ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, June 24, 2017

သမီး နဲ႕ သားတို႕ရဲ႕ ေက်ာင္းေျပာင္းလက္မွတ္ (သို႕) High School Transcript

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. ကြ်န္ေတာ္တို႕မိသားစုရဲ႕ဘဝအလွည္႕အေျပာင္းေတြဟာ ၾကံဳရ ဆံုရ ေျဖရွင္းရ နဲ႕ မွတ္သားစရာခ်ည္းပါပဲ။ သမီးဟာ ငယ္ငယ္တုန္းက ရန္ကုန္ကိုေက်ာင္းသြားတက္ရာကေန (၆) တန္းေရာက္ေတာ႕ ေတာင္ၾကီး အ.ထ.က (၄) မွာ ျပန္လာတက္တယ္။ အဲဒီမွာ ကုိယ္တိုင္ေဖာက္ဖတ္ၾကည္႕လို႕မရတဲ႕ ေက်ာင္းေျပာင္းလက္မွတ္ကို စေတြ႕ဖူးတာပါ။ ေတြ႕ဖူးတယ္ဆိုတာကလည္း ေက်ာင္းအုပ္ၾကီးလက္ထဲကိုထည္႕ေပးလုိက္ရတဲ႕ ခ်ိတ္ပိတ္ထားတဲ႕စာအိပ္ျဖဴတစ္ခုသာ ျဖစ္ပါတယ္။
.
. ဒီဘက္ႏို္င္ငံေရာက္ေတာ႕ သမီးဟာ (၁၂) တန္း ျပန္တက္ခဲ႕တယ္။ ဒါေတာင္ သူက ျမန္မာႏိုင္ငံတုန္းက (၁ဝ) တန္းေအာင္လို႕ ဂုဏ္ထူး (၅) ခု ဆြတ္ခူးျပီးထြက္လာတာေနာ္။ အခု “ စြမ္း ” လည္း အထက္တန္းေက်ာင္းျပီးသြားျပီဆုိေတာ႕ ကြ်န္ေတာ႕မွာ ကေလး (၂) ေယာက္လံုးရဲ႕ ေက်ာင္းေျပာင္းလက္မွတ္ေတြကို ေလ႕လာခြင္႕ရခဲ႕တယ္။ ဒါေတြကို မိဘေတြအိမ္ကိုသိမ္းထားဖို႕ မိတၱဴေတြ ပို႕ေပးတယ္။ အားလံုး ထင္သာျမင္သာပဲ။ ဘာမွလ်ိဳ႕ဝွက္စရာမလုိဘူး။ ကိုယ္႕သားသမီးအေၾကာင္းကိုယ္သိၾကဖို႕ မိဘေတြရဲ႕တာဝန္ဆုိတာ ဒီပညာေရးစံနစ္ရဲ႕ေက်ာင္းေတြက ေကာင္းေကာင္းၾကီးလက္ခံထားတယ္။
.
.
. အဆိုပါအထက္တန္းေက်ာင္းေျပာင္းလက္မွတ္ကို High School Transcript လို႕ ေခၚပါတယ္။ အထက္တန္းေက်ာင္းျပီးသြားတဲ႕ေက်ာင္းသားတက္မယ္႕ ကြန္ျမဴနတီေကာလိပ္၊ တကၠသိုလ္အေရာက္ ဒီ (တရားဝင္) စာ ကုိ ေက်ာင္းအုပ္ခ်ဳပ္ေရးရံုးက ေနာက္ကေန လုိက္ပို႕ပါတယ္။ အဲဒီ Transcript ေပၚမွာ ေက်ာင္းအုပ္ခ်ဳပ္ေရးမွဴးလက္မွတ္မထုိးထားရင္ တရားမဝင္ပါဘူး။
.
. အေမရိကားရဲ႕အထက္တန္းလို႕ေခၚတဲ႕ (၉) တန္း ကေန (၁၂) တန္းအထိ ေကာလိပ္ (သို႕) တကၠသိုလ္ဆက္တက္ႏုိင္ဖို႕ ေက်ာင္းသားတစ္ေယာက္အတြက္ ခရက္ဒစ္ (၂၄ဝ) ကေန (၃ဝဝ) အထိလိုပါတယ္။ အဲဒီထဲမွာ စာေတာ္လို႕ဂုဏ္ထူးတန္းဝင္တဲ႕ (+ Honors) ၊ အတန္းတင္ အကယ္ဒဲမစ္ မဟုတ္တဲ႕ Non Academic နဲ႕ (C) နဲ႕ (D) ရလို႕ ေက်နပ္မႈမရွိတဲ႕အခါ ျပန္ေျဖရတဲ႕ (r = Repeated) ဆိုတဲ႕ မွတ္ခ်က္ - Tags ေတြနဲ႕ သင္ရိုးညႊန္းတမ္း - Course ေတြကို ခြဲျခမ္းစိတ္ျဖာထားပါတယ္။
.
.
. အမ်ားအားျဖင္႕ အထက္တန္းေက်ာင္းေတြမွာ ေႏြရာသီ မတက္ရပါဘူး။ ဒါေၾကာင္႕ ၾသဂုတ္လ နဲ႕ စက္တင္ဘာလ (ျပည္နယ္ေပၚမူတည္ျပီးကြဲျပားႏုိင္ပါသည္) ကေန ခရစ္စမတ္ေန႕အထိတက္ရတာကို Fall Semester နဲ႕ ဇန္နဝါရီလ ကေန ဇြန္လအထိတက္ရတာကုိ Spring Semester ဆိုျပီး တစ္ၾကိမ္ကုိအနည္းဆံုး ခရက္ဒစ္ (၆ဝ) ျပည္႕ေအာင္သင္ယူရတာ အထက္တန္းေက်ာင္းသားတစ္ေယာက္ရဲ႕တာဝန္ျဖစ္ပါတယ္။
.
. ဒါေၾကာင္႕
English 9, 10, 11 and 12
US History
World History
Government
Economics
Mathematics
Physical Education
Algebra
Life Science
General Science တို႕ဟာ ျမန္မာႏိုင္ငံမွာအကြ်မ္းဝင္ျပီးသားဘာသာရပ္ေတြျဖစ္လို႕အထူးမေျပာလိုေတာ႕ပါဘူး။

.
.
. ဒါေပမယ္႕
ဇီဝေဗဒ - Biology ဟာ Physical Science ထဲမွာ ပါေနတာ၊
.
ပန္းခ်ီဆြဲ၊ ေၾကြထည္ ေျမထည္လုပ္နည္းစတာေတြကို Fine Arts ထဲ ထည္႕ထားတာ၊
.
ႏိုင္ငံျခားဘာသာ - Foreign Language ကို Fine Arts နဲ႕ (တစ္ခုမဟုတ္တစ္ခု) ယူႏုိင္တယ္ဆိုတာ၊
.
အလုပ္အင္တာဗ်ဴးဝင္တာ၊ Resume ေရးတာ နဲ႕
အလုပ္သင္ သင္တန္း - Vocational Training ေတြကို School to Career စာရင္းထဲသြင္းထားတာ၊
.
အတန္းယူလို႕မရတဲ႕ မႏုသေဗသ - Humanities ၊
က်န္းမာေရးဗဟုသုတ - Health နဲ႕
ေပါင္းစုျပီးလုပ္ရတဲ႕ ပေရာဂ်က္ - Senior Projects ေတြ အားလံုးကို
.
Electives ဘာသာရပ္ထဲထည္႕ထားတာကိုေတာ႕ ခြဲျခားေျပာျပမွ ျမန္မာႏိုင္ငံ (၁ဝ) တန္း နဲ႕ မတူရတဲ႕အေၾကာင္းရင္းကို ပိုရွင္းသြားပါလိမ္႕မယ္။
.
. ဒီဘာသာရပ္ေတြကိုျခံဳျပီးေလ႕လာၾကည္႕ရင္ ေက်ာင္းသားတစ္ေယာက္မွတ္မိဖို႕အလြတ္က်က္ရတဲ႕စာ နည္းတာကိုသတိထားမိျပီးတဲ႕ေနာက္ ကိုယ္ရည္ကိုယ္ေသြး နဲ႕ ေတြးေတာမႈ၊ တီထြင္မႈ၊ အေရးအသား၊ ဦးေဆာင္ႏုိင္မႈ နဲ႕ ပူးေပါင္းေဆာင္ရြက္ႏိုင္မႈေတြကို ဘက္မွ်မွ်ထည္႕သြင္းထားတာကို ျမန္မာ႕ပညာေရးဥပေဒသစ္ေရးဆြဲထားသူေတြကို ဖတ္မိေစခ်င္ပါတယ္။
.
.
. ကေလးေတြသဘာဝ ေက်ာင္းမွာေပ်ာ္ရင္ ေက်ာင္းသြားခ်င္မွာပါ။ ဒီလိုပဲ စာက်က္ရတာနည္းေလ ေက်ာင္းေပ်ာ္ေလပါပဲ။ ဒီထက္ပိုေပ်ာ္ေမြ႕ေစခ်င္ရင္ ကေလးေတြရဲ႕ေခါင္းေပၚမွာ ေနာက္ဆံုးစာေမးပြဲရမွတ္ကို ဘဝေဇာင္းတင္ျပီး မထမ္းထားခိုင္းမိေစဖို႕လိုအပ္ပါတယ္။ အမွန္က ေပးလိုက္တဲ႕အိမ္စာကုိ ေန႕တိုင္းအခ်ိန္မွန္ျပီးလို႕ ျပန္တင္ႏုိင္ရင္ လံုေလာက္ျပီဆုိတာ ကမၻာမွာေအာင္ျမင္ေနတဲ႕ ပညာေရးစံနစ္က သက္ေသခံေနပါတယ္။
.
. အခုဆိုရင္ “ စြမ္း ” ရဲ႕ High School Transcript ထဲမွာ သူေျဖထားတဲ႕ SAT (၃) ေခါက္၊ ACT (၁) ေခါက္ နဲ႕ CAHSEE (၂) ေခါက္ရဲ႕ ခရက္ဒစ္ေတြဟာ သူရထားတဲ႕ အတန္းျပအမွတ္ - GPA (Grade Point Average) 4.00 ထက္ ပိုေအာင္ထည္႕ေပါင္းျပထားတာ မေတြ႕ရပါဘူး။ ဒါေၾကာင္႕ အထက္တန္းမွာ GPA 4.00 ဆိုတာ ဘားအကုန္ျဖစ္ျပီး သူ႕ရဲ႕ SAT ၊ ACT အမွတ္ေတြကုိၾကည္႕ျပီး ေကာလိပ္ေတြက သူတို႕ေက်ာင္းရဲ႕ဝင္ခြင္႕ေတြကုိ ထည္႕သြင္းစဥ္းစားသတ္မွတ္တာကုိ ေလ႕လာမိပါတယ္။
.
.
. အထူးျခားဆံုးကေတာ႕ သမီး နဲ႕ သား ရဲ႕ အထက္တန္းေက်ာင္းမွာ ဘယ္ဘာသာ နဲ႕ ဘာနဲ႕တြဲယူရင္ ေကာလိပ္မွာဘယ္ေမဂ်ာနဲ႕သင္႕ေတာ္မယ္ဆိုတာ ေဆြးေႏြးတိုင္ပင္ေပးတဲ႕ ေက်ာင္းအတုိင္ပင္ခံ - Counselor ရဲ႕နာမယ္ကုိ ထိပ္ဆံုးမွာ ေရးေပးျပီး အသိအမွတ္ျပဳလိုက္တာပါပဲ။ ဒီလိုဆိုေတာ႕ ေက်ာင္းသားတစ္ေယာက္က “ မသိလို႕၊ မသိလိုက္လို႕၊ နားမလည္လို႕၊ ဘာလုပ္ရမွန္းမသိလို႕၊ ဘာေမဂ်ာေတြရွိမွန္းမသိလို႕ “ ဆိုတဲ႕ဆင္ေျခေတြနည္းသြားျပီး ေနာက္ပုိင္းက်ေတာ႕ အခ်ိန္ကုန္လူပန္းျပီး ခရက္ဒစ္မေရႊ႕ေျပာင္းႏုိင္တဲ႕ “ ဘာသာရပ္အေရြးမွားတဲ႕အခက္အခဲ ” ကို ေက်ာ္ျဖတ္ျပီးသားျဖစ္တာကိုေတြ႕ႏုိင္ပါတယ္။
.
. ဒါေၾကာင္႕ မိဘေတြအေနနဲ႕ ကိုယ္႕ကေလးေနာက္ဆံုးဖိုင္နယ္စာေမးပြဲေျဖျပီးတဲ႕ေနာက္ ကိုယ္႕ဘဝထဲကေနမထြက္မသြားမခ်င္း
စဥ္းစားတတ္၊
ေတြးေခၚတတ္၊
ေဝဖန္ပိုင္းျခားတတ္၊
လူေကာင္းနဲ႕ေပါင္းတတ္သင္းတတ္၊
လူမိုက္ကိုေရွာင္ကြင္းတတ္ တာ ကို သင္ေစခ်င္သလား?

ဖတ္စာအုပ္ကို တစ္ဘဝလံုးစာအလြတ္ရသြားေစခ်င္သလား?
ဆုိတာကိုသိဖို႕ မိမိသားသမီးရဲ႕အနာဂါတ္ပညာေရးအတြက္ ဒီေက်ာင္းေျပာင္းလက္မွတ္ - High School Transcript ေလးတစ္ေစာင္က တစ္ခုခုေျပာျပေပးသြားႏိုင္မယ္လုိ႕ ေမွ်ာ္လင္႕ရင္း . .။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 06-24-2017
.
.
Unicode Version:
.
.
. “ သမီး နဲ့ သားတို့ရဲ့ ကျောင်းပြောင်းလက်မှတ် (သို့) High School Transcript ”
. ကျွန်တော်တို့မိသားစုရဲ့ဘဝအလှည့်အပြောင်းတွေဟာ ကြုံရ ဆုံရ ဖြေရှင်းရ နဲ့ မှတ်သားစရာချည်းပါပဲ။ သမီးဟာ ငယ်ငယ်တုန်းက ရန်ကုန်ကိုကျောင်းသွားတက်ရာကနေ (၆) တန်းရောက်တော့ တောင်ကြီး အ.ထ.က (၄) မှာ ပြန်လာတက်တယ်။ အဲဒီမှာ ကိုယ်တိုင်ဖောက်ဖတ်ကြည့်လို့မရတဲ့ ကျောင်းပြောင်းလက်မှတ်ကို စတွေ့ဖူးတာပါ။ တွေ့ဖူးတယ်ဆိုတာကလည်း ကျောင်းအုပ်ကြီးလက်ထဲကိုထည့်ပေးလိုက်ရတဲ့ ချိတ်ပိတ်ထားတဲ့စာအိပ်ဖြူတစ်ခုသာ ဖြစ်ပါတယ်။
.
. ဒီဘက်န်ိုင်ငံရောက်တော့ သမီးဟာ (၁၂) တန်း ပြန်တက်ခဲ့တယ်။ ဒါတောင် သူက မြန်မာနိုင်ငံတုန်းက (၁ဝ) တန်းအောင်လို့ ဂုဏ်ထူး (၅) ခု ဆွတ်ခူးပြီးထွက်လာတာနော်။ အခု “ စွမ်း ” လည်း အထက်တန်းကျောင်းပြီးသွားပြီဆိုတော့ ကျွန်တော့မှာ ကလေး (၂) ယောက်လုံးရဲ့ ကျောင်းပြောင်းလက်မှတ်တွေကို လေ့လာခွင့်ရခဲ့တယ်။ ဒါတွေကို မိဘတွေအိမ်ကိုသိမ်းထားဖို့ မိတ္တူတွေ ပို့ပေးတယ်။ အားလုံး ထင်သာမြင်သာပဲ။ ဘာမှလျို့ဝှက်စရာမလိုဘူး။ ကိုယ့်သားသမီးအကြောင်းကိုယ်သိကြဖို့ မိဘတွေရဲ့တာဝန်ဆိုတာ ဒီပညာရေးစံနစ်ရဲ့ကျောင်းတွေက ကောင်းကောင်းကြီးလက်ခံထားတယ်။
.
.
. အဆိုပါအထက်တန်းကျောင်းပြောင်းလက်မှတ်ကို High School Transcript လို့ ခေါ်ပါတယ်။ အထက်တန်းကျောင်းပြီးသွားတဲ့ကျောင်းသားတက်မယ့် ကွန်မြူနတီကောလိပ်၊ တက္ကသိုလ်အရောက် ဒီ (တရားဝင်) စာ ကို ကျောင်းအုပ်ချုပ်ရေးရုံးက နောက်ကနေ လိုက်ပို့ပါတယ်။ အဲဒီ Transcript ပေါ်မှာ ကျောင်းအုပ်ချုပ်ရေးမှူးလက်မှတ်မထိုးထားရင် တရားမဝင်ပါဘူး။
.
. အမေရိကားရဲ့အထက်တန်းလို့ခေါ်တဲ့ (၉) တန်း ကနေ (၁၂) တန်းအထိ ကောလိပ် (သို့) တက္ကသိုလ်ဆက်တက်နိုင်ဖို့ ကျောင်းသားတစ်ယောက်အတွက် ခရက်ဒစ် (၂၄ဝ) ကနေ (၃ဝဝ) အထိလိုပါတယ်။ အဲဒီထဲမှာ စာတော်လို့ဂုဏ်ထူးတန်းဝင်တဲ့ (+ Honors) ၊ အတန်းတင် အကယ်ဒဲမစ် မဟုတ်တဲ့ Non Academic နဲ့ (C) နဲ့ (D) ရလို့ ကျေနပ်မှုမရှိတဲ့အခါ ပြန်ဖြေရတဲ့ (r = Repeated) ဆိုတဲ့ မှတ်ချက် - Tags တွေနဲ့ သင်ရိုးညွှန်းတမ်း - Course တွေကို ခွဲခြမ်းစိတ်ဖြာထားပါတယ်။
.
.
. အများအားဖြင့် အထက်တန်းကျောင်းတွေမှာ နွေရာသီ မတက်ရပါဘူး။ ဒါကြောင့် ဩဂုတ်လ နဲ့ စက်တင်ဘာလ (ပြည်နယ်ပေါ်မူတည်ပြီးကွဲပြားနိုင်ပါသည်) ကနေ ခရစ်စမတ်နေ့အထိတက်ရတာကို Fall Semester နဲ့ ဇန်နဝါရီလ ကနေ ဇွန်လအထိတက်ရတာကို Spring Semester ဆိုပြီး တစ်ကြိမ်ကိုအနည်းဆုံး ခရက်ဒစ် (၆ဝ) ပြည့်အောင်သင်ယူရတာ အထက်တန်းကျောင်းသားတစ်ယောက်ရဲ့တာဝန်ဖြစ်ပါတယ်။
.
. ဒါကြောင့်
English 9, 10, 11 and 12
US History
World History
Government
Economics
Mathematics
Physical Education
Algebra
Life Science
General Science တို့ဟာ မြန်မာနိုင်ငံမှာအကျွမ်းဝင်ပြီးသားဘာသာရပ်တွေဖြစ်လို့အထူးမပြောလိုတော့ပါဘူး။

.
.
. ဒါပေမယ့်
ဇီဝဗေဒ - Biology ဟာ Physical Science ထဲမှာ ပါနေတာ၊
.
ပန်းချီဆွဲ၊ ကြွေထည် မြေထည်လုပ်နည်းစတာတွေကို Fine Arts ထဲ ထည့်ထားတာ၊
.
နိုင်ငံခြားဘာသာ - Foreign Language ကို Fine Arts နဲ့ (တစ်ခုမဟုတ်တစ်ခု) ယူနိုင်တယ်ဆိုတာ၊
.
အလုပ်အင်တာဗျူးဝင်တာ၊ Resume ရေးတာ နဲ့
အလုပ်သင် သင်တန်း - Vocational Training တွေကို School to Career စာရင်းထဲသွင်းထားတာ၊
.
အတန်းယူလို့မရတဲ့ မနုသဗေသ - Humanities ၊
ကျန်းမာရေးဗဟုသုတ - Health နဲ့
ပေါင်းစုပြီးလုပ်ရတဲ့ ပရောဂျက် - Senior Projects တွေ အားလုံးကို
.
Electives ဘာသာရပ်ထဲထည့်ထားတာကိုတော့ ခွဲခြားပြောပြမှ မြန်မာနိုင်ငံ (၁ဝ) တန်း နဲ့ မတူရတဲ့အကြောင်းရင်းကို ပိုရှင်းသွားပါလိမ့်မယ်။
.
. ဒီဘာသာရပ်တွေကိုခြုံပြီးလေ့လာကြည့်ရင် ကျောင်းသားတစ်ယောက်မှတ်မိဖို့အလွတ်ကျက်ရတဲ့စာ နည်းတာကိုသတိထားမိပြီးတဲ့နောက် ကိုယ်ရည်ကိုယ်သွေး နဲ့ တွေးတောမှု၊ တီထွင်မှု၊ အရေးအသား၊ ဦးဆောင်နိုင်မှု နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုတွေကို ဘက်မျှမျှထည့်သွင်းထားတာကို မြန်မာ့ပညာရေးဥပဒေသစ်ရေးဆွဲထားသူတွေကို ဖတ်မိစေချင်ပါတယ်။
.
.
. ကလေးတွေသဘာဝ ကျောင်းမှာပျော်ရင် ကျောင်းသွားချင်မှာပါ။ ဒီလိုပဲ စာကျက်ရတာနည်းလေ ကျောင်းပျော်လေပါပဲ။ ဒီထက်ပိုပျော်မွေ့စေချင်ရင် ကလေးတွေရဲ့ခေါင်းပေါ်မှာ နောက်ဆုံးစာမေးပွဲရမှတ်ကို ဘဝဇောင်းတင်ပြီး မထမ်းထားခိုင်းမိစေဖို့လိုအပ်ပါတယ်။ အမှန်က ပေးလိုက်တဲ့အိမ်စာကို နေ့တိုင်းအချိန်မှန်ပြီးလို့ ပြန်တင်နိုင်ရင် လုံလောက်ပြီဆိုတာ ကမ္ဘာမှာအောင်မြင်နေတဲ့ ပညာရေးစံနစ်က သက်သေခံနေပါတယ်။
.
. အခုဆိုရင် “ စွမ်း ” ရဲ့ High School Transcript ထဲမှာ သူဖြေထားတဲ့ SAT (၃) ခေါက်၊ ACT (၁) ခေါက် နဲ့ CAHSEE (၂) ခေါက်ရဲ့ ခရက်ဒစ်တွေဟာ သူရထားတဲ့ အတန်းပြအမှတ် - GPA (Grade Point Average) 4.00 ထက် ပိုအောင်ထည့်ပေါင်းပြထားတာ မတွေ့ရပါဘူး။ ဒါကြောင့် အထက်တန်းမှာ GPA 4.00 ဆိုတာ ဘားအကုန်ဖြစ်ပြီး သူ့ရဲ့ SAT ၊ ACT အမှတ်တွေကိုကြည့်ပြီး ကောလိပ်တွေက သူတို့ကျောင်းရဲ့ဝင်ခွင့်တွေကို ထည့်သွင်းစဉ်းစားသတ်မှတ်တာကို လေ့လာမိပါတယ်။
.
.
. အထူးခြားဆုံးကတော့ သမီး နဲ့ သား ရဲ့ အထက်တန်းကျောင်းမှာ ဘယ်ဘာသာ နဲ့ ဘာနဲ့တွဲယူရင် ကောလိပ်မှာဘယ်မေဂျာနဲ့သင့်တော်မယ်ဆိုတာ ဆွေးနွေးတိုင်ပင်ပေးတဲ့ ကျောင်းအတိုင်ပင်ခံ - Counselor ရဲ့နာမယ်ကို ထိပ်ဆုံးမှာ ရေးပေးပြီး အသိအမှတ်ပြုလိုက်တာပါပဲ။ ဒီလိုဆိုတော့ ကျောင်းသားတစ်ယောက်က “ မသိလို့၊ မသိလိုက်လို့၊ နားမလည်လို့၊ ဘာလုပ်ရမှန်းမသိလို့၊ ဘာမေဂျာတွေရှိမှန်းမသိလို့ “ ဆိုတဲ့ဆင်ခြေတွေနည်းသွားပြီး နောက်ပိုင်းကျတော့ အချိန်ကုန်လူပန်းပြီး ခရက်ဒစ်မရွှေ့ပြောင်းနိုင်တဲ့ “ ဘာသာရပ်အရွေးမှားတဲ့အခက်အခဲ ” ကို ကျော်ဖြတ်ပြီးသားဖြစ်တာကိုတွေ့နိုင်ပါတယ်။
.
. ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ကလေးနောက်ဆုံးဖိုင်နယ်စာမေးပွဲဖြေပြီးတဲ့နောက် ကိုယ့်ဘဝထဲကနေမထွက်မသွားမချင်း
စဉ်းစားတတ်၊
တွေးခေါ်တတ်၊
ဝေဖန်ပိုင်းခြားတတ်၊
လူကောင်းနဲ့ပေါင်းတတ်သင်းတတ်၊
လူမိုက်ကိုရှောင်ကွင်းတတ် တာ ကို သင်စေချင်သလား?

ဖတ်စာအုပ်ကို တစ်ဘဝလုံးစာအလွတ်ရသွားစေချင်သလား?
ဆိုတာကိုသိဖို့ မိမိသားသမီးရဲ့အနာဂါတ်ပညာရေးအတွက် ဒီကျောင်းပြောင်းလက်မှတ် - High School Transcript လေးတစ်စောင်က တစ်ခုခုပြောပြပေးသွားနိုင်မယ်လို့ မျှော်လင့်ရင်း . .။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 06-24-2017

No comments: