ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, February 5, 2016

အာလူး ( သို႕မဟုတ္ ) ကယ္တင္ရွင္သီးႏွံ

ခရီးသြားေနသူ - ကုိညီညီ ( ေတာင္ၾကီး )
.
ေအာင္ပန္းျမိဳ႕ဆိုရင္ ေတာင္ေပၚျမိဳ႕တစ္ျမိဳ႕ျဖစ္တာကတစ္ေၾကာင္း၊ ေတာင္ၾကီးျမိ႕အပါအဝင္ဘုရားဖူးကားေတြ ရပ္နားစားေသာက္တဲ႕ နားေနစခန္းေတြဆိုတာ သိၾကပါလိမ္႕မယ္။ ဒါ႕အျပင္ ေဂၚဖီထုပ္၊ ပန္းေဂၚဖီ၊ အာလူး၊ ဂ်င္း၊ လက္ဘက္ေျခာက္ စတဲ႕ေဒသထြက္ကုန္ေတြကို လက္ကားျပန္ျဖန္႕ရာ႒ာနၾကီးတစ္ခုအျဖစ္ စီးပြားေရးဒုိင္ေနရာကေန ရပ္တည္ေနပါတယ္။
.
ဒီျမိဳ႕က လူစည္တဲ႕အျပင္ ေအာက္ဆင္းျပီး ကေလာ၊ ယင္းမာပင္အထိ ဆင္းမလား? ေပြးလွျမိဳ႕ဘက္ဝင္ျပီး သမုိင္းဝင္ေရႊပင္႕ကူပင္းဒယဂူ သြားမလား? ကေလာလမ္းခြဲကေန လိြဳင္ေကာ္ဘက္ သြားမလား ?  အလုပ္ေတြျပီးသြားတဲ႕အခါ အင္းေလးကန္မွာ ဇိမ္ခံဖို႕ ေညာင္ေရႊသြားဖို႕ အေပၚဘက္ထပ္တက္မလား? ေတာင္ၾကီးမေရာက္ခင္ ေအးသာယာစပ်စ္ျခံမွာ သက္တမ္းရွည္ဝိုင္ဝင္ျမည္းျပီး ေဂါက္ကလပ္မွာနားရံုမက မနက္ေနထြက္တာနဲ႕ျမက္ခင္းစိမ္းကိုတန္းျမင္ရတဲ႕ ေဂါက္ကြင္းတည္းခုိခန္းမွာ ဝင္အိပ္မလား? လမ္းအကုန္ၾကံဳတဲ႕ ေအာင္ပန္းျမိဳ႕ေလးပါ..။
.
.
ဒါေပမယ္႕ ေအာင္ပန္းျမိဳ႕ကို အဓိကသီးႏွံေထာက္ပံ႕ေနတဲ႕ “ ေနာင္တရားျမိဳ႕ ” အေၾကာင္းကို စံနမူနာအေနနဲ႕ ေျပာျပခ်င္တယ္။ သူ႕ဆီကေန အာလူးထြက္တယ္၊ လိေမၼာ္ထြက္တယ္၊ ဂ်င္းက ေစ်းျငိမ္ရင္ နည္းတယ္။ လက္ဘက္ေျခာက္ဆိုလည္း အျမဲမျပတ္စိုက္တယ္။ ဒီႏွစ္ဆိုရင္ အာလူးေစ်းက တစ္ပိသာ ( ၈ဝဝ - ၉ဝဝ ) ေက်ာ္ေတာ႕ ကုန္သည္ေတြအတြက္ ကုန္စည္စီးဆင္းမႈမွန္လာရံုမက လယ္စိုက္ေတာင္သူေတြ စိုေျပၾကတယ္။
.
အရင္ႏွစ္ေပါင္းမ်ားစြာက ေနာင္တရားျမိဳ႕ရဲ႕စီးပြားေရးဟာ စိမ္းဥေရာင္အျဖဴသီးေတြမွမသီးရင္ စီးပြားမျဖစ္ပါဘ့ူး။ တဲၾကိဳတဲၾကားကေန ဆယ္ဘီးကားၾကီးေတြထြက္ထြက္လာတာ ေနာင္တရား ရဲ႕ ေခ်ာင္ၾကားေတြကပါ။ ဒီေတာ႕ ေဒသစီးပြားေရးက အထူးေဒသအုပ္ခ်ဳပ္သူမ်ားနဲ႕ မင္းစိုးရာဇာတို႕ရဲ႕ အားျပိဳင္မႈကေန ရုန္းထြက္အသက္ရွင္ရတယ္။ ဒီေတာ႕ ဒီေန႕ အသားဟင္းစားမယ္ .. မနက္ျဖန္ေရေသာက္မယ္ .. ဘယ္ဟာျမဲမယ္လို႕ မဆိုသာဘူး။ ဒီလိုပဲ ရွိတဲ႕သူက မိုးေပၚကက်လာတဲ႕အထုပ္ျဖည္သံုးေပမယ္႕ မရွိတဲ႕သူေတြရဲ႕ဘဝက မလွမပ တသသ..။

.
.
အခု ကြ်န္ေတာ္ဒီဘက္ေဒသကိုျပန္ေရာက္ေတာ႕ ေနာင္တရားျမိဳ႕ဟာ ေကာင္းေရာင္းေကာင္းဝယ္လုပ္ကိုင္စားေသာက္တဲ႕ ျမိဳ႕ေလးတစ္ျမိဳ႕ျဖစ္လာေနပါတယ္။ သူတို႕ေျပာတဲ႕ ဟုိဟာၾကီးေတြကိုစိုက္မွ၊ ဟုိဟာၾကီးေတြေရာင္းရမွ ေငြရေတာ႕တာ မဟုတ္ဘူး။ အစားထုိးသီးႏွံ “ ကယ္တင္ရွင္ အာလူး ” က အားလံုးကိုကယ္တင္လိုက္ႏုိင္တယ္လို႕ ေဒသခံတစ္ေယာက္ကေျပာျပတယ္။ အခုလက္ရွိေတာင္ၾကီးေစ်းမွာ အာလူးတစ္ပိသာ ( ၁၂ဝဝ ) က်ပ္ အနည္းဆံုး။ ပိုၾကီးတာလိုခ်င္ရင္ ( ၁၅ဝဝ ) ေပးရလိမ္႕မယ္။
.
ဟုိဟာၾကီးကို အရင္တုန္းက ဒီေနရာဒီေဒသအထိဆင္းဝယ္တဲ႕ လက္နက္ကိုင္အဖြဲ႕ေတြ ရွိခဲ႕ဖူးတယ္။ အခုအခါမွာေတာ႕ ဒါမ်ိဳးေတြက ရွားသြားျပီး ေရာင္းခ်င္ရင္ ဝယ္လက္ရွိတဲ႕ နယ္စပ္အထိျပန္တက္ရေတာ႕ အစစ္အေဆးနဲ႕ ရင္းရတာနဲ႕ မကာမိေတာ႕ဘူး။ ေနာက္ျပီး အရင္လုိလည္း လုပ္ရကိုင္ရမလြယ္ေတာ႕ဘူးလို႕လည္း ေျပာျပတယ္။
.
.
ပိုဆိုးတာက ဝယ္လက္ေတြကို ဟိုဟာၾကီးေပးလိုက္လို႕ ေငြျပန္မရဘူး..။ သူတို႕ရဲ႕ထြက္ကုန္ျဖစ္တဲ႕ “ အိမ္တြင္းခ်က္ေရခဲတုံး ” ေတြ ေပးလႊတ္လိုက္ေတာ႕ အသူရာေက်ာက္စရစ္သံသရာလည္ၾကေတာ႕တာေပါ႕။ ဒီေတာ႕ ပူပူေႏြးေႏြးေရခဲတံုးကို ကိုင္၊ ျမန္မာျပည္ထဲကို ျပန္သယ္၊ ဆိုင္ရာပိုင္ရာေတြကုိ ညွိရ ႏိႈင္းရ နဲ႕ တစ္ခုလတ္ျဖစ္သြားတဲ႕ မိန္းမေတြနည္းမွမနည္းေတာ႕ပဲ တဲ႕ေလ..။
.
ကဲ .. သမာအာဇီဝ အာလူးကိုေရာင္းၾကည္႕ရေအာင္..။ အခင္းေကာင္းလို႕ကေတာ႕ ေကာက္မယ္လို႕သာသတင္းလႊင္႕ထားလိုက္ .. ေစ်းသာတည္႕လုိ႕ကေတာ႕ ေငြၾကိဳခ်တဲ႕သူ နဲ႕၊ ပစၥည္းအိမ္တိုင္ယာေရာက္သယ္ေပးမယ္႕လူ နဲ႕ အလုပ္သမားခစိုက္ေပးပါ႕မယ္ဆုိတဲ႕လူနဲ႕ ဘယ္ေလာက္ အိေျႏၵရသလဲ။ ေငြလည္း ပူစရာမလိုဘူး။ ဘယ္လံုျခံဳေရးအေျခအေနကုိမွလည္း စိတ္ပူစရာမလုိဘူး။ အာလူးစိုက္ေတာ႕ ဘာဆက္ေၾကးမွလည္းေပးစရာမလိုေတာ႕ဘူး။ အိမ္ကမိန္းမနဲ႕လည္း ေကာင္းေကာင္းအိပ္ရတယ္။
.
.
တစ္ဆက္တည္း ကုန္သည္ၾကီး၊ ကုန္သည္လတ္ေတြက အာလူးနဲ႕တစ္ျခားထြက္ကုန္ေတြအတြက္ ဓါတ္ေျမၾသဇာလည္း ေရာင္းရေသးတယ္။ ဟုိဟာၾကီးစိုက္ရင္ ဓါတ္မေကြ်းရဘူး .. ေျမၾကီးေပၚပစ္ခ်ထားလိုက္ .. သူ႕အလိုလုိေပါက္တာ .. ဂရုစိုက္စရာမလုိဘူး .. အၾကမ္းခံတယ္လို႕ တင္စားေျပာၾကတယ္။ ဒီကေန ဆိုင ္နဲ႕ လယ္သမား၊ ေတာင္သူ နဲ႕ ပြဲစား၊ ေငြရွင္ နဲ႕ ယာရွင္ အညမညျဖစ္စဥ္အရ သမာအာဇီဝစီးပြားျဖစ္ၾကတာ ေဒသတိုးတက္ရံုမက ႏိုင္ငံေတာ္ၾကီးကိုပါ အေထာက္အကူျပဳေနၾကတယ္ေလ။
.
ဒီေတာ႕ “ ဘိန္းအစားထိုးသီးႏွံ ” လို႕ ဆိုင္းဘုတ္ေတြေထာင္ေနလို႕ ဘယ္သူမွစိတ္မဝင္စားဘူး။ အခုလို ေစ်းကြက္ၾကီးၾကီးသီးႏွံမ်ိဳးကို အစိုးရကမသိခ်င္ေန ေတာင္သူေတြကသိတယ္။ လယ္ယာရွင္ေတြက သိတယ္။ ဒါေၾကာင္႕ မီဒီယာအေရးၾကီးတယ္ .. လက္ကိုင္ဖုန္းေတြရွိသင္႕တယ္လို႕ ဆိုခဲ႕ၾကတာေပါ႕။ ဘိန္းခင္းသြားဖ်က္လို႕လည္း ဘိန္းကျမတ္ေနသ၍ သံုးစြဲမႈရွိေနသ၍ စိုက္တာရပ္မသြားဘူး။ ဒါေၾကာင္႕ သူနဲ႕တန္းတူ ဟုိဟာၾကီးအစား အာလူးစိုက္ၾကတဲ႕ ေနာင္တရားက လယ္စုိက္ေတာင္သူေတာသူေ႒းေတြရဲ႕အၾကံဥာဏ္ကို အထူးေလးစားမိတယ္။
.
.
တစ္ကယ္ပိုက္ဆံရွာၾကစတမ္းဆို ဟုိဟာၾကီးကိုဘယ္သူမွ မစိုက္ခ်င္ပါဘူး။ အာလူးလုိ ကယ္တင္ရွင္သီးႏွံရွိရင္ နာမည္လည္းပ်က္၊ ေရာင္းရလည္းခက္တဲ႕ မိစၦာပန္းကို ဘယ္သူကဆင္ျမန္းခ်င္ပါ႕မလဲ။ ကိုယ္႕ဟာကုိယ္ ထမင္းၾကမ္းယပ္ခတ္စားျပီး အသီးေပၚတဲ႕အခါက်မွ ဆိုင္ကယ္ ဝယ္စီးမလား? တုိက္ေဆာက္ ေနမလား? Honda Fit တစ္စီးေလာက္ ဝယ္မလား? ရန္ကုန္၊ မႏၱေလးေရာက္တဲ႕အခါ ပြဲရံုကေန ေငြထုတ္ဝယ္လိုက္ရံုပဲ .. ဘယ္ေလာက္ပနံရတဲ႕အာလူး ပါလဲ..။
.
ဒါေၾကာင္႕ ေဒသဆိုင္ရာလႊတ္ေတာ္ကိုယ္စားလွယ္ေတြက ျပည္သူေတြေရြးခ်ယ္လိုက္လို႕ လႊတ္ေတာ္ထဲေရာက္ေနရံုနဲ႕မျပီးေသးဘူး။ အခုလုိတုိးတက္မႈေတြ .. ေကာင္းမႈေကာင္းရာဘက္ေရာက္တဲ႕ အက်ိဳးျပဳကိစၥေတြကို ႏိုင္ငံေတာ္ကို တင္ျပရမယ္။ နည္းပညာပံ႕ပိုးမႈေတြ လုပ္ေပးရမယ္။ လမ္းပန္းဆက္သြယ္ေရးေခ်ာေမြ႕ေအာင္ ေဆာင္ရြက္ေပးရမယ္။ ေငြေၾကးလႊဲေျပာင္းမႈလြယ္ကူေအာင္ နဲ႕ အမ်ားအားကိုးတဲ႕ ရွမ္းျပည္သား သဒၶါထက္သန္ ျမန္မာ႕အားမာန္ဘဏ္လိုမ်ိဳးေတြကို လာေရာက္အေျခစိုက္ေစရမယ္။
.
.
အခုဆိုရင္ တရားဝင္အာလူးသူေ႒းၾကီးေတြ လယ္ပိုင္သမွ် လိေမၼာ္ရာသီဆုိလည္း ေနာင္တရားျမိဳ႕က ထြက္တာပဲ။ လက္ဘက္ေျခာက္ဆိုလည္း နည္းမွမနည္း။ ေအာင္ပန္းတစ္ဝိုက္ အနီးအနားမွာ စုိက္ပ်ိဳးေနတဲ႕ကြန္ယက္က အမ်ားၾကီးဆုိေတာ႕ ဒီေဒသရဲ႕ “ ေျမနီ ” ကို အထင္ေသးလို႕မရပါဘူး။ “ ေျမနီကေရႊစီေနတယ္ ” လို႕ေတာင္ ေျပာလုိ႕ရတယ္။
.
တစ္ကယ္သာ အစားထိုးသီးႏွံေစ်းေကာင္းရင္ ဟုိဟာၾကီးကို ဘယ္သူမွ မစိုက္ခ်င္ပါဘူး။ ဒီကေန ဆင္႕ပြားပ်က္ယြင္းလာမယ္႕ စာရိတၱ နဲ႕ ရင္းရမယ္႕လူသားတို႕ရဲ႕အသက္ေတြကို ဘယ္သူမွ မစေတးခ်င္ၾကပါဘူး။ ေဒသဖြံ႕ျဖိဳးေရးအတြက္ ေဒသအစိုးရ နဲ႕ ဒီမိုကေရစီအစိုးရတုိ႕က နည္းစံနစ္မွန္ေအာင္သာ ပူးေပါင္း၍ အစဥ္ၾကိဳစားၾကေစလိုပါတယ္။
.
.
မွတ္ခ်က္ ။။။။။။။။။။ ေနာင္တရားျမိဳ႕တစ္ဝိုက္မွာ အေရာင္အေသြးမ်ိဳးစံုလွတဲ႕အရက္ေတြ အင္မတန္ေရာင္းေကာင္းေနတာကိုေတာ႕ ရင္နင္႕စြာခံစားမိပါတယ္။ ( ေဆာင္းပါးရွင္ )
.
.
ခင္လ်က္
.
02-05-2016 ( ေတာင္ၾကီးျမိဳ႕ )
.
ဟုိပံုးျမိဳ႕အနီးတစ္ဝုိက္မွရိုက္ကူးထားသည္႕ ပအိုဝ္းတိုင္းရင္းသူေလးႏွစ္ဦး၏ပံုကို ( သူတုိ႕၏ခြင္႕ျပဳခ်က္ျဖင္႕ ) ထည္႕သံုးပါသည္။
.
.
Myanmar Unicode Version:
.
.
“ အာလူး ( သို့မဟုတ် ) ကယ်တင်ရှင်သီးနှံ ”
ခရီးသွားနေသူ - ကိုညီညီ ( တောင်ကြီး )
.
အောင်ပန်းမြို့ဆိုရင် တောင်ပေါ်မြို့တစ်မြို့ဖြစ်တာကတစ်ကြောင်း၊ တောင်ကြီးမြိ့အပါအဝင်ဘုရားဖူးကားတွေ ရပ်နားစားသောက်တဲ့ နားနေစခန်းတွေဆိုတာ သိကြပါလိမ့်မယ်။ ဒါ့အပြင် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ အာလူး၊ ဂျင်း၊ လက်ဘက်ခြောက် စတဲ့ဒေသထွက်ကုန်တွေကို လက်ကားပြန်ဖြန့်ရာဋ္ဌာနကြီးတစ်ခုအဖြစ် စီးပွားရေးဒိုင်နေရာကနေ ရပ်တည်နေပါတယ်။
.
ဒီမြို့က လူစည်တဲ့အပြင် အောက်ဆင်းပြီး ကလော၊ ယင်းမာပင်အထိ ဆင်းမလား? ပွေးလှမြို့ဘက်ဝင်ပြီး သမိုင်းဝင်ရွှေပင့်ကူပင်းဒယဂူ သွားမလား? ကလောလမ်းခွဲကနေ လွိုင်ကော်ဘက် သွားမလား ?  အလုပ်တွေပြီးသွားတဲ့အခါ အင်းလေးကန်မှာ ဇိမ်ခံဖို့ ညောင်ရွှေသွားဖို့ အပေါ်ဘက်ထပ်တက်မလား? တောင်ကြီးမရောက်ခင် အေးသာယာစပျစ်ခြံမှာ သက်တမ်းရှည်ဝိုင်ဝင်မြည်းပြီး ဂေါက်ကလပ်မှာနားရုံမက မနက်နေထွက်တာနဲ့မြက်ခင်းစိမ်းကိုတန်းမြင်ရတဲ့ ဂေါက်ကွင်းတည်းခိုခန်းမှာ ဝင်အိပ်မလား? လမ်းအကုန်ကြုံတဲ့ အောင်ပန်းမြို့လေးပါ..။
.
.
ဒါပေမယ့် အောင်ပန်းမြို့ကို အဓိကသီးနှံထောက်ပံ့နေတဲ့ “ နောင်တရားမြို့ ” အကြောင်းကို စံနမူနာအနေနဲ့ ပြောပြချင်တယ်။ သူ့ဆီကနေ အာလူးထွက်တယ်၊ လိမ္မော်ထွက်တယ်၊ ဂျင်းက ဈေးငြိမ်ရင် နည်းတယ်။ လက်ဘက်ခြောက်ဆိုလည်း အမြဲမပြတ်စိုက်တယ်။ ဒီနှစ်ဆိုရင် အာလူးဈေးက တစ်ပိသာ ( ၈ဝဝ - ၉ဝဝ ) ကျော်တော့ ကုန်သည်တွေအတွက် ကုန်စည်စီးဆင်းမှုမှန်လာရုံမက လယ်စိုက်တောင်သူတွေ စိုပြေကြတယ်။
.
အရင်နှစ်ပေါင်းများစွာက နောင်တရားမြို့ရဲ့စီးပွားရေးဟာ စိမ်းဥရောင်အဖြူသီးတွေမှမသီးရင် စီးပွားမဖြစ်ပါဘူ့း။ တဲကြိုတဲကြားကနေ ဆယ်ဘီးကားကြီးတွေထွက်ထွက်လာတာ နောင်တရား ရဲ့ ချောင်ကြားတွေကပါ။ ဒီတော့ ဒေသစီးပွားရေးက အထူးဒေသအုပ်ချုပ်သူများနဲ့ မင်းစိုးရာဇာတို့ရဲ့ အားပြိုင်မှုကနေ ရုန်းထွက်အသက်ရှင်ရတယ်။ ဒီတော့ ဒီနေ့ အသားဟင်းစားမယ် .. မနက်ဖြန်ရေသောက်မယ် .. ဘယ်ဟာမြဲမယ်လို့ မဆိုသာဘူး။ ဒီလိုပဲ ရှိတဲ့သူက မိုးပေါ်ကကျလာတဲ့အထုပ်ဖြည်သုံးပေမယ့် မရှိတဲ့သူတွေရဲ့ဘဝက မလှမပ တသသ..။
.
.
အခု ကျွန်တော်ဒီဘက်ဒေသကိုပြန်ရောက်တော့ နောင်တရားမြို့ဟာ ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားသောက်တဲ့ မြို့လေးတစ်မြို့ဖြစ်လာနေပါတယ်။ သူတို့ပြောတဲ့ ဟိုဟာကြီးတွေကိုစိုက်မှ၊ ဟိုဟာကြီးတွေရောင်းရမှ ငွေရတော့တာ မဟုတ်ဘူး။ အစားထိုးသီးနှံ “ ကယ်တင်ရှင် အာလူး ” က အားလုံးကိုကယ်တင်လိုက်နိုင်တယ်လို့ ဒေသခံတစ်ယောက်ကပြောပြတယ်။ အခုလက်ရှိတောင်ကြီးဈေးမှာ အာလူးတစ်ပိသာ ( ၁၂ဝဝ ) ကျပ် အနည်းဆုံး။ ပိုကြီးတာလိုချင်ရင် ( ၁၅ဝဝ ) ပေးရလိမ့်မယ်။
.
ဟိုဟာကြီးကို အရင်တုန်းက ဒီနေရာဒီဒေသအထိဆင်းဝယ်တဲ့ လက်နက်ကိုင်အဖွဲ့တွေ ရှိခဲ့ဖူးတယ်။ အခုအခါမှာတော့ ဒါမျိုးတွေက ရှားသွားပြီး ရောင်းချင်ရင် ဝယ်လက်ရှိတဲ့ နယ်စပ်အထိပြန်တက်ရတော့ အစစ်အဆေးနဲ့ ရင်းရတာနဲ့ မကာမိတော့ဘူး။ နောက်ပြီး အရင်လိုလည်း လုပ်ရကိုင်ရမလွယ်တော့ဘူးလို့လည်း ပြောပြတယ်။
.
.
ပိုဆိုးတာက ဝယ်လက်တွေကို ဟိုဟာကြီးပေးလိုက်လို့ ငွေပြန်မရဘူး..။ သူတို့ရဲ့ထွက်ကုန်ဖြစ်တဲ့ “ အိမ်တွင်းချက်ရေခဲတုံး ” တွေ ပေးလွှတ်လိုက်တော့ အသူရာကျောက်စရစ်သံသရာလည်ကြတော့တာပေါ့။ ဒီတော့ ပူပူနွေးနွေးရေခဲတုံးကို ကိုင်၊ မြန်မာပြည်ထဲကို ပြန်သယ်၊ ဆိုင်ရာပိုင်ရာတွေကို ညှိရ နှိုင်းရ နဲ့ တစ်ခုလတ်ဖြစ်သွားတဲ့ မိန်းမတွေနည်းမှမနည်းတော့ပဲ တဲ့လေ..။
.
ကဲ .. သမာအာဇီဝ အာလူးကိုရောင်းကြည့်ရအောင်..။ အခင်းကောင်းလို့ကတော့ ကောက်မယ်လို့သာသတင်းလွှင့်ထားလိုက် .. ဈေးသာတည့်လို့ကတော့ ငွေကြိုချတဲ့သူ နဲ့၊ ပစ္စည်းအိမ်တိုင်ယာရောက်သယ်ပေးမယ့်လူ နဲ့ အလုပ်သမားခစိုက်ပေးပါ့မယ်ဆိုတဲ့လူနဲ့ ဘယ်လောက် အိန္ဒြေရသလဲ။ ငွေလည်း ပူစရာမလိုဘူး။ ဘယ်လုံခြုံရေးအခြေအနေကိုမှလည်း စိတ်ပူစရာမလိုဘူး။ အာလူးစိုက်တော့ ဘာဆက်ကြေးမှလည်းပေးစရာမလိုတော့ဘူး။ အိမ်ကမိန်းမနဲ့လည်း ကောင်းကောင်းအိပ်ရတယ်။
.
.
တစ်ဆက်တည်း ကုန်သည်ကြီး၊ ကုန်သည်လတ်တွေက အာလူးနဲ့တစ်ခြားထွက်ကုန်တွေအတွက် ဓါတ်မြေဩဇာလည်း ရောင်းရသေးတယ်။ ဟိုဟာကြီးစိုက်ရင် ဓါတ်မကျွေးရဘူး .. မြေကြီးပေါ်ပစ်ချထားလိုက် .. သူ့အလိုလိုပေါက်တာ .. ဂရုစိုက်စရာမလိုဘူး .. အကြမ်းခံတယ်လို့ တင်စားပြောကြတယ်။ ဒီကနေ ဆိုင ္နဲ့ လယ်သမား၊ တောင်သူ နဲ့ ပွဲစား၊ ငွေရှင် နဲ့ ယာရှင် အညမညဖြစ်စဉ်အရ သမာအာဇီဝစီးပွားဖြစ်ကြတာ ဒေသတိုးတက်ရုံမက နိုင်ငံတော်ကြီးကိုပါ အထောက်အကူပြုနေကြတယ်လေ။
.
ဒီတော့ “ ဘိန်းအစားထိုးသီးနှံ ” လို့ ဆိုင်းဘုတ်တွေထောင်နေလို့ ဘယ်သူမှစိတ်မဝင်စားဘူး။ အခုလို ဈေးကွက်ကြီးကြီးသီးနှံမျိုးကို အစိုးရကမသိချင်နေ တောင်သူတွေကသိတယ်။ လယ်ယာရှင်တွေက သိတယ်။ ဒါကြောင့် မီဒီယာအရေးကြီးတယ် .. လက်ကိုင်ဖုန်းတွေရှိသင့်တယ်လို့ ဆိုခဲ့ကြတာပေါ့။ ဘိန်းခင်းသွားဖျက်လို့လည်း ဘိန်းကမြတ်နေသ၍ သုံးစွဲမှုရှိနေသ၍ စိုက်တာရပ်မသွားဘူး။ ဒါကြောင့် သူနဲ့တန်းတူ ဟိုဟာကြီးအစား အာလူးစိုက်ကြတဲ့ နောင်တရားက လယ်စိုက်တောင်သူတောသူဋ္ဌေးတွေရဲ့အကြံဥာဏ်ကို အထူးလေးစားမိတယ်။
.
.
တစ်ကယ်ပိုက်ဆံရှာကြစတမ်းဆို ဟိုဟာကြီးကိုဘယ်သူမှ မစိုက်ချင်ပါဘူး။ အာလူးလို ကယ်တင်ရှင်သီးနှံရှိရင် နာမည်လည်းပျက်၊ ရောင်းရလည်းခက်တဲ့ မိစ္ဆာပန်းကို ဘယ်သူကဆင်မြန်းချင်ပါ့မလဲ။ ကိုယ့်ဟာကိုယ် ထမင်းကြမ်းယပ်ခတ်စားပြီး အသီးပေါ်တဲ့အခါကျမှ ဆိုင်ကယ် ဝယ်စီးမလား? တိုက်ဆောက် နေမလား? Honda Fit တစ်စီးလောက် ဝယ်မလား? ရန်ကုန်၊ မန္တလေးရောက်တဲ့အခါ ပွဲရုံကနေ ငွေထုတ်ဝယ်လိုက်ရုံပဲ .. ဘယ်လောက်ပနံရတဲ့အာလူး ပါလဲ..။
.
ဒါကြောင့် ဒေသဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူတွေရွေးချယ်လိုက်လို့ လွှတ်တော်ထဲရောက်နေရုံနဲ့မပြီးသေးဘူး။ အခုလိုတိုးတက်မှုတွေ .. ကောင်းမှုကောင်းရာဘက်ရောက်တဲ့ အကျိုးပြုကိစ္စတွေကို နိုင်ငံတော်ကို တင်ပြရမယ်။ နည်းပညာပံ့ပိုးမှုတွေ လုပ်ပေးရမယ်။ လမ်းပန်းဆက်သွယ်ရေးချောမွေ့အောင် ဆောင်ရွက်ပေးရမယ်။ ငွေကြေးလွှဲပြောင်းမှုလွယ်ကူအောင် နဲ့ အများအားကိုးတဲ့ ရှမ်းပြည်သား သဒ္ဓါထက်သန် မြန်မာ့အားမာန်ဘဏ်လိုမျိုးတွေကို လာရောက်အခြေစိုက်စေရမယ်။
.
.
အခုဆိုရင် တရားဝင်အာလူးသူဋ္ဌေးကြီးတွေ လယ်ပိုင်သမျှ လိမ္မော်ရာသီဆိုလည်း နောင်တရားမြို့က ထွက်တာပဲ။ လက်ဘက်ခြောက်ဆိုလည်း နည်းမှမနည်း။ အောင်ပန်းတစ်ဝိုက် အနီးအနားမှာ စိုက်ပျိုးနေတဲ့ကွန်ယက်က အများကြီးဆိုတော့ ဒီဒေသရဲ့ “ မြေနီ ” ကို အထင်သေးလို့မရပါဘူး။ “ မြေနီကရွှေစီနေတယ် ” လို့တောင် ပြောလို့ရတယ်။
.
တစ်ကယ်သာ အစားထိုးသီးနှံဈေးကောင်းရင် ဟိုဟာကြီးကို ဘယ်သူမှ မစိုက်ချင်ပါဘူး။ ဒီကနေ ဆင့်ပွားပျက်ယွင်းလာမယ့် စာရိတ္တ နဲ့ ရင်းရမယ့်လူသားတို့ရဲ့အသက်တွေကို ဘယ်သူမှ မစတေးချင်ကြပါဘူး။ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသအစိုးရ နဲ့ ဒီမိုကရေစီအစိုးရတို့က နည်းစံနစ်မှန်အောင်သာ ပူးပေါင်း၍ အစဉ်ကြိုစားကြစေလိုပါတယ်။
.
.
မှတ်ချက် ။။။။။။။။။။ နောင်တရားမြို့တစ်ဝိုက်မှာ အရောင်အသွေးမျိုးစုံလှတဲ့အရက်တွေ အင်မတန်ရောင်းကောင်းနေတာကိုတော့ ရင်နင့်စွာခံစားမိပါတယ်။ ( ဆောင်းပါးရှင် )
.
.
ခင်လျက်
.
02-05-2016 ( တောင်ကြီးမြို့ )
.
ဟိုပုံးမြို့အနီးတစ်ဝိုက်မှရိုက်ကူးထားသည့် ပအိုဝ်းတိုင်းရင်းသူလေးနှစ်ဦး၏ပုံကို ( သူတို့၏ခွင့်ပြုချက်ဖြင့် ) ထည့်သုံးပါသည်။


No comments: