ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, July 8, 2017

DV ေပါက္ေပမယ္႕ လိုေနတဲ႕အကူအညီ

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
.
. အခုလို မိုးရာသီအဝင္မွာ ျမန္မာႏိုင္ငံကေနရင္ခုန္ေနၾကသူေတြထဲမွာ အေမရိကားကို တရားဝင္ေျပာင္းေရႊ႕ခြင္႕ရထားတဲ႕ DV - Electronic Diversity Visa Lottery ေပါက္ထားသူေတြလည္း အပါအဝင္ပါ။ သူတို႕ခုန္ေနရတဲ႕ရင္က ျမန္မာႏိုင္ငံမွာလက္ေတြ႕ၾကံဳေနရတဲ႕ဒုကၡေတြနဲ႕မတူပဲ အဂၤလိပ္ဘာသာစကားေျပာတဲ႕ ဒီမုိကေရစီတိုင္းျပည္ကုိ ဘယ္လို ဘယ္ပံု ေျပာင္းေရႊ႕ရမလဲဆိုတဲ႕ ဦးေႏွာက္စားရင္ခုန္ေနၾကျခင္းလို႕ အလြယ္တကူနားလည္ႏိုင္ပါတယ္။
.
. ေမလမွာ ကိုယ္တင္ထားတဲ႕ေဖာင္ေပါက္မေပါက္စစ္ျပီးတဲ႕အခါ အေမရိကားကိုလာခ်င္သူေတြဟာ အုပ္စုၾကီး (၂) အုပ္စု ကြဲသြားပါတယ္။ အမည္စာရင္းမပါသူေတြက ေနာက္တစ္ႏွစ္ေပါ႔ လို႕အားတင္းႏိုင္ေပမယ္႕ ေပါက္သူေတြအတြက္ အေတာ္ေခါင္းနပန္းၾကီးတဲ႕ကာလပါ။
.
.
. သူတို႕ (တစ္ခ်ိဳ႕လည္း တစ္ဦးတည္းေပါက္ၾကသည္) ဟာ လက္ရွိအလုပ္ကေနပဲထြက္ရမလို၊ ရွိတာ ပုိင္ဆိုင္တာေတြကိုပဲ အကုန္ခ်ေရာင္းလိုက္ရေတာ႕မလို၊ ေန႕ခ်င္း ညခ်င္းပဲ သူေ႒းမ်ားေနထိုင္တဲ႕နတ္ျပည္ၾကီးပဲေရာက္သြားရေတာ႕မလို ထင္တတ္ၾကတာ ကိုယ္ခ်င္းစာႏုိင္ပါတယ္။ ကြ်န္ေတာ္ကုိယ္တုိင္လည္း ေက်းဇူးရွိတဲ႕အစ္မေခၚလို႕ New Immigrant အေနနဲ႕ တရားဝင္သြားခြင္႕ရေတာ႕မယ္လို႕သတင္းၾကားကတည္းက ဖင္တၾကြၾကြနဲ႕ လုပ္သင္႕တာထက္ လုပ္ခ်င္တာမ်ားေနတဲ႕စိတ္ေတြၾကီးစုိးေနခဲ႕မိပါတယ္။
.
. ဒါေပမယ္႕ အေမရိကားသြားတာ (ေငြရွိလို႕ ေငြပိုလို႕ အေပ်ာ္ခရီးသြားႏိုင္သူေတြကိုမဆိုလိုပါ) ေခ်ာင္းသာ၊ ငပလီတို႕လို အပန္းေျဖဟန္းနီးမြန္းထြက္တာမွမဟုတ္တာ။ ဒါေၾကာင္႕ မိသားစုတန္သည္ မိသားစု၊ လူပ်ိဳ အပ်ိဳတန္သည္ လူပိ်ဳ လူလြတ္အေနနဲ႕ အေျခခ်ရတဲ႕အခါ အစစ အရာရာေခ်ာေမြ႕ဖို႕ဆိုတာ ကံေသ ကံမ တြက္ဆလို႕မရႏိုင္ပါဘူး။
.
.
. တစ္ဆက္တည္းမွာ မိမိေရာက္ေနတဲ႕ ေနရာ႒ာန၊ ျပည္နယ္ နဲ႕ျမိဳ႕အျပင္ အလုပ္အကိုင္စီးပြားေရးဘယ္ေလာက္ျဖစ္ထြန္းျပီး လုပ္ငန္းခြင္အလုပ္ေလွ်ာက္ရလြယ္မလြယ္ နဲ႕ ေက်ာင္းသားအရြယ္ေတြအတြက္ ေက်ာင္းေကာင္းမေကာင္းဆုိတာကိုပါတြက္ဆထားေစခ်င္တယ္။
.
. ဒါေတြနဲ႕ပတ္သက္ျပီး ေကာင္းတာ/ေဆာင္ရန္ - Advantages/Pros နဲ႕ မေကာင္းတာ/ေရွာင္ရန္ - Disadvantages/Cons တို႕ကို ယွဥ္တြဲျပီး ကြ်န္ေတာ႕စာေတြမွာ အျမဲေရးျပတတ္တယ္။ ဒါကိုဖတ္ျပီး " ဦးညီရဲ႕ အေမရိကားေဆာင္းပါးေတြကိုဖတ္ျပီး အေမရိကားလာခ်င္စိတ္ေတာင္ေပ်ာက္တယ္ " လို႕ အေျပာခံရတဲ႕အထိ လက္စြမ္းထက္သူ ေတာင္ေပၚသား ကြ်န္ေတာ္ပါ။ စာေရးသူကေတာ႕ အမ်ားကိုျခံဳမိေအာင္ေရးရမွာက ကေလာင္တစ္ေခ်ာင္းရဲ႕ေက်ပြန္တဲ႕တာဝန္တစ္ခုပါပဲ။
.
.
. လိုရင္းဘက္ကိုျပန္သြားရရင္ အေမရိကားကို အဆင္ေျပေျပေျပာင္းေရႊ႕ႏုိင္ဖို႕ " ကူညီေပးသူတစ္ေယာက္ရွိထားတာဟာ အမ်ားၾကီးသက္သာပါတယ္ " ဒါေၾကာင္႕ တစ္ေယာက္တည္း တစ္မိသားစုတည္း စတင္ရတာ သိပ္မလြယ္တဲ႕သေဘာလို႕လည္း ယူဆႏိုင္ပါတယ္။
.
. ဒါေပမယ္႕ လူတိုင္း ကိုယ္႕လုိ ပိုက္ဆံမရွိသလို လူတိုင္း ကိုယ္႕လို ခ်ိဳ႕တဲ႕သူေတြလုိ႕ စဥ္းစားေနလို႕ ဘယ္ျပီးေတာ႕မွာလဲ? လူေတြရဲ႕ၾကီးျပင္းတာမတူတဲ႕အေျခခံပညာေရးကြာသလို စီးပြားရွာ ရထားတဲ႕ဓနဥစၥာဟာလည္း မတူကြဲျပားမႈတစ္ခုပါပဲ။ ဒါေတြေပၚမွာ ကိုယ္႕ရဲ႕ပကတိေျမျပင္အေျခအေနကို ကိုယ္သာလ်င္ အသိဆံုးပါပဲ။
.
.
. ဆင္ေျပာင္ၾကီးအျမီးက်မွတစ္ ႏိုင္တာက " အေမရိကားေရာက္ရင္ သြားေနရမယ္႕အိမ္လိပ္စာ " ဆိုတာ မၾကာခဏေျပာသံၾကားရတယ္။ အေမရိကန္အစုိးရရဲ႕တရားဝင္စာမ်က္ႏွာ https://travel.state.gov/content/visas/en/immigrate/diversity-visa/if-you-are-selected/prepare-supporting-documents.html အရ ဟုိကေနေခၚမယ္႕သူ/စပြန္ဆာ စာရြက္ လိုတယ္/မလိုဘူး ဆိုတာ တိတိက်က်ေတာင္းဆိုထားတာ မဖတ္ရပါဘူး။ သံရံုးကလိုတဲ႕စာရြက္စာတမ္းေတြက
.
Required DV Qualifying Education or Work Experience

.Birth Certificates
.
Court and Prison Records
.
Deportation Documentation
.
Marriage Certificate
.
Marriage Termination Documentation
.
Military Records
.
Police Records
.
Custody Documentation ေတြနဲ႕ သံရံုးက လုိရင္ထပ္ေတာင္းမယ္ဆုိတာပဲ ေရးထားပါတယ္။
.
. ဒါေပမယ္႕ စာဖတ္သူတုိ႕ပဲစဥ္းစားၾကည္႕ေပါ႕ဗ်ာ။ သံရံုးေနရာကၾကည္႕ရင္ သူ႕ႏိုင္ငံကုိလည္းေျပာင္းသြားဦးမယ္၊ ဘယ္မွာေနလို႕ ဘယ္သူ႕လိပ္စာကိုမွမေဖာ္ျပေပးႏိုင္သူကုိ လိုအပ္တဲ႕အစိုးရစာရြက္စာတမ္းကိစၥေတြအတြက္ စာတုိက္ကေန ဘယ္လို စာသြား စာလာ အဆက္အသြယ္ ဘယ္လိုလုပ္ၾကမွာလဲ?
.
.
. ဒါေၾကာင္႕ " အကူအညီရတယ္ " ဆုိတာ ဒီေနရာမွာ သိပ္အေရးၾကီးတယ္။ ေငြထုတ္ၾကီးပိုက္ျပီး China Airlines စီးလာတယ္ ဆုိေစဦး၊ အနည္းဆံုး အေမရိကားလိပ္စာတစ္ခုရွိေနဖို႕ေတာ႕ ဒီဘက္အစုိးရက လုိလားတယ္။ တစ္ခ်ိဳ႕အင္တာဗ်ဴးဝင္ျပီးသူေတြအေျပာအရ (ကြ်န္ေတာ္ DV အင္တာဗ်ဴးမဝင္ဖူးပါ) စပြန္ဆာ စာရြက္ မပါလည္းရတယ္လုိ႕ သိရတယ္။ ဘယ္လုိအဆင္ေျပသလဲဆုိတာကုိေတာ႕ သူတုိ႕ကုိျပန္ေမးမွပဲ အေၾကာင္းစံုသိရပါလိမ္႕မယ္။
.
. ဆိုလိုရင္းက အမ်ိဳးအေဆြမရွိလို႕ သိကြ်မ္းဖူးရံုမိတ္ေဆြျဖစ္ပါေစ သူတုိ႕လိပ္စာနဲ႕ ေျပာင္းေရႊ႕သြားေတာ႕မယ္႕ မိတ္ေဆြတို႕ရဲ႕ အေမရိကန္အစုိးရက ဆက္သြယ္လာမယ္႕စာရြက္စာတမ္းေတြထဲက အေရးၾကီးတဲ႕ SSN - Social Security Number ကဒ္၊ အျမဲတမ္းေနထုိင္ခြင္႕ Green Card - Alien Registration Number ကဒ္ျပား နဲ႕ ေနာက္ပိုင္းမွာ က်န္းမာေရးအာမခံေလွ်ာက္ထားရင္ Medi-Cal ကဒ္ စတာေတြ တရစပ္ေရာက္လာဖို႕ရွိေနပါတယ္။
.
.
. ဒီလုိေတြသိျပီးထားရင္ အင္တာဗ်ဴးအတြက္ What to Bring to the Interview ဆုိျပီး သူတို႕ေတာင္းထားတဲ႕
.
Appointment Letter
.
DS-260 Confirmation Page
.
Passport
.
Photographs
.
Medical Exam Results
.
Original and Supporting Documents
.
English Translations
.
Visa Fees ေတြကို အဆင္သင္႕လုပ္ထားဖို႕နည္းလမ္းရေလာက္ပါျပီ။
.
.
. တစ္ခုပဲ အမုန္းခံမွာခ်င္တယ္။ အေမရိကန္လို အဂၤလိပ္စကားေျပာႏိုင္ငံတစ္ခုမွာ အေျခသြားခ်ေတာ႕မယ္႕သူဟာ ထစ္ကနဲဆို သူမ်ားေတြကိုလုိက္ေမးေနမယ္႕အစား အေပၚကေပးထားတဲ႕ တရားဝင္အင္တာနက္စာမ်က္ႏွာထဲကိုဝင္ျပီး " အဂၤလိပ္လိုဖတ္ေစခ်င္ပါတယ္ "။
.
. အခုေတြ႕ေနရတာက ထီလည္းေပါက္ေရာ ေျခမကိုင္မိ လက္မကိုင္မိ ပြဲစားလိုက္ရွာေနသလုိ ဘာမွကိုယ္တိုင္မလုပ္ခ်င္၊ အဂၤလိပ္စာေတြဆုိကိုယ္တုိင္မဖတ္ခ်င္တာက ေနာက္ပိုင္းေျပာင္းေရႊ႕လာျပီးတဲ႕အခါ ပို၍ ပို၍သာ မလုပ္တတ္ မကိုင္တတ္ျဖစ္ေစတဲ႕ဘဝကုိအေရာက္ပို႕ေဆာင္ေပးမယ္႕အေၾကာင္းရင္းတရားလို႕သာ ရက္ရက္စက္စက္ေျပာလိုက္ခ်င္တာပါ။ အဂၤလိပ္စာခ်စ္ျမတ္ႏိုးၾကတဲ႕ခ်စ္မိတ္ေဆြမ်ား ေလယာဥ္ပ်ံၾကီးစီးျပီး အေမရိကားခရီးကို ေပ်ာ္ေပ်ာ္ၾကီး ျပည္ေတာ္ဝင္ႏုိင္ၾကပါေစ။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 07-08-2017
.
.
Unicode Version:
.
.
. " DV ပေါက်ပေမယ့် လိုနေတဲ့အကူအညီ "
. အခုလို မိုးရာသီအဝင်မှာ မြန်မာနိုင်ငံကနေရင်ခုန်နေကြသူတွေထဲမှာ အမေရိကားကို တရားဝင်ပြောင်းရွှေ့ခွင့်ရထားတဲ့ DV - Electronic Diversity Visa Lottery ပေါက်ထားသူတွေလည်း အပါအဝင်ပါ။ သူတို့ခုန်နေရတဲ့ရင်က မြန်မာနိုင်ငံမှာလက်တွေ့ကြုံနေရတဲ့ဒုက္ခတွေနဲ့မတူပဲ အင်္ဂလိပ်ဘာသာစကားပြောတဲ့ ဒီမိုကရေစီတိုင်းပြည်ကို ဘယ်လို ဘယ်ပုံ ပြောင်းရွှေ့ရမလဲဆိုတဲ့ ဦးနှောက်စားရင်ခုန်နေကြခြင်းလို့ အလွယ်တကူနားလည်နိုင်ပါတယ်။
.
. မေလမှာ ကိုယ်တင်ထားတဲ့ဖောင်ပေါက်မပေါက်စစ်ပြီးတဲ့အခါ အမေရိကားကိုလာချင်သူတွေဟာ အုပ်စုကြီး (၂) အုပ်စု ကွဲသွားပါတယ်။ အမည်စာရင်းမပါသူတွေက နောက်တစ်နှစ်ပေါ့ လို့အားတင်းနိုင်ပေမယ့် ပေါက်သူတွေအတွက် အတော်ခေါင်းနပန်းကြီးတဲ့ကာလပါ။
.
.
. သူတို့ (တစ်ချို့လည်း တစ်ဦးတည်းပေါက်ကြသည်) ဟာ လက်ရှိအလုပ်ကနေပဲထွက်ရမလို၊ ရှိတာ ပိုင်ဆိုင်တာတွေကိုပဲ အကုန်ချရောင်းလိုက်ရတော့မလို၊ နေ့ချင်း ညချင်းပဲ သူဋ္ဌေးများနေထိုင်တဲ့နတ်ပြည်ကြီးပဲရောက်သွားရတော့မလို ထင်တတ်ကြတာ ကိုယ်ချင်းစာနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကျေးဇူးရှိတဲ့အစ်မခေါ်လို့ New Immigrant အနေနဲ့ တရားဝင်သွားခွင့်ရတော့မယ်လို့သတင်းကြားကတည်းက ဖင်တကြွကြွနဲ့ လုပ်သင့်တာထက် လုပ်ချင်တာများနေတဲ့စိတ်တွေကြီးစိုးနေခဲ့မိပါတယ်။
.
. ဒါပေမယ့် အမေရိကားသွားတာ (ငွေရှိလို့ ငွေပိုလို့ အပျော်ခရီးသွားနိုင်သူတွေကိုမဆိုလိုပါ) ချောင်းသာ၊ ငပလီတို့လို အပန်းဖြေဟန်းနီးမွန်းထွက်တာမှမဟုတ်တာ။ ဒါကြောင့် မိသားစုတန်သည် မိသားစု၊ လူပျို အပျိုတန်သည် လူပျို လူလွတ်အနေနဲ့ အခြေချရတဲ့အခါ အစစ အရာရာချောမွေ့ဖို့ဆိုတာ ကံသေ ကံမ တွက်ဆလို့မရနိုင်ပါဘူး။
.
.
. တစ်ဆက်တည်းမှာ မိမိရောက်နေတဲ့ နေရာဋ္ဌာန၊ ပြည်နယ် နဲ့မြို့အပြင် အလုပ်အကိုင်စီးပွားရေးဘယ်လောက်ဖြစ်ထွန်းပြီး လုပ်ငန်းခွင်အလုပ်လျှောက်ရလွယ်မလွယ် နဲ့ ကျောင်းသားအရွယ်တွေအတွက် ကျောင်းကောင်းမကောင်းဆိုတာကိုပါတွက်ဆထားစေချင်တယ်။
.
. ဒါတွေနဲ့ပတ်သက်ပြီး ကောင်းတာ/ဆောင်ရန် - Advantages/Pros နဲ့ မကောင်းတာ/ရှောင်ရန် - Disadvantages/Cons တို့ကို ယှဉ်တွဲပြီး ကျွန်တော့စာတွေမှာ အမြဲရေးပြတတ်တယ်။ ဒါကိုဖတ်ပြီး " ဦးညီရဲ့ အမေရိကားဆောင်းပါးတွေကိုဖတ်ပြီး အမေရိကားလာချင်စိတ်တောင်ပျောက်တယ် " လို့ အပြောခံရတဲ့အထိ လက်စွမ်းထက်သူ တောင်ပေါ်သား ကျွန်တော်ပါ။ စာရေးသူကတော့ အများကိုခြုံမိအောင်ရေးရမှာက ကလောင်တစ်ချောင်းရဲ့ကျေပွန်တဲ့တာဝန်တစ်ခုပါပဲ။
.
.
. လိုရင်းဘက်ကိုပြန်သွားရရင် အမေရိကားကို အဆင်ပြေပြေပြောင်းရွှေ့နိုင်ဖို့ " ကူညီပေးသူတစ်ယောက်ရှိထားတာဟာ အများကြီးသက်သာပါတယ် " ဒါကြောင့် တစ်ယောက်တည်း တစ်မိသားစုတည်း စတင်ရတာ သိပ်မလွယ်တဲ့သဘောလို့လည်း ယူဆနိုင်ပါတယ်။
.
. ဒါပေမယ့် လူတိုင်း ကိုယ့်လို ပိုက်ဆံမရှိသလို လူတိုင်း ကိုယ့်လို ချို့တဲ့သူတွေလို့ စဉ်းစားနေလို့ ဘယ်ပြီးတော့မှာလဲ? လူတွေရဲ့ကြီးပြင်းတာမတူတဲ့အခြေခံပညာရေးကွာသလို စီးပွားရှာ ရထားတဲ့ဓနဥစ္စာဟာလည်း မတူကွဲပြားမှုတစ်ခုပါပဲ။ ဒါတွေပေါ်မှာ ကိုယ့်ရဲ့ပကတိမြေပြင်အခြေအနေကို ကိုယ်သာလျင် အသိဆုံးပါပဲ။
.
.
. ဆင်ပြောင်ကြီးအမြီးကျမှတစ် နိုင်တာက " အမေရိကားရောက်ရင် သွားနေရမယ့်အိမ်လိပ်စာ " ဆိုတာ မကြာခဏပြောသံကြားရတယ်။ အမေရိကန်အစိုးရရဲ့တရားဝင်စာမျက်နှာ https://travel.state.gov/content/visas/en/immigrate/diversity-visa/if-you-are-selected/prepare-supporting-documents.html အရ ဟိုကနေခေါ်မယ့်သူ/စပွန်ဆာ စာရွက် လိုတယ်/မလိုဘူး ဆိုတာ တိတိကျကျတောင်းဆိုထားတာ မဖတ်ရပါဘူး။ သံရုံးကလိုတဲ့စာရွက်စာတမ်းတွေက
.
Required DV Qualifying Education or Work Experience

.Birth Certificates
.
Court and Prison Records
.
Deportation Documentation
.
Marriage Certificate
.
Marriage Termination Documentation
.
Military Records
.
Police Records
.
Custody Documentation တွေနဲ့ သံရုံးက လိုရင်ထပ်တောင်းမယ်ဆိုတာပဲ ရေးထားပါတယ်။
.
. ဒါပေမယ့် စာဖတ်သူတို့ပဲစဉ်းစားကြည့်ပေါ့ဗျာ။ သံရုံးနေရာကကြည့်ရင် သူ့နိုင်ငံကိုလည်းပြောင်းသွားဦးမယ်၊ ဘယ်မှာနေလို့ ဘယ်သူ့လိပ်စာကိုမှမဖော်ပြပေးနိုင်သူကို လိုအပ်တဲ့အစိုးရစာရွက်စာတမ်းကိစ္စတွေအတွက် စာတိုက်ကနေ ဘယ်လို စာသွား စာလာ အဆက်အသွယ် ဘယ်လိုလုပ်ကြမှာလဲ?
.
.
. ဒါကြောင့် " အကူအညီရတယ် " ဆိုတာ ဒီနေရာမှာ သိပ်အရေးကြီးတယ်။ ငွေထုတ်ကြီးပိုက်ပြီး China Airlines စီးလာတယ် ဆိုစေဦး၊ အနည်းဆုံး အမေရိကားလိပ်စာတစ်ခုရှိနေဖို့တော့ ဒီဘက်အစိုးရက လိုလားတယ်။ တစ်ချို့အင်တာဗျူးဝင်ပြီးသူတွေအပြောအရ (ကျွန်တော် DV အင်တာဗျူးမဝင်ဖူးပါ) စပွန်ဆာ စာရွက် မပါလည်းရတယ်လို့ သိရတယ်။ ဘယ်လိုအဆင်ပြေသလဲဆိုတာကိုတော့ သူတို့ကိုပြန်မေးမှပဲ အကြောင်းစုံသိရပါလိမ့်မယ်။
.
. ဆိုလိုရင်းက အမျိုးအဆွေမရှိလို့ သိကျွမ်းဖူးရုံမိတ်ဆွေဖြစ်ပါစေ သူတို့လိပ်စာနဲ့ ပြောင်းရွှေ့သွားတော့မယ့် မိတ်ဆွေတို့ရဲ့ အမေရိကန်အစိုးရက ဆက်သွယ်လာမယ့်စာရွက်စာတမ်းတွေထဲက အရေးကြီးတဲ့ SSN - Social Security Number ကဒ်၊ အမြဲတမ်းနေထိုင်ခွင့် Green Card - Alien Registration Number ကဒ်ပြား နဲ့ နောက်ပိုင်းမှာ ကျန်းမာရေးအာမခံလျှောက်ထားရင် Medi-Cal ကဒ် စတာတွေ တရစပ်ရောက်လာဖို့ရှိနေပါတယ်။
.
.
. ဒီလိုတွေသိပြီးထားရင် အင်တာဗျူးအတွက် What to Bring to the Interview ဆိုပြီး သူတို့တောင်းထားတဲ့
.
Appointment Letter
.
DS-260 Confirmation Page
.
Passport
.
Photographs
.
Medical Exam Results
.
Original and Supporting Documents
.
English Translations
.
Visa Fees တွေကို အဆင်သင့်လုပ်ထားဖို့နည်းလမ်းရလောက်ပါပြီ။
.
.
. တစ်ခုပဲ အမုန်းခံမှာချင်တယ်။ အမေရိကန်လို အင်္ဂလိပ်စကားပြောနိုင်ငံတစ်ခုမှာ အခြေသွားချတော့မယ့်သူဟာ ထစ်ကနဲဆို သူများတွေကိုလိုက်မေးနေမယ့်အစား အပေါ်ကပေးထားတဲ့ တရားဝင်အင်တာနက်စာမျက်နှာထဲကိုဝင်ပြီး " အင်္ဂလိပ်လိုဖတ်စေချင်ပါတယ် "။
.
. အခုတွေ့နေရတာက ထီလည်းပေါက်ရော ခြေမကိုင်မိ လက်မကိုင်မိ ပွဲစားလိုက်ရှာနေသလို ဘာမှကိုယ်တိုင်မလုပ်ချင်၊ အင်္ဂလိပ်စာတွေဆိုကိုယ်တိုင်မဖတ်ချင်တာက နောက်ပိုင်းပြောင်းရွှေ့လာပြီးတဲ့အခါ ပို၍ ပို၍သာ မလုပ်တတ် မကိုင်တတ်ဖြစ်စေတဲ့ဘဝကိုအရောက်ပို့ဆောင်ပေးမယ့်အကြောင်းရင်းတရားလို့သာ ရက်ရက်စက်စက်ပြောလိုက်ချင်တာပါ။ အင်္ဂလိပ်စာချစ်မြတ်နိုးကြတဲ့ချစ်မိတ်ဆွေများ လေယာဉ်ပျံကြီးစီးပြီး အမေရိကားခရီးကို ပျော်ပျော်ကြီး ပြည်တော်ဝင်နိုင်ကြပါစေ။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 07-08-2017

No comments: