ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Thursday, November 6, 2014

ကားပူးလ်တော့စီးမယ် ဒိတ်တင်းတော့မလိုက်ပါရစေနဲ့

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
မြန်မာနိုင်ငံမှာ ဘာအခကြေးငွေမှမပေးရတဲ့ ကားကြုံစီးတာကို အမေရိကားမှာ ကားပူးလ် - Carpool စီးတယ်လို့ခေါ်ပြီး ထိုက်သင့်တဲ့ငွေကြေးပေးရပါတယ်။ ငွေစကားပြောဖို့မကောင်းသူများကြားမှာတော့ သူတစ်လှည့် ကိုယ်တစ်လှည့် တစ်ရက်ခြားစီ၊ တစ်ပတ်ခြားစီ ကိုယ့်ကားကိုယ် ထုတ်မောင်းကြတယ်။ ကားမရှိသူ၊ ကားမောင်းလိုင်စင်မရသေးသူ၊ လိုင်စင်ဆိုင်းငံ့ခံထားရဖူးသူ၊ ကားမမောင်းတတ်သူများကျပြန်တော့ တစ်ကြောဘယ်လောက် စသဖြင့် ငွေရှင်းစီးနင်းကြပါတယ်။ အဓိက ကိုယ့်ကားဆီးဖိုးတစ်ဝက်သက်သာနိုင်တာမို့ အိမ်နီးနားချင်းဘယ်သူရှိလဲ အလုပ်မှာရှာကြတယ်၊ ကျောင်းမှာ သူငယ်ချင်းတွေကြားမှာ မေးကြတယ်။
.
ကားမောင်းလိုင်စင်ဖြေဖို့ အသက်မပြည့်သေးတဲ့သားသမီးတွေရဲ့မိဘများက သူငယ်ချင်းမိဘများနဲ့ ညှိပြီး တစ်ဦးက မနက်ပို့ နောက်တစ်ဦးက ကျောင်းဆင်းကြိုနဲ့ အဆင်ပြေအောင်ညှိကြတယ်။ မနက်အလုပ်လုပ်ပြီး နေ့လည်အလုပ်ကပြန်ချိန် ကလေးကျောင်းကြိုတဲ့မိဘတွေ ဒီနည်းလမ်းနဲ့  အဆင်ပြေစေသလို ညနေဘက် - Swing Shift အလုပ်လုပ်တဲ့မိဘတွေကလည်း အိပ်စက်အနားယူပြီး မနက်ကျမှ ကလေးကျောင်းထပ်ပို့ရလို့ အသက်ရှူချောင်စေပါတယ်။ ဒီအထိက အားလုံးအဆင်ပြေနေပုံပါပဲ။
.
အလုပ်အတွက်ပြင်ဆင်ချိန် နဲ့ အလုပ်သွား-အလုပ်ပြန် - Commute အချိန်တွေဟာ ပုံမှန်အလုပ်ချိန် ( ၈ ) နာရီ ရဲ့ ( ၂ဝ ) ရာခိုင်နှုန်းခန့် ရှိပါတယ်။ အချိန်ပိုလုပ်ရသူတွေအတွက် အားလပ်ချိန်ဆိုတာ မရှိသလောက်ပါပဲ။ တစ်နေ့ ( ၁ဝ ) နာရီလုပ်ရသူတစ်ယောက်ဟာ အိပ်ယာထစကနေ အလုပ်သွားပြီး အိမ်ပြန်ရောက်ချိန်အထိ စုစုပေါင်း ( ၁၂ ) နာရီလောက် အချိန်ကုန်ပါတယ်။ ဒါဟာ သဘာဝကပေးတဲ့ နေ့ရက်သက်တမ်းရဲ့ တစ်ဝက်ပါ။ အိမ်မှာ ချက်ပြုတ်၊ စားသောက်၊ အဝတ်လျှော်၊ အိမ်မှုကိစ္စလုပ် စတာတွေအားလုံးနှုတ်ပြီး အိပ်ချိန် ( ၆ ) နာရီကို ထပ်ခုတ်ချလိုက်ရင် ကိုယ်ပိုင်အားလပ်ချိန်ဆိုတာ ရှာမှရှားတဲ့ အမေရိကားကိုယ်တွေ့အရသာကို နဖူးတွေ့ ဒူးတွေ့ကြုံဖူးကြသူတိုင်း သိကြမှာပါ။

Tuesday, November 4, 2014

How to say “ NO ”

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
သူ့နိုင်ငံကို ဒုက္ခအပေးဆုံးက ခိုးဝင်လာတဲ့ သက်ရှိလူနဲ့ မူးယစ်ဆေးဝါးဆိုတာ အမေရိကန်အစိုးရက သိပါတယ်။ ဥပဒေတွေအမျိုးမျိုးပြဋ္ဌာန်းပေမယ့် ဒီကိစ္စ ( ၂ ) ရပ်ကို နိုင်နိုင်နင်းနင်း မဖြေရှင်းနိုင်းသေးပါ။ လူဝင်မှုဆိုတာက အကောင်အထည်ရှိပေမယ့် တစ်ချို့မူးယစ်ဆေးဝါးက တိုင်းပြည်ထဲရောက်မှ အသွင်အမျိုးမျိုးပြောင်းထားတဲ့ ဓါတုဗေဒဆေးတွေနဲ့ ရောစပ်ချက်လုပ်တဲ့အခါ လူကြားထဲ ပျောက်ချင်းမလှ ပျံ့နှံ့ဝင်ရောက်လျက် ရှိနေပါတယ်။ ဒါတွေကို အမေရိကန်အစိုးရ ဘယ်လိုကိုင်တွယ်ပါသလဲ? အရင်းအမြစ်ကထိ ကြိုတင်ငြင်းပယ်ခြင်းနည်းလမ်းနဲ့ တားမြစ်ဖို့ပါတယ်။
.
Marijuana ( မာရီဝါနာ ) ဆေးခြောက်ပင်ကို တိုင်းပြည်ရဲ့ ပြန်နယ်တစ်ချို့မှာ သုံးစွဲခွင့်ရော၊ စိုက်ပျိုးခွင့်ပါ ခွင့်ပြုနေရတဲ့ ဖယ်ဒရယ်နိုင်ငံမှာ ဒီလို သစ်မြစ်အခြေခံဆေးဝါးတွေ ဘယ်လောက်အထိ ခြိမ်းခြောက်နေတယ်ဆိုတာ အလွယ်တကူ မှန်းဆကြည့်နိုင်ပါတယ်။ နောက်ပိုင်း ပုံပြောင်းဆေးပြားတွေက သာမန်အိမ်သုံးဆေးဝါးတွေကြားမှာ ပုန်းလျှိုးကွယ်လျှိုး အရိပ်ခိုလာတဲ့နောက် အဓိကပစ်မှတ်ဖြစ်တဲ့ ကျောင်းသားလူငယ်တွေကို ကာကွယ်ဖို့လိုအပ်လာတယ်။ ဒီရန်တွေက လွတ်ကင်အောင် ကျောင်းတွေမှာ ဘယ်လိုသင်ပေးပါသလဲ?
.
အတန်းဆရာ/ဆရာမတွေ်တစ်ဝက်လောက်က မူးယစ်ဆေးဝါးဆိုးကျိုးတွေကို အချိန်ရသလောက် ကလေးတွေကို ပြောပြတယ်။ အလယ်တန်းရောက်ပြီဆို ကျောင်းသားကို ချည်းကပ်လာမည့် ဆေးဝါးတွေကို မည်သို့မည်ပုံ ငြင်းပယ်ရမယ်ဆိုတာ သင်ပေးလိုက်တယ်။ လမ်းဘေးဈေးကွက်ထဲမှာရှိနေတဲ့ မူးယစ်ဆေးတွေအပြင် ခိုးကြောင်ခိုးဝှက် ဖက်တွယ်လာမည့် ဆေးဝါးအန္တရာယ်တွေကို ကြိုတင်ရှင်းပြတယ်။ မိမိအိမ်သူအိမ်သားတွေကအစ အပေါင်းအသင်းတွေထဲမှာပါ ဆေးစွဲနေသူရဲ့ သွင်ပြင်လက္ခဏာတွေကို ဘဝနဲ့ရင်းနှီးအောင် မှတ်သားစေတယ်။ အကျိုးအပြစ်တွေကို ဆင်ခြင်သုံးသပ်စေတယ်။ ဒါမှ နောင်အနာဂါတ်ကို ဦးဆောင်မည့် ကျောင်းသားကောင်းတွေ မွေးထုတ်နိုင်ကြမှာ မဟုတ်လား။

Sunday, November 2, 2014

ဘယ်သူဖုန်းဆက်ခေါ်လိုက်တာလဲ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ကျွန်တော် အမှတ်သညာမရှိတာ ဒီအမေရိက ရောက်မှမဟုတ်ဘူး။ တောင်ကြီး၊ ရန်ကုန် မှာကတည်းကပါ။ တစ်ခုခုဆို သူများကြိုက်မှန်းမသိ မကြိုက်မှန်းမသိ အလိုက်ကမ်းဆိုးမသိတတ်တာ အကျင့်ပါနေပြီ။ ဒါကို အသက်လေးလည်းရလာတော့ ပြင်လိုက်တာ အတော့ကိုကောင်းသွားတယ်။ ဒါပေမယ့် အမေရိကားမှာ နောက်တစ်ဘာသာ တစ်ပုဒ်ဆန်းပြန်ရော။ ပြောပြမယ်ဗျာ .. အမေရိကားရောက်သူတွေဟာ သူတို့ဘာနိုင်ငံသား၊ ဘယ်နိုင်ငံကလာတယ်၊ ဘယ်လိုကျင့်ကြံတယ်ဆိုတာ မေ့ကုန်တာဗျ။ အဲဒါကြောင့်ကျွန်တော် ခဏခဏပြောတာပေါ့ .. ဒီမြေပေါ်နင်းမှ တစ်နေ့တစ်ရက်ကို အသိပညာတစ်ခု တစ်ခု တိုးနေတယ်ဆိုတာကို။
.
တစ်ချို့က စာထဲမှာ မြန်မာလိုဖတ်ရတယ်။ တစ်ချို့ကျ စာအုပ်မှာ ဘို လိုဖတ်ရတယ်။ တော်တော်များများက အင်တာနက်မှာ၊ လူမှုကွန်ယက်ပေါ်မှာ။ အဲဒီနေရာတွေအားလုံးပေါ်မှာ သင်ယူလို့မရတာက လက်တွေ့ “ ခံရတာ ” အကြိမ်များစွာ။ ဒါကိုရေးပြရင် ဖတ်သူတွေကြိုက်ပေမယ့် ထိခိုက်မှုရှိနိုင်တော့ ကာယကံရှင်တွေ သည်းညည်း သာ ခံကြပေတော့ဗျို့။ တောင်ပေါ်သားလေ .. ဘွင်းဘွင်းပဲ ကစ်တော့မယ် နော။
.
ရှောင်ရန်။          ။ အမေရိကားမှာ အိမ်လည်သွားရင် ဖုန်းကြိုဆက်ရတယ်