ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, August 15, 2021

အမေရိကားမှာ အရိုက်ခံရရင် U Visa ရှိတယ်

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

အပြီး ပြည်ဝင်ပြောင်းရွှေခွင့်မရတဲ့ Nonimmigrant Status တစ်ခုကို အမေရိကန်အစိုးရက တရားဝင် လျှောက်တင်ခွင့်ပေးထားပါတယ်။ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ အကြမ်းဖက်မှုမှ ကာကွယ်ရေးအတွက် အမေရိကန် ကွန်ကရက်က သက္ကရာဇ် ၂ဝဝဝ အောက်တိုဘာလမှာ ချမှတ်ပေးခဲ့တာပါ။ စစ်ဒဏ်ကြောင့် ခိုလှုံလာခဲ့ကြတဲ့ ပြည်ပြေးအမျိုးသမီးထုကို ကာကွယ်ဖို့ ရည်ရွယ်ချက်တစ်ခုကလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။


ဒါကို U Visa လို့ခေါ်ပြီး အမေရိကန် လ.ဝ.က စာမျက်နှာမှာ Victims of Criminal Activity: U Nonimmigrant Status လို့ ရှာကြည့်နိုင်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှု၊ ကာမအိန္ဒြေထိပါးစော်ကားမှု၊ နိုင်ငံသားမဟုတ်သူတွေကို လူကုန်ကူးမှု၊ စိတ်ဝေဒနာရရှိအောင်ထိပါးခံရမှု၊ ရုပ်ခန္ဓာထိပါးမှုတို့ကို ကာကွယ်နိုင်သမျှ ကာကွယ်နိုင်အောင် ဒီဥပဒေအရိပ်ကို ပေးခိုလှုံမှာပါ။

U Visa ကို
.
၁. အထက်ပါခံစားရမှုတစ်ခုခုနဲ့ အကျုံးဝင်ရင်
.
၂. မတရားခံစားရမှုအချက်အလက်တွေ ရှိနေပေမဲ့ အသက် ၁၆ နှစ်အောက် ဖြစ်နေရင်
.
၃. ဒီလိုကျူးလွန်မှုတွေဟာ အမေရိကန်ပြည်ထောင်စုထဲမှာ ဖြစ်နေပြီး ဒီက ဥပဒေတွေကို ချိုးဖောက်ထားရင် လျှောက်ထားနိုင်ပါတယ်။ (အမေရိကားပြင်ပကနေ အမေရိကားကို ဝင်ဖို့ သံရုံးကအင်တာဗျူးတဲ့ ဗီဆာအမျိုးအစား မဟုတ်ပါ။ လျှောက်လို့ မရပါ)


U Visa ရဲ့ ဖွင့်ဆိုချက်ထဲမှာ Abduction ၊ Abusive Sexual Contact ၊ Blackmail ၊ Domestic Violence ၊ Extortion ၊ False Imprisonment ၊ Female Genital Mutilation ၊ Felonious Assault ၊ Fraud in Foreign Labor Contracting ၊ Being Held Hostage ၊ Incest ၊ Involuntary Servitude ၊ Kidnapping ၊ Manslaughter ၊ Murder ၊ Obstruction of Justice ၊ Peonage ၊ Perjury ၊ Prostitution ၊ Rape ၊ Sexual Assault ၊ Sexual Exploitation ၊
Slave Trade ၊ Stalking ၊ Torture ၊ Trafficking ၊ Witness Tampering ၊ Unlawful Criminal Restraint စတဲ့ လေးနက်တဲ့ ခံစားမှုမျိုးစုံအပြင် နားလည်ရမလွယ်ကူတဲ့ ဥပဒေဖော်ပြချက် အကျိုးအပြစ်တွေပါ အကျုံးဝင်ပါတယ်။

အဓိကလျှောက်တဲ့ (အမျိုးသမီး) ခံစားရသူ-Victim ရဲ့ ၂၁ နှစ်အောက် သားသမီးတွေကို ထည့်တွဲလျှောက်ထားနိုင်ပါတယ်။ ဒီလို လျှောက်ထားမှုဖြစ်စဉ်တစ်ခုလုံးဟာ အခမဲ့ပါ။ ဘာကြေးမှ မပေးရပါဘူး။ U Visa က အသက်ဝင်လာရင်‌ အမေရိကားမှာ ၄ နှစ်အထိ တရားဝင်နေခွင့်ရတဲ့ သက်တမ်းရှည်တဲ့ ဗီဆာအမျိုးအစား ဖြစ်ပါတယ်။ ဖောင်က ဒီမှာပါ Form I-918- https://bit.ly/3jWNrVl

တစ်ခုရှိတာက အမေရိကန်အစိုးရက ၁ နှစ်ကို U Visa လျှောက်ထားသူ ၁ဝဝဝဝ ထက် ပိုလက်မခံပါဘူး။ အရေအတွက် ကျော်သွားရင်တော့ စောင့်ဆိုင်းနေရာအတွက် လ.ဝ.က က စီစဉ်ပေးမယ်လို့ ဆိုပါတယ်။

ဒီလို လျှောက်နေဆဲကာလမှာ အလုပ်လုပ်ခွင့်ပါမစ်- I-765, Application for Employment Authorization- https://bit.ly/2W1jk6U ကို လျှောက်လို့ရတော့ အေးချမ်းစွာ အလုပ်လုပ်၊ အခွန်ဆောင်ရင်း အမှုတွဲအောင်အောင် စောင့်လို့ရပါတယ်။ တကယ်လို့ အမှုက တန်းအောင်သွားရင်တော့ အလုပ်လုပ်ခွင့်ပါမစ်ပါ အလိုလိုကျလာမှာပါ။

U Visa ကိုင်ထားသူဟာ အမေရိကားမှာ တဆက်တည်း ၃ နှစ်နေထားပြီးရင် Green Card- I-485, Application to Register Permanent Residence or Adjust Status- https://bit.ly/37KaSvd ကို လျှောက်ခွင့်ရပါပြီ။ U-1 မူလလျှောက်ထားသူနဲ့ သွေးသားတော်စပ်မှုကို အင်္ဂလိပ်လို U-2 (spouse) ၊ U-3 (child) ၊ U-4 (parent) နဲ့ U-5 (sibling) လို့ ခေါ်ကြပါတယ်။

U Visa အတွက် လ.ဝ.က ဆီမှာ လက်ဗွေနှိပ်ဖို့၊ ဓာတ်ပုံအရိုက်ခံဖို့၊ လက်မှတ်ထိုးဖို့အတွက် လူကိုယ်တိုင်သွားရမယ့် အင်တာဗျူးရက်ချိန်းတွေ ပေးလာမှာ ဖြစ်ပါတယ်။

ဒီ့မတိုင်ခင်မှာတော့ လျှောက်ထားသူရဲ့ နောက်ကြောင်းစစ်ဆေးခြင်းနဲ့ မှုခင်းကင်းရှင်းကြောင်းကို အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ-FBI က လိုက်လံစစ်ဆေးအုံးမယ်ဆိုတာကိုတော့ သံသယဖြစ်စရာ မရှိပါဘူး။

ထပ်ပြောပါမယ် U Visa ဟာ ရန်ကုန် အမေရိကန်သံရုံးမှာ အလည်ဗီဆာလို သွားလျှောက်လို့ရတဲ့ ဗီဆာ မဟုတ်ပါ။ ဒီမြေပေါ်ကိုရောက်ပြီး အပေါ်က ပြောပြခဲ့တဲ့ ၂၉ နည်းထဲက တစ်နည်းနည်းနဲ့ ဒုက္ခခံစားရသူကို ကယ်တင်ဖို့ ပေးလျှောက်တဲ့ ဗီဆာဖြစ်ပါကြောင်း သတင်‌ပေးလိုက်ပါတယ်။

#KNNTgi
08-15-2021

No comments: