ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) |
ဒီမိသားစုလေးဟာ တစ်လှေထဲစီး တစ်ခရီးတည်းသွားနေတာဖြစ်တာနဲ့အညီ ဘဝခရီးလမ်းဦးတည်ချက်တူတယ်။ အမိုးအကာအတူတူအောက်မှာ၊ အသိုက်အဝန်းအတူတူအတွင်းမှာ၊ မျက်နှာကျက်တစ်ခုရဲ့ဧည့်ခန်းထဲမှာ အင်တာနက်အားကိုးနဲ့ အမြဲနေထိုင်ခဲ့တယ်။ ဒီကြားထဲကတကယ်တမ်းမကြာမကြာဗွေဖောက်တာကကျွန်တော်ပါ။
မသိတာဆိုရင် သိပ်သိချင်တယ်။ မလုပ်ဖူးတာဆိုရင် သိပ်လုပ်ချင်တယ်။ မရောက်ဖူးသေးရင် ဇွတ်သွားချင်တယ်။ အမြဲတမ်းအရှေ့ကိုကန့်လန့်ကန့်လန့်တစ်ဆင့်တက်နေရမှ နေသာထိုင်သာရှိတယ်။ ဒါကကျွန်တော်ဖောက်တဲ့ဗွေ။
ချစ်ဇနီးလေးကတော့ အနေအေးတယ်။ ပျော်ပျော်နေတတ်တယ်။ အပူမရှာဘူး။ အမြဲချစ်ခင်တွယ်တာတယ်။ မိသားစုကိုဂရုစိုက်တယ်။ သမီးဆိုလည်း သမီးအလျောက်၊ သားဆိုလည်း သားအလျောက် သူစောင့်ရှောက်တယ်။ ဒါကသူ့ရဲ့ နဂိုနေ။
ဒီလိုနဲ့အရှေ့ကျွန်းကမ္ဘာကနေ ကွန်းခိုရာအနောက်ဘက်နေရာသစ်ကိုရွက်လွှင့်လာလိုက်တာ ၁ဝ နှစ် ၁ဝ မိုး အချိန်တွေ သွန်းဖြိုးခဲ့ရောပေါ့။
မောင့်မျက်နှာ တစ်ရွာထင်၊ မောင့်စကားကို သူ့ရဲ့နားလို့မှတ်၊ သူပေးဆပ်ခဲ့တဲ့အချိန်တွေဟာ အခုတော့ သမီး နဲ့ သား ဘဝအတွက် အသီးအပွင့်တွေစတင်ခံစားနေရပါပြီ။
ဒါဟာကျေနပ်စရာပါ။ ဒါဟာရင်ဆိုင်ရမယ့်ဘဝပါ။ ဒါဟာရင်းနှီးလိုက်ရတဲ့လက်ကျန်အသက် နှစ်အပိုင်းအခြားတွေပါ။
ဘာပဲပြောပြော၊ ဘာပဲလိုလို၊ ဘာပဲတောင်းဆိုတောင်းဆို ကျွန်တော်လိုသမျှကိုသူတို့အမြဲပေးကြတယ်။ လူတွေအမြင်မှာတော့ ရထားခေါင်းကြီးကဟီးလို့ နောက်တွဲတွေစည်းချက်ဝါးချက်ညီညီ စီစီရီရီ လိုက်ပါနိုင်ကြတယ်ထင်ကြမပေါ့။
တကယ်တမ်းတော့ တွန်းအားကြောင့်သာအရှေ့ခေါင်းတွဲရုန်းကန်နိုင်တာပါ။ တကယ်တမ်းတော့ သမီး နဲ့ သား သံလမ်း (၂) ချောင်းကြောင့်သာ ပန်းတိုင်ရောက်ရတာပါ။ တကယ်တမ်းတော့ ရထားခေါင်းတွဲကို စတီရာတိုင်ကိုင်ပေးတဲ့ခေါင်းဆောင်မှုကြောင့်သာပန်းဝင်ရမှာပါ။
သိပ်ချစ်တယ်။ အမေ့ကို သိပ်ချစ်တယ်။ အမေနေတဲ့မြန်မာနိုင်ငံကို ကျွန်တော် သိပ်ချစ်တယ်။ ဒါပေမဲ့ နေရတာ အဝေးမှာ။ ဘဝရဲ့ဇာတာကိုက ၅ဝ% ပြည်တွင်းမှာနေပြီး ကျန် ၅ဝ% က ပြည်ပမှာနေဖို့ခိုင်းစေခံထားရတာ။
သိပ်ချစ်တယ်။ ကျွန်တော့မိသားစုကို သိပ်ချစ်တယ်။ ချစ်ဇနီးကိုလည်း ချစ်တယ်။ ကျွန်တော့သမီးကိုလည်း ကျွန်တော်ချစ်တယ်။ ကျွန်တော့သားကိုလည်း ကျွန်တော်ချစ်တယ်။ ကျွန်တော့ကိုကျွန်တော်တော့ မချစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုထက်ထိ စံပြယောက်ျား၊ စံပြဖခင်ဖြစ်အောင် လုပ်မပြနိုင်သေးလို့။
၂၈ နှစ်ဆိုတာ ဟိုလှည့်ဒီလှည့်နဲ့ခဏလေးအတွင်းမျက်လှည့်ပြသွားတယ်။ ရှည်လွန်းတာလည်း ဒီသက္ကရာဇ်၊ တိုလွန်းတာလည်း ဒီသက္ကရာဇ်။ ဒါပေမဲ့ ကျွန်တော်တို့မိသားစု ဒီ "၂၈ ဘူတာ" ကနေ အရှိန်မပျက်ခရီးဆက်ရင်းဆက်ချစ်ကြမယ်။
ချစ်တဲ့ ၂၈
ကိုညီညီ (တောင်ကြီး)
05-01-2020
<Zawgyi>
"ခ်စ္တဲ့ ၂၈" ၂၈ ႏွစ္ဆိုတာ ပုလဲရတုေရာက္ဖို႔ ၂ ႏွစ္ လိုေနသလိုပဲ ကၽြန္ေတာ္တို႔ရဲ့ထိမ္းျမားျခင္းမဂၤလာႏွစ္ပတ္လည္ေန႔ဆင္ယင္က်င္းပဖို႔ သမီး ၁ ေယာက္ နဲ႔ သား ၁ ေယာက္လိုေနခဲ့တာအျမဲလိုလိုပါ။ ဒီႏွစ္ေတာ့ဆုေတာင္းျပည့္တယ္။ လူလည္းစုံတယ္။ အႏွစ္သာရလည္းခ်ိဳၿမိန္တယ္။ ခ်စ္ျခင္းေမတၱာကိုယုံၾကည္ၾကလို႔ေနမယ္။ ဒီမိသားစုေလးဟာ တစ္ေလွထဲစီး တစ္ခရီးတည္းသြားေနတာျဖစ္တာနဲ႔အညီ ဘဝခရီးလမ္းဦးတည္ခ်က္တူတယ္။ အမိုးအကာအတူတူေအာက္မွာ၊ အသိုက္အဝန္းအတူတူအတြင္းမွာ၊ မ်က္ႏွာက်က္တစ္ခုရဲ့ဧည့္ခန္းထဲမွာ အင္တာနက္အားကိုးနဲ႔ အျမဲေနထိုင္ခဲ့တယ္။ ဒီၾကားထဲကတကယ္တမ္းမၾကာမၾကာေဗြေဖာက္တာကကၽြန္ေတာ္ပါ။ မသိတာဆိုရင္ သိပ္သိခ်င္တယ္။ မလုပ္ဖူးတာဆိုရင္ သိပ္လုပ္ခ်င္တယ္။ မေရာက္ဖူးေသးရင္ ဇြတ္သြားခ်င္တယ္။ အျမဲတမ္းအေရွ႕ကိုကန႔္လန႔္ကန႔္လန႔္တစ္ဆင့္တက္ေနရမွ ေနသာထိုင္သာရွိတယ္။ ဒါကကၽြန္ေတာ္ေဖာက္တဲ့ေဗြ။ ခ်စ္ဇနီးေလးကေတာ့ အေနေအးတယ္။ ေပ်ာ္ေပ်ာ္ေနတတ္တယ္။ အပူမရွာဘူး။ အျမဲခ်စ္ခင္တြယ္တာတယ္။ မိသားစုကိုဂ႐ုစိုက္တယ္။ သမီးဆိုလည္း သမီးအေလ်ာက္၊ သားဆိုလည္း သားအေလ်ာက္ သူေစာင့္ေရွာက္တယ္။ ဒါကသူ႔ရဲ့ နဂိုေန။ ဒီလိုနဲ႔အေရွ႕ကၽြန္းကမၻာကေန ကြန္းခိုရာအေနာက္ဘက္ေနရာသစ္ကိုရြက္လႊင့္လာလိုက္တာ ၁ဝ ႏွစ္ ၁ဝ မိုး အခ်ိန္ေတြ သြန္းၿဖိဳးခဲ့ေရာေပါ့။ ေမာင့္မ်က္ႏွာ တစ္ရြာထင္၊ ေမာင့္စကားကို သူ႔ရဲ့နားလို႔မွတ္၊ သူေပးဆပ္ခဲ့တဲ့အခ်ိန္ေတြဟာ အခုေတာ့ သမီး နဲ႔ သား ဘဝအတြက္ အသီးအပြင့္ေတြစတင္ခံစားေနရပါၿပီ။ ဒါဟာေက်နပ္စရာပါ။ ဒါဟာရင္ဆိုင္ရမယ့္ဘဝပါ။ ဒါဟာရင္းႏွီးလိုက္ရတဲ့လက္က်န္အသက္ ႏွစ္အပိုင္းအျခားေတြပါ။ ဘာပဲေျပာေျပာ၊ ဘာပဲလိုလို၊ ဘာပဲေတာင္းဆိုေတာင္းဆို ကၽြန္ေတာ္လိုသမၽွကိုသူတို႔အျမဲေပးၾကတယ္။ လူေတြအျမင္မွာေတာ့ ရထားေခါင္းႀကီးကဟီးလို႔ ေနာက္တြဲေတြစည္းခ်က္ဝါးခ်က္ညီညီ စီစီရီရီ လိုက္ပါနိုင္ၾကတယ္ထင္ၾကမေပါ့။ တကယ္တမ္းေတာ့ တြန္းအားေၾကာင့္သာအေရွ႕ေခါင္းတြဲ႐ုန္းကန္နိုင္တာပါ။ တကယ္တမ္းေတာ့ သမီး နဲ႔ သား သံလမ္း (၂) ေခ်ာင္းေၾကာင့္သာ ပန္းတိုင္ေရာက္ရတာပါ။ တကယ္တမ္းေတာ့ ရထားေခါင္းတြဲကို စတီရာတိုင္ကိုင္ေပးတဲ့ေခါင္းေဆာင္မႈေၾကာင့္သာပန္းဝင္ရမွာပါ။ သိပ္ခ်စ္တယ္။ အေမ့ကို သိပ္ခ်စ္တယ္။ အေမေနတဲ့ျမန္မာနိုင္ငံကို ကၽြန္ေတာ္ သိပ္ခ်စ္တယ္။ ဒါေပမဲ့ ေနရတာ အေဝးမွာ။ ဘဝရဲ့ဇာတာကိုက ၅ဝ% ျပည္တြင္းမွာေနၿပီး က်န္ ၅ဝ% က ျပည္ပမွာေနဖို႔ခိုင္းေစခံထားရတာ။ သိပ္ခ်စ္တယ္။ ကၽြန္ေတာ့မိသားစုကို သိပ္ခ်စ္တယ္။ ခ်စ္ဇနီးကိုလည္း ခ်စ္တယ္။ ကၽြန္ေတာ့သမီးကိုလည္း ကၽြန္ေတာ္ခ်စ္တယ္။ ကၽြန္ေတာ့သားကိုလည္း ကၽြန္ေတာ္ခ်စ္တယ္။ ကၽြန္ေတာ့ကိုကၽြန္ေတာ္ေတာ့ မခ်စ္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အခုထက္ထိ စံျပေယာက္်ား၊ စံျပဖခင္ျဖစ္ေအာင္ လုပ္မျပနိုင္ေသးလို႔။ ၂၈ ႏွစ္ဆိုတာ ဟိုလွည့္ဒီလွည့္နဲ႔ခဏေလးအတြင္းမ်က္လွည့္ျပသြားတယ္။ ရွည္လြန္းတာလည္း ဒီသကၠရာဇ္၊ တိုလြန္းတာလည္း ဒီသကၠရာဇ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔မိသားစု ဒီ "၂၈ ဘူတာ" ကေန အရွိန္မပ်က္ခရီးဆက္ရင္းဆက္ခ်စ္ၾကမယ္။ ခ်စ္တဲ့ ၂၈ ကိုညီညီ (ေတာင္ႀကီး) 05-01-2020
No comments:
Post a Comment