ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, April 19, 2017

( ၁၂ ) တန္းျပန္တက္မွာလား? ေကာလိပ္တစ္ခါတည္းတက္မွာလား?

.
. ဒီအေၾကာင္းကိုျပန္ေျပာဖို႔အေၾကာင္းေပၚလာတာက ( ၂ ) ႏွစ္ေက်ာ္မွအမွန္သိလာရတဲ႔ အေၾကာင္းတစ္ခုေၾကာင့္ပါ။ အဲဒီတုန္းက အစ္မတစ္ေယာက္က သူ႕သူငယ္ခ်င္းတုိ႕မိသားစု အေမရိကားကိုလာဖို႕အလွည္႕က်ေတာ႕ ေမးခြန္းတစ္ခုေမးတယ္။ သူတုိ႕နဲ႕အတူ ဆယ္တန္းကို ဂုဏ္ထူး ( ၄ ) ခု နဲ႕ ထူးခြလန္စြာေအာင္ျမင္ထားတဲ႕သားတစ္ေယာက္ပါလာမွာကုိ ဘယ္ေနရာမွာ ဘာေတြျပင္ဆင္ခဲ႕ရမလဲလို႕ေမးတာကို " ဂုဏ္ထူးနဲ႕ေအာင္တဲ႕ဆယ္တန္းေက်ာင္းသား အေမရိကားေရာက္တဲ႕အခါ " ဆုိတဲ႕ေဆာင္းပါးေရးျပီးေျဖေပးဖူးတယ္။
.
. အဲဒီေဆာင္းပါးက သူတို႕ကာယကံရွင္ေတြဖတ္ၾကည္႕ျပီး ကြ်န္ေတာ႕ကိုျပန္မေျပာလုိ႕ သူတုိ႕အတြက္ အက်ိဳးရွိမရွိ ျပန္သိခြင္႕မရခဲ႕ဘူး။ ဒါေပမယ္႕ ကြ်န္ေတာ႕စာေတြေတာက္ေလွ်ာက္ဖတ္ျပီး ပညာေရးနဲ႕ပတ္သက္လို႕ မိမိအတြက္ေရာ၊ မိမိရဲ႕သားသမီးေတြအတြက္ေရာ ကိုယ္ရည္ကုိယ္ေသြးေနတဲ႕စာဖတ္ပရိသတ္ၾကားမွာ အနည္းနဲ႕အမ်ား လႈပ္ခတ္မႈေတာ႕ရွိခဲ႕တယ္။
.
.
. ကြ်န္ေတာ္က ဆယ္တန္းေအာင္ျပီးရင္ ေအာက္သက္ေၾကေအာင္ အေျခခံပညာကုိ ( ၁၂ ) တန္းအထိသင္တဲ႕အေမရိကားမွာ ( ၁၂ ) တန္းကေနျပန္တက္ဖို႕ အၾကံေပးခဲ႕တယ္။ အဲဒါကို ျမန္မာႏိုင္ငံကေန အဂၤလိပ္စာေကာင္းလြန္းလို႕ အြန္လိုင္းကေန စေကာလားရွစ္လည္းရ၊ ေက်ာင္းေကာင္းလည္းဝင္တဲ႕မိန္းကေလးတစ္စုက ဘုိလုိဝင္ျပီး ေဝဖန္ပါတယ္ " ကြ်န္ေတာ႕ေဆာင္းပါးကမမွန္ပါဘူး။ ဆယ္တန္းေအာင္ျပီးတာနဲ႕ အေမရိကားမွာ တကၠသိုလ္တန္းတက္လို႕ရတယ္ " လို႕ ဝင္ေထာက္ျပပါတယ္။

.
. ကြ်န္ေတာ္မျငင္းေပမယ္႕ ေသခ်ာျပန္ရွင္းျပခဲ႕တယ္ " ဆယ္တန္းေအာင္ေတြအားလံုး မိန္းကေလးလုိ စာေတာ္ရင္ေတာ႕ ဟုတ္တာေပါ႕ " လို႕။ ဟုတ္တယ္ေလ . . သူ႕လုိေတာ္ျပီး သူ႕ေလာက္အဂၤလိပ္စာေတာ္ေနျပီး မိဘေတြကတတ္ႏိုင္ရင္ ျဖစ္ႏုိင္တယ္ဆိုတာ အတုိက္အခံလုပ္ျပီး ဆက္မျငင္းပါဘူး။ ဒါေပမယ္႕ ကြ်န္ေတာ႕ေဆာင္းပါးမွာလည္း တိုက္ရုိက္တက္ႏုိင္တယ္ဆုိတာ တစ္ေနရာမွာေရးျပထားျပီးသားပါ။
.
.
. အဲဒီေဆာင္းပါးေရးျဖစ္ေစတဲ႕ ကာယကံရွင္နဲ႕ မထင္မွတ္ပဲ အလွဴတစ္ခုမွာ တစ္ေလာက ဆံုမိတယ္။ သူတုိ႕နဲ႕အတူလိုက္လာတဲ႕အဆုိပါ ဂုဏ္ထူးမ်ားရွင္ဆယ္တန္းေက်ာင္းသားဟာ ကြ်န္ေတာ္ ( ၂ ) ႏွစ္ေလာက္ၾကာေအာင္ယံုၾကည္ထားသလို တကၠသိုလ္ ( သုိ႕မဟုတ္ ) ေကာလိပ္တစ္ခုခုတက္ေနတာမဟုတ္ပဲ အေမရိကန္ ( ၁၁ ) တန္းကေန ျပန္တက္ခဲ႕ပါသတဲ႕ . .။
.
. အေၾကာင္းရင္းကိုေမးၾကည္႕ေတာ႕ ေကာလိပ္တက္ဖို႕ ယူနစ္ - Credit မရွိထားလို႕ ျပည္႕ေအာင္အထက္တန္းမွာျပန္ယူရပါတယ္ တဲ႕။ ျပီးေတာ႕ ေရာက္ခါစလူက ျပည္နယ္တစ္ခုအတြင္း တသတ္မွတ္ေနထုိင္ျခင္း - Residency ( ၁ ) ႏွစ္မရွိရင္ ကြန္ျမဴနတီေကာလိပ္တက္တဲ႕အခါ " က်ဴရွင္ခ အျပည္႕ " ေပးရပါတယ္။ ဒီအေၾကာင္းေတြေပါင္းဆံုျပီး ဆယ္တန္းေအာင္ကေလးဟာ ေအးေအးေဆးေဆးနဲ႕ ေအာက္သက္ေၾကေအာင္ အတန္းငယ္ကျပန္တက္တာ ေခၚလာတဲ႕မိဘေတြထုိင္ငိုသလားေမးၾကည္႕ပါ . . မငိုၾကပါဘူး။ အသက္တစ္ႏွစ္ၾကီးသြားလို႕ စိတ္ညစ္သြားၾကသလား ? မျဖစ္ၾကပါဘူး။
.
.
. အဲဒီ စာေတာ္တဲ႕မိန္းကေလးက်ေတာ႕ မတူဘူး။ သူ႕မိဘေတြက အေမရိကားကိုေျပာင္းေရႊ႕ေနထုိင္ခြင္႕ - New Immigrant အေနနဲ႕လာတာမဟုတ္ဘူး။ အဲဒီေတာ႕ သူတုိ႕သမီးက အေမရိကားမွာလာတက္ရင္ ႏိုင္ငံတကာေက်ာင္းသားတစ္ေယာက္ပဲ။ ဒါေၾကာင္႕ စေကာလားရွစ္ေတြဘယ္ေလာက္ႏႈတ္ေပးေပး ကြ်န္ေတာ္တို႕လို ေျပာင္းေရႊ႕ေနထုိင္သူေတြလို ဘာေလွ်ာ႕ေပါ႕ခြင္႕မွမရႏိုင္ဘူး။ ( ႏိုင္ငံသား ႏွင္႕ Green Card ကိုင္ထားသူမ်ား၏သားသမီးမ်ားမွာ အေမရိကန္ႏိုင္ငံတြင္ အေျခခံပညာကုိ ( ၁၂ ) တန္းအထိ အခမဲ႕တက္ေရာက္ခြင္႕ကို အစုိးရက ေေပးထားပါသည္ )
.
. ဒါေၾကာင္႕ သူက International Student တစ္ေယာက္အေနနဲ႕ ေက်ာင္းကေတာင္းသမွ် " အျပည္႕အဝ " ေဒၚလာေတြေပးရမယ္႕အေနအထားပါ။ တစ္ဆက္တည္း ေက်ာင္းကေတာင္းထားတဲ႕ အဂၤလိပ္စာအဓိကလုိအပ္ခ်က္ - Requirement က သူ႕ဆီမွာရွိေနျပီးသားဆို ျပီးျပီေလ။ ဒီလုိျပီးျပည္႕စံုတဲ႕ဘဝကိုပိုင္ဆိုင္ေနတာ သိပ္ထူးျခားလြန္းတဲ႕ကံ နဲ႕ ကံအက်ိဳးေပးအေျခအေနေတြပါ။
.
.
. ခ်ဳပ္ျပီးေျပာရရင္ အေမရိကားကိုေက်ာင္းတက္ရံုပဲလာမွာလား? မိဘနဲ႕အတူတူေျပာင္းေရႊ႕လာမွာလား? တစ္ဦးတစ္ေယာက္ထဲရုန္းကန္ဖို႕ေရာက္လာရမွာလား? ဒီအေမးေတြအေပၚမွာမူတည္ျပီး အေျဖေတြက ဝိဝါဒကြဲေနဦးမွာဆုိတာ စကားပလႅင္ခံပါတယ္။ အားလံုးကုိမွန္ေစမယ္႕အေျဖတစ္ခုမရခင္အထိကေတာ႕ " သင္ဟာအဂၤလိပ္စာကိုႏိုင္ငံတကာလုိေျပာႏိုင္ ေရးႏုိင္ျပီလား ? - How fluent is you English globally ? " ဆုိတာကို အရင္ေျဖစမ္းၾကည္႕ေစခ်င္တယ္။
.
. ဒါကလည္း ေျခာက္တာ၊ ေၾကာက္စရာမဟုတ္ပါ လို႕ အားေပးခ်င္တယ္။ သင္ယူတဲ႕ပညာေရးနည္းစံနစ္မက်သမွ် သဲထဲေရသြန္သလုိ အႏွစ္ႏွစ္အလလသင္ယူခဲ႕တဲ႕ အဂၤလိပ္စာကို ကြမ္းတံေတြးေထြးသလို ဗ်စ္ကနဲ႕ မေထြးပစ္ေစခ်င္ဘူး။
.
.
. အဂၤလိပ္စာကိုအမွန္တကယ္ႏွစ္သက္သူေတြအတြက္ အခ်ိန္ရသ၍၊ အခြင္႕အေရးေပးသ၍၊ ေျမျပင္ေပၚမွာေနေန၊ အြန္လိုင္းေပၚမွာပဲတက္ေၾကြေၾကြ . . အေစ႕ေလးက်န္ေတာင္ ေထြးမထုတ္ပစ္ခ်င္ေလာက္ေအာင္ ေမႊးတျမျမေလး ပါးစပ္ထဲငံုခဲထားခ်င္တဲ႕ ေက်ာက္မဲဆားငံသီးေလးလို ခ်ိဳျမေနမယ္ဆိုတဲ႕အေၾကာင္း ႏွစ္သစ္လက္ေဆာင္စကား ပါးလုိက္ပါရေစ။
.
. ခင္လ်က္
.
. ကိုညီညီ ( ေတာင္ၾကီး )
. 04-16-2017
.
.
Unicode Version:
.
.
. " ( ၁၂ ) တန်းပြန်တက်မှာလား? ကောလိပ်တစ်ခါတည်းတက်မှာလား? "
. ဒီအကြောင်းကိုပြန်ပြောဖို့အကြောင်းပေါ်လာတာက ( ၂ ) နှစ်ကျော်မှအမှန်သိလာရတဲ့ အကြောင်းတစ်ခုကြောင့်ပါ။ အဲဒီတုန်းက အစ်မတစ်ယောက်က သူ့သူငယ်ချင်းတို့မိသားစု အမေရိကားကိုလာဖို့အလှည့်ကျတော့ မေးခွန်းတစ်ခုမေးတယ်။ သူတို့နဲ့အတူ ဆယ်တန်းကို ဂုဏ်ထူး ( ၄ ) ခု နဲ့ ထူးခွလန်စွာအောင်မြင်ထားတဲ့သားတစ်ယောက်ပါလာမှာကို ဘယ်နေရာမှာ ဘာတွေပြင်ဆင်ခဲ့ရမလဲလို့မေးတာကို " ဂုဏ်ထူးနဲ့အောင်တဲ့ဆယ်တန်းကျောင်းသား အမေရိကားရောက်တဲ့အခါ " ဆိုတဲ့ဆောင်းပါးရေးပြီးဖြေပေးဖူးတယ်။
.
. အဲဒီဆောင်းပါးက သူတို့ကာယကံရှင်တွေဖတ်ကြည့်ပြီး ကျွန်တော့ကိုပြန်မပြောလို့ သူတို့အတွက် အကျိုးရှိမရှိ ပြန်သိခွင့်မရခဲ့ဘူး။ ဒါပေမယ့် ကျွန်တော့စာတွေတောက်လျှောက်ဖတ်ပြီး ပညာရေးနဲ့ပတ်သက်လို့ မိမိအတွက်ရော၊ မိမိရဲ့သားသမီးတွေအတွက်ရော ကိုယ်ရည်ကိုယ်သွေးနေတဲ့စာဖတ်ပရိသတ်ကြားမှာ အနည်းနဲ့အများ လှုပ်ခတ်မှုတော့ရှိခဲ့တယ်။
.
.
. ကျွန်တော်က ဆယ်တန်းအောင်ပြီးရင် အောက်သက်ကြေအောင် အခြေခံပညာကို ( ၁၂ ) တန်းအထိသင်တဲ့အမေရိကားမှာ ( ၁၂ ) တန်းကနေပြန်တက်ဖို့ အကြံပေးခဲ့တယ်။ အဲဒါကို မြန်မာနိုင်ငံကနေ အင်္ဂလိပ်စာကောင်းလွန်းလို့ အွန်လိုင်းကနေ စကောလားရှစ်လည်းရ၊ ကျောင်းကောင်းလည်းဝင်တဲ့မိန်းကလေးတစ်စုက ဘိုလိုဝင်ပြီး ဝေဖန်ပါတယ် " ကျွန်တော့ဆောင်းပါးကမမှန်ပါဘူး။ ဆယ်တန်းအောင်ပြီးတာနဲ့ အမေရိကားမှာ တက္ကသိုလ်တန်းတက်လို့ရတယ် " လို့ ဝင်ထောက်ပြပါတယ်။
.
. ကျွန်တော်မငြင်းပေမယ့် သေချာပြန်ရှင်းပြခဲ့တယ် " ဆယ်တန်းအောင်တွေအားလုံး မိန်းကလေးလို စာတော်ရင်တော့ ဟုတ်တာပေါ့ " လို့။ ဟုတ်တယ်လေ . . သူ့လိုတော်ပြီး သူ့လောက်အင်္ဂလိပ်စာတော်နေပြီး မိဘတွေကတတ်နိုင်ရင် ဖြစ်နိုင်တယ်ဆိုတာ အတိုက်အခံလုပ်ပြီး ဆက်မငြင်းပါဘူး။ ဒါပေမယ့် ကျွန်တော့ဆောင်းပါးမှာလည်း တိုက်ရိုက်တက်နိုင်တယ်ဆိုတာ တစ်နေရာမှာရေးပြထားပြီးသားပါ။
.
.
. အဲဒီဆောင်းပါးရေးဖြစ်စေတဲ့ ကာယကံရှင်နဲ့ မထင်မှတ်ပဲ အလှူတစ်ခုမှာ တစ်လောက ဆုံမိတယ်။ သူတို့နဲ့အတူလိုက်လာတဲ့အဆိုပါ ဂုဏ်ထူးများရှင်ဆယ်တန်းကျောင်းသားဟာ ကျွန်တော် ( ၂ ) နှစ်လောက်ကြာအောင်ယုံကြည်ထားသလို တက္ကသိုလ် ( သို့မဟုတ် ) ကောလိပ်တစ်ခုခုတက်နေတာမဟုတ်ပဲ အမေရိကန် ( ၁၁ ) တန်းကနေ ပြန်တက်ခဲ့ပါသတဲ့ . .။
.
. အကြောင်းရင်းကိုမေးကြည့်တော့ ကောလိပ်တက်ဖို့ ယူနစ် - Credit မရှိထားလို့ ပြည့်အောင်အထက်တန်းမှာပြန်ယူရပါတယ် တဲ့။ ပြီးတော့ ရောက်ခါစလူက ပြည်နယ်တစ်ခုအတွင်း တသတ်မှတ်နေထိုင်ခြင်း - Residency ( ၁ ) နှစ်မရှိရင် ကွန်မြူနတီကောလိပ်တက်တဲ့အခါ " ကျူရှင်ခ အပြည့် " ပေးရပါတယ်။ ဒီအကြောင်းတွေပေါင်းဆုံပြီး ဆယ်တန်းအောင်ကလေးဟာ အေးအေးဆေးဆေးနဲ့ အောက်သက်ကြေအောင် အတန်းငယ်ကပြန်တက်တာ ခေါ်လာတဲ့မိဘတွေထိုင်ငိုသလားမေးကြည့်ပါ . . မငိုကြပါဘူး။ အသက်တစ်နှစ်ကြီးသွားလို့ စိတ်ညစ်သွားကြသလား ? မဖြစ်ကြပါဘူး။
.
.
. အဲဒီ စာတော်တဲ့မိန်းကလေးကျတော့ မတူဘူး။ သူ့မိဘတွေက အမေရိကားကိုပြောင်းရွှေ့နေထိုင်ခွင့် - New Immigrant အနေနဲ့လာတာမဟုတ်ဘူး။ အဲဒီတော့ သူတို့သမီးက အမေရိကားမှာလာတက်ရင် နိုင်ငံတကာကျောင်းသားတစ်ယောက်ပဲ။ ဒါကြောင့် စကောလားရှစ်တွေဘယ်လောက်နှုတ်ပေးပေး ကျွန်တော်တို့လို ပြောင်းရွှေ့နေထိုင်သူတွေလို ဘာလျှော့ပေါ့ခွင့်မှမရနိုင်ဘူး။ ( နိုင်ငံသား နှင့် Green Card ကိုင်ထားသူများ၏သားသမီးများမှာ အမေရိကန်နိုင်ငံတွင် အခြေခံပညာကို ( ၁၂ ) တန်းအထိ အခမဲ့တက်ရောက်ခွင့်ကို အစိုးရက ေပေးထားပါသည် )
.
. ဒါကြောင့် သူက International Student တစ်ယောက်အနေနဲ့ ကျောင်းကတောင်းသမျှ " အပြည့်အဝ " ဒေါ်လာတွေပေးရမယ့်အနေအထားပါ။ တစ်ဆက်တည်း ကျောင်းကတောင်းထားတဲ့ အင်္ဂလိပ်စာအဓိကလိုအပ်ချက် - Requirement က သူ့ဆီမှာရှိနေပြီးသားဆို ပြီးပြီလေ။ ဒီလိုပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်နေတာ သိပ်ထူးခြားလွန်းတဲ့ကံ နဲ့ ကံအကျိုးပေးအခြေအနေတွေပါ။
.
.
. ချုပ်ပြီးပြောရရင် အမေရိကားကိုကျောင်းတက်ရုံပဲလာမှာလား? မိဘနဲ့အတူတူပြောင်းရွှေ့လာမှာလား? တစ်ဦးတစ်ယောက်ထဲရုန်းကန်ဖို့ရောက်လာရမှာလား? ဒီအမေးတွေအပေါ်မှာမူတည်ပြီး အဖြေတွေက ဝိဝါဒကွဲနေဦးမှာဆိုတာ စကားပလ္လင်ခံပါတယ်။ အားလုံးကိုမှန်စေမယ့်အဖြေတစ်ခုမရခင်အထိကတော့ " သင်ဟာအင်္ဂလိပ်စာကိုနိုင်ငံတကာလိုပြောနိုင် ရေးနိုင်ပြီလား ? - How fluent is you English globally ? " ဆိုတာကို အရင်ဖြေစမ်းကြည့်စေချင်တယ်။
.
. ဒါကလည်း ခြောက်တာ၊ ကြောက်စရာမဟုတ်ပါ လို့ အားပေးချင်တယ်။ သင်ယူတဲ့ပညာရေးနည်းစံနစ်မကျသမျှ သဲထဲရေသွန်သလို အနှစ်နှစ်အလလသင်ယူခဲ့တဲ့ အင်္ဂလိပ်စာကို ကွမ်းတံတွေးထွေးသလို ဗျစ်ကနဲ့ မထွေးပစ်စေချင်ဘူး။
.
.
. အင်္ဂလိပ်စာကိုအမှန်တကယ်နှစ်သက်သူတွေအတွက် အချိန်ရသ၍၊ အခွင့်အရေးပေးသ၍၊ မြေပြင်ပေါ်မှာနေနေ၊ အွန်လိုင်းပေါ်မှာပဲတက်ကြွေကြွေ . . အစေ့လေးကျန်တောင် ထွေးမထုတ်ပစ်ချင်လောက်အောင် ေမႊးတျမျမေလး ပါးစပ္ထဲငံုခဲထားခ်င္တဲ႕ ကျောက်မဲဆားငံသီးလေးလို ချိုမြနေမယ်ဆိုတဲ့အကြောင်း နှစ်သစ်လက်ဆောင်စကား ပါးလိုက်ပါရစေ။
.
. ခင်လျက်
.
. ကိုညီညီ ( တောင်ကြီး )
. 04-16-2017

No comments: