ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Friday, July 10, 2015

မှားနေတဲ့ကိုညီညီ


Ko Nyi Nyi ပြော တာ တွေ မှား နေ ပါ တယ်။
ဖတ် မိ သူ တွေ အမှတ် မှား သွား မှာ စိုး လို့ ရှင်း ပြ ပါ ရ စေ။
အထဲ က ပါး တဲ့ လေ ထု ကို အပြင် က စုပ် ယူ တာ မ ဟုတ် ပါ ။။။။။။။။။ ဆိုပြီး ရှင်းပြလာတဲ့ ကိုထင်လင်း ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က အမှားမြင်ရင် ပြင်တတ်တဲ့သူပါ။
.
ကျွန်တော့ရဲ့ Breather Hole ဆောင်းပါးမှာ လေယာဉ်အပြင်ကလေထုက အတွင်းထဲကလေကိုစုတ်ယူတယ်ဆိုတာ မှားနေတယ်လို့ ထောက်ပြထားတာ မူရင်းဆောင်းပါးမှာ ပြင်လိုက်ပါပြီ။ ပညာရှင်မဟုတော့လည်း အင်္ဂလိပ်သတင်းစာကပါတာကို ကိုယ့်အသိဥာဏ်၊ အတွေ့အကြုံ၊ မတတ်တခေါက်အင်္ဂလိပ်စာ နဲ့ စေတနာတို့ပေါင်းစပ်ပြီး နှစ်ပေါင်း ( ၄ဝ ) ကျော်အတွင်း မသိခဲ့တာကို သိရလေခြင်းဆိုတဲ့ ပီတိနဲ့ အားရဝမ်းသာ မြန်မာမှုပြုပြီး ရေးခဲ့တာ လွဲချော်မှုအနည်းငယ်ရှိခဲ့ပါတယ်။ အဲဒီအတွက်လည်း တောင်းပန်ပါတယ်။
.
ဆောင်းပါးကိုသေချာဖတ်ကြည့်ရင် တိုက်ရိုက်ကြီး ဘာသာပြန်ထားတယ်လို့သာ မဟုတ်ပေမယ့် မူရင်းဆိုလိုရင်းမပျက် အချက်အလက်တွေကို နားလည်သလောက် မြန်မာမှုပြုပြီး ပြန်ထည့်သွင်းထားပါတယ်။
.
အခုလို ပညာရှင် နဲ့ လေကြောင်းဆိုင်ရာကျွမ်းကျင်သူတွေ ဝင်ထောက်ပြလိုက်လို့ အများအတွက် အထောက်အကူအများကြီးရပါတယ်။ ပြည့်စုံသွားပါတယ်။
.
နောက်ပိုင်း မြန်မာပြန်ရင် အထူးသတိထားရမယ်လို့လည်း သံဝေဂရမိပါတယ်။
.
ဒါပေမယ့် တစ်ခုတော့ မေးချင်တယ်။ ဒီလိုပညာရှင်တွေ ကျွန်တော့လို နှစ်ပေါင်းများစွာမသိတဲ့ အသိပညာတွေကို ဘယ်ပုံဘယ်နည်းနဲ့ ဘယ်နေရာမှာဖတ်ရှုနိုင်အောင် မျှဝေ - Share ထားပါသလဲ ဆိုတာကိုပါ။
.
အဲဒီလိုဖတ်ရမယ့်နေရာတွေရှိရင် မြန်မာတွေ ဗဟုသုတတိုးပြီး ဒီလောက်ကြီးလည်း အသိခေါက်ခက် ညမနက်တော့ပါဘူး။ အထူးသဖြင့် မြန်မာပြည်သူတွေဟာ အင်္ဂလိပ်စာတွေ့ရင် ဖတ်ဖို့ရှိန်ကြတယ်။ စာရှည်ရင် ပိုဆိုးပါတယ်။
.
ဒါကြောင့် ကျွန်တော့အနေနဲ့ ကိုယ်သိသမျှကို စဉ်းစားဆင်ခြင်ပြီး အများနဲ့သင့်တော်ရင် အိပ်ရေးပျက်ပါစေ၊ မိသားစုအတွက်အချိန်နည်းပါစေ ရတဲ့အချိန်လေးကိုဖဲ့ပြီး လူသားအကျိုးပြုပါတယ်။ ကြိုးစားကြည့်ပါတယ်။ သတင်းလက်ဆင့်ကမ်းပါတယ်။
.
ကိုယ်တတ်တဲ့ပညာကို သေမှ အခေါင်းထဲယူသွားမယ်ဆိုရင်တော့ မြန်မာနိုင်ငံအတွက် ဘာမှမထူးနိုင်ပါဘူး။ ( ဒါက ပညာရှင်တွေ သတိထားသင့်တဲ့ ကိစ္စပါ )
.
ဒီလုပ်ရပ်ကြောင့်ပဲ ဘဝမှာနေရတာ ပိုပျော်လာတယ်။ နေ့တစ်နေ့ ရက်တစ်ရက်မှာ အသက်ရှင်နေရတာ ပိုပီပြင်လာတယ်။ အမှားကတော့တွေ့မှာပဲ။ ထပ်မမှားအောင် ရှောင်နိုင်ဖို့နဲ့ အမှားမှန်းသိပြီး ပြင်တာက အကောင်းဆုံးပါ။
.
ကျွန်တော် ပြင်မှာပါ။
.
ဖတ်ရှုသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။
.
ခင်မင်ခြင်းများစွာဖြင့်
.
ကိုညီညီ ( တောင်ကြီး )
.
07-10-2015

No comments: