ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Thursday, June 28, 2018

ညီတို့ နောင်တို့ ပြင်ဆင်ကြလေပြီ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
.
ချော့ကလက်တစ်လုံးကို
နေပူထဲမှာ ကာလကြာ ထားမိခဲ့သလို
အရည်လဲပျော်ခဲ့ဖူးပါပြီ
ပုံဆောင်မဲ့လဲ နေခဲ့ဖူးပါပြီ
.
ပညာတစ်ခုကို မသက်မညှာ
အသက်ကြီးမှ တသသ သင်ရမယ်လို့
ကျောင်းထဲလည်း သွားသင်ဖူးပါပြီ
အွန်လိုင်းကနေလဲ မြင်ခဲ့ဖူးပါပြီ
.
.
နွေရော်ရင့်ကြာ ရွက်ဝါလို
အအုပ်အကာအမိုး ကြိုးစားကာကွယ်ပေးပြီးပါပြီ
ခွဲခွါသွားတော့မယ့်ဘဝအတွက်လည်း
ဆင်ခြင်နေခဲ့ပြီးပါပြီ
.
ဘဝတစ်ခုကိုအဝေးမြေမှာ
ဝေဝေလီ ဆယ်စုနှစ်ချီ ကြာခဲ့သလို
နေမယ်လို့လဲ ပျော်ခဲ့ဖူးပါပြီ
သေမယ်လို့လဲ မျှော်ခဲ့ဖူးပါပြီ
.
.
တစ်ခုခုဆုံးဖြတ်ဖို့ အချိန်ကျပြီ
စိတ်ဓါတ်တွေကို ပြင်လို့
ပြည်တော်ကြီးကို ပြန်ဝင်ဖို့
ညီတို့ နောင်တို့ ပြင်ဆင်ကြလေပြီ
.
.
ခင်လျက်
ကိုညီညီ (တောင်ကြီး)
06-28-2018

No comments: