ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, July 22, 2017

ေက်ာင္းေတြထဲကေက်ာင္းေကာင္းေကာင္း။ အစအဆံုး (၆) ပိုင္း



ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
 .          " ေက်ာင္းေတြထဲကေက်ာင္းေကာင္းေကာင္း။ အပိုင္း (၁)။ UCI "
.         ကြ်န္ေတာ႕စာေတြထဲမွာ အေရးအမ်ားဆံုးက လူငယ္ေလး " စြမ္း " အေၾကာင္းျဖစ္ျပီး ဖတ္ရႈသူအမ်ားစုကလည္း သူတက္တဲ႕ေက်ာင္းေတြအေၾကာင္း သိခ်င္တာ သတိထားမိတယ္။ အဲဒီအခါမွာ ငယ္ငယ္ကတက္ခဲ႕တဲ႕ အဆင္႕ဆင္႕ေသာေက်ာင္းေတြကေန အခုဆိုရင္ အထက္တန္းေက်ာင္းျပီးလို႕ တကၠသိုလ္သြားရေတာ႕မယ္႕အခါ မိဘအတြက္ေရာ ေက်ာင္းသားအတြက္ပါ စိမ္ေခၚမႈတစ္ခ်ိဳ႕ၾကံဳရပါတယ္။ အဲဒါကေတာ႕ ဘယ္တကၠသိုလ္ဝင္ေအာင္ ဘယ္လိုေလွ်ာက္ရျပီး ေက်ာင္းေတြအမ်ားၾကီးကလက္ခံတဲ႕အခါ ဘယ္ေက်ာင္းကိုေရြးမလဲ ဆုိတာေတြအတြက္ ဆံုးျဖတ္ရခက္တဲ႕အခ်ိန္ေတြ ျဖစ္ခဲ႕တယ္။
.
.          အလယ္တန္း နဲ႕ အထက္တန္းေက်ာင္းေတြက . . ရွင္းတယ္ . . ကိုယ္ေနတဲ႕ျမိဳ႕နယ္နဲ႕သက္ဆိုင္တဲ႕ေက်ာင္းကိုပဲတက္ရသလုိ ကြန္ျမဴနတီေကာလိပ္ နဲ႔ တကၠသိုလ္က်ေတာ႔ ေက်ာင္းရွိတဲ့ေနရာကို ေက်ာင္းသားကသြားရေတာ႔ အိမ္မ, ေျပးၿပီး ေက်ာင္းလိုက္တက္လို႔မရတဲ့မိဘေတြက ပူေဆြးၿပီးက်န္ခဲ႔ရေတာ႔တာေပါ႔။
.
.
. ဒီႏွ္စ္မွာ အထက္တန္းျပီးသြားတဲ႕ " စြမ္း " က တကၠသိုလ္အတြက္ ေက်ာင္း (၇) ေက်ာင္းေလွ်ာက္တာ (၅) ေက်ာင္းက သူ႕ကုိ လိုလုိလားလားေရြးခ်ယ္တယ္။ အားလံုးက ကယ္လီဖုိးနီးယားျပည္နယ္အတြင္းမွာခ်ည္းပဲ။ ဘာျဖစ္လို႕လဲဆိုေတာ႕ သူ႕အစ္မတုန္းက ျပည္နယ္ျခား - Out of State ကုိသြားဖူးထားေတာ႕ ကုန္က်စားရိတ္ၾကီးျပီး မိဘေတြအတြက္ ကရိကထမမ်ားေစလိုဘူး တဲ႕ေလ . .။ ဒါေၾကာင္႕ သူက ျပည္နယ္မေျပာင္းရတဲ႕ေက်ာင္းေတြကိုပဲ ေရြးေလွ်ာက္ခဲ႕တာ။
.
. အထက္တန္းေက်ာင္းသားေတြဘဝက လြတ္လပ္မႈ နဲ႕ အသစ္ရွာေဖြမႈၾကားမွာ မွ်မွ်တတေလွ်ာက္လွမ္းရင္း ေဆာ႕ကစား ေပ်ာ္ပါး ပညာသင္ၾကားရတဲ႕ ဘဝပါးပါးေလးတစ္ခ်ပ္လို႕ဆုိလုိ႕ရပါတယ္။

.
.
. ကြ်န္ေတာ္တို႕ငယ္ငယ္တုန္းက (၁ဝ) တန္း ေနာက္ဆံုးစာေမးပြဲေျဖျပီးျပီးခ်င္း ဘာလုပ္လို႕ဘာကိုင္ရမွန္းမသိသလိုမ်ိဳး ေက်ာင္းသားေတြခမ်ာမွာလည္း ျဖစ္ၾကဟန္တူပါတယ္။ ကေလးခႏၶာကိုယ္နဲ႕ လူၾကီးစိတ္နဲ႕ တကၠသိုလ္တက္ရေတာ႕မယ္႕သူတို႕ေလးေတြဟာ မိသားစုအတြင္းမွာေတာ႕လႊတ္တင္ေတာ႕မယ္႕ဒံုးက်ည္ရဲ႕ ရုန္းကန္ျခင္းေရာင္ျခည္ေတာ္လႊတ္ေနတဲ႕အလား စိတ္လႈပ္ရွားေနၾကပါတယ္။
.
.
. သူ႕ကုိေရြးခဲ႕တဲေက်ာင္းေတြထဲက ပထမဦးဆံုး UCI ကုိ ေျပာျပခ်င္တယ္။ UCI ဆုိတာ University of California, Irvine ကို အတုိေကာက္ေခၚတာျဖစ္ပါတယ္။ ကယ္လီဖုိးနီးယားျပည္နယ္ရဲ႕နာမယ္ၾကီးကမ္းေျခတစ္ခုျဖစ္တဲ႕ Long Beach အနီးမွာ တည္ရွိတယ္။ UCI နဲ႕ မလွမ္းမကမ္းမွာေတာ႕ လူအမ်ားသြားေရာက္အလည္ပတ္ခ်င္ဆံုး ေဝါ႕ဒစၥေနရဲ႕ Disneyland (Disney California Adventure Park) နဲ႕ သိပ္မေဝးပါဘူး။
.
. ေက်ာင္းအမ်ားစုကနာမယ္ၾကီးၾကေတာ႕ အေမရိကားမွာဘယ္ေက်ာင္းကအေကာင္းဆံုးဆိုတာ ေဝခြဲရခက္ပါတယ္။ ဒါ႕အျပင္ ဒီလိုအဆင္႕ေပး - Rating လုပ္မယ္႕အဖြဲ႕အစည္းရဲ႕ ရႈျမင္ပံုက အထူးတလည္စကားေျပာပါေသးတယ္။ ဒါေၾကာင္႕ USNWR (U.S. News & World Report) ဆုိတဲ႕အဖြဲ႕ရဲ႕ သံုးသပ္ပံုနဲ႕ အဆင္႕ခြဲပံုဟာ ေက်ာင္းသားေတြရဲ႕အားကုိးစရာတစ္ခုအျဖစ္ေလ႕လာသိရွိရတယ္။
.
.
. USNWR Departmental Ratings အရ UCI ကေန အသင္အျပအေကာင္းဆံုး ေမဂ်ာ
႒ာနေတြကို ေအာက္မွာေဖာ္ျပေပးလုိက္ပါတယ္။ (မိမိတက္ခ်င္ေသာဘာသာရပ္ကိုေသခ်ာစြာထပ္မံေလ႕လာရန္သည္ ေက်ာင္းသားတစ္ေယာက္၏အေရးၾကီးသည္႕ကုိယ္ပုိင္တာဝန္ျဖစ္ပါသည္)
.
1) Sociology
2) Chemistry
3) Computer Science
4) Fine Arts
5) Earth Sciences
6) History
7) Psychology
8) Mathematics
9) Economics
.
.
အပုိင္း (၂) သို႕။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 07-22-2017
.
.
ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

.
. " ေက်ာင္းေတြထဲကေက်ာင္းေကာင္းေကာင္း။ အပိုင္း (၂)။ UC SD "
. ဒုတိယအေနနဲ႕အိမ္ကုိစာေရာက္လာတာက UC SD - University of California, San Diego က ျဖစ္ပါတယ္။ ဆန္ဒီေယးဂုိ ျမိဳ႕ဟာ ျမန္မာအမ်ားစုၾကားဖူးၾကတဲ႕အတုိင္း အင္မတန္သာယာတဲ႕ ကယ္လီဖိုးနီးယားျပည္နယ္ေတာင္ပုိင္းခပ္ယြန္းယြန္းက ပင္လယ္ကမ္းေျချမိဳ႕တစ္ျမိဳ႕ပါ။
.
. ဆန္ဒီေယးဂုိ - San Diego ျမိဳ႕ဟာ အေမရိကန္ေက်ာင္းသားေတြရဲ႕ပါစပ္ဖ်ားမွာေျပာေနက် So-Cal (Southern California) အေခၚအေဝၚအတိုင္း ေတာင္ပိုင္းကယ္လီဖိုးနီးယားမွာတည္ရွိျပီး ၾကီးမားက်ယ္ျပန္႕လွပတဲ႕ပစိဖိတ္ကမ္းေျခအရွည္ၾကီးကိုပိုင္ဆိုင္ထားပါတယ္။ သူနဲ႕နယ္နမိတ္ခ်င္းထိစပ္ေနတဲ႕ မကၠစီကုိႏုိင္ငံအတြက္ ဆန္ဒီေယးဂုိျမိဳ႕ဟာ ခပ္လွမ္းလွမ္းကေငးၾကည္႕ေနရင္ကိုပဲ အေတာ္လွပတဲ႕ျမိဳ႕တစ္ျမိဳ႕ျဖစ္ေနမွာ အေသအခ်ာပါပဲ။
.
.
. ဒါဆိုရင္ သူ႕ျမိဳ႕ရဲ႕အထင္ကရေက်ာင္းကေရာ . . ဟုတ္ကဲ႕ . . ကြ်န္ေတာ္မေရာက္ဖူးေပမယ္႕ ေလ႕လာမိသေလာက္ အင္မတန္ေကာင္းတဲ႕ေက်ာင္းဆုိတာ ၾကားဖူးတာၾကာပါျပီ။ ေက်ာင္းသားေတြကို အဓိကဖမ္းစားထားတဲ႕ UC SD ရဲ႕အားသာခ်က္ေတြက အမ်ားအျပားရွိတယ္။ အဲဒီထဲက UC San Diego School of Medicine နဲ႕ Skaggs School of Pharmacy and Pharmaceutical Sciences ဆုိတဲ႕ ေဆးေက်ာင္း နဲ႕ ေဆးသိပၸံေက်ာင္း (၂) ေက်ာင္း ျဖစ္ပါတယ္။
.
. ဒါ႕အျပင္ UC SD ဟာ အဏၰဝါေဗဒေက်ာင္းျဖစ္တဲ႕ Scripps Institution of Oceanography ရဲ႕ မိခင္႒ာေနျဖစ္ေနျပန္တယ္။ နည္းပညာနဲ႕ဆုိင္တဲ႕ Calit2 လို႕ေခၚတဲ႕ Qualcomm Institute (California Institute for Telecommunications and Information Technology) ေက်ာင္းကလည္း ဆီလီကြန္လြင္ျပင္ - Silicon Valley နဲ႕ မျခား အိုင္တီေက်ာင္းသားေတြကုိ တအီအီဆြဲေဆာင္ေနတာကလည္း ပင္လယ္ေလ ေအးေအးေလးနဲ႕အတူ ေျပးေတြ႕စရာေကာင္းေနပါတယ္။
.
.
. ပုိျပီးထူးျခားတာက သုေတသနပါ။ SDSC - San Diego Supercomputer Center ရဲ႕ သုတသနက အဆင္႕ျမင္႕နည္းပညာေတြသံုးျပီး က်န္းမာေရးဝန္္ေဆာင္မႈလုပ္ငန္းသစ္ေတြကို တီထြင္ေနတယ္လို႕ သိရျပန္တယ္။ UC SD ေက်ာင္းအနီးအနားမွာ ပင္လယ္ေငြ႕ရွဴရင္း High Performance Computing, Grid Computing, Computational Biology, Geoinformatics, Computational Physics, Computational Chemistry, Data Management, Scientific Visualization နဲ႕ Computer Networking ေတြကုိ ေလ႕လာႏိုင္တယ္လို႕ဆုိရင္ သိပ္ျပီး သိပၸံနည္းက်က် ကဗ်ာဆန္ေနမလား မေျပာတတ္ေတာ႕ပါဘူး။
.
. USNWR Departmental Ratings အရ UC SD ကေန အသင္အျပအေကာင္းဆံုး ေမဂ်ာ
႒ာနေတြကို ေအာက္မွာေဖာ္ျပေပးလုိက္ပါတယ္။ (မိမိတက္ခ်င္ေသာဘာသာရပ္ကိုေသခ်ာစြာထပ္မံေလ႕လာရန္သည္ ေက်ာင္းသားတစ္ေယာက္၏အေရးၾကီးသည္႕ကုိယ္ပုိင္တာဝန္ျဖစ္ပါသည္)
.
1) Political Science
2) Economics
3) Psychology
4) Fine Arts
5) Biological Sciences
6) Computer Science
7) Mathematics
8) Pharmacy
9) Clinical Psychology
10) Physics
11) Sociology
.
.
အပုိင္း (၃) သို႕။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 07-22-2017
.
.
ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. " ေက်ာင္းေတြထဲကေက်ာင္းေကာင္းေကာင္း။ အပိုင္း (၃)။ UC Davis "
. " စြမ္း " ကုိ ေနာက္ထပ္ေရြးခ်ယ္လာတဲ႕ေက်ာင္းတစ္ေက်ာင္းက UCD ၊ UC Davis ၊ Davis ဆိုျပီးဘယ္လုိပဲေရးေရး အရွည္ဖြင္႕က University of California, Davis ျဖစ္ပါတယ္။ တည္ေနရာအရဆုိရင္ နာမယ္ၾကီးဆန္ဖရန္စစၥကိုျမိဳ႕ကေန ကားနဲ႕ (၁.၅) နာရီေမာင္းရတဲ႕ေနရာမွာတည္ရွိျပီး ကယ္လီဖိုးနီးယားရဲ႕ျမိဳ႕ေတာ္ ဆန္ခရမ္မန္းတုိ- Sacramento ျမိဳ႕ကေနဆိုရင္ (၂၅) မိနစ္ပဲ ေမာင္းရမွာပါ။
.
. UC Davis မွာ အင္မတန္နာမယ္ၾကီးတဲ႕႒ာနတစ္ခုက တိ-ေမြး-ကု ေဆးသိပၸံ - Veterinary Medicine ျဖစ္ပါတယ္။ ဒီေဒသတစ္ဝိုက္ - San Francisco Bay Area မွာ ေဆးသုေတသနဆုိရင္ UC Davis ကိုသာ ေျပးျမင္ၾကတယ္။ ဒါတင္မကဘူး . . ႏိုင္ငံရပ္ျခားက ဆရာဝန္ေတြ ကြန္ဖရင္႕လာတက္ရင္ နယူးေယာက္ဘက္ သြားရင္သြား . . မဟုတ္ရင္ေတာ႕ ကယ္လီဖိုးနီးယားဘက္ဆုိရင္ UC Davis လို႕ေတာင္ အစြဲလမ္းၾကီးၾကီး သမုတ္ၾကတယ္။
.
.
. တစ္ႏွစ္ကိုေက်ာင္းသား (၄ဝဝဝ) ေလာက္ လာတက္ၾကတဲ႕ UC Davis မွာ စီမံခန္႕ခြဲမႈ၊ ပညာေရး၊ ဥပေဒ၊ ေဆး နဲ႕ သူနာျပဳ ဘာသာရပ္တုိ႕ အတက္မ်ားၾကတယ္။ စိုက္ပ်ိဳးေျမမ်ားတဲ႕ ကယ္လီဖုိးနီးယားမွာ စုိက္ပ်ိဳးေရးသမားေက်ာင္းသားေတြလည္း ဒီမွာလာတက္ျပီး ဘဝေရွ႕ေရးကုိ ထြန္စက္ေမာင္းျပီး စဥ္းစားၾကတယ္။
.
. တစ္ဆင္႕စကားနဲ႕တစ္ဆင္႕ လက္ဆင္႕ကမ္းရင္း ထံုးစံလိုျဖစ္လာတာကေတာ႕ UC Davis ရဲ႕ သုေတသနလက္ဆင္႕ကမ္းမႈ - Shared Research Interests လို႕ ဆုိတယ္။ နည္းပညာ နဲ႕ ေဆးသုေတသနတို႕ေပါင္းစပ္ျပီး ေခတ္မွီပညာရွင္ေတြ ဒီေက်ာင္းကေန ထုတ္လုပ္ေပးၾကတယ္။ ႏိုဗယ္ဆုခ်ိတ္တဲ႕ပညာရွင္ေတြ UC Davis မွာ ရွိတယ္။
.
.
. ဒီေက်ာင္းကိုေရြးရင္ေတာ႕ ခရီးေဝးေပမယ္႕ အလွမ္းမွီတာေၾကာင္႕ စေန၊ တနဂၤေႏြ ရံုးပိတ္ရက္ေတြမွာ အေျခာက္အျခမ္းေလး ဘာေလးခ်က္ျပီး သားသမီးကို သြားပုိ႕ႏုိင္မယ္။ သူတုိ႕က အပန္းေျဖခ်င္တယ္ဆုိလို႕ မိဘအိမ္ျပန္နားခ်င္ရင္ သြားၾကိဳေပး၊ ျပန္ပို႕ေပးလုိ႕လည္းရတဲ႕ အကြာအေဝးမွာရွိတာကို ဆန္ဖရန္စစၥကိုပင္လယ္ေအာ္ေဒသမွာေနတဲ႕ ျမန္မာမိသားစုေတြသာမက တရုတ္၊ ကိုးရီးယား၊ မကၠဆီကန္လူမ်ိဳး မိဘေတြက ၾကိဳက္ႏွစ္သက္ၾကတယ္။
.
. USNWR Departmental Ratings အရ UC Davis ကေန အသင္အျပအေကာင္းဆံုး ေမဂ်ာ႒ာနေတြကို ေအာက္မွာေဖာ္ျပေပးလုိက္ပါတယ္။ (မိမိတက္ခ်င္ေသာဘာသာရပ္ကိုေသခ်ာစြာထပ္မံေလ႕လာရန္သည္ ေက်ာင္းသားတစ္ေယာက္၏အေရးၾကီးသည္႕ကုိယ္ပုိင္တာဝန္ျဖစ္ပါသည္)
.
1) Veterinary Medicine
2) Political Science
3) Biological Sciences
4) Earth Sciences
5) Statistics
6) Psychology
.
.
အပုိင္း (၄) သုိ႕။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 07-22-2017
.
ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

.
. " ေက်ာင္းေတြထဲကေက်ာင္းေကာင္းေကာင္း။ အပိုင္း (၄)။ UC Berkeley "
. (စတုတၳစာ)
ဘားကေလးတကၠသိုလ္ - UC Berkeley ဟာ အေမရိကားမွာသာမက ကမၻာ႕အဆင္႕အထိနာမယ္ၾကီးပါတယ္။ ေက်ာင္းေကာင္းတာနဲ႕အမွ် ဝင္ခြင္႕အမွတ္ေတြဟာလည္း မွီတယ္ဆုိရံုေလးရဖို႕ ေတာ္ေတာ႕ကိုၾကိဳးစားရမယ္႕ ေက်ာင္းအေကာင္းစားမ်ိဳးပါ။
.
. ျပီးေတာ႕ရွိေသးတယ္ . . ကမၻာအရပ္ရပ္က ေတာ္ေပ႕ဆုိတဲ႕ေက်ာင္းသားေတြဟာ ဘားကေလဆိုတဲ႕အထက္တန္းစားေက်ာင္းကုိဝုိင္းစုျပံဳေလွ်ာက္ထားၾကေတာ႕ ဝင္ခြင္႕အမွတ္ကလည္း စာေတာ္တာေတာင္မွ အနားကပ္ရခက္တဲ႕အေနအထားမ်ိဳးကို ေလ႕လာမိတယ္။ ဒီၾကားထဲကမွ ဘားကေလေက်ာင္းကိုဝင္တဲ႕ ျမန္မာႏိုင္ငံကေက်ာင္းသားတစ္ခ်ိဳ႕ကိုေတြ႕ရေတာ႕ အင္မတန္ဝမ္းေျမာက္ရပါတယ္။
.
.
. UC Berkeley ဟာ ကယ္လီဖိုးနီးယားျပည္နယ္မွာ အေစာဆံုးတကၠသိုလ္ လို႕ ဆုိတယ္။ ဒါေၾကာင္႕ University of California လို႕ေျပာလုိက္ရင္ ဘားကေလတကၠသိုလ္ကုိပဲ မ်က္စိထဲေျပးျမင္ၾကတယ္။ ဒါေၾကာင္႕ သူ႕ကုိ ကယ္လီဖိုးနီးယားျပည္နယ္ရဲ႕အတုိေကာက္ Cal လို႕ ခ်စ္စႏုိးေခၚၾကတယ္။
.
. ေနာက္ပိုင္း ဒီျပည္နယ္မွာ အျခားအျခားေသာတကၠသိုလ္ေတြေပၚလာတဲ႕အခါက်မွ UC ရဲ႕ ေနာက္မွာ ျမိဳ႕နာမယ္ထည္႕ျပီး University of California, Berkeley လို႕ ခြဲျခားဝိေသသနျပဳၾကပါတယ္။
.
.
. ဘားကေလေက်ာင္းဟာ (၁၈) ရာစုက အေတြးအေခၚပညာရွင္တစ္ျဖစ္လဲ ဘုန္းေတာ္္ၾကီး ေဂ်ာ႕ဘားကေလ - George Berkeley ကို အစြဲျပဳျပီးမွည္႕ေခၚခဲ႕တဲ႕ ဘားကေလျမိဳ႕မွာ UC Berkeley အေနနဲ႕ ဦးဦးဖ်ားဖ်ားေပၚထြက္လာတယ္။
.
. ဘားကေလျမိဳ႕ကုိ အနီးအနားမွာ (နယူးေယာက္ျပည္နယ္ဆီက နာမယ္တူယူထားတဲ႕) အယ္ဘနီ - Albany ျမိဳ႕၊ (ပန္းသီးဖခင္ စတိဗ္ေဂ်ာ႕ - Steve Jobs ဟာ က်ဆင္းေနတဲ႕သူ႕ပံုရိပ္ကုိနာမယ္ျပန္ယူခဲ႕တဲ႕ Pixel အန္နီေမးရွင္းစတူဒီယုိ ရွိတဲ႕) အမ္မရီဗဲလီ - Emeryville ျမိဳ႕ နဲ႕ ျမန္မာအမ်ားစုသိၾကတဲ႕ အုတ္ကလန္ - Oakland ျမိဳ႕တုိ႕က ဝန္းရံထားျပီး (ခရီးသြားျမိဳ႕ေတာ္) ဆန္ဖရန္စစၥကို - San Francisco ကုိ သြားခ်င္ရင္ေတာ႕ တံတားေတြေပၚကေန ကူးသန္းသြားရမွာပါ။
.
. ဘားကေလျမိဳ႕မွာ လမ္းတိုေလးေတြ နဲ႕ တစ္လမ္းသြား - One Way Road ေတြမ်ားတယ္။ အခ်ိန္မေရြးငလ်င္လႈပ္ႏုိင္တဲ႕ေဒသျဖစ္လို႕ တုိက္အျမင္႕ၾကီးေတြအစား ခပ္ဝပ္ဝပ္အိမ္ေတြ ေတြ႕ရတယ္။.
.
.
. ေရွးေဟာင္းရာဇဝင္ေကာင္းခဲ႕တဲ႕ျမိဳ႕ျဖစ္တာနဲ႕အညီ အထင္အရအေဆာက္အဦေတြရွိျပီး ေကာလိပ္ေက်ာင္းျမိဳ႕ဆုိတဲ႕ေဆာင္ပုဒ္နဲ႕ကုိက္ေအာင္ ေက်ာင္းသားလႈပ္ရွားမႈမ်ားစြာ ေတြ႕ရတယ္။ ျမိဳ႕တြင္းသြားလမ္းေတြကို တစ္ခါတစ္ခါျဖတ္သြားရင္ ျမိဳ႕ေတာ္မႏၱေလးမ်ားေရာက္ေနသလားလုိ႕ အမွတ္မွားရတဲ႕အခါေတြလည္းရွိခဲ႕ဖူးတယ္။
.
. ဘားကေလတကၠသိုလ္ကုိ ကမၻာအရပ္ရပ္ကေက်ာင္းသားေတြလာတက္တာတင္မကဘူး . . ဆရာမ်ိဳးစံု နဲ႕ မတူညီတဲ႕ပညာေရးအလႊာအသီးသီးက ပါေမာကၡေတြ လာေရာက္သင္ျပေပးၾကတယ္။ အသင္အျပေကာင္းတာရဲ႕ေနာက္ကြယ္မွာ ပညာျမင္႕တာ၊ ဂုဏ္သိကၡာပိုင္းဆိုင္ရာျပိဳင္ဆိုင္တာေတြကုိ ခပ္ပါးပါး ခပ္ျမိဳင္ျမိဳင္ေလး ေတြ႕ရတယ္။
.
.
. ဒါေပမယ္႕ " ဘားကေလေက်ာင္းထြက္ဆုိရင္ ကုမၸဏီေတြက ငွားျပီးသားပဲ " ဆုိတဲ႕ လူအမ်ားေျပာၾကတာ မွန္သင္႕သေလာက္မွန္ေနတယ္။ အထက္တန္းေက်ာင္းေတြ၊ ကြန္ျမဴနတီေကာလိပ္ေတြမွာ ေက်ာင္းသားတစ္ေယာက္က ဘားကေလးတကၠသိုလ္တက္ခြင္႕ရတယ္ဆုိရင္ " သိပ္ကံေကာင္းျပီး ေရႊျဖစ္သူတစ္ေယာက္ " ပါပဲ။
.
. ဘားကေလကုိ သိပ္အထင္ၾကီးလြန္းသူေတြကုိသတိေပးလုိတာကေတာ႕ ဘားကေလးျမိဳ႕တြင္းမွာ အိမ္ေျခမဲ႕ေတြေတြ႕ရတဲ႕အခါ နဲ႕ ေက်ာင္းပတ္လည္မွာ ဆႏၵျပပြဲေတြၾကံဳရရင္ သိပ္မအံ႕ၾသဖို႕ကိုပါ။ စားေသာက္ေနထုိင္စားရိတ္ၾကီးတာကိုထည္႕မစဥ္းစားရင္ ကယ္လီဖိုးနီးယားပင္လယ္ေအာ္ေဒသက ေက်ာင္းၾကီးေက်ာင္းေကာင္းေတြၾကားမွာ UC Berkeley မွာတက္ရင္ မိဘေတြဂုဏ္တက္မွာကေတာ႕ ေျမၾကီးလက္ခတ္မလြဲ ေသခ်ာပါတယ္။
.
.
. UC Berkeley မွာ အယူအဆကြဲျပားတာကို အေလးထားတဲ႕အေလ႕အထ ေက်ာင္းသားေတြၾကားမွာ ပိုမိုျပန္႕ႏွံ႕တာ ေတြ႕ရေလ႕ရွိတယ္။ ႏုိ္င္ငံေရးစိတ္ဓါတ္ႏုိးၾကားသူေတြမ်ားျပားျပီး ေက်ာင္းသားရပ္ကြက္မွာေတာ႕ ကမၻာအရပ္ရပ္က အစားအေသာက္ေတြကုိ တစ္ေနရာတည္းမွာ ရွာေဖြစားေသာက္ႏိုင္တာက ဘားကေလးျမိဳ႕ရဲ႕ အလွအပတစ္ခုလို႕ ေျပာျပခ်င္ပါတယ္။
.
. USNWR Departmental Ratings အရ UC Berkeley ကေန အသင္အျပအေကာင္းဆံုး ေမဂ်ာ႒ာနေတြကို ေအာက္မွာေဖာ္ျပေပးလုိက္ပါတယ္။ (မိမိတက္ခ်င္ေသာဘာသာရပ္ကိုေသခ်ာစြာထပ္မံေလ႕လာရန္သည္ ေက်ာင္းသားတစ္ေယာက္၏အေရးၾကီးသည္႕ကုိယ္ပုိင္တာဝန္ျဖစ္ပါသည္)
.
1) Sociology
2) Psychology
3) Economics
4) Computer Science
5) Chemistry
6) Clinical Psychology
7) Physics
8) Statistics
9) Mathematics
10) Earth Sciences
11) Social Work
12) Biological Sciences
13) Political Science
14) History
15) Public Affairs
.
.
အပုိင္း (၅) သုိ႕။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 07-22-2017
.
ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. " ေက်ာင္းေတြထဲကေက်ာင္းေကာင္းေကာင္း။ အပိုင္း (၅)။ UCLA "
. (ပဥၥမစာ)
UC Berkeley ရဲ႕ေနာက္ ဆန္ဖရန္စစၥကိုေဆးသိပၸံ႒ာန- San Francisco University's Medical Department ျပီးရင္ ကယ္လီဖိုးနီးယားေကာလိပ္မ်ားမဟာစီမံကိန္း - California Master Plan for Higher Education ထဲကုိဝင္ေရာက္လာတာကေတာ႕ UCLA - University of California, Los Angeles ျဖစ္ပါတယ္။
.
. ကယ္လီဖိုးနီးယားျပည္နယ္ဆုိတာ ဧရိယာအားျဖင္႕ ျမန္မာႏုိင္ငံထက္က်ယ္ျပီး ေျမပံုေပၚမွာေတာ႕ ေတာင္ နဲ႕ ေျမာက္ ကို ရွင္းရွင္းေလးလက္ညိႈးထုိးလို႕ရတဲ႕ ရွည္ေမ်ာေမ်ာအေနအထား ဖယ္ဒရယ္နယ္ေျမတစ္ခုပါ။
.
.
. ခပ္ေစာေစာပိုင္းတုန္းက ဆီလီကြန္နည္းပညာရပ္ဝန္း - Silicon Valley ျမိဳ႕ေတာ္ ဆန္ဟုိေဆးျမိဳ႕မွာရွိတဲ႕ SJSU - San Jose State University က ေတာင္ပိုင္းကယ္လီမွာေက်ာင္းခဲြဖြင္႕မယ္လုပ္ေတာ႕ ေလာ႕အိန္းဂ်လိစ္ျမိဳ႕ - L.A ကုိ ေရြးခဲ႕တယ္။ တကၠသိုလ္ေတြကို ေနာက္ပိုင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင္႕ေပးလိုက္တဲ႕အခါ အေပၚကေျပာခဲ႕တဲ႕ UC - University of California စစၥတမ္ထဲမွာ UCLA ဟာ UC Berkeley ေက်ာင္းနဲ႕အတူ အရွိန္အဟုန္ျမင္႕ျမင္႕တြဲဖက္ျပီး နာမယ္ၾကီးလာပါတယ္။
.
. UCLA ဟာ ေက်ာင္းသားေတြရဲ႕ GPA ျမင္႕မွ ဝင္ခြင္႕ေပးတယ္။ ဒါေပမယ္႕ ေဟာတစ္မ်ိဳး ေဟာတစ္မ်ိဳး ထူးဆန္းတာေတြလုပ္ျပတတ္တဲ႕ အေမရိကန္ႏို္င္ငံရဲ႕ ရုပ္ရွင္ နဲ႕ အႏုပညာစက္ရံုေဒသ ေဟာလီဝုဒ္ - Hollywood အနီးမွာရွိေတာ႕ လူမ်ိဳးေပါင္းစံုေလွ်ာက္ထားတဲ႕ တကၠသိုလ္ပတ္ဝန္းက်င္ဆိုတာဟာလည္း ရင္ခုန္စရာအျပည္႕နဲ႕ပါ။ မနီးမေဝးမွာ ယူနီဗာဆယ္စတူဒီယုိ - University Studio ကလည္းရွိေနျပန္ေတာ႕ ေဖ်ာ္ေျဖေရး၊ ဖန္တီးရာ၊ တီထြင္မႈ အစုစုေပါင္းစပ္ျပီး သူေ႒းျဖစ္ႏုိင္တဲ႕ေနရာလို႕လည္း တစ္ခ်ိဳ႕က ေျပာၾကတယ္။


.
.
. ေနာက္ထပ္အလားအလာအေနနဲ႕ နည္းပညာနဲ႕ထြင္းေဖာက္မယ္႕ ေရခံ ေျမခံေကာင္းမြန္တဲ႕ ေက်ာင္းအသုိက္အဝန္းဆုိတာမ်ိဳးတက္ရတာေၾကာင္႕ စိတ္ေက်နပ္မႈအျပည္႕ရွိတဲ႕ေက်ာင္းသားေတြကုိ UCLA မွာ အျမဲလိုလုိေတြ႕ရတတ္တယ္။
.
. ေလာ႕အိန္႕ဂ်လိစ္ေလဆိပ္ - LAX ကေန ကားနဲ႕နာရီဝက္ေလာက္ေမာင္းရတဲ႕ UCLA တစ္ဝုိက္မွာ ျမိဳ႕ထဲကိုထုိးစုိက္ဆင္းသက္ေနတဲ႕ ေက်ာင္းသားျမိဳ႕ေတာ္ရွိေနတယ္။ အဲဒီလို စူးစူးစိုက္စိုက္ ပူပူအိုုက္အိုက္ L.A ေဒသတစ္ဝွမ္းမွာ ပညာေရး နဲ႕ ေလေအးတိုက္တဲ႕ေနရာကိုျပရရင္ေတာ႕ UCLA ေက်ာင္းရွိတဲ႕ Westwood, Los Angeles ရပ္ကြက္တစ္ဝိုက္ဆိုတာ ေျပာဖို႕လုိမယ္မထင္ေတာ႕ပါဘူး။
.
.
. အထူးအားျဖင္႕ ဒီေနရာကို စူးစမ္းခ်င္ျပီး အားအင္အျပည္႕နဲ႕ အနယ္နယ္အရပ္ရပ္ကလူငယ္ေတြ လာစုၾကတယ္။ မတူကြဲျပားျခင္းရဲ႕သေကၤတ - Diversity ကို အင္အားတစ္ခုအျဖစ္ ထင္ထင္ရွားရွားျမင္ရတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ဟာ ကူညီဖို႕ေစာင္႕ေနၾကတယ္။ စာအသင္အျပေကာင္းမႈ နဲ႕ ေက်ာ္ၾကားမႈအရာမွာ UC Berkeley နဲ႕မတိမ္းမယိမ္းျဖစ္ေနေပမယ္႕ ဘဝအေၾကာင္းသိသူေတြ UCLA မွာ ပုိေတြ႕ရတယ္။
.
. ကုန္က်စားရိတ္ေပးျပီးတက္ရတာခ်င္းအတူတူ ေက်ာင္းအိပ္ေက်ာင္းစား (ေဘာ္ဒါေဆာင္ - Housing) အတြက္ UC Berkeley က သူ႕ေက်ာင္းပုရဝဏ္မွာ (၁) ႏွစ္ေနခြင္႕ရွိေပမယ္႕ UCLA က (၃) ႏွစ္အထိေနခြင္႕ေပးထားတာ သိရျပန္တယ္။ သူ႕ေက်ာင္းက ဝင္ခြင္႕ခက္ျပန္ေတာ႕ အလုပ္ခြင္ဝင္ေတာ႕မယ္႕ေက်ာင္းသားဟာ အေတာင္ပံတပ္ေပးလိုက္သလုိ ေလာကၾကီးထဲကို ပ်ံသန္းဖို႕အဆင္သင္႕ျဖစ္ေနတုိင္း မိဘေတြရဲ႕ရင္မွာ အင္မတန္ေပ်ာ္ရပါတယ္။
.
.
. ဒါေၾကာင္႕ UCLA ေက်ာင္းသားေတြဟာ စာၾကိဳးစားတယ္၊ အေတြ႕အၾကံဳအသစ္ လိုခ်င္္ၾကတယ္၊ အဂၤလိပ္စာေရခံေျမခံ ေကာင္းတယ္၊ ေငြေရာ၊ ဇြဲေရာ ရွိမယ္ ဆုိပါရင္ UCLA က ဦးစားေပးေရြးခ်ယ္ရမယ္႕ေက်ာင္းတစ္ေက်ာင္းျဖစ္ပါတယ္။
.
. USNWR Departmental Ratings အရ UCLA ကေန အသင္အျပအေကာင္းဆံုး ေမဂ်ာ
႒ာနေတြကို ေအာက္မွာေဖာ္ျပေပးလုိက္ပါတယ္။ (မိမိတက္ခ်င္ေသာဘာသာရပ္ကိုေသခ်ာစြာထပ္မံေလ႕လာရန္သည္ ေက်ာင္းသားတစ္ေယာက္၏အေရးၾကီးသည္႕ကုိယ္ပုိင္တာဝန္ျဖစ္ပါသည္)
.
1) Clinical Psychology
2) Fine Arts
3) Psychology
4) Sociology
5) Mathematics
6) Public Health
7) Economics
8) Earth Sciences
9) Health Care Management
10) Chemistry
11) Physics
12) Public Affairs
13) Biological Sciences
14) Statistics
.
.
အျပီးသတ္အပိုင္း (၆) သို႕။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 07-22-2017
.
ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. " ေက်ာင္းေတြထဲကေက်ာင္းေကာင္းေကာင္း။ အျပီးသတ္ အပုိင္း (၆) "
. ၿပီးခဲ့တဲ့ (၂) ႏွစ္က အိမ္ကိုတဖြဲဖြဲေရာက္လာတဲ႕စာေတြက အထက္တန္းေက်ာင္းၿပီးသြားတဲ႔ " စြမ္း " ကို အခုလိုသိပ္ရင္မခုန္ေစခဲ႔ဘူး။ ဒီတစ္ေခါက္က်ေတာ့ ကိုယ္တိုင္စာစီစာကံုးေရး၊ ကိုယ္တိုင္အီးလ္ေမးပို႔ လိုအပ္တာေတြေမး၊ ကိုယ္တိုင္ စေကာလားရွစ္ေလွ်ာက္နဲ႔ ဆိုေတာ့ ညေနပိုင္းေရာက္ရင္ သူက စာတိုက္ပံုးကစာကိုေမွ်ာ္ေနတာ သတိထားမိတယ္။
.
. ဒါနဲ႔ သားရယ္ . . ေမွ်ာ္မေနပါနဲ႕ . . အရင္လည္း ဒီလိုစာေတြေရာက္လာေနတာပဲ . . ဆိုေတာ႕ ဒီတစ္ခါေတာ႕ သားေလွ်ာက္ထားတဲ႕ေက်ာင္းေတြက စာပို႕တာေနာက္က်တယ္။ တစ္ခ်ိဳ႕ေက်ာင္းေတြက စာျပန္လို႕ သူငယ္ခ်င္းေတြ ဘယ္ေက်ာင္းရတယ္ဆုိတာသိေနၾကျပီ လို႕ ျပန္ေျပာတယ္။
.
.
. ထင္တဲ႕အတုိင္းပါပဲ။ တကၠသိုလ္တစ္ခုက သူ႕ကုိေရြးခ်ယ္ေၾကာင္းစာတစ္ေစာင္ေရာက္တိုင္း သူအရမ္းေပ်ာ္တယ္။ ဒါဟာ သူ႕ဘဝမွာ အဆင္႕ဆင္႕ေသာစာေမးပြဲေတြထက္ အေရးၾကီးတယ္။ သူေလွ်ာက္တဲ႕ေက်ာင္းတုိင္း သူ႕ကုိေရြးဖို႕ဆုိတာ ၾကိဳးစားမႈတုိင္းအရာထင္ဖို႕ " ပါရမီ " ဆိုတာ လိုတယ္။ စာအေရးအသား ညွက္ေညာရမယ္။ အဆက္အသြယ္ လုပ္တတ္ရမယ္။ ဒါေတြအားလံုးကို အထက္တန္းေက်ာင္းကေနသင္ယူခြင္႕ရခဲ႕တာေၾကာင္႕ မိဘေတြအေနနဲ႕ တကူးတကလုိက္မလုပ္ေပးရလို႕ အေတာ္ေလးသက္သာတယ္လို႕ေျပာရလိမ္႕မယ္။
.
. ကေလးငယ္ကိုငယ္ငယ္ကတည္းကထိန္းေက်ာင္းပ်ိဳးေထာင္ေပးခဲ႕တဲ႕မိဘေတြအတြက္ သားသမီးတစ္ေယာက္ဘယ္အရြယ္ေရာက္ေရာက္ ကေလးလိုပဲျမင္သလား?
ဒါမွမဟုတ္ လူၾကီးေနရာထားျပီး တစ္ဆင္႕ျမွင္႕ ဆက္ဆံသလား? ဆုိတာက ကေလးဟာ ေကာလိပ္ နဲ႕ တကၠသိုလ္သြားတဲ႕အခါမွာ အေျဖထြက္ပါတယ္။
.
.
. သူအျမဲေျပာတာတစ္ခုရွိတယ္ " သားက အခုစာေတာ္တာ ကံေကာင္းတယ္လို႕ေျပာလုိ႕ရသလို သားအတြက္လည္း ဖိအားေတာ္ေတာ္ရွိေနတယ္ "
.
" တစ္ခ်ိဳ႕သူငယ္ခ်င္းေတြဆုိ စာမေတာ္ၾကေတာ႕ သူတို႕မိဘေတြစိတ္ဓါတ္က်တာေတြ႕ဖူးတယ္။ သူတို႕ကိုယ္တိုင္ေပ်ာ္ေအာင္လည္း မေနႏိုင္သလို မိဘေတြဂုဏ္ယူရေအာင္လည္းမလုပ္ေပးႏုိင္တဲ႕အခါက်ေတာ႕ . . စဥ္းစားၾကည္႕ . . တစ္မိသားစုလံုး ဘယ္ေလာက္စိတ္ညစ္ၾကမလဲ? "
.
" ဒီအတြက္ သားက မိဘေတြဂုဏ္ယူဖို႕ တစ္ခုခုလုပ္ေပးႏုိင္လို႕သားေပ်ာ္ရေပမယ္႕ သားအစ္မ နဲ႕ သား တုိ႕အတြက္ ဒီႏိုင္ငံကိုလာျပီး အလုပ္ပ်က္၊ အကုိင္ပ်က္၊ သူမ်ားထက္အႏွိမ္ခံ၊ အပင္ပန္းခံ လုပ္ကိုင္ရွာေဖြေထာက္ပံ႕ေပးတဲ႕ မိဘေတြကို သနားသလို သိပ္လည္း ေက်းဇူးတင္မိတယ္ "
.
.
. ဒါေၾကာင္႕ ဖိအားအၾကီးမားဆံုးက " သားကိုယ္သားေပးတဲ႕ ဖိအားပါပဲ " လို႕ သူကဆက္ေျပာတယ္။ ဟုတ္တယ္ . . သူ႕လို (၉) ႏွစ္သားအရြယ္နဲ႕ အေမရိကားကိုလိုက္လာခဲ႕တဲ႕ မ်က္စိေအာက္က ကေလးတစ္ေယာက္ လူလားေျမာက္ျပီမုိ႕ တစ္ဆင္႕တင္ျပီး လူရာသြင္း စဥ္းစားၾကည္႕တယ္။
.
. လူ႕ေလာကအေၾကာင္း သူေကာင္းေကာင္းေလ႕လာရဦးမယ္။ သူ႕ဘဝတစ္ေလွ်ာက္လံုး လူလိမ္လူေကာက္မေတြ႕ပါေစနဲ႕လို႕ ကြ်န္ေတာ္ နဲ႕ သူ႕အေမဆုေတာင္းေပးေနတာ ထိုက္သင္႕တဲ႕အေမြ မဟုတ္ေသးဘူး။
.
မေတြ႕ေသးတဲ႕လူလိမ္လူေကာက္ကိုေရွာင္ကြင္းတတ္ေအာင္သင္ေပးႏုိင္တာကမွ ပညာေရး။
.
မ်က္စိေရွ႕ေရာက္လာတဲ႕လူဟာ ဘယ္လိုလူစားမ်ိဳးလဲဆိုတာကို သူ႕အတြင္းစိတ္နဲ႕သူ ခြဲျခားႏိုင္တာကမွ ပညာေရး လို႕ . . ကြ်န္ေတာ္ခံယူတယ္။
.
. ဒါေတြကို ဆက္စပ္ေတြးေတာျပီး အနီးအနားကေက်ာင္းထက္ အေဝးက UCLA ကိုေရြးတဲ႕ " စြမ္း " ကို မိဘနားမေနပဲ အေဝးမွာေက်ာင္းသြားတက္တယ္လို႕ ကြ်န္ေတာ္အျပစ္မဆိုေတာ႕ဘူး။
ေရကူးတတ္ခ်င္တဲ႕လူကို ေရကန္ထဲေပးဆင္းရေတာ႕မွာပဲ။
သူ႕ေျခေထာက္ေပၚသူရပ္တည္ႏုိင္ဖို႕ သူ႕ကုိကြ်န္ေတာ္လမ္းေပးေလွ်ာက္မွ ျဖစ္ေတာ႕မယ္။
.
UC Irvine
UC San Diego နဲ႕
UC Davis ေက်ာင္း (၃) ေက်ာင္းတို႕က
သူ႕ကို Honored Student အေနနဲ႕ေခၚေတာ႕ မိဘေတြက အတုိင္းမသိဝမ္းသာရေပမယ္႕
သူစိတ္ဝင္စားတဲ႕ေက်ာင္း
သူရင္ခုန္တဲ႕ေက်ာင္းကို
လြတ္လြတ္လပ္လပ္ေပးသြားတက္ခ်င္တယ္။
.
.
. UCLA က တစ္ျခားေက်ာင္းေတြထက္ထူးျပီး ေက်ာင္းတြင္းမိတ္ဆက္ပြဲ - Orientation ကုိ (၃) ရက္လုပ္မယ္လို႕ ေျပာတယ္။ စြမ္း က တစ္ရက္ၾကိဳသြားျပီး ကြ်န္ေတာ္က တတိယေျမာက္ေန႕မွာက်ေရာက္တဲ႕မိဘေတြ႕ဆံုပြဲကုိလိုက္သြားဖို႕စီစဥ္ထားတယ္။ ေနာက္လ (၂ဝ၁၇) ၾသဂုတ္လ ဆုိရင္ (၄) ႏွစ္တာက်င္လည္မယ္႕သူ႕အတြက္ ေနရာသစ္ေလာကတစ္ခုကို ေလ႕လာခြင္႕ရေတာ႕မယ္။ ေနာက္ထပ္တစ္လဆိုရင္ သူ႕ဘဝ တကယ္စတင္ရေတာ႕မယ္။ ကြ်န္ေတာ႕ရည္မွန္းခ်က္ေတြေရာက္ဖို႕ အခ်ိန္ကာလတစ္ခုအထိသာေစာင္႕ရပါေတာ႕မယ္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 07-22-2017
.
.
Unicode Version:
.
.
.          "  ကျောင်းတွေထဲကကျောင်းကောင်းကောင်း။ အပိုင်း (၁)။ UCI "
.         ကျွန်တော့စာတွေထဲမှာ အရေးအများဆုံးက လူငယ်လေး " စွမ်း " အကြောင်းဖြစ်ပြီး ဖတ်ရှုသူအများစုကလည်း သူတက်တဲ့ကျောင်းတွေအကြောင်း သိချင်တာ သတိထားမိတယ်။ အဲဒီအခါမှာ ငယ်ငယ်ကတက်ခဲ့တဲ့ အဆင့်ဆင့်သောကျောင်းတွေကနေ အခုဆိုရင် အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ်သွားရတော့မယ့်အခါ မိဘအတွက်ရော ကျောင်းသားအတွက်ပါ စိမ်ခေါ်မှုတစ်ချို့ကြုံရပါတယ်။ အဲဒါကတော့ ဘယ်တက္ကသိုလ်ဝင်အောင် ဘယ်လိုလျှောက်ရပြီး ကျောင်းတွေအများကြီးကလက်ခံတဲ့အခါ ဘယ်ကျောင်းကိုရွေးမလဲ ဆိုတာတွေအတွက် ဆုံးဖြတ်ရခက်တဲ့အချိန်တွေ ဖြစ်ခဲ့တယ်။
.
.          အလယ်တန်း နဲ့ အထက်တန်းကျောင်းတွေက . . ရှင်းတယ် . . ကိုယ်နေတဲ့မြို့နယ်နဲ့သက်ဆိုင်တဲ့ကျောင်းကိုပဲတက်ရသလို ကွန်မြူနတီကောလိပ် နဲ့ တက္ကသိုလ်ကျတော့ ကျောင်းရှိတဲ့နေရာကို ကျောင်းသားကသွားရတော့ အိမ်မ, ပြေးပြီး ကျောင်းလိုက်တက်လို့မရတဲ့မိဘတွေက ပူဆွေးပြီးကျန်ခဲ့ရတော့တာပေါ့။
.
.
.           ဒီနှ်စ်မှာ အထက်တန်းပြီးသွားတဲ့ " စွမ်း " က တက္ကသိုလ်အတွက် ကျောင်း (၇) ကျောင်းလျှောက်တာ (၅) ကျောင်းက သူ့ကို လိုလိုလားလားရွေးချယ်တယ်။ အားလုံးက ကယ်လီဖိုးနီးယားပြည်နယ်အတွင်းမှာချည်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့အစ်မတုန်းက ပြည်နယ်ခြား - Out of State ကိုသွားဖူးထားတော့ ကုန်ကျစားရိတ်ကြီးပြီး မိဘတွေအတွက် ကရိကထမများစေလိုဘူး တဲ့လေ . .။ ဒါကြောင့် သူက ပြည်နယ်မပြောင်းရတဲ့ကျောင်းတွေကိုပဲ ရွေးလျှောက်ခဲ့တာ။
.
.          အထက်တန်းကျောင်းသားတွေဘဝက လွတ်လပ်မှု နဲ့ အသစ်ရှာဖွေမှုကြားမှာ မျှမျှတတလျှောက်လှမ်းရင်း ဆော့ကစား ပျော်ပါး ပညာသင်ကြားရတဲ့ ဘဝပါးပါးလေးတစ်ချပ်လို့ဆိုလို့ရပါတယ်။
.
.
.          ကျွန်တော်တို့ငယ်ငယ်တုန်းက (၁ဝ) တန်း နောက်ဆုံးစာမေးပွဲဖြေပြီးပြီးချင်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိသလိုမျိုး ကျောင်းသားတွေခမျာမှာလည်း ဖြစ်ကြဟန်တူပါတယ်။ ကလေးခန္ဓာကိုယ်နဲ့ လူကြီးစိတ်နဲ့ တက္ကသိုလ်တက်ရတော့မယ့်သူတို့လေးတွေဟာ မိသားစုအတွင်းမှာတော့လွှတ်တင်တော့မယ့်ဒုံးကျည်ရဲ့ ရုန်းကန်ခြင်းရောင်ခြည်တော်လွှတ်နေတဲ့အလား စိတ်လှုပ်ရှားနေကြပါတယ်။
.
.
.         သူ့ကိုရွေးခဲ့တဲကျောင်းတွေထဲက ပထမဦးဆုံး UCI ကို ပြောပြချင်တယ်။ UCI ဆိုတာ University of California, Irvine ကို အတိုကောက်ခေါ်တာဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့နာမယ်ကြီးကမ်းခြေတစ်ခုဖြစ်တဲ့ Long Beach အနီးမှာ တည်ရှိတယ်။ UCI နဲ့ မလှမ်းမကမ်းမှာတော့ လူအများသွားရောက်အလည်ပတ်ချင်ဆုံး ဝေါ့ဒစ္စနေရဲ့ Disneyland (Disney California Adventure Park) နဲ့ သိပ်မဝေးပါဘူး။
.
.           ကျောင်းအများစုကနာမယ်ကြီးကြတော့ အမေရိကားမှာဘယ်ကျောင်းကအကောင်းဆုံးဆိုတာ ဝေခွဲရခက်ပါတယ်။ ဒါ့အပြင် ဒီလိုအဆင့်ပေး - Rating လုပ်မယ့်အဖွဲ့အစည်းရဲ့ ရှုမြင်ပုံက အထူးတလည်စကားပြောပါသေးတယ်။ ဒါကြောင့် USNWR (U.S. News & World Report) ဆိုတဲ့အဖွဲ့ရဲ့ သုံးသပ်ပုံနဲ့ အဆင့်ခွဲပုံဟာ ကျောင်းသားတွေရဲ့အားကိုးစရာတစ်ခုအဖြစ်လေ့လာသိရှိရတယ်။
.
.
.          USNWR Departmental Ratings အရ UCI ကနေ အသင်အပြအကောင်းဆုံး မေဂျာ
ဋ္ဌာနတွေကို  အောက်မှာဖော်ပြပေးလိုက်ပါတယ်။ (မိမိတက်ချင်သောဘာသာရပ်ကိုသေချာစွာထပ်မံလေ့လာရန်သည် ကျောင်းသားတစ်ယောက်၏အရေးကြီးသည့်ကိုယ်ပိုင်တာဝန်ဖြစ်ပါသည်)
.
1) Sociology
2) Chemistry
3) Computer Science
4) Fine Arts
5) Earth Sciences
6) History
7) Psychology
8) Mathematics
9) Economics
.
.
အပိုင်း (၂) သို့။
.
.          ခင်လျက်
.
.          ကိုညီညီ (တောင်ကြီး)
.          07-22-2017
.
.          "  ကျောင်းတွေထဲကကျောင်းကောင်းကောင်း။ အပိုင်း (၂)။ UC SD "
.          ဒုတိယအနေနဲ့အိမ်ကိုစာရောက်လာတာက UC SD - University of California, San Diego က ဖြစ်ပါတယ်။ ဆန်ဒီယေးဂို မြို့ဟာ မြန်မာအများစုကြားဖူးကြတဲ့အတိုင်း အင်မတန်သာယာတဲ့ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းခပ်ယွန်းယွန်းက ပင်လယ်ကမ်းခြေမြို့တစ်မြို့ပါ။
.
.          ဆန်ဒီယေးဂို - San Diego မြို့ဟာ အမေရိကန်ကျောင်းသားတွေရဲ့ပါစပ်ဖျားမှာပြောနေကျ So-Cal (Southern California) အခေါ်အဝေါ်အတိုင်း တောင်ပိုင်းကယ်လီဖိုးနီးယားမှာတည်ရှိပြီး ကြီးမားကျယ်ပြန့်လှပတဲ့ပစိဖိတ်ကမ်းခြေအရှည်ကြီးကိုပိုင်ဆိုင်ထားပါတယ်။ သူနဲ့နယ်နမိတ်ချင်းထိစပ်နေတဲ့ မက္ကစီကိုနိုင်ငံအတွက် ဆန်ဒီယေးဂိုမြို့ဟာ ခပ်လှမ်းလှမ်းကငေးကြည့်နေရင်ကိုပဲ အတော်လှပတဲ့မြို့တစ်မြို့ဖြစ်နေမှာ အသေအချာပါပဲ။
.
.
.           ဒါဆိုရင် သူ့မြို့ရဲ့အထင်ကရကျောင်းကရော . . ဟုတ်ကဲ့ . . ကျွန်တော်မရောက်ဖူးပေမယ့် လေ့လာမိသလောက် အင်မတန်ကောင်းတဲ့ကျောင်းဆိုတာ ကြားဖူးတာကြာပါပြီ။ ကျောင်းသားတွေကို အဓိကဖမ်းစားထားတဲ့ UC SD ရဲ့အားသာချက်တွေက အများအပြားရှိတယ်။ အဲဒီထဲက UC San Diego School of Medicine နဲ့ Skaggs School of Pharmacy and Pharmaceutical Sciences ဆိုတဲ့ ဆေးကျောင်း နဲ့ ဆေးသိပ္ပံကျောင်း (၂) ကျောင်း ဖြစ်ပါတယ်။
.
.          ဒါ့အပြင် UC SD ဟာ အဏ္ဏဝါဗေဒကျောင်းဖြစ်တဲ့ Scripps Institution of Oceanography ရဲ့ မိခင်ဋ္ဌာနေဖြစ်နေပြန်တယ်။ နည်းပညာနဲ့ဆိုင်တဲ့ Calit2 လို့ခေါ်တဲ့ Qualcomm Institute (California Institute for Telecommunications and Information Technology) ကျောင်းကလည်း ဆီလီကွန်လွင်ပြင် - Silicon Valley နဲ့ မခြား အိုင်တီကျောင်းသားတွေကို တအီအီဆွဲဆောင်နေတာကလည်း ပင်လယ်လေ အေးအေးလေးနဲ့အတူ ပြေးတွေ့စရာကောင်းနေပါတယ်။
.
.
.           ပိုပြီးထူးခြားတာက သုတေသနပါ။ SDSC -  San Diego Supercomputer Center ရဲ့ သုတသနက အဆင့်မြင့်နည်းပညာတွေသုံးပြီး ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းသစ်တွေကို တီထွင်နေတယ်လို့ သိရပြန်တယ်။  UC SD ကျောင်းအနီးအနားမှာ ပင်လယ်ငွေ့ရှူရင်း High Performance Computing, Grid Computing, Computational Biology, Geoinformatics, Computational Physics, Computational Chemistry, Data Management, Scientific Visualization နဲ့  Computer Networking တွေကို လေ့လာနိုင်တယ်လို့ဆိုရင် သိပ်ပြီး သိပ္ပံနည်းကျကျ ကဗျာဆန်နေမလား မပြောတတ်တော့ပါဘူး။
.
.          USNWR Departmental Ratings အရ UC SD ကနေ အသင်အပြအကောင်းဆုံး မေဂျာ
ဋ္ဌာနတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ (မိမိတက်ချင်သောဘာသာရပ်ကိုသေချာစွာထပ်မံလေ့လာရန်သည် ကျောင်းသားတစ်ယောက်၏အရေးကြီးသည့်ကိုယ်ပိုင်တာဝန်ဖြစ်ပါသည်)
.
1) Political Science
2) Economics
3) Psychology
4) Fine Arts
5) Biological Sciences
6) Computer Science
7) Mathematics
8) Pharmacy
9) Clinical Psychology
10) Physics
11) Sociology
.
.
အပိုင်း (၃) သို့။
.
.           ခင်လျက်
.
.           ကိုညီညီ (တောင်ကြီး)
.           07-22-2017
.
.
.           "   ကျောင်းတွေထဲကကျောင်းကောင်းကောင်း။ အပိုင်း (၃)။ UC Davis "
.           " စွမ်း " ကို နောက်ထပ်ရွေးချယ်လာတဲ့ကျောင်းတစ်ကျောင်းက UCD ၊ UC Davis ၊ Davis ဆိုပြီးဘယ်လိုပဲရေးရေး အရှည်ဖွင့်က University of California, Davis ဖြစ်ပါတယ်။ တည်နေရာအရဆိုရင် နာမယ်ကြီးဆန်ဖရန်စစ္စကိုမြို့ကနေ ကားနဲ့ (၁.၅) နာရီမောင်းရတဲ့နေရာမှာတည်ရှိပြီး ကယ်လီဖိုးနီးယားရဲ့မြို့တော် ဆန်ခရမ်မန်းတို- Sacramento မြို့ကနေဆိုရင် (၂၅) မိနစ်ပဲ မောင်းရမှာပါ။
.
.          UC Davis မှာ အင်မတန်နာမယ်ကြီးတဲ့ဋ္ဌာနတစ်ခုက တိ-မွေး-ကု ဆေးသိပ္ပံ - Veterinary Medicine ဖြစ်ပါတယ်။ ဒီဒေသတစ်ဝိုက် - San Francisco Bay Area မှာ ဆေးသုတေသနဆိုရင် UC Davis ကိုသာ ပြေးမြင်ကြတယ်။ ဒါတင်မကဘူး . . နိုင်ငံရပ်ခြားက ဆရာဝန်တွေ ကွန်ဖရင့်လာတက်ရင် နယူးယောက်ဘက် သွားရင်သွား . . မဟုတ်ရင်တော့ ကယ်လီဖိုးနီးယားဘက်ဆိုရင် UC Davis လို့တောင် အစွဲလမ်းကြီးကြီး သမုတ်ကြတယ်။
.
.
.           တစ်နှစ်ကိုကျောင်းသား (၄ဝဝဝ) လောက်  လာတက်ကြတဲ့ UC Davis မှာ စီမံခန့်ခွဲမှု၊ ပညာရေး၊ ဥပဒေ၊ ဆေး နဲ့ သူနာပြု ဘာသာရပ်တို့ အတက်များကြတယ်။  စိုက်ပျိုးမြေများတဲ့ ကယ်လီဖိုးနီးယားမှာ စိုက်ပျိုးရေးသမားကျောင်းသားတွေလည်း ဒီမှာလာတက်ပြီး ဘဝရှေ့ရေးကို ထွန်စက်မောင်းပြီး စဉ်းစားကြတယ်။
.
.          တစ်ဆင့်စကားနဲ့တစ်ဆင့် လက်ဆင့်ကမ်းရင်း ထုံးစံလိုဖြစ်လာတာကတော့ UC Davis ရဲ့ သုတေသနလက်ဆင့်ကမ်းမှု - Shared Research Interests လို့ ဆိုတယ်။ နည်းပညာ နဲ့ ဆေးသုတေသနတို့ပေါင်းစပ်ပြီး ခေတ်မှီပညာရှင်တွေ ဒီကျောင်းကနေ ထုတ်လုပ်ပေးကြတယ်။ နိုဗယ်ဆုချိတ်တဲ့ပညာရှင်တွေ UC Davis မှာ ရှိတယ်။
.
.
.           ဒီကျောင်းကိုရွေးရင်တော့ ခရီးဝေးပေမယ့် အလှမ်းမှီတာကြောင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ အခြောက်အခြမ်းလေး ဘာလေးချက်ပြီး သားသမီးကို သွားပို့နိုင်မယ်။ သူတို့က အပန်းဖြေချင်တယ်ဆိုလို့ မိဘအိမ်ပြန်နားချင်ရင် သွားကြိုပေး၊ ပြန်ပို့ပေးလို့လည်းရတဲ့ အကွာအဝေးမှာရှိတာကို ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသမှာနေတဲ့ မြန်မာမိသားစုတွေသာမက တရုတ်၊ ကိုးရီးယား၊ မက္ကဆီကန်လူမျိုး မိဘတွေက ကြိုက်နှစ်သက်ကြတယ်။
.
.            USNWR Departmental Ratings အရ UC Davis ကနေ အသင်အပြအကောင်းဆုံး  မေဂျာဋ္ဌာနတွေကို  အောက်မှာဖော်ပြပေးလိုက်ပါတယ်။ (မိမိတက်ချင်သောဘာသာရပ်ကိုသေချာစွာထပ်မံလေ့လာရန်သည် ကျောင်းသားတစ်ယောက်၏အရေးကြီးသည့်ကိုယ်ပိုင်တာဝန်ဖြစ်ပါသည်)
.
1) Veterinary Medicine
2) Political Science
3) Biological Sciences
4) Earth Sciences
5) Statistics
6) Psychology
.
.
အပိုင်း (၄) သို့။
.
.           ခင်လျက်
.
.           ကိုညီညီ (တောင်ကြီး)
.           07-22-2017
.
.           "  ကျောင်းတွေထဲကကျောင်းကောင်းကောင်း။ အပိုင်း (၄)။ UC Berkeley "
.           (စတုတ္ထစာ)
ဘားကလေးတက္ကသိုလ် - UC Berkeley ဟာ အမေရိကားမှာသာမက ကမ္ဘာ့အဆင့်အထိနာမယ်ကြီးပါတယ်။ ကျောင်းကောင်းတာနဲ့အမျှ ဝင်ခွင့်အမှတ်တွေဟာလည်း မှီတယ်ဆိုရုံလေးရဖို့ တော်တော့ကိုကြိုးစားရမယ့် ကျောင်းအကောင်းစားမျိုးပါ။
.
.          ပြီးတော့ရှိသေးတယ် . . ကမ္ဘာအရပ်ရပ်က တော်ပေ့ဆိုတဲ့ကျောင်းသားတွေဟာ ဘားကလေဆိုတဲ့အထက်တန်းစားကျောင်းကိုဝိုင်းစုပြုံလျှောက်ထားကြတော့ ဝင်ခွင့်အမှတ်ကလည်း စာတော်တာတောင်မှ အနားကပ်ရခက်တဲ့အနေအထားမျိုးကို လေ့လာမိတယ်။ ဒီကြားထဲကမှ ဘားကလေကျောင်းကိုဝင်တဲ့ မြန်မာနိုင်ငံကကျောင်းသားတစ်ချို့ကိုတွေ့ရတော့ အင်မတန်ဝမ်းမြောက်ရပါတယ်။
.
.
.          UC Berkeley ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ အစောဆုံးတက္ကသိုလ် လို့ ဆိုတယ်။ ဒါကြောင့် University of California လို့ပြောလိုက်ရင် ဘားကလေတက္ကသိုလ်ကိုပဲ မျက်စိထဲပြေးမြင်ကြတယ်။ ဒါကြောင့် သူ့ကို ကယ်လီဖိုးနီးယားပြည်နယ်ရဲ့အတိုကောက် Cal လို့ ချစ်စနိုးခေါ်ကြတယ်။
.
.           နောက်ပိုင်း ဒီပြည်နယ်မှာ အခြားအခြားသောတက္ကသိုလ်တွေပေါ်လာတဲ့အခါကျမှ UC ရဲ့ နောက်မှာ မြို့နာမယ်ထည့်ပြီး University of California, Berkeley လို့ ခွဲခြားဝိသေသနပြုကြပါတယ်။
.
.
.          ဘားကလေကျောင်းဟာ (၁၈) ရာစုက အတွေးအခေါ်ပညာရှင်တစ်ဖြစ်လဲ ဘုန်းတော်္ကြီး ဂျော့ဘားကလေ - George Berkeley ကို အစွဲပြုပြီးမှည့်ခေါ်ခဲ့တဲ့ ဘားကလေမြို့မှာ UC Berkeley အနေနဲ့ ဦးဦးဖျားဖျားပေါ်ထွက်လာတယ်။
.
.          ဘားကလေမြို့ကို အနီးအနားမှာ (နယူးယောက်ပြည်နယ်ဆီက နာမယ်တူယူထားတဲ့) အယ်ဘနီ - Albany မြို့၊ (ပန်းသီးဖခင် စတိဗ်ဂျော့ - Steve Jobs ဟာ ကျဆင်းနေတဲ့သူ့ပုံရိပ်ကိုနာမယ်ပြန်ယူခဲ့တဲ့ Pixel အန်နီမေးရှင်းစတူဒီယို ရှိတဲ့) အမ်မရီဗဲလီ - Emeryville မြို့ နဲ့ မြန်မာအများစုသိကြတဲ့ အုတ်ကလန် - Oakland မြို့တို့က ဝန်းရံထားပြီး (ခရီးသွားမြို့တော်) ဆန်ဖရန်စစ္စကို - San Francisco ကို သွားချင်ရင်တော့ တံတားတွေပေါ်ကနေ ကူးသန်းသွားရမှာပါ။
.
.          ဘားကလေမြို့မှာ လမ်းတိုလေးတွေ နဲ့ တစ်လမ်းသွား - One Way Road တွေများတယ်။ အချိန်မရွေးငလျင်လှုပ်နိုင်တဲ့ဒေသဖြစ်လို့ တိုက်အမြင့်ကြီးတွေအစား ခပ်ဝပ်ဝပ်အိမ်တွေ တွေ့ရတယ်။.
.
.
.           ရှေးဟောင်းရာဇဝင်ကောင်းခဲ့တဲ့မြို့ဖြစ်တာနဲ့အညီ အထင်အရအဆောက်အဦတွေရှိပြီး  ကောလိပ်ကျောင်းမြို့ဆိုတဲ့ဆောင်ပုဒ်နဲ့ကိုက်အောင် ကျောင်းသားလှုပ်ရှားမှုများစွာ တွေ့ရတယ်။ မြို့တွင်းသွားလမ်းတွေကို တစ်ခါတစ်ခါဖြတ်သွားရင် မြို့တော်မန္တလေးများရောက်နေသလားလို့ အမှတ်မှားရတဲ့အခါတွေလည်းရှိခဲ့ဖူးတယ်။
.
.          ဘားကလေတက္ကသိုလ်ကို ကမ္ဘာအရပ်ရပ်ကကျောင်းသားတွေလာတက်တာတင်မကဘူး . . ဆရာမျိုးစုံ နဲ့  မတူညီတဲ့ပညာရေးအလွှာအသီးသီးက ပါမောက္ခတွေ လာရောက်သင်ပြပေးကြတယ်။ အသင်အပြကောင်းတာရဲ့နောက်ကွယ်မှာ ပညာမြင့်တာ၊ ဂုဏ်သိက္ခာပိုင်းဆိုင်ရာပြိုင်ဆိုင်တာတွေကို ခပ်ပါးပါး ခပ်မြိုင်မြိုင်လေး တွေ့ရတယ်။
.
.
.          ဒါပေမယ့် " ဘားကလေကျောင်းထွက်ဆိုရင် ကုမ္ပဏီတွေက ငှားပြီးသားပဲ " ဆိုတဲ့ လူအများပြောကြတာ မှန်သင့်သလောက်မှန်နေတယ်။ အထက်တန်းကျောင်းတွေ၊ ကွန်မြူနတီကောလိပ်တွေမှာ ကျောင်းသားတစ်ယောက်က ဘားကလေးတက္ကသိုလ်တက်ခွင့်ရတယ်ဆိုရင် " သိပ်ကံကောင်းပြီး ရွှေဖြစ်သူတစ်ယောက် " ပါပဲ။
.
.           ဘားကလေကို သိပ်အထင်ကြီးလွန်းသူတွေကိုသတိပေးလိုတာကတော့ ဘားကလေးမြို့တွင်းမှာ အိမ်ခြေမဲ့တွေတွေ့ရတဲ့အခါ နဲ့ ကျောင်းပတ်လည်မှာ ဆန္ဒပြပွဲတွေကြုံရရင် သိပ်မအံ့ဩဖို့ကိုပါ။ စားသောက်နေထိုင်စားရိတ်ကြီးတာကိုထည့်မစဉ်းစားရင် ကယ်လီဖိုးနီးယားပင်လယ်အော်ဒေသက ကျောင်းကြီးကျောင်းကောင်းတွေကြားမှာ  UC Berkeley မှာတက်ရင် မိဘတွေဂုဏ်တက်မှာကတော့ မြေကြီးလက်ခတ်မလွဲ သေချာပါတယ်။
.
.
.           UC Berkeley မှာ အယူအဆကွဲပြားတာကို အလေးထားတဲ့အလေ့အထ ကျောင်းသားတွေကြားမှာ ပိုမိုပြန့်နှံ့တာ တွေ့ရလေ့ရှိတယ်။ န်ိုင်ငံရေးစိတ်ဓါတ်နိုးကြားသူတွေများပြားပြီး ကျောင်းသားရပ်ကွက်မှာတော့ ကမ္ဘာအရပ်ရပ်က အစားအသောက်တွေကို တစ်နေရာတည်းမှာ ရှာဖွေစားသောက်နိုင်တာက ဘားကလေးမြို့ရဲ့ အလှအပတစ်ခုလို့ ပြောပြချင်ပါတယ်။
.
.          USNWR Departmental Ratings အရ UC Berkeley ကနေ အသင်အပြအကောင်းဆုံး မေဂျာဋ္ဌာနတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ (မိမိတက်ချင်သောဘာသာရပ်ကိုသေချာစွာထပ်မံလေ့လာရန်သည် ကျောင်းသားတစ်ယောက်၏အရေးကြီးသည့်ကိုယ်ပိုင်တာဝန်ဖြစ်ပါသည်)
.
1) Sociology
2) Psychology
3) Economics
4) Computer Science
5) Chemistry
6) Clinical Psychology
7) Physics
8) Statistics
9) Mathematics
10) Earth Sciences
11) Social Work
12) Biological Sciences
13) Political Science
14) History
15) Public Affairs
.    
.
အပိုင်း (၅) သို့။
.
.           ခင်လျက်
.
.           ကိုညီညီ (တောင်ကြီး)
.           07-22-2017
.
. "  ကျောင်းတွေထဲကကျောင်းကောင်းကောင်း။ အပိုင်း (၅)။ UCLA "
.          (ပဥ္စမစာ)
UC Berkeley ရဲ့နောက် ဆန်ဖရန်စစ္စကိုဆေးသိပ္ပံဋ္ဌာန- San Francisco University's Medical Department ပြီးရင် ကယ်လီဖိုးနီးယားကောလိပ်များမဟာစီမံကိန်း - California Master Plan for Higher Education ထဲကိုဝင်ရောက်လာတာကတော့ UCLA - University of California, Los Angeles ဖြစ်ပါတယ်။
.
.         ကယ်လီဖိုးနီးယားပြည်နယ်ဆိုတာ ဧရိယာအားဖြင့် မြန်မာနိုင်ငံထက်ကျယ်ပြီး မြေပုံပေါ်မှာတော့ တောင် နဲ့ မြောက် ကို ရှင်းရှင်းလေးလက်ညှိုးထိုးလို့ရတဲ့   ရှည်မျောမျောအနေအထား ဖယ်ဒရယ်နယ်မြေတစ်ခုပါ။
.
.
.          ခပ်စောစောပိုင်းတုန်းက ဆီလီကွန်နည်းပညာရပ်ဝန်း - Silicon Valley မြို့တော် ဆန်ဟိုဆေးမြို့မှာရှိတဲ့ SJSU - San Jose State University က တောင်ပိုင်းကယ်လီမှာကျောင်းခွဲဖွင့်မယ်လုပ်တော့ လော့အိန်းဂျလိစ်မြို့ - L.A ကို ရွေးခဲ့တယ်။ တက္ကသိုလ်တွေကို နောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်တဲ့အခါ အပေါ်ကပြောခဲ့တဲ့ UC - University of California စစ္စတမ်ထဲမှာ UCLA ဟာ UC Berkeley ကျောင်းနဲ့အတူ အရှိန်အဟုန်မြင့်မြင့်တွဲဖက်ပြီး နာမယ်ကြီးလာပါတယ်။
.
.          UCLA ဟာ ကျောင်းသားတွေရဲ့ GPA မြင့်မှ ဝင်ခွင့်ပေးတယ်။ ဒါပေမယ့် ဟောတစ်မျိုး ဟောတစ်မျိုး ထူးဆန်းတာတွေလုပ်ပြတတ်တဲ့ အမေရိကန်န်ိုင်ငံရဲ့ ရုပ်ရှင် နဲ့ အနုပညာစက်ရုံဒေသ ဟောလီဝုဒ် - Hollywood အနီးမှာရှိတော့ လူမျိုးပေါင်းစုံလျှောက်ထားတဲ့ တက္ကသိုလ်ပတ်ဝန်းကျင်ဆိုတာဟာလည်း ရင်ခုန်စရာအပြည့်နဲ့ပါ။ မနီးမဝေးမှာ ယူနီဗာဆယ်စတူဒီယို - University Studio ကလည်းရှိနေပြန်တော့ ဖျော်ဖြေရေး၊ ဖန်တီးရာ၊ တီထွင်မှု အစုစုပေါင်းစပ်ပြီး သူဋ္ဌေးဖြစ်နိုင်တဲ့နေရာလို့လည်း တစ်ချို့က ပြောကြတယ်။


.
.
.          နောက်ထပ်အလားအလာအနေနဲ့ နည်းပညာနဲ့ထွင်းဖောက်မယ့် ရေခံ မြေခံကောင်းမွန်တဲ့ ကျောင်းအသိုက်အဝန်းဆိုတာမျိုးတက်ရတာကြောင့် စိတ်ကျေနပ်မှုအပြည့်ရှိတဲ့ကျောင်းသားတွေကို UCLA မှာ အမြဲလိုလိုတွေ့ရတတ်တယ်။
.
.          လော့အိန့်ဂျလိစ်လေဆိပ် - LAX ကနေ ကားနဲ့နာရီဝက်လောက်မောင်းရတဲ့ UCLA တစ်ဝိုက်မှာ မြို့ထဲကိုထိုးစိုက်ဆင်းသက်နေတဲ့ ကျောင်းသားမြို့တော်ရှိနေတယ်။ အဲဒီလို စူးစူးစိုက်စိုက် ပူပူအိုက်အိုက် L.A ဒေသတစ်ဝှမ်းမှာ ပညာရေး နဲ့ လေအေးတိုက်တဲ့နေရာကိုပြရရင်တော့  UCLA ကျောင်းရှိတဲ့ Westwood, Los Angeles ရပ်ကွက်တစ်ဝိုက်ဆိုတာ ပြောဖို့လိုမယ်မထင်တော့ပါဘူး။
.
.
.          အထူးအားဖြင့် ဒီနေရာကို စူးစမ်းချင်ပြီး အားအင်အပြည့်နဲ့ အနယ်နယ်အရပ်ရပ်ကလူငယ်တွေ လာစုကြတယ်။ မတူကွဲပြားခြင်းရဲ့သင်္ကေတ - Diversity ကို အင်အားတစ်ခုအဖြစ် ထင်ထင်ရှားရှားမြင်ရတယ်။ တစ်ယောက်နဲ့တစ်ယောက်ဟာ ကူညီဖို့စောင့်နေကြတယ်။ စာအသင်အပြကောင်းမှု နဲ့ ကျော်ကြားမှုအရာမှာ UC Berkeley နဲ့မတိမ်းမယိမ်းဖြစ်နေပေမယ့် ဘဝအကြောင်းသိသူတွေ UCLA မှာ ပိုတွေ့ရတယ်။
.
.         ကုန်ကျစားရိတ်ပေးပြီးတက်ရတာချင်းအတူတူ ကျောင်းအိပ်ကျောင်းစား (ဘော်ဒါဆောင် - Housing) အတွက် UC Berkeley က သူ့ကျောင်းပုရဝဏ်မှာ (၁) နှစ်နေခွင့်ရှိပေမယ့် UCLA က (၃) နှစ်အထိနေခွင့်ပေးထားတာ သိရပြန်တယ်။ သူ့ကျောင်းက ဝင်ခွင့်ခက်ပြန်တော့ အလုပ်ခွင်ဝင်တော့မယ့်ကျောင်းသားဟာ အတောင်ပံတပ်ပေးလိုက်သလို လောကကြီးထဲကို ပျံသန်းဖို့အဆင်သင့်ဖြစ်နေတိုင်း မိဘတွေရဲ့ရင်မှာ အင်မတန်ပျော်ရပါတယ်။
.
.
.          ဒါကြောင့် UCLA ကျောင်းသားတွေဟာ စာကြိုးစားတယ်၊ အတွေ့အကြုံအသစ် လိုချင်ကြတယ်၊ အင်္ဂလိပ်စာရေခံမြေခံ ကောင်းတယ်၊ ငွေရော၊ ဇွဲရော ရှိမယ် ဆိုပါရင် UCLA က ဦးစားပေးရွေးချယ်ရမယ့်ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။
.
.          USNWR Departmental Ratings အရ UCLA ကနေ အသင်အပြအကောင်းဆုံး မေဂျာ
ဋ္ဌာနတွေကို  အောက်မှာဖော်ပြပေးလိုက်ပါတယ်။ (မိမိတက်ချင်သောဘာသာရပ်ကိုသေချာစွာထပ်မံလေ့လာရန်သည် ကျောင်းသားတစ်ယောက်၏အရေးကြီးသည့်ကိုယ်ပိုင်တာဝန်ဖြစ်ပါသည်)
.
1) Clinical Psychology
2) Fine Arts
3) Psychology
4) Sociology
5) Mathematics
6) Public Health
7) Economics
8) Earth Sciences
9) Health Care Management
10) Chemistry
11) Physics
12) Public Affairs
13) Biological Sciences
14) Statistics
.
.
အပြီးသတ်အပိုင်း (၆) သို့။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 07-22-2017
.
.          "  ကျောင်းတွေထဲကကျောင်းကောင်းကောင်း။ အပြီးသတ် အပိုင်း (၆) "
.            ပြီးခဲ့တဲ့ (၂) နှစ်က အိမ်ကိုတဖွဲဖွဲရောက်လာတဲ့စာတွေက အထက်တန်းကျောင်းပြီးသွားတဲ့ " စွမ်း " ကို အခုလိုသိပ်ရင်မခုန်စေခဲ့ဘူး။ ဒီတစ်ခေါက်ကျတော့ ကိုယ်တိုင်စာစီစာကုံးရေး၊ ကိုယ်တိုင်အီးလ်မေးပို့ လိုအပ်တာတွေမေး၊ ကိုယ်တိုင် စကောလားရှစ်လျှောက်နဲ့ ဆိုတော့ ညနေပိုင်းရောက်ရင် သူက စာတိုက်ပုံးကစာကိုမျှော်နေတာ သတိထားမိတယ်။
.
.          ဒါနဲ့ သားရယ် . .  မျှော်မနေပါနဲ့ . . အရင်လည်း ဒီလိုစာတွေရောက်လာနေတာပဲ . . ဆိုတော့ ဒီတစ်ခါတော့ သားလျှောက်ထားတဲ့ကျောင်းတွေက စာပို့တာနောက်ကျတယ်။ တစ်ချို့ကျောင်းတွေက စာပြန်လို့ သူငယ်ချင်းတွေ ဘယ်ကျောင်းရတယ်ဆိုတာသိနေကြပြီ လို့ ပြန်ပြောတယ်။
.
.
.          ထင်တဲ့အတိုင်းပါပဲ။ တက္ကသိုလ်တစ်ခုက သူ့ကိုရွေးချယ်ကြောင်းစာတစ်စောင်ရောက်တိုင်း သူအရမ်းပျော်တယ်။ ဒါဟာ သူ့ဘဝမှာ အဆင့်ဆင့်သောစာမေးပွဲတွေထက် အရေးကြီးတယ်။ သူလျှောက်တဲ့ကျောင်းတိုင်း သူ့ကိုရွေးဖို့ဆိုတာ ကြိုးစားမှုတိုင်းအရာထင်ဖို့ " ပါရမီ " ဆိုတာ လိုတယ်။ စာအရေးအသား ညှက်ညောရမယ်။ အဆက်အသွယ် လုပ်တတ်ရမယ်။ ဒါတွေအားလုံးကို အထက်တန်းကျောင်းကနေသင်ယူခွင့်ရခဲ့တာကြောင့် မိဘတွေအနေနဲ့ တကူးတကလိုက်မလုပ်ပေးရလို့ အတော်လေးသက်သာတယ်လို့ပြောရလိမ့်မယ်။
.
.          ကလေးငယ်ကိုငယ်ငယ်ကတည်းကထိန်းကျောင်းပျိုးထောင်ပေးခဲ့တဲ့မိဘတွေအတွက် သားသမီးတစ်ယောက်ဘယ်အရွယ်ရောက်ရောက် ကလေးလိုပဲမြင်သလား?
ဒါမှမဟုတ် လူကြီးနေရာထားပြီး တစ်ဆင့်မြှင့် ဆက်ဆံသလား? ဆိုတာက ကလေးဟာ ကောလိပ် နဲ့ တက္ကသိုလ်သွားတဲ့အခါမှာ အဖြေထွက်ပါတယ်။
.
.
.          သူအမြဲပြောတာတစ်ခုရှိတယ် " သားက အခုစာတော်တာ ကံကောင်းတယ်လို့ပြောလို့ရသလို သားအတွက်လည်း ဖိအားတော်တော်ရှိနေတယ် "
.
" တစ်ချို့သူငယ်ချင်းတွေဆို စာမတော်ကြတော့ သူတို့မိဘတွေစိတ်ဓါတ်ကျတာတွေ့ဖူးတယ်။ သူတို့ကိုယ်တိုင်ပျော်အောင်လည်း မနေနိုင်သလို မိဘတွေဂုဏ်ယူရအောင်လည်းမလုပ်ပေးနိုင်တဲ့အခါကျတော့ . . စဉ်းစားကြည့် . .  တစ်မိသားစုလုံး ဘယ်လောက်စိတ်ညစ်ကြမလဲ? "
.
" ဒီအတွက် သားက မိဘတွေဂုဏ်ယူဖို့ တစ်ခုခုလုပ်ပေးနိုင်လို့သားပျော်ရပေမယ့် သားအစ်မ နဲ့ သား တို့အတွက် ဒီနိုင်ငံကိုလာပြီး အလုပ်ပျက်၊ အကိုင်ပျက်၊ သူများထက်အနှိမ်ခံ၊ အပင်ပန်းခံ လုပ်ကိုင်ရှာဖွေထောက်ပံ့ပေးတဲ့ မိဘတွေကို သနားသလို သိပ်လည်း ကျေးဇူးတင်မိတယ် "
.
.
.          ဒါကြောင့် ဖိအားအကြီးမားဆုံးက " သားကိုယ်သားပေးတဲ့ ဖိအားပါပဲ " လို့ သူကဆက်ပြောတယ်။ ဟုတ်တယ် . . သူ့လို (၉) နှစ်သားအရွယ်နဲ့ အမေရိကားကိုလိုက်လာခဲ့တဲ့ မျက်စိအောက်က ကလေးတစ်ယောက် လူလားမြောက်ပြီမို့ တစ်ဆင့်တင်ပြီး လူရာသွင်း စဉ်းစားကြည့်တယ်။
.
.          လူ့လောကအကြောင်း သူကောင်းကောင်းလေ့လာရဦးမယ်။ သူ့ဘဝတစ်လျှောက်လုံး လူလိမ်လူကောက်မတွေ့ပါစေနဲ့လို့ ကျွန်တော် နဲ့ သူ့အမေဆုတောင်းပေးနေတာ ထိုက်သင့်တဲ့အမွေ မဟုတ်သေးဘူး။
.
မတွေ့သေးတဲ့လူလိမ်လူကောက်ကိုရှောင်ကွင်းတတ်အောင်သင်ပေးနိုင်တာကမှ ပညာရေး။
.
မျက်စိရှေ့ရောက်လာတဲ့လူဟာ ဘယ်လိုလူစားမျိုးလဲဆိုတာကို သူ့အတွင်းစိတ်နဲ့သူ ခွဲခြားနိုင်တာကမှ ပညာရေး လို့  . . ကျွန်တော်ခံယူတယ်။
.
.            ဒါတွေကို ဆက်စပ်တွေးတောပြီး အနီးအနားကကျောင်းထက် အဝေးက UCLA ကိုရွေးတဲ့ " စွမ်း " ကို မိဘနားမနေပဲ အဝေးမှာကျောင်းသွားတက်တယ်လို့ ကျွန်တော်အပြစ်မဆိုတော့ဘူး။
ရေကူးတတ်ချင်တဲ့လူကို ရေကန်ထဲပေးဆင်းရတော့မှာပဲ။
သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်ဖို့ သူ့ကိုကျွန်တော်လမ်းပေးလျှောက်မှ ဖြစ်တော့မယ်။
.
UC Irvine
UC San Diego နဲ့
UC Davis ကျောင်း (၃) ကျောင်းတို့က
သူ့ကို Honored Student  အနေနဲ့ခေါ်တော့ မိဘတွေက အတိုင်းမသိဝမ်းသာရပေမယ့်
သူစိတ်ဝင်စားတဲ့ကျောင်း
သူရင်ခုန်တဲ့ကျောင်းကို
လွတ်လွတ်လပ်လပ်ပေးသွားတက်ချင်တယ်။
.
.
.          UCLA က တစ်ခြားကျောင်းတွေထက်ထူးပြီး ကျောင်းတွင်းမိတ်ဆက်ပွဲ -  Orientation ကို (၃) ရက်လုပ်မယ်လို့ ပြောတယ်။ စွမ်း က တစ်ရက်ကြိုသွားပြီး ကျွန်တော်က တတိယမြောက်နေ့မှာကျရောက်တဲ့မိဘတွေ့ဆုံပွဲကိုလိုက်သွားဖို့စီစဉ်ထားတယ်။  နောက်လ (၂ဝ၁၇) ဩဂုတ်လ ဆိုရင် (၄) နှစ်တာကျင်လည်မယ့်သူ့အတွက် နေရာသစ်လောကတစ်ခုကို လေ့လာခွင့်ရတော့မယ်။ နောက်ထပ်တစ်လဆိုရင် သူ့ဘဝ တကယ်စတင်ရတော့မယ်။ ကျွန်တော့ရည်မှန်းချက်တွေရောက်ဖို့ အချိန်ကာလတစ်ခုအထိသာစောင့်ရပါတော့မယ်။
.
.          ခင်လျက်
.
.          ကိုညီညီ (တောင်ကြီး)
.          07-22-2017



No comments: