ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, January 7, 2018

ျပည္ပေက်ာင္းတက္ဖို႕သားသမီးကိုလုိက္ပို႕ၾကတဲ႕မိဘေတြ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. ျမန္မာႏိုင္ငံကမိဘေတြ မိမိရဲ႕သားသမီးကုိ အစုိးရေက်ာင္းႏႈတ္ျပီး အဂၤလိပ္ဘာသာနဲ႕သင္တဲ႕ေက်ာင္းတစ္မ်ိဳးတည္းကိုသာထားခဲ႕တဲ႕အေလ႕အထစတင္ခဲ႕တာ အႏွစ္ (၂ဝ) ဟုိဘက္ကလို႕ ကြ်န္ေတာ္မွတ္မိခဲ႕တယ္။ သူတို႕ရဲ႕ခံယူခ်က္က "ငါမတတ္ခဲ႕ရတဲ႕ႏိုင္ငံတကာပညာေရး ငါ႕သား ငါ႕သမီးတတ္ေျမာက္ေစ" ဆုိတဲ႕ ေစတနာနဲ႕ မတန္ရာမတန္ေၾကးေရာ၊ တန္ရာတန္ေၾကးပါမက်န္ ေငြကုန္ေၾကးက်ခံၾကတယ္။
.
. ေခတ္ေကာင္းတုန္းကလုိ႕ေျပာမလား . . ယုိယြင္းေခတ္ကိုတစ္မ်ိဳးထြင္ႏိုင္ခဲ႕တဲ႕ေခတ္လို႕ေျပာရမလား . . တစ္ခ်ိဳ႕ဆို အဂၤလိပ္ေက်ာင္းတက္ေနတဲ႕သားသမီးကုိ တကၠသိုလ္ဝင္တန္းကို အစိမ္းၾကီးဝင္ေျဖရင္း ဆရာဝန္လိုင္းရသြားတာေတြလည္း ေတြ႕ခဲ႕ရဖူးတယ္။ သို႕ေသာ္လည္း ေျပာင္းလဲလာတဲ႕ႏိုင္ငံတကာအျမင္နဲ႕လိုက္ေလ်ာညီေထြစြာ သားသမီးဟာ ျပည္တြင္းမွာ တိုက္ခန္းက်ဥ္းဆရာဝန္မလုပ္ခ်င္ဘူး။ ျမိဳ႕သစ္ေတြမွာဖြင္႕တဲ႕ စက္မႈလက္မႈေက်ာင္းမွာ ျမက္ခင္းအင္ဂ်င္နီယာမလုပ္ခ်င္ဘူး။ ေတာၾကိဳေတာင္ၾကားက မည္ကာမတၱတကၠသိုလ္ထဲမွာ သရဲနဲ႕အတူကြန္ပ်ဴတာတစ္ေခ်ာက္ေခ်ာက္မရိုက္ခ်င္ၾကဘူး။
.
.
. ဒါေၾကာင္႕ အဂၤလိပ္အတန္း (၁ဝ) တန္း၊ အေမရိကန္အတန္း (၁၂) တန္းေအာင္တဲ႕ျပည္တြင္းအဂၤလိပ္စာသင္ေက်ာင္းသားေတြဟာ ႏိုင္ငံျခားေက်ာင္းကုိဆက္လွမ္းတက္ၾကဖို႕ မိဘေတြက ပါရမီျဖည္႕ၾကရတယ္။ ႏို္င္ငံျခားေကာလိပ္ေတြတက္ဖို႕ျပည္တြင္းကနာမယ္ရပညာေရးေအးဂ်င္႕ေတြနဲ႕အပ္ႏွံၾကတယ္။ ေကာင္းမြန္တဲ႕ပညာေရးေရခံေျမခံေပၚခင္းနင္း ေလွ်ာစီး ေလွ်ာက္လွမ္းခဲ႕ရသူေတြအဖို႕ အဂၤလိပ္စာအေျခခံရွိတယ္ဆိုေပမယ္႕ ေရအသစ္ေျမအသစ္မွာ ဘဝသစ္စၾကတဲ႕အခါ စိမ္ေခၚမႈေတြက တန္းစီေစာင္႕ၾကိဳေနပါတယ္။
.
. ပထမဦးဆံုးအခက္အခဲက ေလယာဥ္ၾကီးစီးျပီးေပ်ာ္ေပ်ာ္ၾကီးခရီးသြားၾကတဲ႕ကိစၥပါ။ တစ္ခ်ိဳ႕က သားသမီးခ်ည္းခ်ည္းလြတ္လြတ္လပ္လပ္လႊတ္လိုက္ၾကျပီး တစ္ခ်ိဳ႕က မိဘတစ္ဦးဦးလိုက္ပါသြားတတ္ၾကတယ္။ အဲဒီထဲမွာ ကိုယ္ပိုင္အစီအစဥ္နဲ႕ေလေၾကာင္း၊ ခရီးစဥ္၊ အေဆာင္၊ ေနေရးထုိင္ေရးစားေသာက္ေရးစီစဥ္တတ္ၾကသလို အစစအရာရာ ပညာေရးေအးဂ်င္႕ရဲ႕စြမ္းအားရွိသမွ်အခ်က္အလက္အကုန္ရယူျပီးေရာက္လာၾကသူေတြရွိၾကတယ္။
.
. ဘယ္လုိနည္းနဲ႕ဒီဘက္‌ေျမကုိနင္းေစကာမူ အေမရိကန္ႏိုင္ငံရဲ႕ေလဆိပ္တစ္ခုခုေရာက္ျပီဆုိတာနဲ႕ ျမန္မာေက်ာင္းသားနဲ႕မိဘေတြထိပ္ဆံုးေတာင္႕တတာကေတာ႕ သူတို႕ေရာက္ရွိေၾကာင္းျမန္မာႏိုင္ငံကုိသတင္းပို႕ဖို႕အင္တာနက္နဲ႕ဆက္သြယ္ႏိုင္ဖို႕တယ္လီဖုန္း Sim Card ပါပဲ။ သူတုိ႕မွာအသင္႕ပါလာတဲ႕ျမန္မာႏိုင္ငံကဖုန္းဆိုေတာ႕ ဘာကဒ္ထည္႕ထည္႕အလုပ္လုပ္မယ္႕ ေဆာ႕ဝဲလ္နဲ႕မထိန္းခ်ဳပ္ထားတဲ႕ Unlocked Phone ဆိုတာ ေသခ်ာသေလာက္ရွိတယ္။
.
. ေနာက္တစ္ခ်က္က ေက်ာင္းကစီစဥ္ေပးထားတဲ႕အေဆာင္ကုိေက်ာင္းသားကဝင္ေရာက္သြားတဲ႕အခါ လုိက္ပါလာတဲ႕မိဘတည္းဖို႕ခုိဖို႕ေနရာကိုစီစဥ္ရတာပါ။ ကုိယ္တိုင္အြန္လိုင္းကေန တည္းခုိခန္းငွားလို႕ရတယ္။ အမ်ိဳးအေဆြရွိလို႕ ရက္တုိတုိေခတၱတည္းခုိႏိုင္မယ္႕ေနရာရွိရင္ ပိုမိုသက္ေတာင္႕သက္သာျဖစ္ေစတယ္။ ဒါေပမဲ႕ "ခရီးတစ္ခုအတြက္ အစစအရာရာျပည္႕စံုကံုလံုေခ်ာေမြ႕ေစသတည္း" ဆိုတာမ်ိဳးေတာ႕ ဘယ္ေနရာမွမရွိလာႏိုင္ပါဘူး။ အထူးသျဖင္႕ အေမရိကားလိုျပည္ဝင္ခြင္႕ကိုေသခ်ာစစ္ေဆးတဲ႕ဝင္ေပါက္ေလဆိပ္မ်ိဳးမွာ မၾကံဳဖူးတဲ႕အေတြ႕အၾကံဳထူးေတြရတတ္ပါတယ္။ အေမရိကန္လဝက ရဲေတြစစ္ဖို႕ စာရြက္စာတမ္းေတြအစံုအလင္တင္ျပႏိုင္ဖို႕ျပင္ဆင္ထားသင္႕တယ္။ ကြ်န္ေတာ္အၾကံေပးခ်င္တဲ႕နည္းလမ္း - Tips ေတြအေနနဲ႕
.
.
. Tip A: To Obtain a Sim Card or Internet
. အင္တာနက္သံုးရဖို႕ ေလဆိပ္အထြက္မွာ အေရးတၾကီးလုပ္ျပီးေတြ႕ကရာ Sim Card ဝယ္ရင္ ေနာက္တစ္ခ်ိန္စိတ္တုိင္းမက်ရံုမက ေစ်းၾကီးတဲ႕လိုင္းမ်ိဳးပိုက္မိတတ္ပါတယ္။ ကြ်န္ေတာ္ျမင္ေတြ႕ခဲ႕ရတဲ႕ ဆန္ဖရန္စစၥကိုေလဆိပ္မွာ အင္တာနက္သံုးရဖို႕၊ ဖုန္းေခၚရဖို႕ (၉၉) ေဒၚလာကေန (၅၉) ေဒၚလာအထိ မတန္တဆေစ်းတင္ေရာင္းၾကတာကုိေရွာင္ေစ႕ခ်င္တယ္။
.
. အမွန္မွာက အေမရိကားကိုလာတဲ႕ေလေၾကာင္းအမ်ားစုရဲ႕တစ္ေထာက္နားေလဆိပ္ေတြမွာ အခမဲ႕အင္တာနက္ကို လ်ိဳ႕ဝွက္နံပါတ္သံုးစရာမလိုပဲ အနည္းဆံုးေတာ႕ ျမန္မာၾကိဳက္ Viber နဲ႕ Facebook Messenger ေတြ သံုးျပီး မိဘေဆြမ်ိဳးေတြဆီသတင္းပို႕ႏိုင္ပါတယ္။ ဒါ႕အျပင္ အေမရိကန္ေလဆိပ္တစ္ခုခုေရာက္ရင္ လိုင္းေကာင္းတာ လုိင္းမေကာင္းတာကိုေဗြမယူရင္ အမ်ားအားျဖင္႕အခမဲ႕ေလဆိပ္အင္တာနက္ရွိေနတာျဖစ္လို႕ မိမိတည္းမယ္႕အိမ္၊ အေဆာင္၊ တည္းခုိခန္းေရာက္ျပီး နားလို႕ဝမွ တယ္လီဖုန္းကဒ္ထြက္ဝယ္သင္႕တယ္။
.
.
. အေမရိကားမွာ အဓိကဖုန္းကုမၸဏီ (၄) ခုထဲက AT&T (နံပါတ္ ၂ ) နဲ႕ T-Mobile (နံပါတ္ ၃ ) တို႕ရဲ႕ကဒ္ျပားေတြဟာ ျမန္မာႏိုင္ငံကသယ္လာတဲ႕ဖုန္းေတြေပၚမွာတန္းျပီးအလုပ္လုပ္ပါတယ္။ အခုတေလာေလ႕လာမိသေလာက္ တစ္လစာေငြၾကိဳေပးရတဲ႕ဖုန္းကဒ္ - Prepaid ကို AT&T Network ေပၚမွာ အင္တာနက္ေဒတာ

1GB ကို $35 Monthly Plan

6GB ကို $45 Monthly Plan နဲ႕

Unlimited Data ကို $65 Monthly Plan တို႕နဲ႕ ေၾကျငာထားပါတယ္။
အဲဒီအမ်ိဳးအစားအားလံုးဟာ ျပည္တြင္းတယ္လီဖုန္းေျပာဆိုမႈ နဲ႕ စာပို႕မႈအကန္႕အသတ္မရွိတဲ႕ Unlimited talk & text in the U.S ျဖစ္တာခ်င္းအတူတူပါ။ (၂ဝ၁၈ ဇန္နဝါရီလေစ်းႏႈန္း)
.
. အေမရိကားမွာေနရာတိုင္းလိုလို၊ အိမ္ရွင္တုိင္းလိုလုိက အိမ္တြင္းဝုိင္ဖိုင္ - WiFi အင္တာနက္ရွိၾကတာျဖစ္လို႕ အခမဲ႕ျဖစ္ျဖစ္၊ အခေပးျဖစ္ျဖစ္ ရယူႏုိင္တာျဖစ္လို႕ လိုင္းေပၚတက္ဖို႕သိပ္စိတ္ပူစရာမလိုပါ။ အလည္လာသူေတြနဲ႕ ေက်ာင္းသူေက်ာင္းသားေတြအဖို႕ေတာ႕ အေႏွာင္အဖြဲ႕ (သုိ႕) ကန္ထရိုက္စာခ်ဳပ္ - Commitment ကင္းတဲ႕ ေငြၾကိဳသြင္း - Prepaid Plan တစ္ခုခုဟာ အသင္႕ေတာ္ဆံုးဆိုတာ ေျပာျပခ်င္ပါတယ္။
.
.
. Tip B: To Obtain a Bank Card and Taking a City Tour
. အခုေနာက္ပိုင္းေက်ာင္းသားေတြမွာ ျမန္မာႏုိင္ငံတြင္းကလုပ္ခဲ႕တဲ႕ ေဒၚလာအထည္႕အသြင္းလုပ္ျပီးသား Visa Card ေတြ ပါလာတတ္တယ္။ ဒါက အေၾကြးဝယ္ယူခြင္႕ကဒ္ျပား - Credit Card မဟုတ္ပဲ ကိုယ္႕ေငြသြင္း/ကိုယ္႕ေငြျပန္ထုတ္သံံုးတဲ႕ - Debit Card လို႕ ဒီဘက္မွာေခၚပါတယ္။ ဒီကဒ္တစ္ခုရွိရင္ မိုဘိုင္းဖုန္းကေန တကၠဆီေခၚစီးလို႕ရတယ္။ ကိုယ္႕ဆီလာေခၚဖို႕ကား မွာစီးလို႕ရတယ္။ ဒါေပမယ္႕ မိမိဖုန္းကိုသိရွိဖို႕ အေမရိကန္ဖုန္းနံပါတ္တစ္ခုရွိဖို႕လိုအပ္ပါတယ္။ ဒါေတြကလည္း အေမရိကန္ Sim Card ရွိျပီးမွလုပ္ႏိုင္တဲ႕ကိစၥျဖစ္လို႕ Sim Card ဝယ္ဦးဟ ၊ ဘဏ္အေကာင္႕ဖြင္႕ဦးဟ ၊ Debit Card တစ္ခုလုပ္ဦးဟ ဆိုတာေတြက ကမကထျပဳေပးမယ္႕ မရမကအကူအညီလုိအပ္ေနတာ သိသာလွတယ္။
.
. အမ်ိဳးေတြအိမ္သြားတည္းတဲ႕မိသားစုကအေၾကာင္းမဟုတ္ေပမယ္႕ တစ္ခါတည္းအေဆာင္ဝင္သြားတဲ႕ေက်ာင္းသားေတြမွာလုပ္စရာမ်ားလြန္းတယ္။ အဲဒီအထဲက ကိုယ္႕ေက်ာင္းကေပးတဲ႕ ေက်ာင္းဝင္မိတ္ဆက္ျခင္း - Orientation မစခင္ အဓိကျမိဳ႕ၾကီးေတြနဲ႕ အနီးအနားကရႈခင္းသာ - Landmark ေတြကို စာသင္ခန္းထဲမဝင္ခင္ အျပီးလည္ပတ္ထားၾကဖို႕ပါ။
.
.
. ဒီအတြက္ City Tour လို႕ရွာလိုက္ရင္ ျမိဳ႕တိုင္းလိုလုိမွာရွိတတ္တာမုိ႕ သိပ္မခက္ပါဘူး။ ပိုမိုေခ်ာေမြ႕ဖို႕ၾကိဳးစားရမွာက တစ္ေနရာနဲ႕တစ္ေနရာသြားဖို႕ ကားနဲ႕လား၊ ရထားနဲ႕လား၊ တကၠစီနဲ႕လား . . လမ္းေလွ်ာက္သြားရမွာလား ဆိုတဲ႕ သြားလာတတ္မႈ - Transportation ပါ။ ဒါေတြအားလံုးကုိစီစဥ္တတ္ျပီဆုိရင္ ေက်ာင္းသားကို မိဘေတြကစိတ္ခ်လို႕ရပါျပီ။
.
. အခ်ိန္တန္ ေက်ာင္းအခ်ိန္မွန္တက္မယ္။ အခ်ိန္တန္ မနက္စာ၊ ညေနစာ စားမယ္။ သတ္မွတ္ထားတဲ႕အေဆာင္ကို အခ်ိန္တန္ ျပန္အိပ္မယ္။ ေက်ာင္းအိမ္စာေတြျပီးလို႕ ေက်ာင္းသား နဲ႕ စာသင္ခန္း၊ သူငယ္ခ်င္း နဲ႕ စာသင္ဆရာ ပေရာ္ဖက္ဆာ၊ အသိုင္းအဝိုင္း နဲ႕ ေက်ာင္းပရဝုဏ္၊ ျမိဳ႕ၾကီးျမိဳ႕ျပ နဲ႕ ေက်ာင္းေနအေဆာင္ - Home Stay ၊ အိမ္ရွင္ နဲ႕ ရပ္ကြက္လံုျခံဳေရး၊ လက္ကိုင္ဖုန္း နဲ႕ Smartphone App Rides တုိ႕ဟာ နဖူးေတြ႕ဒူးေတြ႕အေမရိကန္ေျမဆီလႊာေပၚမွာေက်ာင္းသား နဲ႕ ေက်ာင္းသားကုိအေဖာ္ျပဳလုိုက္လာမယ္႕မိဘတို႕ရဲ႕ရင္ဆုိင္ႏုိင္အားကုိေသြးတုိးစမ္းဦးမွာအေသအခ်ာျဖစ္ပါေၾကာင္း ေရလာေျမာင္းေပးေျပာၾကားလုိက္ပါရေစ။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 01-07-2018
.
.
Unicode Version:
.
.
. "ပြည်ပကျောင်းတက်ဖို့သားသမီးကိုလိုက်ပို့ကြတဲ့မိဘတွေ"
. မြန်မာနိုင်ငံကမိဘတွေ မိမိရဲ့သားသမီးကို အစိုးရကျောင်းနှုတ်ပြီး အင်္ဂလိပ်ဘာသာနဲ့သင်တဲ့ကျောင်းတစ်မျိုးတည်းကိုသာထားခဲ့တဲ့အလေ့အထစတင်ခဲ့တာ အနှစ် (၂ဝ) ဟိုဘက်ကလို့ ကျွန်တော်မှတ်မိခဲ့တယ်။ သူတို့ရဲ့ခံယူချက်က "ငါမတတ်ခဲ့ရတဲ့နိုင်ငံတကာပညာရေး ငါ့သား ငါ့သမီးတတ်မြောက်စေ" ဆိုတဲ့ စေတနာနဲ့ မတန်ရာမတန်ကြေးရော၊ တန်ရာတန်ကြေးပါမကျန် ငွေကုန်ကြေးကျခံကြတယ်။
.
. ခေတ်ကောင်းတုန်းကလို့ပြောမလား . . ယိုယွင်းခေတ်ကိုတစ်မျိုးထွင်နိုင်ခဲ့တဲ့ခေတ်လို့ပြောရမလား . . တစ်ချို့ဆို အင်္ဂလိပ်ကျောင်းတက်နေတဲ့သားသမီးကို တက္ကသိုလ်ဝင်တန်းကို အစိမ်းကြီးဝင်ဖြေရင်း ဆရာဝန်လိုင်းရသွားတာတွေလည်း တွေ့ခဲ့ရဖူးတယ်။ သို့သော်လည်း ပြောင်းလဲလာတဲ့နိုင်ငံတကာအမြင်နဲ့လိုက်လျောညီထွေစွာ သားသမီးဟာ ပြည်တွင်းမှာ တိုက်ခန်းကျဉ်းဆရာဝန်မလုပ်ချင်ဘူး။ မြို့သစ်တွေမှာဖွင့်တဲ့ စက်မှုလက်မှုကျောင်းမှာ မြက်ခင်းအင်ဂျင်နီယာမလုပ်ချင်ဘူး။ တောကြိုတောင်ကြားက မည်ကာမတ္တတက္ကသိုလ်ထဲမှာ သရဲနဲ့အတူကွန်ပျူတာတစ်ချောက်ချောက်မရိုက်ချင်ကြဘူး။
.
.
. ဒါကြောင့် အင်္ဂလိပ်အတန်း (၁ဝ) တန်း၊ အမေရိကန်အတန်း (၁၂) တန်းအောင်တဲ့ပြည်တွင်းအင်္ဂလိပ်စာသင်ကျောင်းသားတွေဟာ နိုင်ငံခြားကျောင်းကိုဆက်လှမ်းတက်ကြဖို့ မိဘတွေက ပါရမီဖြည့်ကြရတယ်။ နို်င်ငံခြားကောလိပ်တွေတက်ဖို့ပြည်တွင်းကနာမယ်ရပညာရေးအေးဂျင့်တွေနဲ့အပ်နှံကြတယ်။ ကောင်းမွန်တဲ့ပညာရေးရေခံမြေခံပေါ်ခင်းနင်း လျှောစီး လျှောက်လှမ်းခဲ့ရသူတွေအဖို့ အင်္ဂလိပ်စာအခြေခံရှိတယ်ဆိုပေမယ့် ရေအသစ်မြေအသစ်မှာ ဘဝသစ်စကြတဲ့အခါ စိမ်ခေါ်မှုတွေက တန်းစီစောင့်ကြိုနေပါတယ်။
.
. ပထမဦးဆုံးအခက်အခဲက လေယာဉ်ကြီးစီးပြီးပျော်ပျော်ကြီးခရီးသွားကြတဲ့ကိစ္စပါ။ တစ်ချို့က သားသမီးချည်းချည်းလွတ်လွတ်လပ်လပ်လွှတ်လိုက်ကြပြီး တစ်ချို့က မိဘတစ်ဦးဦးလိုက်ပါသွားတတ်ကြတယ်။ အဲဒီထဲမှာ ကိုယ်ပိုင်အစီအစဉ်နဲ့လေကြောင်း၊ ခရီးစဉ်၊ အဆောင်၊ နေရေးထိုင်ရေးစားသောက်ရေးစီစဉ်တတ်ကြသလို အစစအရာရာ ပညာရေးအေးဂျင့်ရဲ့စွမ်းအားရှိသမျှအချက်အလက်အကုန်ရယူပြီးရောက်လာကြသူတွေရှိကြတယ်။
.
.
. ဘယ်လိုနည်းနဲ့ဒီဘက္မြေကိုနင်းစေကာမူ အမေရိကန်နိုင်ငံရဲ့လေဆိပ်တစ်ခုခုရောက်ပြီဆိုတာနဲ့ မြန်မာကျောင်းသားနဲ့မိဘတွေထိပ်ဆုံးတောင့်တတာကတော့ သူတို့ရောက်ရှိကြောင်းမြန်မာနိုင်ငံကိုသတင်းပို့ဖို့အင်တာနက်နဲ့ဆက်သွယ်နိုင်ဖို့တယ်လီဖုန်း Sim Card ပါပဲ။ သူတို့မှာအသင့်ပါလာတဲ့မြန်မာနိုင်ငံကဖုန်းဆိုတော့ ဘာကဒ်ထည့်ထည့်အလုပ်လုပ်မယ့် ဆော့ဝဲလ်နဲ့မထိန်းချုပ်ထားတဲ့ Unlocked Phone ဆိုတာ သေချာသလောက်ရှိတယ်။
.
. နောက်တစ်ချက်က ကျောင်းကစီစဉ်ပေးထားတဲ့အဆောင်ကိုကျောင်းသားကဝင်ရောက်သွားတဲ့အခါ လိုက်ပါလာတဲ့မိဘတည်းဖို့ခိုဖို့နေရာကိုစီစဉ်ရတာပါ။ ကိုယ်တိုင်အွန်လိုင်းကနေ တည်းခိုခန်းငှားလို့ရတယ်။ အမျိုးအဆွေရှိလို့ ရက်တိုတိုခေတ္တတည်းခိုနိုင်မယ့်နေရာရှိရင် ပိုမိုသက်တောင့်သက်သာဖြစ်စေတယ်။ ဒါပေမဲ့ "ခရီးတစ်ခုအတွက် အစစအရာရာပြည့်စုံကုံလုံချောမွေ့စေသတည်း" ဆိုတာမျိုးတော့ ဘယ်နေရာမှမရှိလာနိုင်ပါဘူး။ အထူးသဖြင့် အမေရိကားလိုပြည်ဝင်ခွင့်ကိုသေချာစစ်ဆေးတဲ့ဝင်ပေါက်လေဆိပ်မျိုးမှာ မကြုံဖူးတဲ့အတွေ့အကြံုထူးတွေရတတ်ပါတယ်။ အမေရိကန်လဝက ရဲတွေစစ်ဖို့ စာရွက်စာတမ်းတွေအစုံအလင်တင်ပြနိုင်ဖို့ပြင်ဆင်ထားသင့်တယ်။ ကျွန်တော်အကြံပေးချင်တဲ့နည်းလမ်း - Tips တွေအနေနဲ့
.
.
. Tip A: To Obtain a Sim Card or Internet
. အင်တာနက်သုံးရဖို့ လေဆိပ်အထွက်မှာ အရေးတကြီးလုပ်ပြီးတွေ့ကရာ Sim Card ဝယ်ရင် နောက်တစ်ချိန်စိတ်တိုင်းမကျရုံမက စျေးကြီးတဲ့လိုင်းမျိုးပိုက်မိတတ်ပါတယ်။ ကျွန်တော်မြင်တွေ့ခဲ့ရတဲ့ ဆန်ဖရန်စစ္စကိုလေဆိပ်မှာ အင်တာနက်သုံးရဖို့၊ ဖုန်းခေါ်ရဖို့ (၉၉) ဒေါ်လာကနေ (၅၉) ဒေါ်လာအထိ မတန်တဆစျေးတင်ရောင်းကြတာကိုရှောင်စေ့ချင်တယ်။
.
. အမှန်မှာက အမေရိကားကိုလာတဲ့လေကြောင်းအများစုရဲ့တစ်ထောက်နားလေဆိပ်တွေမှာ အခမဲ့အင်တာနက်ကို လျို့ဝှက်နံပါတ်သုံးစရာမလိုပဲ အနည်းဆုံးတော့ မြန်မာကြိုက် Viber နဲ့ Facebook Messenger တွေ သုံးပြီး မိဘဆွေမျိုးတွေဆီသတင်းပို့နိုင်ပါတယ်။ ဒါ့အပြင် အမေရိကန်လေဆိပ်တစ်ခုခုရောက်ရင် လိုင်းကောင်းတာ လိုင်းမကောင်းတာကိုဗွေမယူရင် အများအားဖြင့်အခမဲ့လေဆိပ်အင်တာနက်ရှိနေတာဖြစ်လို့ မိမိတည်းမယ့်အိမ်၊ အဆောင်၊ တည်းခိုခန်းရောက်ပြီး နားလို့ဝမှ တယ်လီဖုန်းကဒ်ထွက်ဝယ်သင့်တယ်။
.
.
. အမေရိကားမှာ အဓိကဖုန်းကုမ္ပဏီ (၄) ခုထဲက AT&T (နံပါတ် ၂ ) နဲ့ T-Mobile (နံပါတ် ၃ ) တို့ရဲ့ကဒ်ပြားတွေဟာ မြန်မာနိုင်ငံကသယ်လာတဲ့ဖုန်းတွေပေါ်မှာတန်းပြီးအလုပ်လုပ်ပါတယ်။ အခုတလောလေ့လာမိသလောက် တစ်လစာငွေကြိုပေးရတဲ့ဖုန်းကဒ် - Prepaid ကို AT&T Network ပေါ်မှာ အင်တာနက်ဒေတာ

1GB ကို $35 Monthly Plan

6GB ကို $45 Monthly Plan နဲ့

Unlimited Data ကို $65 Monthly Plan တို့နဲ့ ကြေငြာထားပါတယ်။

အဲဒီအမျိုးအစားအားလုံးဟာ ပြည်တွင်းတယ်လီဖုန်းပြောဆိုမှု နဲ့ စာပို့မှုအကန့်အသတ်မရှိတဲ့ Unlimited talk & text in the U.S ဖြစ်တာချင်းအတူတူပါ။ (၂ဝ၁၈ ဇန်နဝါရီလစျေးနှုန်း)
.
. အမေရိကားမှာနေရာတိုင်းလိုလို၊ အိမ်ရှင်တိုင်းလိုလိုက အိမ်တွင်းဝိုင်ဖိုင် - WiFi အင်တာနက်ရှိကြတာဖြစ်လို့ အခမဲ့ဖြစ်ဖြစ်၊ အခပေးဖြစ်ဖြစ် ရယူနိုင်တာဖြစ်လို့ လိုင်းပေါ်တက်ဖို့သိပ်စိတ်ပူစရာမလိုပါ။ အလည်လာသူတွေနဲ့ ကျောင်းသူကျောင်းသားတွေအဖို့တော့ အနှောင်အဖွဲ့ (သို့) ကန်ထရိုက်စာချုပ် - Commitment ကင်းတဲ့ ငွေကြိုသွင်း - Prepaid Plan တစ်ခုခုဟာ အသင့်တော်ဆုံးဆိုတာ ပြောပြချင်ပါတယ်။
.
.
. Tip B: To Obtain a Bank Card and Taking a City Tour
. အခုနောက်ပိုင်းကျောင်းသားတွေမှာ မြန်မာနိုင်ငံတွင်းကလုပ်ခဲ့တဲ့ ဒေါ်လာအထည့်အသွင်းလုပ်ပြီးသား Visa Card တွေ ပါလာတတ်တယ်။ ဒါက အကြွေးဝယ်ယူခွင့်ကဒ်ပြား - Credit Card မဟုတ်ပဲ ကိုယ့်ငွေသွင်း/ကိုယ့်ငွေပြန်ထုတ်သုံံးတဲ့ - Debit Card လို့ ဒီဘက်မှာခေါ်ပါတယ်။ ဒီကဒ်တစ်ခုရှိရင် မိုဘိုင်းဖုန်းကနေ တက္ကဆီခေါ်စီးလို့ရတယ်။ ကိုယ့်ဆီလာခေါ်ဖို့ကား မှာစီးလို့ရတယ်။ ဒါပေမယ့် မိမိဖုန်းကိုသိရှိဖို့ အမေရိကန်ဖုန်းနံပါတ်တစ်ခုရှိဖို့လိုအပ်ပါတယ်။ ဒါတွေကလည်း အမေရိကန် Sim Card ရှိပြီးမှလုပ်နိုင်တဲ့ကိစ္စဖြစ်လို့ Sim Card ဝယ်ဦးဟ ၊ ဘဏ်အကောင့်ဖွင့်ဦးဟ ၊ Debit Card တစ်ခုလုပ်ဦးဟ ဆိုတာတွေက ကမကထပြုပေးမယ့် မရမကအကူအညီလိုအပ်နေတာ သိသာလှတယ်။
.
. အမျိုးတွေအိမ်သွားတည်းတဲ့မိသားစုကအကြောင်းမဟုတ်ပေမယ့် တစ်ခါတည်းအဆောင်ဝင်သွားတဲ့ကျောင်းသားတွေမှာလုပ်စရာများလွန်းတယ်။ အဲဒီအထဲက ကိုယ့်ကျောင်းကပေးတဲ့ ကျောင်းဝင်မိတ်ဆက်ခြင်း - Orientation မစခင် အဓိကမြို့ကြီးတွေနဲ့ အနီးအနားကရှုခင်းသာ - Landmark တွေကို စာသင်ခန်းထဲမဝင်ခင် အပြီးလည်ပတ်ထားကြဖို့ပါ။
.
.
. ဒီအတွက် City Tour လို့ရှာလိုက်ရင် မြို့တိုင်းလိုလိုမှာရှိတတ်တာမို့ သိပ်မခက်ပါဘူး။ ပိုမိုချောမွေ့ဖို့ကြိုးစားရမှာက တစ်နေရာနဲ့တစ်နေရာသွားဖို့ ကားနဲ့လား၊ ရထားနဲ့လား၊ တက္ကစီနဲ့လား . . လမ်းလျှောက်သွားရမှာလား ဆိုတဲ့ သွားလာတတ်မှု - Transportation ပါ။ ဒါတွေအားလုံးကိုစီစဉ်တတ်ပြီဆိုရင် ကျောင်းသားကို မိဘတွေကစိတ်ချလို့ရပါပြီ။
.
. အချိန်တန် ကျောင်းအချိန်မှန်တက်မယ်။ အချိန်တန် မနက်စာ၊ ညနေစာ စားမယ်။ သတ်မှတ်ထားတဲ့အဆောင်ကိုအခ်ိန္တန္ ျပန္အိပ္မယ်။ ကျောင်းအိမ်စာတွေပြီးလို့ ကျောင်းသား နဲ့ စာသင်ခန်း၊ သူငယ်ချင်း နဲ့ စာသင်ဆရာ ပရော်ဖက်ဆာ၊ အသိုင်းအဝိုင်း နဲ့ ကျောင်းပရဝုဏ်၊ မြို့ကြီးမြို့ပြ နဲ့ ကျောင်းနေအဆောင် - Home Stay ၊ အိမ်ရှင် နဲ့ ရပ်ကွက်လုံခြံုရေး၊ လက်ကိုင်ဖုန်း နဲ့ Smartphone App Rides တို့ဟာ နဖူးတွေ့ဒူးတွေ့အမေရိကန်မြေဆီလွှာပေါ်မှာကျောင်းသား နဲ့ ကျောင်းသားကိုအဖော်ပြုလိုုက်လာမယ့်မိဘတို့ရဲ့ရင်ဆိုင်နိုင်အားကိုသွေးတိုးစမ်းဦးမှာအသေအချာဖြစ်ပါကြောင်း ရေလာမြောင်းပေးပြောကြားလိုက်ပါရစေ။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 01-07-2018


No comments: