႕လို လူေတ္ာေတာ္မ်ားမ်ားက စီးပြားမရွာႏိုင္ၾကဘူး။ သူတို႕လုိ လူေတာ္ေတာ္မ်ားမ်ားက ႏိုင္ငံေရးအထင္ကရအလုပ္ေတြကို မလုပ္ႏုိင္ၾကဘူး။ သူတို႕ကို ဘယ္သူမွမီွေအာင္ ပရဟိတလုပ္ငန္းကို ကုိယ္က်ိဳးစြန္႕မလုပ္ႏုိင္ၾကပါဘူး။
.
.
လူ႕ဘဝသက္တမ္းတိုတိုေလးမွာ ငယ္ဘဝအသက္စသြင္းၾက၊ ၾကီးျပင္းၾက၊ ပညာသင္ၾက၊ ဥစၥာရွာၾက၊ တြန္းၾက တိုက္ၾက နဲ႕ ေတာ္ေတာ႕ကို အသက္ရွဴမဝတဲ႕ျဖစ္ရပ္ေတြ ရွိၾကစျမဲပါ။ ဒါေၾကာင္႕ ျဖတ္ေက်ာ္ေနတဲ႕ဘဝေအာင္ျမင္ေအာင္ ယွဥ္ျပိဳင္လိုက္တုိင္းအႏုိင္ရဖို႕ လူစြမ္းလူရည္ - Personal Capacity ရွိမွ ေလာင္စာအျပည္႕ထည္႕ထားတဲ႕ ယာဥ္ရထားလို မတိမ္းမေစာင္းေမာင္းႏွင္ႏိုင္ပါလိမ္႕မယ္။

.
တစ္ဆက္တည္း အက်ိဳးအေၾကာင္းတိုက္ဆိုင္လို႕ ျပည္ပႏုိင္ငံသြားေရာက္ဖို႕ျဖစ္လာရင္ ကုိယ္ပုိင္အရည္အခ်င္းသတ္မွတ္မႈေတြက ျမင္႕မားျပီး လိုအပ္ခ်က္ပိုၾကီးလာမွာျဖစ္ပါတယ္။ အဲဒီထဲမွာ ဘာသာစကားကြ်မ္းက်င္မႈ၊ ပတ္ဝန္းက်င္ကုိေလ႕လာအားေကာင္းမႈ နဲ႕ သိျမင္တတ္လြယ္မႈ တို႕အျပင္ တစ္ခုခုဆုိရင္ အလြယ္တကူနားလည္လြယ္ရံုမက လိုက္ပါေဆာင္ရြက္ႏုိ္င္၊ Pick Up လုပ္ႏုိင္သူ ျဖစ္ရင္ ပိုမိုေအာင္ျမင္ႏုိ္င္စရာအေၾကာင္းရွိပါတယ္။
.
.
ဒီလိုပါပဲ အခု အမိျမန္မာႏုိင္ငံပြင္႕လန္းလို႕ ျပည္ပႏုိင္ငံကေန ျပည္ေတာ္ဝင္မယ္႕လူေတြကေရာ တိုင္းျပည္နဲ႕လူမ်ိဳးအတြက္ ဘာေတြ “ ဘာဝန္ေတြထမ္းလို႕ ျပည္တြင္းကိုဝင္မယ္ ” ဆိုတာ ေတြးထားၾကပါသလဲ? ကြ်န္ေတာ႕လို ေခတၱအေဝးတစ္ေနရာေရာက္ေနတဲ႕ျပည္ခ်စ္သားတစ္ေယာက္အေနနဲ႕ အမိေျမနင္းတဲ႕အခါ “ အသံုးခ်သုေတသနပညာေရးစံနစ္ - Applied Research in Education ” ယူေဆာင္ထမ္းပိုးသြားဖို႕ အာရံုက်မိပါတယ္။ အေသးစိတ္အေနနဲ႕
.
Applied research in education is best characterized by the intention to link research with action in a form that generates actionable knowledge. This intention is evidenced in the processes of designing, carrying out, and validating the research findings. It need not necessarily imply a preference for a particular type of knowledge or the methodology associated with its production.” ကုိ ဖတ္ၾကည္႕ရင္ ပိုရွင္းသြားမွာပါ။
.
.
နလံထဖို႕တာစူေနတဲ႕ ႏြမ္းလ်ျမန္မာႏုိင္ငံမွာ ဘယ္ကလာ သုေတသနအေထာက္အကူပစၥည္းေတြရွိမွာလဲ? လို႕ ေတြးေကာင္းေတြးမိၾကလိမ္႕မယ္။ ျပည္ပမွာ ပညာသင္၊ ရုန္းကန္၊ ဘဝထူေထာင္ဖူးသူေတြအတြက္ သူတို႕ဘဝမွာၾကံဳရတဲ႕အခက္အခဲဟာ သူတုိ႕ရဲ႕သုေတသနပါပဲ။
.
တက္ခဲ႕တဲ႕ေက်ာင္းဟာ သူတုိ႕ရဲ႕ေလ႕က်င္႕ကြင္းပါပဲ။
.
ေန႕စဥ္ခ်က္စားခဲ႕တဲ႕မီးဖိုေခ်ာင္ဟာ သူတုိ႕ရဲ႕ဓါတ္ခြဲခန္းပါပဲ။
.
ဒါေၾကာင္႕ ျပည္တြင္းမွာ မ်က္ႏွာသူငယ္ေလးနဲ႕ နား၊ မ်က္စိမပြင္႕သူေတြအက်ိဳးရွိေစဖို႕  ျပည္ပကမၻာမွာေနဖူးသူေတြက နည္းပညာေတြယူေဆာင္သြားလို႕ရပါတယ္။ အဓိကအက်ဆံုး နဲ႕ လက္ေတြအသံုးဝင္မယ္႕အထိေရာက္ဆံုးနည္းလမ္းကေတာ႕  မိမိသိထားတတ္ထားတာကုိ သင္တန္းေပး - Train လုပ္ေပးႏုိင္ရင္ ပုိေကာင္းပါတယ္။
.
ကြ်န္ေတာ္တို႕မ်ိဳးဆက္ေတြဟာ ေခတ္စံနစ္အဆက္ဆက္ရဲ႕ အစမ္းသပ္ခံလူသားဒိုင္း - Human Shield ေတြျဖစ္ခဲ႕ၾကတယ္။ ကြ်န္ေတာ္တို႕မေပးခ်င္တဲ႕ လာဘ္ထုိးေငြေၾကးေတြ၊ ကြ်န္ေတာ္တို႕မစြန္႕လႊတ္ခ်င္တဲ႕ကိုယ္က်င္႕တရားေတြ နဲ႕ ပြင္႕အန္ထြက္ခ်င္တဲ႕ ရင္တြင္းခံစားခ်က္၊ တိုးတက္ျမင္သာမႈတုိ႕ကုိ မတတ္သာလုိ႕ အၾကိမ္ၾကိမ္မ်ိဳခ်ခဲ႕ၾကရတယ္။ ဒါေတြကို အခု ျပန္ေပးဆပ္္ခြင္႕ရပါျပီ။ ဒါေၾကာင္႕ ကြ်န္ေတာ္တုိ႕ဟာ ကိုယ္တတ္ထားတဲ႕ အတန္းပညာ၊ အသိပညာတို႕အျပင္ အတတ္ပညာ၊ အသံုးခ်ပညာတုိ႕ကုိ ထုတ္သံုးဖို႕လိုလာပါျပီ။
.
.
ရွိထားတဲ႕ဗဟုသုတ နဲ႕ ေကာင္းမြန္တဲ႕အေတြ႕အၾကံဳကိုေပါင္းစပ္လို႕ ျမန္မာႏုိင္ငံက လုပ္ငန္းရွင္ေတြနဲ႕ ပူးတြဲအေေကာင္အထည္ေဖာ္ႏုိင္တဲ႕အခါ ေအာင္ျမင္တဲ႕စီးပြားေရးလုပ္ငန္းတည္ေထာင္ႏုိင္ပါမယ္။
.
ထို႕အတူ သင္ယူထားတဲ႕ ႏုိင္ငံေရးသိပၸံ - Political Science နဲ႕ မတူညီတဲ႕လူမ်ိဳးစုေတြရဲ႕မူဝါဒေတြကိုေလ႕လာတဲ႕ အျပည္ျပည္ဆုိင္ရာႏွီးႏြယ္မႈ - International Relationships အသိပညာေတြကို အမွန္တစ္ကယ္ ဒီမုိကေရစီလိုလားတဲ႕ လူသားအရင္းအျမစ္ေတြနဲ႕ ယွဥ္တြဲလုပ္ေဆာင္တဲ႕အခါ တစ္ခ်ိန္ကအေျပာၾကီးခဲ႕တဲ႕ “ ေခတ္မီတိုးတက္ေသာႏုိင္ငံေတာ္သစ္ၾကီးဆီသို႕ ” ဆုိတဲ႕အတိုင္း ဆိုခဲေစျမဲေစ ေရာက္ရွိႏုိင္ဖုိ႕ လမ္းစျမင္ေနရပါျပီ။
.
ဒါေၾကာင္႕ မဂၤလာရွိတဲ႕ျမန္မာ႕ႏွစ္သစ္ကူးမွာ ျပည္တြင္းကေန ျပည္ပထြက္မယ္႕သူေရာ၊ ျပည္ပကေန ျပည္ေတာ္ျပန္ဝင္မယ္႕သူမ်ားေရာ အသိပညာ နဲ႕ အတတ္ပညာေတြသင္ယူပို႕ခ်ဖို႕ အသင္႕ျပင္ထားဖို႕ ဆႏၵျပဳလိုပါတယ္။ တစ္ခ်ိဳ႕ကိစၥေတြမွာ ႏုိင္ငံနဲ႕ခ်ီျပီးေျပာရတာ ကိန္းခန္းၾကီးလြန္းေပမယ္႕ ကိုယ္႕မိသားစုေျပလည္ေရးကေန ဦးေဆာင္ဦးရြက္ျပဳရင္း ရပ္ေရး ရြာေရး၊ ထုိမွတဖန္ ျမိဳ႕နယ္ ျပည္နယ္ကေန အမ်ားအက်ိဳးကုိ တစ္ဆင္႕ခ်င္းတုိးတက္ေဆာင္ရြက္ႏုိင္မွာျဖစ္ပါတယ္။
.
.
လူဟာ တစ္ခ်ိန္က်ရင္ မေရွာင္လြဲႏုိင္တဲ႕ သခၤါရတရားအရ ကိုယ္ခႏၶာေၾကြလြင္႕ျပီး မိမိပိုင္သမွ်အားလံုးကိုထားခဲ႕ရမွာပါ။ သက္ရွိ သက္မဲ႕ ရုပ္ဝတၳဳအမ်ားစုအျပင္ ေနာက္ဆံုး အခုလို စာေရး၊ စာဖတ္၊ Facebook သံုးေနတဲ႕ သက္ဝင္လႈပ္ရွား ရုပ္ခႏၶာကိုလည္း မလုပ္ခ်င္မွအဆံုး ထားခဲ႕ရျပန္ပါတယ္။ ဒါေၾကာင္႕ အားသြန္ခြန္စိုက္ ရွာထား ေဖြထား ထမ္းပုိးထားတဲ႕ ဥစၥာဓန၊ ဂုဏ္ျဒပ္မ်ားဟာ ဒီဘဝမွာတင္ ႏႈတ္ဆက္ခဲ႕ရပါလိမ္႕မယ္။ သခၤါရသံေယာဇဥ္အရမိမိထားခဲ႕တဲ႕ ဘံုနန္းက ေငြေၾကးကိန္းဂဏန္းေတြကို ဆက္ခံသူေတြ၊ သံုးစြဲသူေတြက ၾကာရင္ ေမ႕ေမ႕ေလ်ာ႕ေလ်ာ႕ျဖစ္ၾကလုိ႕ ၾကိဳျပီးဝမ္းနည္းေနလုိ႕မရတဲ႕ အေျခအေနပါ။
.
ဒါေပမယ္႕ အမ်ားေကာင္းေအာင္ လူသားအက်ိဳးျပဳလုပ္ငန္းေတြအတြက္ ကုိယ္က်ိဳးစြန္႕သူေတြ၊ တိုင္းျပည္က်န္းမာေအာင္ မွန္ကန္တဲ႕နည္းမ်ိဳးစံုနဲ႕ေဆးကုေပးမယ္႕သူေတြ၊ သြားလမ္းသာလို႕ လာလမ္းေျဖာင္႕ေအာင္ ျပည္သူမ်ားအတြက္ အလုပ္အကိုင္အခြင္႕အလမ္း - Job Opportunity ေတြကိုဖြင္႕ေပးသူေတြ နဲ႕ ကိုယ္႕ေျမပံုေပၚကုိယ္ရပ္တည္ႏုိင္ေရးအတြက္ ေခတ္မီနည္းပညာေတြနဲ႕ ႏုိင္ငံေတာ္ကိုဆြဲေခၚသြားေပးမယ္႕သူမ်ားကိုေတာ႕ ေနာင္လာေနာက္သားမ်ားက ေကာင္းမြန္ေသာအျမင္နဲ႕ အျမဲသတိရေနမွာျဖစ္ပါတယ္။
.
ခင္လ်က္
.
04-16-2016 ( ျမန္မာႏွစ္ဆန္းတစ္ရက္ေန႕ )
.
ကုိးကားမႈမ်ား ။။။။။။။။။။ ပါခ်ဳပ္ဆရာေတာ္၏ “ ကိုယ္႕ဝန္ကိုယ္ထမ္း ကိုယ္႕လမ္းကိုယ္ေလွ်ာက္ ” တရားေတာ္ ႏွင္႕
.
.
.
Myanmar Unicode Version:
.
.
“ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ်လျှောက် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ဆရာတော် ဘဒ္ဒန္တ ဒေါက်တာနန္ဒာမာလာဘိဝံသ ရဲ့ တရားတစ်ပုဒ်ကိုနာယူရင်း ဆရာတော်ဟောကြားတဲ့ “ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ်လျှောက် ” ဆိုတဲ့ တရားခေါင်းစဉ်ကို နှလုံးသွင်းမိတဲ့အခါ တောင်တန်းကြီးပေါ်ခရီးနှင်နေတဲ့ သံသရာလူသားရဲ့ အထုတ်အပ်ိုးတွေကို စတင်ပြီးသတိထားမိလာပါတယ်။ ရှင်တော်မြတ်ဗုဒ္ဓရဲ့ ပရိတ်နိဗ္ဗာန်မစံတော်ခင်အထိ အကြိမ်ကြိမ်အထပ်ထပ်ဟောကြားခဲ့တဲ့ “ အပ္ပမာဒေန သမ္ဗာဒေထ - မြန်မာလို မမေ့မလျော့သတိနှင့်နေလော့ “ ဆိုတဲ့ တရားတော်လာနဲ့ဆန့်ကျင်စွာ ကျွန်တော်တို့ရဲ့ဘဝခရီးကြမ်းတွေကို မနိုင်ဝန်တွေထမ်းပြီး ဒုံးစိုင်းနှင်လာခဲ့တာ ဘယ်လောက်တောင်ကြာနေပြီလဲဆိုတာကို ဇက်ကြိုးသတ်ပြီး စဉ်းစားခန်းဝင်မိတယ်။
.
မိမိဘဝလမ်းကို မိမိတို့လိုတာတွေ ထမ်းပိုးရင်း ကျွန်တော်လို မနိုင့်တနိုင်လှမ်းလျှောက်ခဲ့သလို ကိုယ်လိုချင်တာကိုယူသွားနိုင်တဲ့ သတ်သတ်မှတ်မှတ်ပုဂ္ဂိုလ်များ -  Dedicated Person တွေကို အထူးချီးကျူးမိပါတယ်။ သူတို့လို လူတော်တော်များများက စီးပွားမရှာနိုင်ကြဘူး။ သူတို့လို လူတော်တော်များများက နိုင်ငံရေးအထင်ကရအလုပ်တွေကို မလုပ်နိုင်ကြဘူး။ သူတို့ကို ဘယ်သူမှမှီအောင် ပရဟိတလုပ်ငန်းကို ကိုယ်ကျိုးစွန့်မလုပ်နိုင်ကြပါဘူး။
.
.
လူ့ဘဝသက်တမ်းတိုတိုလေးမှာ ငယ်ဘဝအသက်စသွင်းကြ၊ ကြီးပြင်းကြ၊ ပညာသင်ကြ၊ ဥစ္စာရှာကြ၊ တွန်းကြ တိုက်ကြ နဲ့ တော်တော့ကို အသက်ရှူမဝတဲ့ဖြစ်ရပ်တွေ ရှိကြစမြဲပါ။ ဒါကြောင့် ဖြတ်ကျော်နေတဲ့ဘဝအောင်မြင်အောင် ယှဉ်ပြိုင်လိုက်တိုင်းအနိုင်ရဖို့ လူစွမ်းလူရည် - Personal Capacity ရှိမှ လောင်စာအပြည့်ထည့်ထားတဲ့ ယာဉ်ရထားလို မတိမ်းမစောင်းမောင်းနှင်နိုင်ပါလိမ့်မယ်။
.
တစ်ဆက်တည်း အကျိုးအကြောင်းတိုက်ဆိုင်လို့ ပြည်ပနိုင်ငံသွားရောက်ဖို့ဖြစ်လာရင် ကိုယ်ပိုင်အရည်အချင်းသတ်မှတ်မှုတွေက မြင့်မားပြီး လိုအပ်ချက်ပိုကြီးလာမှာဖြစ်ပါတယ်။ အဲဒီထဲမှာ ဘာသာစကားကျွမ်းကျင်မှု၊ ပတ်ဝန်းကျင်ကိုလေ့လာအားကောင်းမှု နဲ့ သိမြင်တတ်လွယ်မှု တို့အပြင် တစ်ခုခုဆိုရင် အလွယ်တကူနားလည်လွယ်ရုံမက လိုက်ပါဆောင်ရွက်န်ိုင်၊ Pick Up လုပ်နိုင်သူ ဖြစ်ရင် ပိုမိုအောင်မြင်န်ိုင်စရာအကြောင်းရှိပါတယ်။
.
.
ဒီလိုပါပဲ အခု အမိမြန်မာနိုင်ငံပွင့်လန်းလို့ ပြည်ပနိုင်ငံကနေ ပြည်တော်ဝင်မယ့်လူတွေကရော တိုင်းပြည်နဲ့လူမျိုးအတွက် ဘာတွေ “ ဘာဝန်တွေထမ်းလို့ ပြည်တွင်းကိုဝင်မယ် ” ဆိုတာ တွေးထားကြပါသလဲ? ကျွန်တော့လို ခေတ္တအဝေးတစ်နေရာရောက်နေတဲ့ပြည်ချစ်သားတစ်ယောက်အနေနဲ့ အမိမြေနင်းတဲ့အခါ “ အသုံးချသုတေသနပညာရေးစံနစ် - Applied Research in Education ” ယူဆောင်ထမ်းပိုးသွားဖို့ အာရုံကျမိပါတယ်။ အသေးစိတ်အနေနဲ့
.
“ Applied research in education is best characterized by the intention to link research with action in a form that generates actionable knowledge. This intention is evidenced in the processes of designing, carrying out, and validating the research findings. It need not necessarily imply a preference for a particular type of knowledge or the methodology associated with its production.” ကို ဖတ်ကြည့်ရင် ပိုရှင်းသွားမှာပါ။
.
.
နလံထဖို့တာစူနေတဲ့ နွမ်းလျမြန်မာနိုင်ငံမှာ ဘယ်ကလာ သုတေသနအထောက်အကူပစ္စည်းတွေရှိမှာလဲ? လို့ တွေးကောင်းတွေးမိကြလိမ့်မယ်။ ပြည်ပမှာ ပညာသင်၊ ရုန်းကန်၊ ဘဝထူထောင်ဖူးသူတွေအတွက် သူတို့ဘဝမှာကြုံရတဲ့အခက်အခဲဟာ သူတို့ရဲ့သုတေသနပါပဲ။
.
တက်ခဲ့တဲ့ကျောင်းဟာ သူတို့ရဲ့လေ့ကျင့်ကွင်းပါပဲ။
.
နေ့စဉ်ချက်စားခဲ့တဲ့မီးဖိုချောင်ဟာ သူတို့ရဲ့ဓါတ်ခွဲခန်းပါပဲ။
.
ဒါကြောင့် ပြည်တွင်းမှာ မျက်နှာသူငယ်လေးနဲ့ နား၊ မျက်စိမပွင့်သူတွေအကျိုးရှိစေဖို့  ပြည်ပကမ္ဘာမှာနေဖူးသူတွေက နည်းပညာတွေယူဆောင်သွားလို့ရပါတယ်။ အဓိကအကျဆုံး နဲ့ လက်တွေအသုံးဝင်မယ့်အထိရောက်ဆုံးနည်းလမ်းကတော့  မိမိသိထားတတ်ထားတာကို သင်တန်းပေး - Train လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။
.
ကျွန်တော်တို့မျိုးဆက်တွေဟာ ခေတ်စံနစ်အဆက်ဆက်ရဲ့ အစမ်းသပ်ခံလူသားဒိုင်း - Human Shield တွေဖြစ်ခဲ့ကြတယ်။ ကျွန်တော်တို့မပေးချင်တဲ့ လာဘ်ထိုးငွေကြေးတွေ၊ ကျွန်တော်တို့မစွန့်လွှတ်ချင်တဲ့ကိုယ်ကျင့်တရားတွေ နဲ့ ပွင့်အန်ထွက်ချင်တဲ့ ရင်တွင်းခံစားချက်၊ တိုးတက်မြင်သာမှုတို့ကို မတတ်သာလို့ အကြိမ်ကြိမ်မျိုချခဲ့ကြရတယ်။ ဒါတွေကို အခု ပြန်ပေးဆပ်ခွင့်ရပါပြီ။ ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ်တတ်ထားတဲ့ အတန်းပညာ၊ အသိပညာတို့အပြင် အတတ်ပညာ၊ အသုံးချပညာတို့ကို ထုတ်သုံးဖို့လိုလာပါပြီ။
.
.
ရှိထားတဲ့ဗဟုသုတ နဲ့ ကောင်းမွန်တဲ့အတွေ့အကြုံကိုပေါင်းစပ်လို့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေနဲ့ ပူးတွဲအေကောင်အထည်ဖော်နိုင်တဲ့အခါ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတည်ထောင်နိုင်ပါမယ်။
.
ထို့အတူ သင်ယူထားတဲ့ နိုင်ငံရေးသိပ္ပံ - Political Science နဲ့ မတူညီတဲ့လူမျိုးစုတွေရဲ့မူဝါဒတွေကိုလေ့လာတဲ့ အပြည်ပြည်ဆိုင်ရာနှီးနွယ်မှု - International Relationships အသိပညာတွေကို အမှန်တစ်ကယ် ဒီမိုကရေစီလိုလားတဲ့ လူသားအရင်းအမြစ်တွေနဲ့ ယှဉ်တွဲလုပ်ဆောင်တဲ့အခါ တစ်ချိန်ကအပြောကြီးခဲ့တဲ့ “ ခေတ်မီတိုးတက်သောနိုင်ငံတော်သစ်ကြီးဆီသို့ ” ဆိုတဲ့အတိုင်း ဆိုခဲစေမြဲစေ ရောက်ရှိနိုင်ဖို့ လမ်းစမြင်နေရပါပြီ။
.
ဒါကြောင့် မင်္ဂလာရှိတဲ့မြန်မာ့နှစ်သစ်ကူးမှာ ပြည်တွင်းကနေ ပြည်ပထွက်မယ့်သူရော၊ ပြည်ပကနေ ပြည်တော်ပြန်ဝင်မယ့်သူများရော အသိပညာ နဲ့ အတတ်ပညာတွေသင်ယူပို့ချဖို့ အသင့်ပြင်ထားဖို့ ဆန္ဒပြုလိုပါတယ်။ တစ်ချို့ကိစ္စတွေမှာ နိုင်ငံနဲ့ချီပြီးပြောရတာ ကိန်းခန်းကြီးလွန်းပေမယ့် ကိုယ့်မိသားစုပြေလည်ရေးကနေ ဦးဆောင်ဦးရွက်ပြုရင်း ရပ်ရေး ရွာရေး၊ ထိုမှတဖန် မြို့နယ် ပြည်နယ်ကနေ အများအကျိုးကို တစ်ဆင့်ချင်းတိုးတက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
.
.
လူဟာ တစ်ချိန်ကျရင် မရှောင်လွဲနိုင်တဲ့ သင်္ခါရတရားအရ ကိုယ်ခန္ဓာကြွေလွင့်ပြီး မိမိပိုင်သမျှအားလုံးကိုထားခဲ့ရမှာပါ။ သက်ရှိ သက်မဲ့ ရုပ်ဝတ္ထုအများစုအပြင် နောက်ဆုံး အခုလို စာရေး၊ စာဖတ်၊ Facebook သုံးနေတဲ့ သက်ဝင်လှုပ်ရှား ရုပ်ခန္ဓာကိုလည်း မလုပ်ချင်မှအဆုံး ထားခဲ့ရပြန်ပါတယ်။ ဒါကြောင့် အားသွန်ခွန်စိုက် ရှာထား ဖွေထား ထမ်းပိုးထားတဲ့ ဥစ္စာဓန၊ ဂုဏ်ဒြပ်များဟာ ဒီဘဝမှာတင် နှုတ်ဆက်ခဲ့ရပါလိမ့်မယ်။ သင်္ခါရသံယောဇဉ်အရမိမိထားခဲ့တဲ့ ဘုံနန်းက ငွေကြေးကိန်းဂဏန်းတွေကို ဆက်ခံသူတွေ၊ သုံးစွဲသူတွေက ကြာရင် မေ့မေ့လျော့လျော့ဖြစ်ကြလို့ ကြိုပြီးဝမ်းနည်းနေလို့မရတဲ့ အခြေအနေပါ။
.
ဒါပေမယ့် အများကောင်းအောင် လူသားအကျိုးပြုလုပ်ငန်းတွေအတွက် ကိုယ်ကျိုးစွန့်သူတွေ၊ တိုင်းပြည်ကျန်းမာအောင် မှန်ကန်တဲ့နည်းမျိုးစုံနဲ့ဆေးကုပေးမယ့်သူတွေ၊ သွားလမ်းသာလို့ လာလမ်းဖြောင့်အောင် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း - Job Opportunity တွေကိုဖွင့်ပေးသူတွေ နဲ့ ကိုယ့်မြေပုံပေါ်ကိုယ်ရပ်တည်နိုင်ရေးအတွက် ခေတ်မီနည်းပညာတွေနဲ့ နိုင်ငံတော်ကိုဆွဲခေါ်သွားပေးမယ့်သူများကိုတော့ နောင်လာနောက်သားများက ကောင်းမွန်သောအမြင်နဲ့ အမြဲသတိရနေမှာဖြစ်ပါတယ်။
.
ခင်လျက်
.
04-16-2016 ( မြန်မာနှစ်ဆန်းတစ်ရက်နေ့ )
.
ကိုးကားမှုများ ။။။။။။။။။။ ပါချုပ်ဆရာတော်၏ “ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ်လျှောက် ” တရားတော် နှင့်
http://www.nesse.fr/


No comments: