ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, September 21, 2015

ေစ်းကြက္အားလံုးျပန္ရဖုိ႕ၾကိဳးပမ္းေနတဲ႕ Nike

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
.
ႏိုက္ကီ -  Nike အားကစားပစၥည္းထုတ္ကုမၸဏီဟာ ဖိနပ္ေစ်းကြက္သာမက ၾကပ္ၾကပ္ရပ္ရပ္အဝတ္အစားေစ်းကြက္ကိုပါ အပိုင္ျပန္ရဖုိ႕ ၾကိဳးပမ္းေနပါတယ္။ နာမည္အၾကီးဆံုးျဖစ္ေနေပမယ္႕ ျပဳိင္ဆိုင္မႈၾကီးမားတဲ႕ အေနာက္ႏုိင္ငံကုမၸဏီျဖစ္တာနဲ႕အညီ နည္းပညာသစ္ထြင္ျပီးျပိဳင္မလား၊ ဒီဇုိင္းသစ္နဲ႕လန္းေအာင္ထုတ္လုပ္မလား .. ဒါေတြေပၚမွာ က်ားကုတ္က်ားခဲ ျပိဳင္ဆိုင္ရပါတယ္။
.
အဒီးဒက္စ္ - Adidas ကုိအခ်ိန္တိုအတြင္းေက်ာ္တက္ျပီး ကမၻာ႕ဒုတိယေရာင္းအားအေကာင္းဆံုးအားကစားအဝတ္အစားထုတ္လုပ္သူအျဖစ္တက္လွမ္းလာသူ အမ္ဒါအာမာ - Under Armour ရဲ႕အက်ီၤဆိုရင္ သမၼတအိုဘားမား အလက္စကားျပည္နယ္သြားတုန္းကဝတ္ခဲ႕တဲ႕အခ်ိန္မတိုင္ခင္ကတည္းက နာမည္ၾကီးေနခဲ႕တာ ပါ။ ဒီ႕ေနာက္မွာေတာ႕ အခုေနာက္ပိုင္း အမ်ိဳးသမီးဝတ္ ေယာဂထည္ - Yoga Pant ဒီဇုိင္းအသစ္ေတြထြင္ျပီး ေရွ႕ညီေနာင္ကုမၸဏီမ်ားကို ပုခံုးတိုက္ယွဥ္ျပိဳင္ေရာင္းခ်လာတဲ႕ လူလူလီမြန္ - Lululemon ဟာ Nike ရဲ႕ အနီးကပ္ဆံုးျပိဳင္ဘက္ျဖစ္လာပါတယ္။
.
.
ေယာဂထည္ဆိုေပမယ္႕ တရားထိုင္တဲ႕ေယာဂက်င္႕စဥ္လုပ္တဲ႕အခါဝတ္တာမ်ိဳးကို ဆိုလိုတာမဟုတ္ပဲ လႈပ္ရွားမႈလြယ္ကူသေလာက္ ေျပးရလႊားရလြယ္ကူတဲ႕ အေျပးဝတ္စံု - Running Tights ကုိ ေခၚဆိုတာျဖစ္ပါတယ္။ အခုအေနာက္ႏုိင္ငံမွာ လုပ္ငန္းစြမ္းေဆာင္ရည္ျမင္႕တက္လာေအာင္ အားကစားကုိယ္ၾကပ္ဝတ္စံုဝတ္ျပီး အလုပ္ေပးတက္တဲ႕ကုမၸဏီတစ္ခ်ိဳ႕ရွိလာတဲ႕အထိ လက္ခံလာၾကတယ္။
.
တစ္ေလာေလးကမွ ကယ္လီဖိုးနီးယားျပည္နယ္ရဲ႕ နယူးေပါ႕ကမ္းေျခ - Newport Beach ျမိဳ႕မွာ လူလူလီမြန္ပစၥည္းေတြကုိ အာရံုေရာက္သြားျပီး စမ္းသပ္ဝယ္ဝတ္ၾကတဲ႕ အမ်ိဳးသမီးထုပရိသတ္ကို ျပန္လည္ဆြဲေဆာင္ဖို႕ အားကစားအဝတ္အစားေရာင္းတဲ႕ Nike စတူဒီယုိကုိ စတင္ဖြင္႕လွစ္ခဲ႕တယ္။
.
အဲဒီဆိုင္ထဲမွာ ကိုယ္ၾကပ္အားကစားဝတ္စံုေတြစမ္းဝတ္ၾကည္႕ဖို႕ေနရာေတြပါတယ္။ ၾကိဳက္တဲ႕ဖိနပ္စီးရံုမက အားကစားလုပ္ၾကည္႕ျပီး ကုိယ္႕ေျခေထာက္နဲ႕ကိုက္မကိုက္ စမ္းစီးၾကည္႕လို႕ရတယ္။ အားကစားလုပ္တဲ႕ဘရာစီယာဝတ္ၾကည္႕ျပီး အိပ္-ထ-မ-တင္ လုပ္ၾကည္႕ရံုနဲ႕မေက်နပ္ေသးလည္း ကုိယ္လံုးေပၚမွန္ေရွ႕မွာ ကိုယ္႕ရဲ႕ကိုယ္ေနဟန္ထားနဲ႕လုိက္မယ္႕ ေစ်းမၾကီးတဲ႕ဝတ္စံုကုိ ဝတ္ၾကည္႕ႏုိင္တယ္။ ဒီ႕ထက္ကဲလို႕ ေပါင္ၾကပ္ Legging ေတြ ေကာက္စြပ္ၾကည္႕ျပီး ေမာ္ဒယ္ဂဲလ္လို ေလွ်ာက္ၾကည္႕လို႕ရပါေသးတယ္။
.
.
စတုရန္းေပ ( ၆ဝဝဝ ) ေပၚမွာ ေစ်းကြက္ျပန္လုဖို႕ရည္ရြယ္ျပီးတည္ေဆာက္ထားတဲ႕ အေဆာက္အဦးထဲမွာ အေျပးေလ႕က်င္႕မလား .. အားကစားလုပ္မလား စတဲ႕ သင္တန္းကလပ္မ်ိဳးစံုနဲ႕လည္း ခ်ိတ္ဆက္ေပးဦးမယ္လို႕ ဆိုပါတယ္။ “ ကြ်န္မတို႕ Nike ပစၥည္းေတြကိုစြန္႕ခြာျပီး Lululemon ကုိ ေျပာင္းဝတ္ၾကသူေတြ အမ်ားၾကီးရွိလာတယ္။ သူတုိ႕ကို တကယ္ျပန္ေခၚခ်င္ေတာ႕ ေခၚရခက္တယ္။ ဒီ Lululemon ပစၥည္းေတြဟာ Nike ပစၥည္းေတြကုိသာမဟုတ္ပဲ တစ္ျခားအမ်ိဳးသမီးသံုးစူပါတံဆိပ္ေတြျဖစ္တဲ႕ Athleta ၊ Sweaty Betty နဲ႕ အတြင္းခံေဘာင္းဘီဧကရီ Victoria’s Secret တုိ႕ပါ အထိနာေစခဲ႕တယ္ ” လုိ႕ Nike Women ႒ာနကုိကိုယ္တြယ္သူ အၾကီးအကဲတစ္ေယာက္က ေျပာသြားပါတယ္။
.
Nike ဟာ ဖိနပ္က႑မွာလည္း လြတ္သြားတဲ႕ေစ်းကြက္ေတြျပန္ရဖို႕ အပူမီးေတာက္ေလာင္ - On Fire ျဖစ္ေနရျပန္တယ္လုိ႕ သတင္းစာေတြက ဖိေရးၾကတယ္။ သိၾကတဲ႕အတုိင္း အရင္းရွင္စီးပြားေရးမွာ အသစ္ထြင္ႏုိင္မွကိုယ္႕ပစၥည္းဘုရင္ျဖစ္ႏုိင္မွာမုိ႕ ေက်ာ္ၾကားျပီး ႏိုင္ပြဲဆင္႕ေနၾကတဲ႕ အေက်ာ္အေမာ္အားကစားသမားေတြကို ေငြပံုေအာေပးျပီး ငွားရ၊ စာခ်ဳပ္ခ်ဳပ္ရတဲ႕အလုပ္ေတြမွာ Nike ဟာ အျမဲလက္ဦးမႈရယူႏုိင္ခဲ႕တယ္။ အားကစားသမားေတြ ဘယ္ဝတ္စံုဝတ္ဝတ္ မျဖစ္မေနစီးနင္းရတာက ျပိဳင္ပြဲ၊ ေလ႕က်င္႕ကြင္းနဲ႕လုိက္ဖက္ညီမယ္႕ အားကစားဖိနပ္ပါပဲ။ ဒါကို Nike က မရအရ အားျပဳထုိးေဖာက္ ေစ်းကြက္ရွာပါတယ္။
.
.
အခုေနာက္ဆံုး Nike ရဲ႕ တီထြင္မႈအရ အားကစားသမားမ်ားေရာ၊ သာမန္ေန႕စဥ္ဝတ္ဆင္မႈ - Casual Wearer  ေတြအတြက္ မ်က္စိက်ေစေလာက္တဲ႕ ပ်ံဝဲခ်ည္ထုိးဖိနပ္ - Flyknit Shoes ဆိုရင္ ကြန္ပ်ဴတာနည္းပညာအသစ္ေတြေပၚမွာ ဆင္႕ပြားတည္ေဆာက္ထားတာျဖစ္သလို ေအာင္ျမင္မႈကလည္း အံ႕မခန္းပါပဲ။ လြန္ခဲ႕တဲ႕ ( ၂ ) ႏွစ္ကတည္းက မိတ္ဆက္ေအာင္ျမင္ခဲ႕တဲ႕ Flynit မွာသံုးတဲ႕ ကုန္ၾကမ္းေတြမွာ ေပါ႕ပါးသလို ၾကံခိုင္မႈမွာလည္း သူ႕ခ်ည္းခ်ည္းရပ္တည္ႏုိင္တဲ႕ခ်ည္အမ်ိဳးအစားေတြ ပါဝင္ပါတယ္။
.
ျပီးေတာ႕ ဒီဖိနပ္ကိုစီးထားလိုက္ရင္ ေျခအိတ္ဝတ္ထားသလို မိမိေျခေထာက္ကိုကြက္တိလႊမ္းျခံဳထားျပီး ႏူးညံ႕စြာေႏြးေထြးမႈေပးႏိုင္မယ္လို႕ သိရပါတယ္။ ဒီဖိနပ္မွာ အလိုအေလ်ာက္ခ်ည္ထိုးအပ္ခ်ဳပ္စက္ - Automates High-Tech Knitting Technology ကုိသံုးထားျပီး ဖိနပ္ရဲ႕ခ်ည္သားတစ္ခုလံုးကို လိုတဲ႕အပိုင္းအစေတြတစ္ခုျပီးတစ္ခု ျဖတ္-ညွပ္-ကပ္ လုပ္ထားျခင္းမဟုတ္ပဲ အားလံုးကိုတစ္စထဲခ်ဳပ္လုပ္ထားတာက “ ဖိနပ္ရဲ႕အေကာင္းဆံုးတင္းအား ” ကို ေပးႏိုင္စြမ္းတာျဖစ္ပါတယ္။
.
.
အခုလက္ရွိမွာ အားကစားဖိနပ္ေရာင္းအားရဲ႕ ( ၆၂% ) ကုိ Nike က ရရွိထားပါတယ္။ ဒါဟာ သူ႕ျပိဳင္ဖက္ Adidas ၊ Skechers  နဲ႕ Asics တံဆိပ္တို႕ရဲ႕ေရာင္းအားေပါင္းျခင္းတန္ဖိုးရဲ႕ ( ၄ ) ဆ ရွိတယ္ဆုိရင္ မအံ႕ၾသသြားၾကပါနဲ႕။ တစ္ျခားကုမၸဏီေတြက မနည္းရပ္တည္ေနရခ်ိန္မွာ Nike ကေတာ႕ သူ႕ရဲ႕ႏွစ္စဥ္တုိးတက္ႏႈန္းမ်ဥ္းေကြးေပၚမွာ ေဒၚလာ ( ၂၈ ) ဘီလ်ံနဲ႕ အညိမ္႕သား စီးနင္းလိုက္ပါလ်က္ပါ။
.
မၾကာေသးခင္ကျပဳလုပ္ခဲ႕တဲ႕စီးပြားေရးစစ္တမ္းတစ္ခုအရ လူငယ္ေတြၾကားၾကိဳက္ႏွစ္သက္မႈအရွိဆံုးကုန္အမွတ္တံဆိပ္စာရင္းမွာ နာမည္ၾကီး Apple ၊ Coca-Cola  နဲ႕ Nintendo တို႕ကုိ ေက်ာ္တက္သြားခဲ႕တယ္။ လူငယ္ေတြဟာ သူတို႕စိတ္ထဲကၾကိဳက္တဲ႕တံဆိပ္ကို တမ္းတမ္းစြဲရူးသြပ္စြာဝတ္ဆင္ၾကတယ္ လို႕ လူမႈေရးစစ္တမ္းတစ္ခုက ညႊန္းျပန္ပါတယ္။ လူၾကီးပိုင္း နဲ႕ လူလတ္ပိုင္းေတြဟာလည္း ဒီအတိုင္းပဲ .. အေမးအျမန္းမရွိ Nike ကို ဝတ္ဆင္ေနၾကတုန္းပါဆုိတာ ပတ္ဝန္းက်င္ကုိေလ႕လာရံုနဲ႕သိႏုိင္ပါတယ္။
.
.
အေရွ႕ပိုင္း ႏွစ္ ( ၂ဝ ) ေလာက္တုန္းက ႏိုင္ငံရပ္ျခားမွာခ်ဳပ္လုပ္တဲ႕စက္ရံုေတြမွာ ေစ်းႏွိမ္တဲ႕လုပ္ခလစာေပးခဲ႕မႈေတြေၾကာင္႕ Nike ဟာ အဖက္ဖက္ကေဝဖန္မႈေတြနဲ႕ရင္ဆိုင္ခဲ႕ရတယ္။ မည္သို႕ပင္ျဖစ္ေစကာမူ ဝိုင္းအံုဝတ္ဆင္သူမ်ားေၾကာင္႕ Nike ရဲ႕ စီးပြားေရး ( ၁ဝ% ) တိုးတက္ခဲ႕တယ္ဆုိတာကုိ လြန္ခဲ႕တဲ႕သီတင္းပတ္ကထြက္ေပၚလာတဲ႕ ဘ႑ာႏွစ္အလုိက္ရွယ္ယာရွင္မ်ားအစည္းအေဝးထုတ္ျပန္ခ်က္အရ ေဒၚလာ ( ၃ဝ.၆ ) သန္း အထိရွိလာခဲ႕တာက သက္ေသခံေနပါတယ္။
.
သူ႕ရဲ႕စီးပြားေရးကြန္ယက္ဟာ ကူးစက္မႈလြယ္ကူေစေလာက္ေအာင္ ႏိုင္ငံေပါင္း ( ၁၉ဝ ) အတြင္းမွာ ေျခကုပ္ယူထားတာမုိ႕ ျမဲျမဲျမံျမံအေျခအျမစ္စုိက္တည္ထားတဲ႕နည္းဗ်ဴဟာျဖစ္တယ္လို႕ မွတ္သားရျပန္ပါတယ္။ Nike ရဲ႕ ေစ်းကြက္လက္တံအသီးသီးကျပဳိင္ဖက္စာရင္းကိုျပဳစုရရင္ Under Armour ၊ New Balance ၊ Adidas နဲ႕ Lululemon တို႕ကုိ ထည္႕သြင္းစဥ္းစားရပါလိမ္႕မယ္။
.
ေနာက္ဆံုးနာမည္ၾကီးေနတာကေတာ႕ Flyknit စီးရီးထဲက Nike ရဲ႕ LunarTempo ေမာ္ဒယ္ပါ။ သူ႕ဖိနပ္က တာေဝးအေျပးသမားမ်ားအတြက္ ဒီဇိုင္းထုတ္ထားတာ ျဖစ္ပါတယ္။ ေအာက္က ဖိနပ္အေျချပား - Sole ဟာ ေျပးလမ္းအတြင္းကုတ္ယူအားေကာင္းလွျပီး ဖိနပ္ၾကိဳးဟာ အလွျပသက္သက္လို႕ထင္ရတယ္။ ဒါေၾကာင္႕ စီးမယ္႕အားကစားသမားဟာ ေျခအိတ္ထဲကိုေျခေထာက္ထုိးသြင္းလုိက္ႏုိင္သလို အသာေလး စီးလြယ္-ခ်ြတ္လြယ္ သက္ေတာင္႕သက္သာ အသြင္အျပင္ နဲ႕ ေရာင္စံုဖိနပ္ေလးေတြကို ၾကိဳက္ႏွစ္သက္ၾကမွာ အမွန္ပါပဲ။
.
.
Nike ရဲ႕ လႊမ္းမိုးမႈက ဒီမွာတင္မရပ္ေသးပါဘူး။ လက္ကိုင္ဖုန္းေတြေပၚအထိ Nike+ App နဲ႕ တက္ေရာက္ျခယ္လွယ္ေနတယ္။ မိမိတယ္လီဖုန္းမွာ Nike + App ကုိ ဖြင္႕ထားလိုက္ရင္ ေျပလမ္း - Route ၊ အကြာအေဝး - Distance ၊ အျမန္ႏႈန္း - Pace ၊ ၾကာခ်ိန္ - Time နဲ႕ ေလာင္ကြ်မ္းသြားတဲ႕ကယ္လုိရီ - Calories Burnt တို႕ကို စာရင္းျပဳစုထားေပးမွာျဖစ္သလို ၾကိမ္ဖန္မ်ားစြာေလ႕က်င္႕ခန္းလုပ္သူမ်ားအတြက္ က်န္းမာေရးမွတ္တမ္းအျဖစ္အသံုးဝင္လွပါတယ္။
.
အက်ိဳးဆက္အေနနဲ႕ အေမရိကန္မွာ ( ၂ဝဝ၅ ) ခုႏွစ္ေနာက္ပိုင္း အေျပးျပိဳင္ပြဲေတြမွာပါဝင္လာတဲ႕ အားကစားသမားဦးေရဟာ ( ၉% ) တိုးလာတယ္။ လူၾကီးမိဘေတြက အဝလြန္ျခင္း - Obesity ကုိ တိုက္ဖ်က္ဖို႕ အစားေလွ်ာ႕စားျခင္း - Diet ကုိ တြန္းအားေပးေနခ်ိန္မွာ အေမရိကန္လူငယ္ေတြက “ အားကစားလုပ္မွရမယ္ ” ဆိုတဲ႕အသိက ဒီကိန္းဂဏန္းတက္လာေစဖို႕ ပံ႕ပုိးမႈအေၾကာင္းအခ်င္းရာတစ္ခု ျဖစ္လာေနပါတယ္။
.
.
အားကစားအဝတ္အစားေလ႕လာသံုးသပ္သူတစ္ဦးက “ Nike ရဲ႕ ဆက္တိုက္ဆိုသလုိ အသစ္ .. အသစ္ ျဖစ္ေနေအာင္ ဆင္႕ကဲတီထြင္ထုတ္ေရာင္းတဲ႕ ကုန္ပစၥည္းအသစ္ေတြေၾကာင္႕ သံုးစြဲသူပရိသတ္ ပိုရခဲ႕တယ္။ ဒါေၾကာင္႕ အလႊာအစံုက အသက္အရြယ္ အဆင္႕အတန္းမခြဲျခားပဲ Nike ဖိနပ္ နဲ႕ သူ႕ထြက္ကုန္ေတြကုိ ဝတ္ဆင္လာခဲ႕ၾကတာပဲ ”
.
“ တိုးပြားလာတဲ႕ လူမႈဝန္းက်င္လႈပ္ရွားမႈေတြက အားစကားပစၥည္း - Athleisure ေတြကုိ ပိုမုိဝယ္ယူသံုးစြဲလာၾကတယ္ .. သက္ေတာင္႕သက္သာဖိနပ္ေတြ အျမဲလုိလုိစီးနင္းလာၾကတယ္။ အခုေခတ္လူေတြၾကားမွာ ဖက္ရွင္ဒီဇုိင္းဆန္းဆန္းေတြအစား အားကစားဖိနပ္၊ အားကစားဝတ္စံုေတြ တိုးျမွင္႕ဝတ္ဆင္လာတာက လူေတြအတြက္ပိုေကာင္းသလို Nike ကုမၸဏီကုိလည္း ပိုမိုခ်မ္းသာေစပါတယ္ ” လုိ႕ မွတ္ခ်က္ေပးထားတဲ႕အေၾကာင္း တင္ျပလိုက္ပါတယ္။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
09-21-2015
.
ရည္ညႊန္းကိုးကား - Business Insider
.
.
.
Myanmar Unicode Version:
.
.

“ ဈေးကွက်အားလုံးပြန်ရဖို့ကြိုးပမ်းနေတဲ့ Nike ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
နိုက်ကီ -  Nike အားကစားပစ္စည်းထုတ်ကုမ္ပဏီဟာ ဖိနပ်ဈေးကွက်သာမက ကြပ်ကြပ်ရပ်ရပ်အဝတ်အစားဈေးကွက်ကိုပါ အပိုင်ပြန်ရဖို့ ကြိုးပမ်းနေပါတယ်။ နာမည်အကြီးဆုံးဖြစ်နေပေမယ့် ပြိုင်ဆိုင်မှုကြီးမားတဲ့ အနောက်နိုင်ငံကုမ္ပဏီဖြစ်တာနဲ့အညီ နည်းပညာသစ်ထွင်ပြီးပြိုင်မလား၊ ဒီဇိုင်းသစ်နဲ့လန်းအောင်ထုတ်လုပ်မလား .. ဒါတွေပေါ်မှာ ကျားကုတ်ကျားခဲ ပြိုင်ဆိုင်ရပါတယ်။
.
အဒီးဒက်စ် - Adidas ကိုအချိန်တိုအတွင်းကျော်တက်ပြီး ကမ္ဘာ့ဒုတိယရောင်းအားအကောင်းဆုံးအားကစားအဝတ်အစားထုတ်လုပ်သူအဖြစ်တက်လှမ်းလာသူ အမ်ဒါအာမာ - Under Armour ရဲ့အကျီၤဆိုရင် သမ္မတအိုဘားမား အလက်စကားပြည်နယ်သွားတုန်းကဝတ်ခဲ့တဲ့အချိန်မတိုင်ခင်ကတည်းက နာမည်ကြီးနေခဲ့တာ ပါ။ ဒီ့နောက်မှာတော့ အခုနောက်ပိုင်း အမျိုးသမီးဝတ် ယောဂထည် - Yoga Pant ဒီဇိုင်းအသစ်တွေထွင်ပြီး ရှေ့ညီနောင်ကုမ္ပဏီများကို ပုခုံးတိုက်ယှဉ်ပြိုင်ရောင်းချလာတဲ့ လူလူလီမွန် - Lululemon ဟာ Nike ရဲ့ အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်လာပါတယ်။
.
.
ယောဂထည်ဆိုပေမယ့် တရားထိုင်တဲ့ယောဂကျင့်စဉ်လုပ်တဲ့အခါဝတ်တာမျိုးကို ဆိုလိုတာမဟုတ်ပဲ လှုပ်ရှားမှုလွယ်ကူသလောက် ပြေးရလွှားရလွယ်ကူတဲ့ အပြေးဝတ်စုံ - Running Tights ကို ခေါ်ဆိုတာဖြစ်ပါတယ်။ အခုအနောက်နိုင်ငံမှာ လုပ်ငန်းစွမ်းဆောင်ရည်မြင့်တက်လာအောင် အားကစားကိုယ်ကြပ်ဝတ်စုံဝတ်ပြီး အလုပ်ပေးတက်တဲ့ကုမ္ပဏီတစ်ချို့ရှိလာတဲ့အထိ လက်ခံလာကြတယ်။
.
တစ်လောလေးကမှ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ နယူးပေါ့ကမ်းခြေ - Newport Beach မြို့မှာ လူလူလီမွန်ပစ္စည်းတွေကို အာရုံရောက်သွားပြီး စမ်းသပ်ဝယ်ဝတ်ကြတဲ့ အမျိုးသမီးထုပရိသတ်ကို ပြန်လည်ဆွဲဆောင်ဖို့ အားကစားအဝတ်အစားရောင်းတဲ့ Nike စတူဒီယိုကို စတင်ဖွင့်လှစ်ခဲ့တယ်။
.
အဲဒီဆိုင်ထဲမှာ ကိုယ်ကြပ်အားကစားဝတ်စုံတွေစမ်းဝတ်ကြည့်ဖို့နေရာတွေပါတယ်။ ကြိုက်တဲ့ဖိနပ်စီးရုံမက အားကစားလုပ်ကြည့်ပြီး ကိုယ့်ခြေထောက်နဲ့ကိုက်မကိုက် စမ်းစီးကြည့်လို့ရတယ်။ အားကစားလုပ်တဲ့ဘရာစီယာဝတ်ကြည့်ပြီး အိပ်-ထ-မ-တင် လုပ်ကြည့်ရုံနဲ့မကျေနပ်သေးလည်း ကိုယ်လုံးပေါ်မှန်ရှေ့မှာ ကိုယ့်ရဲ့ကိုယ်နေဟန်ထားနဲ့လိုက်မယ့် ဈေးမကြီးတဲ့ဝတ်စုံကို ဝတ်ကြည့်နိုင်တယ်။ ဒီ့ထက်ကဲလို့ ပေါင်ကြပ် Legging တွေ ကောက်စွပ်ကြည့်ပြီး မော်ဒယ်ဂဲလ်လို လျှောက်ကြည့်လို့ရပါသေးတယ်။
.
.
စတုရန်းပေ ( ၆ဝဝဝ ) ပေါ်မှာ ဈေးကွက်ပြန်လုဖို့ရည်ရွယ်ပြီးတည်ဆောက်ထားတဲ့ အဆောက်အဦးထဲမှာ အပြေးလေ့ကျင့်မလား .. အားကစားလုပ်မလား စတဲ့ သင်တန်းကလပ်မျိုးစုံနဲ့လည်း ချိတ်ဆက်ပေးဦးမယ်လို့ ဆိုပါတယ်။ “ ကျွန်မတို့ Nike ပစ္စည်းတွေကိုစွန့်ခွာပြီး Lululemon ကို ပြောင်းဝတ်ကြသူတွေ အများကြီးရှိလာတယ်။ သူတို့ကို တကယ်ပြန်ခေါ်ချင်တော့ ခေါ်ရခက်တယ်။ ဒီ Lululemon ပစ္စည်းတွေဟာ Nike ပစ္စည်းတွေကိုသာမဟုတ်ပဲ တစ်ခြားအမျိုးသမီးသုံးစူပါတံဆိပ်တွေဖြစ်တဲ့ Athleta ၊ Sweaty Betty နဲ့ အတွင်းခံဘောင်းဘီဧကရီ Victoria’s Secret တို့ပါ အထိနာစေခဲ့တယ် ” လို့ Nike Women ဋ္ဌာနကိုကိုယ်တွယ်သူ အကြီးအကဲတစ်ယောက်က ပြောသွားပါတယ်။
.
Nike ဟာ ဖိနပ်ကဏ္ဍမှာလည်း လွတ်သွားတဲ့ဈေးကွက်တွေပြန်ရဖို့ အပူမီးတောက်လောင် - On Fire ဖြစ်နေရပြန်တယ်လို့ သတင်းစာတွေက ဖိရေးကြတယ်။ သိကြတဲ့အတိုင်း အရင်းရှင်စီးပွားရေးမှာ အသစ်ထွင်နိုင်မှကိုယ့်ပစ္စည်းဘုရင်ဖြစ်နိုင်မှာမို့ ကျော်ကြားပြီး နိုင်ပွဲဆင့်နေကြတဲ့ အကျော်အမော်အားကစားသမားတွေကို ငွေပုံအောပေးပြီး ငှားရ၊ စာချုပ်ချုပ်ရတဲ့အလုပ်တွေမှာ Nike ဟာ အမြဲလက်ဦးမှုရယူနိုင်ခဲ့တယ်။ အားကစားသမားတွေ ဘယ်ဝတ်စုံဝတ်ဝတ် မဖြစ်မနေစီးနင်းရတာက ပြိုင်ပွဲ၊ လေ့ကျင့်ကွင်းနဲ့လိုက်ဖက်ညီမယ့် အားကစားဖိနပ်ပါပဲ။ ဒါကို Nike က မရအရ အားပြုထိုးဖောက် ဈေးကွက်ရှာပါတယ်။
.
.
အခုနောက်ဆုံး Nike ရဲ့ တီထွင်မှုအရ အားကစားသမားများရော၊ သာမန်နေ့စဉ်ဝတ်ဆင်မှု - Casual Wearer  တွေအတွက် မျက်စိကျစေလောက်တဲ့ ပျံဝဲချည်ထိုးဖိနပ် - Flyknit Shoes ဆိုရင် ကွန်ပျူတာနည်းပညာအသစ်တွေပေါ်မှာ ဆင့်ပွားတည်ဆောက်ထားတာဖြစ်သလို အောင်မြင်မှုကလည်း အံ့မခန်းပါပဲ။ လွန်ခဲ့တဲ့ ( ၂ ) နှစ်ကတည်းက မိတ်ဆက်အောင်မြင်ခဲ့တဲ့ Flynit မှာသုံးတဲ့ ကုန်ကြမ်းတွေမှာ ပေါ့ပါးသလို ကြံခိုင်မှုမှာလည်း သူ့ချည်းချည်းရပ်တည်နိုင်တဲ့ချည်အမျိုးအစားတွေ ပါဝင်ပါတယ်။
.
ပြီးတော့ ဒီဖိနပ်ကိုစီးထားလိုက်ရင် ခြေအိတ်ဝတ်ထားသလို မိမိခြေထောက်ကိုကွက်တိလွှမ်းခြုံထားပြီး နူးညံ့စွာနွေးထွေးမှုပေးနိုင်မယ်လို့ သိရပါတယ်။ ဒီဖိနပ်မှာ အလိုအလျောက်ချည်ထိုးအပ်ချုပ်စက် - Automates High-Tech Knitting Technology ကိုသုံးထားပြီး ဖိနပ်ရဲ့ချည်သားတစ်ခုလုံးကို လိုတဲ့အပိုင်းအစတွေတစ်ခုပြီးတစ်ခု ဖြတ်-ညှပ်-ကပ် လုပ်ထားခြင်းမဟုတ်ပဲ အားလုံးကိုတစ်စထဲချုပ်လုပ်ထားတာက “ ဖိနပ်ရဲ့အကောင်းဆုံးတင်းအား ” ကို ပေးနိုင်စွမ်းတာဖြစ်ပါတယ်။
.
.
အခုလက်ရှိမှာ အားကစားဖိနပ်ရောင်းအားရဲ့ ( ၆၂% ) ကို Nike က ရရှိထားပါတယ်။ ဒါဟာ သူ့ပြိုင်ဖက် Adidas ၊ Skechers  နဲ့ Asics တံဆိပ်တို့ရဲ့ရောင်းအားပေါင်းခြင်းတန်ဖိုးရဲ့ ( ၄ ) ဆ ရှိတယ်ဆိုရင် မအံ့ဩသွားကြပါနဲ့။ တစ်ခြားကုမ္ပဏီတွေက မနည်းရပ်တည်နေရချိန်မှာ Nike ကတော့ သူ့ရဲ့နှစ်စဉ်တိုးတက်နှုန်းမျဉ်းကွေးပေါ်မှာ ဒေါ်လာ ( ၂၈ ) ဘီလျံနဲ့ အညိမ့်သား စီးနင်းလိုက်ပါလျက်ပါ။
.
မကြာသေးခင်ကပြုလုပ်ခဲ့တဲ့စီးပွားရေးစစ်တမ်းတစ်ခုအရ လူငယ်တွေကြားကြိုက်နှစ်သက်မှုအရှိဆုံးကုန်အမှတ်တံဆိပ်စာရင်းမှာ နာမည်ကြီး Apple ၊ Coca-Cola  နဲ့ Nintendo တို့ကို ကျော်တက်သွားခဲ့တယ်။ လူငယ်တွေဟာ သူတို့စိတ်ထဲကကြိုက်တဲ့တံဆိပ်ကို တမ်းတမ်းစွဲရူးသွပ်စွာဝတ်ဆင်ကြတယ် လို့ လူမှုရေးစစ်တမ်းတစ်ခုက ညွှန်းပြန်ပါတယ်။ လူကြီးပိုင်း နဲ့ လူလတ်ပိုင်းတွေဟာလည်း ဒီအတိုင်းပဲ .. အမေးအမြန်းမရှိ Nike ကို ဝတ်ဆင်နေကြတုန်းပါဆိုတာ ပတ်ဝန်းကျင်ကိုလေ့လာရုံနဲ့သိနိုင်ပါတယ်။
.
.
အရှေ့ပိုင်း နှစ် ( ၂ဝ ) လောက်တုန်းက နိုင်ငံရပ်ခြားမှာချုပ်လုပ်တဲ့စက်ရုံတွေမှာ ဈေးနှိမ်တဲ့လုပ်ခလစာပေးခဲ့မှုတွေကြောင့် Nike ဟာ အဖက်ဖက်ကဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။ မည်သို့ပင်ဖြစ်စေကာမူ ဝိုင်းအုံဝတ်ဆင်သူများကြောင့် Nike ရဲ့ စီးပွားရေး ( ၁ဝ% ) တိုးတက်ခဲ့တယ်ဆိုတာကို လွန်ခဲ့တဲ့သီတင်းပတ်ကထွက်ပေါ်လာတဲ့ ဘဏ္ဍာနှစ်အလိုက်ရှယ်ယာရှင်များအစည်းအဝေးထုတ်ပြန်ချက်အရ ဒေါ်လာ ( ၃ဝ.၆ ) သန်း အထိရှိလာခဲ့တာက သက်သေခံနေပါတယ်။
.
သူ့ရဲ့စီးပွားရေးကွန်ယက်ဟာ ကူးစက်မှုလွယ်ကူစေလောက်အောင် နိုင်ငံပေါင်း ( ၁၉ဝ ) အတွင်းမှာ ခြေကုပ်ယူထားတာမို့ မြဲမြဲမြံမြံအခြေအမြစ်စိုက်တည်ထားတဲ့နည်းဗျူဟာဖြစ်တယ်လို့ မှတ်သားရပြန်ပါတယ်။ Nike ရဲ့ ဈေးကွက်လက်တံအသီးသီးကပြိုင်ဖက်စာရင်းကိုပြုစုရရင် Under Armour ၊ New Balance ၊ Adidas နဲ့ Lululemon တို့ကို ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။
.
နောက်ဆုံးနာမည်ကြီးနေတာကတော့ Flyknit စီးရီးထဲက Nike ရဲ့ LunarTempo မော်ဒယ်ပါ။ သူ့ဖိနပ်က တာဝေးအပြေးသမားများအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ အောက်က ဖိနပ်အခြေပြား - Sole ဟာ ပြေးလမ်းအတွင်းကုတ်ယူအားကောင်းလှပြီး ဖိနပ်ကြိုးဟာ အလှပြသက်သက်လို့ထင်ရတယ်။ ဒါကြောင့် စီးမယ့်အားကစားသမားဟာ ခြေအိတ်ထဲကိုခြေထောက်ထိုးသွင်းလိုက်နိုင်သလို အသာလေး စီးလွယ်-ချွတ်လွယ် သက်တောင့်သက်သာ အသွင်အပြင် နဲ့ ရောင်စုံဖိနပ်လေးတွေကို ကြိုက်နှစ်သက်ကြမှာ အမှန်ပါပဲ။
.
.
Nike ရဲ့ လွှမ်းမိုးမှုက ဒီမှာတင်မရပ်သေးပါဘူး။ လက်ကိုင်ဖုန်းတွေပေါ်အထိ Nike+ App နဲ့ တက်ရောက်ခြယ်လှယ်နေတယ်။ မိမိတယ်လီဖုန်းမှာ Nike + App ကို ဖွင့်ထားလိုက်ရင် ပြေလမ်း - Route ၊ အကွာအဝေး - Distance ၊ အမြန်နှုန်း - Pace ၊ ကြာချိန် - Time နဲ့ လောင်ကျွမ်းသွားတဲ့ကယ်လိုရီ - Calories Burnt တို့ကို စာရင်းပြုစုထားပေးမှာဖြစ်သလို ကြိမ်ဖန်များစွာလေ့ကျင့်ခန်းလုပ်သူများအတွက် ကျန်းမာရေးမှတ်တမ်းအဖြစ်အသုံးဝင်လှပါတယ်။
.
အကျိုးဆက်အနေနဲ့ အမေရိကန်မှာ ( ၂ဝဝ၅ ) ခုနှစ်နောက်ပိုင်း အပြေးပြိုင်ပွဲတွေမှာပါဝင်လာတဲ့ အားကစားသမားဦးရေဟာ ( ၉% ) တိုးလာတယ်။ လူကြီးမိဘတွေက အဝလွန်ခြင်း - Obesity ကို တိုက်ဖျက်ဖို့ အစားလျှော့စားခြင်း - Diet ကို တွန်းအားပေးနေချိန်မှာ အမေရိကန်လူငယ်တွေက “ အားကစားလုပ်မှရမယ် ” ဆိုတဲ့အသိက ဒီကိန်းဂဏန်းတက်လာစေဖို့ ပံ့ပိုးမှုအကြောင်းအချင်းရာတစ်ခု ဖြစ်လာနေပါတယ်။
.
.
အားကစားအဝတ်အစားလေ့လာသုံးသပ်သူတစ်ဦးက “ Nike ရဲ့ ဆက်တိုက်ဆိုသလို အသစ် .. အသစ် ဖြစ်နေအောင် ဆင့်ကဲတီထွင်ထုတ်ရောင်းတဲ့ ကုန်ပစ္စည်းအသစ်တွေကြောင့် သုံးစွဲသူပရိသတ် ပိုရခဲ့တယ်။ ဒါကြောင့် အလွှာအစုံက အသက်အရွယ် အဆင့်အတန်းမခွဲခြားပဲ Nike ဖိနပ် နဲ့ သူ့ထွက်ကုန်တွေကို ဝတ်ဆင်လာခဲ့ကြတာပဲ ”
.
တိုးပွားလာတဲ့ လူမှုဝန်းကျင်လှုပ်ရှားမှုတွေက အားစကားပစ္စည်း - Athleisure တွေကို ပိုမိုဝယ်ယူသုံးစွဲလာကြတယ် .. သက်တောင့်သက်သာဖိနပ်တွေ အမြဲလိုလိုစီးနင်းလာကြတယ်။ အခုခေတ်လူတွေကြားမှာ ဖက်ရှင်ဒီဇိုင်းဆန်းဆန်းတွေအစား အားကစားဖိနပ်၊ အားကစားဝတ်စုံတွေ တိုးမြှင့်ဝတ်ဆင်လာတာက လူတွေအတွက်ပိုကောင်းသလို Nike ကုမ္ပဏီကိုလည်း ပိုမိုချမ်းသာစေပါတယ် ” လို့ မှတ်ချက်ပေးထားတဲ့အကြောင်း တင်ပြလိုက်ပါတယ်။
.
ခင်မင်ခြင်းများစွာဖြင့်
.
09-21-2015
.

ရည်ညွှန်းကိုးကား - Business Insider
.
“ ေစ်းကြက္အားလံုးျပန္ရဖုိ႕ၾကိဳးပမ္းေနတဲ႕ Nike ” စာမူသည္ ၂ဝ၁၅ ခုႏွစ္၊ ေအာက္တိုဘာလ ( ၁ဝ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၅ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: http://www.mediafire.com/download/rrk88pldscqjsp9/NetGuide+Vol.4%2C+Issue+6.pdf


No comments: