ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, January 26, 2016

ပင္လယ္ေအာ္ကျပန္ခဲ႕တယ္

ခရီးသြား - ကိုညီညီ ( ေတာင္ၾကီး )
.
ကြ်န္ေတာ္တို႕ဘဝမွာ တစ္ေနရာကေန တစ္ေနရာကုိသြားဖုိ႕ ဝန္စည္စလယ္ေတြကို ခႏၶာကိုယ္အႏွံ သယ္ၾကတယ္။ တစ္ခ်ိဳ႕ကုိ လက္ထဲမွာ၊ တစ္ခ်ိဳ႕ကုိပုခံုးေပၚမွာ၊ တစ္ခ်ိ႕ကိုက်ေတာ႕ ရူပခႏၶာက မႏုိင္တာေတြကို ဘီးတပ္ျပီး ထပ္သယ္ၾကျပန္တယ္။
.
ဒီထက္ပိုေလာဘၾကီးလာတဲ႕အခါ သူတစ္ပါးခရီးသြားတာကို လူၾကံဳပါးၾကတယ္ .. ပါဆယ္ထည္႕ၾကျပန္တယ္။ ဒီေနရာမွာ စဥ္းစားမိတာက လူတစ္ေယာက္ဟာ ပစၥည္းပစၥယဒီေလာက္အမ်ားၾကီးကုိ ပုိင္ဆုိင္ႏိုင္လို႕လား? အသံုးအေဆာင္အမ်ားၾကီးကုိ တစ္ပိုင္တစ္ႏုိင္ထက္ ဘယ္ေလာက္ပိုပိုသာသာသံုးစြဲႏုိင္မွာမုိ႕လို႕လဲ ဆုိတာပါပဲ။
.
.
မေနႏုိင္ မထုိင္ႏုိင္ျဖစ္လို႕ အြန္လိုင္းေရာက္တဲ႕အခါ ကမၻာတစ္ဘက္ျခမ္းကရုပ္ဝတၳဳကိုပါ သံုးစြဲခ်င္လာတယ္။ ဒီေတာ႕ ဝယ္ျခမ္းရျပန္ျပီ .. မွာၾကားရျပန္ျပီ .. ပို႕ၾကရေလျပီ။ ဒါေပမယ္႕ထိေတြ႕ကုိင္တြယ္လို႕မရတဲ႕ စိတ္သေဘာထားျဖဴစင္မႈကိုေတာ႕ ဘယ္သူမွ လူၾကံဳမမွာၾကဘူး။ ကုိယ္ခ်င္းစာတရားျပည္႕ဝတဲ႕ခ်စ္ျခင္းေမတၱာက်ေတာ႕ မ်က္စိေရွ႕မွာျဖတ္ေလွ်ာက္လာတဲ႕ေလေျပနဲ႕အတူ ေဝ႕ဝုိက္ မသိက်ိဳးကြ်ံျပဳသြားၾကတယ္။

.
ပင္လယ္ဟာ က်ယ္တယ္။ အဆံုးျမင္ရေပမယ္႕ အနားသတ္မရွိဘူး။ အထူးသျဖင္႕ ပင္လယ္ေအာ္ - Bay ေဒသရဲ႕ေကာင္းကင္မွာ ဘယ္တိမ္တုိက္မွ ၾကာၾကာတြဲေလ်ာင္ခိုမထားႏုိင္ဘူး။ ဒါေၾကာင္႕မို႕ .. အခုမုိးရြာမယ္ .. ခဏက် ေနပူလာမယ္။ ဒါေၾကာင္႕ ကြ်န္ေတာ္ေရာက္ေနတဲ႕ ပင္လယ္ေအာ္ဟာ ေလာကၾကီးအေၾကာင္းကို ေကာင္းေကာင္းသင္ေပးေနတာ ေသခ်ာတယ္။
.
.
ကြ်န္ေတာ္သိပ္ခ်စ္ရတဲ႕မိသားစုကုိေခတၱခြဲခြါျပီး ေက်းဇူးရွိတဲ႕ေမြးရပ္ေျမကို အလွမ္းက်ယ္တဲ႕ပင္လယ္ေအာ္ကေန ကြ်န္ေတာ္ျပန္ခဲ႕တယ္။ ထမ္းထားရတဲ႕အဝတ္အစားေတြနဲ႕ အထုတ္အပိုးေတြက ျဖစ္ပ်က္ေနတဲ႕ကြ်န္ေတာ႕ကုိၾကည္႕ျပီး အားနာစကား လွမ္းေျပာတယ္ .. “ ခင္မ်ားအစား ေလးလုိက္တာ ” တဲ႕..။
.
ခင္လ်က္
.
01-26-2016
.
.
.
Myanmar Unicode Version:
.
.
“ ပင်လယ်အော်ကပြန်ခဲ့တယ် ”
ခရီးသွား - ကိုညီညီ ( တောင်ကြီး )
.
ကျွန်တော်တို့ဘဝမှာ တစ်နေရာကနေ တစ်နေရာကိုသွားဖို့ ဝန်စည်စလယ်တွေကို ခန္ဓာကိုယ်အနှံ သယ်ကြတယ်။ တစ်ချို့ကို လက်ထဲမှာ၊ တစ်ချို့ကိုပုခုံးပေါ်မှာ၊ တစ်ချိ့ကိုကျတော့ ရူပခန္ဓာက မနိုင်တာတွေကို ဘီးတပ်ပြီး ထပ်သယ်ကြပြန်တယ်။
.
ဒီထက်ပိုလောဘကြီးလာတဲ့အခါ သူတစ်ပါးခရီးသွားတာကို လူကြုံပါးကြတယ် .. ပါဆယ်ထည့်ကြပြန်တယ်။ ဒီနေရာမှာ စဉ်းစားမိတာက လူတစ်ယောက်ဟာ ပစ္စည်းပစ္စယဒီလောက်အများကြီးကို ပိုင်ဆိုင်နိုင်လို့လား? အသုံးအဆောင်အများကြီးကို တစ်ပိုင်တစ်နိုင်ထက် ဘယ်လောက်ပိုပိုသာသာသုံးစွဲနိုင်မှာမို့လို့လဲ ဆိုတာပါပဲ။
.
.
မနေနိုင် မထိုင်နိုင်ဖြစ်လို့ အွန်လိုင်းရောက်တဲ့အခါ ကမ္ဘာတစ်ဘက်ခြမ်းကရုပ်ဝတ္ထုကိုပါ သုံးစွဲချင်လာတယ်။ ဒီတော့ ဝယ်ခြမ်းရပြန်ပြီ .. မှာကြားရပြန်ပြီ .. ပို့ကြရလေပြီ။ ဒါပေမယ့်ထိတွေ့ကိုင်တွယ်လို့မရတဲ့ စိတ်သဘောထားဖြူစင်မှုကိုတော့ ဘယ်သူမှ လူကြုံမမှာကြဘူး။ ကိုယ်ချင်းစာတရားပြည့်ဝတဲ့ချစ်ခြင်းမေတ္တာကျတော့ မျက်စိရှေ့မှာဖြတ်လျှောက်လာတဲ့လေပြေနဲ့အတူ ဝေ့ဝိုက် မသိကျိုးကျွံပြုသွားကြတယ်။
.
ပင်လယ်ဟာ ကျယ်တယ်။ အဆုံးမြင်ရပေမယ့် အနားသတ်မရှိဘူး။ အထူးသဖြင့် ပင်လယ်အော် - Bay ဒေသရဲ့ကောင်းကင်မှာ ဘယ်တိမ်တိုက်မှ ကြာကြာတွဲလျောင်ခိုမထားနိုင်ဘူး။ ဒါကြောင့်မို့ .. အခုမိုးရွာမယ် .. ခဏကျ နေပူလာမယ်။ ဒါကြောင့် ကျွန်တော်ရောက်နေတဲ့ ပင်လယ်အော်ဟာ လောကကြီးအကြောင်းကို ကောင်းကောင်းသင်ပေးနေတာ သေချာတယ်။
.
.
ကျွန်တော်သိပ်ချစ်ရတဲ့မိသားစုကိုခေတ္တခွဲခွါပြီး ကျေးဇူးရှိတဲ့မွေးရပ်မြေကို အလှမ်းကျယ်တဲ့ပင်လယ်အော်ကနေ ကျွန်တော်ပြန်ခဲ့တယ်။ ထမ်းထားရတဲ့အဝတ်အစားတွေနဲ့ အထုတ်အပိုးတွေက ဖြစ်ပျက်နေတဲ့ကျွန်တော့ကိုကြည့်ပြီး အားနာစကား လှမ်းပြောတယ် .. “ ခင်များအစား လေးလိုက်တာ ” တဲ့..။
.
ခင်လျက်
.

01-26-2016

No comments: