ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, July 19, 2018

ယံုၾကည္မႈရွိတာဟာ ကိုယ္႕ဟာကိုယ္အထင္ၾကီးေနတာမဟုတ္

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. ခရီးတစ္ခုကုိသြားတယ္။ အစပိုင္းကေတာ႕ စိတ္က အဟုတ္ၾကီးပဲ။ လမ္းတစ္ဝက္က်မွစိတ္က ေဖာက္လာတယ္။ ဒီလိုေျပာင္းသြားတဲ႕စိတ္ေၾကာင္႕ ေနာက္ျပန္လွည္႕မလား? ပန္းတုိင္ေရာက္ေအာင္ေရွ႕ဆက္သြားမလား? . . ဘယ္လမ္းကိုသြားသြား လက္က်န္ခရီးအကြာအေဝးက အတူတူပါပဲ။ ဒီလုိေျပာင္းလဲတဲ႕ကိစၥမ်ိဳးကုိ "မိမိကုိယ္ကိုယ္ယံုၾကည္မႈရွိတဲ႕စိတ္ကုိဆက္မထားႏုိင္ေတာ႕တာေၾကာင္႕ ျဖစ္ရတယ္" လို႕ ကြ်န္ေတာ္ယံုၾကည္ပါတယ္။
.
. မိသားစုေပါင္းစု အားလပ္ရက္ခရီးထြက္လာတဲ႕ေနာက္မွာ လူေတြက ကြ်န္ေတာ႕ကိုတိုက္ရုိက္ၾကီးမေျပာေပမယ္႕ "ကုိယ္႕ဟာကိုယ္သိပ္အထင္မၾကီးေနနဲ႕" ဆုိတဲ႕မ်က္လံုးေတြနဲ႕ၾကည္႕ေနတာေတြကို သတိထားမိတယ္။ အေရးမၾကီးပါဘူး။ ေလာကၾကီးအတြက္ တစ္ခုခုက်န္ခဲ႕ဖို႕လုပ္ေနတဲ႕အခိုက္မွာ ဘယ္သူ႕ကုိမွ ဂရုစိုက္ေနစရာမလုိေလာက္ေအာင္ကုိ စိတ္ကရွင္းလင္းေနျပီးသားပါ။
.
.
. ကြ်န္ေတာ္အျမဲခံယူထားတာတစ္ခုရွိတယ္ "ကမၻာေျမကေန ဘာလာယူသလဲဆိုတာက အတၱ၊ ကမၻာေျမအတြက္ ဘာခ်န္ထားေပးခဲ႕မလဲဆုိတာက ဘဝ၊ ကမၻာေျမကို အခုဘာေတြေျပာျပေပူးေနသလဲဆိုတာက အဓိက" ဆုိတာပါပဲ။ ေနရာတစ္ခုမွာ ေနာက္မ်ိဳးဆက္အတြက္ တစ္ခုခုခ်န္ထားေပးဖို႕လုပ္ေနသူတစ္ေယာက္အဖို႕ လူ႕ဘဝမေသခင္အထိက်န္ေနတဲ႕အခ်ိန္ေတြက မေလာက္ငွပါဘူး။

.
. ေပးထားခ်က္ေတြကုိ တန္းစီခ်ေရးေနသူေတြအတြက္ ဘဝဟာ သိပ္ကုိလြယ္ကူေနေပမယ္႕ စာပိုဒ္ၾကီးတစ္ခုလံုးကိုဖတ္ျပီး ဒီဘဝစာေမးပြဲမွာဘယ္လိုေအာင္ျမင္ေအာင္ေျဖရမလဲ? ဂုဏ္ထူးထြက္ေအာင္ ဘယ္လိုေရးရမလဲ? လို႕ အေသအခ်ာေတြးေတာေျဖဆိုေနသူတစ္ေယာက္အဖို႕က ကုိယ္႕ဟာကုိယ္ယံုၾကည္မႈမရွိရင္ ဘယ္ကိစၥမွ လြယ္လြယ္နဲ႕ ျဖစ္မလာႏိုင္ပါ။
.
.
. ဒီမုိကေရစီ ေနအေအးမွာ စီးပြားေရးေအာင္ျမင္လာေနသူေတြ၊ ေခတ္အေျပာင္းမွာ အိပ္ေဖာင္းလာသူေတြ၊ ႏုိင္ငံေရးေရစီးေၾကာင္းမွာ လမ္းေက်ာင္းရင္း အိပ္မက္ေကာင္းေကာင္းမက္လာႏုိင္သူေတြ နဲ႕ မိမိရဲ႕သားသမီးေတြကုိ ႏိုင္ငံျခားေက်ာင္းေကာင္းေကာင္းထားႏုိင္လို႕ စိတ္ပိုင္ပိုင္ထားလာႏုိင္သူေတြကိုသာ ဒီ တူညီေသာေမးခြန္းတစ္စံုကို ျပန္လွည္႕ေမးေစခ်င္မိတယ္ . . သူတို႕ဟာ ယံုၾကည္မႈရွိေနတာလား? ကိုယ္႕ဟာကိုယ္အထင္ၾကီးေနတာလား? လို႕ေပါ႕။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. ရန္ကုန္တြင္ေရးသည္
. 07-20-2018
.
.
Unicode Version:
.
.
. "ယုံကြည်မှုရှိတာဟာ ကိုယ့်ဟာကိုယ်အထင်ကြီးနေတာမဟုတ်"
. ခရီးတစ်ခုကိုသွားတယ်။ အစပိုင်းကတော့ စိတ်က အဟုတ်ကြီးပဲ။ လမ်းတစ်ဝက်ကျမှစိတ်က ဖောက်လာတယ်။ ဒီလိုပြောင်းသွားတဲ့စိတ်ကြောင့် နောက်ပြန်လှည့်မလား? ပန်းတိုင်ရောက်အောင်ရှေ့ဆက်သွားမလား? . . ဘယ်လမ်းကိုသွားသွား လက်ကျန်ခရီးအကွာအဝေးက အတူတူပါပဲ။ ဒီလိုပြောင်းလဲတဲ့ကိစ္စမျိုးကို "မိမိကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့စိတ်ကိုဆက်မထားနိုင်တော့တာကြောင့် ဖြစ်ရတယ်" လို့ ကျွန်တော်ယုံကြည်ပါတယ်။
.
. မိသားစုပေါင်းစု အားလပ်ရက်ခရီးထွက်လာတဲ့နောက်မှာ လူတွေက ကျွန်တော့ကိုတိုက်ရိုက်ကြီးမပြောပေမယ့် "ကိုယ့်ဟာကိုယ်သိပ်အထင်မကြီးနေနဲ့" ဆိုတဲ့မျက်လုံးတွေနဲ့ကြည့်နေတာတွေကို သတိထားမိတယ်။ အရေးမကြီးပါဘူး။ လောကကြီးအတွက် တစ်ခုခုကျန်ခဲ့ဖို့လုပ်နေတဲ့အခိုက်မှာ ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာမလိုလောက်အောင်ကို စိတ်ကရှင်းလင်းနေပြီးသားပါ။
.
.
. ကျွန်တော်အမြဲခံယူထားတာတစ်ခုရှိတယ် "ကမ္ဘာမြေကနေ ဘာလာယူသလဲဆိုတာက အတ္တ၊ ကမ္ဘာမြေအတွက် ဘာချန်ထားပေးခဲ့မလဲဆိုတာက ဘဝ၊ ကမ္ဘာမြေကို အခုဘာတွေပြောပြပေူးနေသလဲဆိုတာက အဓိက" ဆိုတာပါပဲ။ နေရာတစ်ခုမှာ နောက်မျိုးဆက်အတွက် တစ်ခုခုချန်ထားပေးဖို့လုပ်နေသူတစ်ယောက်အဖို့ လူ့ဘဝမသေခင်အထိကျန်နေတဲ့အချိန်တွေက မလောက်ငှပါဘူး။
.
. ပေးထားချက်တွေကို တန်းစီချရေးနေသူတွေအတွက် ဘဝဟာ သိပ်ကိုလွယ်ကူနေပေမယ့် စာပိုဒ်ကြီးတစ်ခုလုံးကိုဖတ်ပြီး ဒီဘဝစာမေးပွဲမှာဘယ်လိုအောင်မြင်အောင်ဖြေရမလဲ? ဂုဏ်ထူးထွက်အောင် ဘယ်လိုရေးရမလဲ? လို့ အသေအချာတွေးတောဖြေဆိုနေသူတစ်ယောက်အဖို့က ကိုယ့်ဟာကိုယ်ယုံကြည်မှုမရှိရင် ဘယ်ကိစ္စမှ လွယ်လွယ်နဲ့ ဖြစ်မလာနိုင်ပါ။
.
.
. ဒီမိုကရေစီ နေအအေးမှာ စီးပွားရေးအောင်မြင်လာနေသူတွေ၊ ခေတ်အပြောင်းမှာ အိပ်ဖောင်းလာသူတွေ၊ နိုင်ငံရေးရေစီးကြောင်းမှာ လမ်းကျောင်းရင်း အိပ်မက်ကောင်းကောင်းမက်လာနိုင်သူတွေ နဲ့ မိမိရဲ့သားသမီးတွေကို နိုင်ငံခြားကျောင်းကောင်းကောင်းထားနိုင်လို့ စိတ်ပိုင်ပိုင်ထားလာနိုင်သူတွေကိုသာ ဒီ တူညီသောမေးခွန်းတစ်စုံကို ပြန်လှည့်မေးစေချင်မိတယ် . . သူတို့ဟာ ယုံကြည်မှုရှိနေတာလား? ကိုယ့်ဟာကိုယ်အထင်ကြီးနေတာလား? လို့ပေါ့။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. ရန်ကုန်တွင်ရေးသည်
. 07-20-2018

No comments: