ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
ကျွန်တော့်အလုပ်မှာ ခေါင်းဆောင်ဖြစ်ရာထူးတိုးအင်တာဗျူးအပါအဝင် စုစုပေါင်း အင်တာဗျူး
(၁ဝ) ကြိမ် ဖြေခဲ့တယ်။ အခုထိ ခေါင်းဆောင်ရာထူးမရခဲ့ဘူး။ နောက်ဆုံးအင်တာဗျူးမဖြေခင်
(၁) ပတ်လောက်အလိုမှာ မနက်ဆိုင်းအလုပ်ကနေ ညဆိုင်းကို “ဘို” တစ်ယောက် ပြောင်းလာတယ်။
သူလည်း ခေါင်းဆောင်ရာထူးဝင်ဖြေတယ်။ ကျွန်တော့ပြိုင်ဖက်က အရမ်းကောင်းနေတော့ မပြိုင်ခင်ကတည်းက
(၅ဝ) ရာခိုင်နှုန်း ရှူံးနေပြီဆိုတာကို ကျွန်တော့်စိတ်ထဲမှာသိလိုက်ပြီ။ ဒါပေမယ့် ကျွန်တော်စိတ်မလျှော့ဘူး
ထပ်ဝင်ပြိုင်တယ်၊ အင်တာဗျူးမေးခွန်းတွေကို ဘောင်ဝင်အောင် ကြိုးစားပြီးဖြေတယ်။ သို့သော်လည်း
..
ဒီတစ်ခေါက်လည်းမရပြန်ဘူး။ (၂) ပတ်လောက်ကျတော့ ဘယ်သူရတယ်ဆိုတာ မကြေငြာခင် ဘယ်သူမရဘူးဆိုတဲ့ Feedback ပေးတဲ့အထဲမှာ ကျွန်တော့်နာမည် ပါမလာဘူး။ ဟင် .. ဒီလိုဆိုတော့ ဒီရာထူးကို ငါအတွက် တိတ်တိတ်ကလေးချန်ထားသလားပေါ့ .. တွေးမိတာကိုပြောတာပါ။ လူတွေကမေးနေကြပြီ။ ခက်တာက ကိုယ်ကလည်း သေသေချာချာ မသိဘူး။ ပုထုဇဉ်တို့ရဲ့ထုံးစံအတိုင်း မျှော်လင့်နေခဲ့မိတာတော့ ဝန်ခံပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ မျှော်လင့်ချက်က ဘယ်နှစ်ရက်မှ မခံလိုက်ပါဘူး။ ကျွန်တော်ကျွမ်းကျင်တဲ့နေရာမှာ ကျွန်တော်တို့ကို အုပ်ချုပ်ဖို့ လူကြီးတွေရွေးလိုက်တဲ့သူက ဒီလုပ်ရိုးလုပ်ငန်းစဉ်ကို လုံးဝမသိတဲ့ အမေရိကန်လူဖြူတစ်ယောက်ဖြစ်နေတယ်။
ဒီတစ်ခေါက်လည်းမရပြန်ဘူး။ (၂) ပတ်လောက်ကျတော့ ဘယ်သူရတယ်ဆိုတာ မကြေငြာခင် ဘယ်သူမရဘူးဆိုတဲ့ Feedback ပေးတဲ့အထဲမှာ ကျွန်တော့်နာမည် ပါမလာဘူး။ ဟင် .. ဒီလိုဆိုတော့ ဒီရာထူးကို ငါအတွက် တိတ်တိတ်ကလေးချန်ထားသလားပေါ့ .. တွေးမိတာကိုပြောတာပါ။ လူတွေကမေးနေကြပြီ။ ခက်တာက ကိုယ်ကလည်း သေသေချာချာ မသိဘူး။ ပုထုဇဉ်တို့ရဲ့ထုံးစံအတိုင်း မျှော်လင့်နေခဲ့မိတာတော့ ဝန်ခံပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ မျှော်လင့်ချက်က ဘယ်နှစ်ရက်မှ မခံလိုက်ပါဘူး။ ကျွန်တော်ကျွမ်းကျင်တဲ့နေရာမှာ ကျွန်တော်တို့ကို အုပ်ချုပ်ဖို့ လူကြီးတွေရွေးလိုက်တဲ့သူက ဒီလုပ်ရိုးလုပ်ငန်းစဉ်ကို လုံးဝမသိတဲ့ အမေရိကန်လူဖြူတစ်ယောက်ဖြစ်နေတယ်။
သူ့နာမည်က
ရေမွန်-Raymond ။ သူ့အဖိုးက ဂျပန်စစ်မျက်နှာမှာ လေယာဉ်တင်သဘောင်္-Destroyer တစ်ခုပေါ်က
ဗုံးတွေစီစဉ်တဲ့နေရာက ဆင်နွှဲခဲ့တဲ့ စစ်ပြန်ကြီး။ သူ့အဖေကလည်း စာရင်းစစ်ဋ္ဌာနမှာလုပ်တဲ့
စစ်ပြန်ပဲ။ ဒီတော့ သူတို့မျိုးရိုးဟာ စည်းကမ်းကြီးတယ်လို့ ဆိုရမယ်။ ကစ်သလစ်ကျောင်းမှာ
အထက်တန်းကျောင်းပြီးတယ်။ တက္ကသိုလ် (၃) နှစ်ခွဲလုပ်ရင်း စီးပွားရေးစလုပ်ပြီးပျော်သွားတာနဲ့
ကျောင်းမပြီတော့ဘူး။ သူငယ်ချင်းတစ်ယောက်နဲ့ အွန်လိုင်းစတိုးတစ်ခုဖွင့်လိုက်တာ (၉) နှစ်ကျော်လောက်လုပ်ဖြစ်ခဲ့သေးတယ်။
ကျောင်းမှာအစက
မိုးလေဝသဘာသာရပ်ယူတာ သူ့အဖေက Networking Engineering ပြောင်းယူခိုင်းထားဖူးတော့ ကွန်ပျူတာနဲ့ပတ်သက်ရင်
ကျွမ်းကျင်တယ်။ နောက်ဆုံး အလုပ်လုပ်ဖော်သူငယ်ချင်းနဲ့လက်တွဲလို့မရတော့တဲ့အခါ လမ်းခွဲရင်း
ကျွန်တော်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်လျှောက်ရင်း စတွေ့ခဲ့တယ်။ သူ့ဇာတ်လမ်းကတော့ဒီလောက်ပါပဲ။
အထူးပြုပြောပြချင်တာက အမေရိကန်အစစ်တစ်ယောက်ရဲ့ စိတ်ဓါတ် ဘယ်လိုရှိသလဲဆိုတာကိုပါ။
သူဟာ
စကားပြောကောင်းတယ်။ အခြေအနေအချိန်အခါကို သိတယ်။ လူကြီးတွေကိုလည်း သတင်းပို့တတ်သလို
လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကိုယ်တွယ်တတ်တယ်။ ပြသနာပေါ်လာတဲ့အခါ သူ့ချည်းကပ်ပုံက နူးညံ့တယ်ဆိုတာ ကျွန်တော်မြင်နေရတယ်။
သူအမြဲပြောတယ် “သူအလုပ်လာနေတာ သူများတွေဆီက သင်ယူဖို့၊ သူများပြောတာ နားထောင်ဖို့” တဲ့ .. ဘယ်လောက်ကောင်းတဲ့ စိတ်ဓါတ်လဲ? မသိတာဆို မေးဖို့ဝန်မလေးသလို သိချင်သူကိုရှင်းပြဖို့
သူအားသန်တယ်။ အင်္ဂလိပ်စကားက မိခင်ဘာသာစကား - Mother Tongue ဖြစ်တာနဲ့အညီ စကားက ကြွယ်မှကြွယ်။
ယခုလက်ရှိနာမည်ကြီးတီဗွီအစီအစဉ်ဖြစ်တဲ့ America Got Talent နဲ့ခပ်ဆင်ဆင် ပြိုင်ပွဲတစ်ခုကို
ကုမ္ပဏီနှစ်ပတ်လည်မှာ ထည့်သွင်းကျင်းပတဲ့အခါ သူက ဘောင်းဘီတိုလေးဝတ်ပြီး ဟာဒယရွှင်ဆေးတိုက်ကြွေးသူ
လူရွှင်တော်နေရာကို တစ်ကိုယ်တော်သရုပ်ဆောင်ခဲ့တယ်။
စင်မြင့်ပေါ်ကနေ
ကုမ္ပဏီပိုင်ရှင်သူဋ္ဌေးနာမည်ကိုတည့်တည့်ခေါ်ပြီး “သူဋ္ဌေးခင်များ .. ကျွန်တော့်ကို အမြဲတမ်းလုပ်သားအဖြစ်ခန့်ပါ” ဆိုပြီး လူကြီးသူမရဲ့ အာရုံစိုက်မှု-Attention ကို အချိန်ပိုင်းလေးအတွင်း ဆွဲဆောင်ရယူပြခဲ့တယ်။ ဒီအကြောင်းကို ကျွန်တော်က
“ဘယ်လိုအိုင်ဒီယာနဲ့ လူအများရှေ့မှာ လူရွှင်တော်ဝင်လုပ်ဖြစ်တာလဲ” လို့ ပြန်မေးကြည့်တဲ့အခါ
သူက “ကျွန်တော်က လူရှေ့ထွက်စကားပြော-Public Speaking လုပ်ရမှာ တော်တော်ကြောက်တတ်တယ်။
ကုမ္ပဏီက ပျော်ပွဲ ရွှင်ပွဲ လုပ်မယ်လဲဆိုရော ကျွန်တော်စဉ်းစားတယ် .. ဘာလုပ်ရရင်ကောင်းမှာလဲပေါ့။
နောက်တော့ ရှေးအဆိုအမိန့်တစ်ခုကို သွားသတိရတယ်” “မင်းအကြောက်ဆုံးအရာကို ဦးဆုံးရင်ဆိုင်ပါ” တဲ့။ ဒါကြောင့် အားလုံးလည်းပျော်အောင်၊ ဖျော်ဖြေမှုလည်းဖြစ်အောင်၊ သူဋ္ဌေး နဲ့ မန်နေဂျာ
အပါအဝင် ကုမ္ပဏီရဲ့ လူကြီးပိုင်းတွေလည်း မျက်မှန်းတန်းမိအောင် လူရွှင်တော်ဇာတ်ကွက်ကို
ဘောင်းဘီတိုလေးဝတ်ပြီး ပါဝင်ဆင်နွှဲခဲ့တာပဲ။ အဲဒီကနေ ကျွန်တော့ဘဝမှာ ဘာကိုမှမကြောက်တော့ဘူးဆိုတဲ့
မှတ်တိုင်လေး ကျွန်တော်စိုက်နိုင်ခဲ့တယ်” လို့ မနားတမ်းရှင်းပြပါတော့တယ်။
သူခေါင်းဆောင်ဖြစ်ပြီး
လအနည်းငယ်ကြာတော့ လူသစ်တစ်ယောက်ကို သင်ပေးဖို့ ကျွန်တော့ကို တာဝန်ပေးတယ်။ “ဗောင်း” လို့အမည်ရတဲ့ အဆိုပါ ဝန်ထမ်းသစ်ဟာ အာရှတိုက်သားဖြစ်ပြီး အမေရိကန်မြေပေါ်မှာကြီးပြင်းလာသူဖြစ်ပါတယ်။
စကားလည်းကောင်း၊ ဗဟုသုတလည်းကြွယ်တဲ့အပြင် မြန်မာလိုဆိုရင်တော့ “ပြောလိုက်ရင်တော့ ဟုတ်ကဲ
.. ဟုတ်ကဲ့ .. လုပ်လိုက်ရင်တစ်လွဲချည်းပဲ” ဆိုတဲ့လူမျိုးဖြစ်ရုံသာမက “ပြန်မပြောနားမထောင်တဲ့
မိချောင်းလိုလူစားမျိုး” ဖြစ်နေပါတယ်။
ကျွန်တော်တစ်ခုခုသင်ပေးလိုက်ရင် သူမသိလည်း ပြန်မမေးဘူး။ သိသလောက်သူဆက်လုပ်တော့တာ။ အဲဒီတော့ ဘယ်နေရာမှာမှားနေလဲ၊ ဘာဆက်လုပ်ရမယ်ဆိုတာကိုလည်း သေချာမသိပဲ လုပ်ချင်ရာဆက်လုပ်နေတော့ ခေါင်းဆောင်ကို ကျွန်တော်သတင်းပို့တယ်။ အဲဒီအချိန်မှာ ရေမွန်က ကျွန်တော်တစ်သက်လုံးမှတ်သားစရာ “Only Wisdom through Suffering” ဆိုတဲ့ စကားထူးထူးဆန်းဆန်းတစ်ခွန်းပြောတယ်။ ကျွန်တော်က ချက်ချင်းနားမလည်တော့ ပြန်မေးတဲ့အခါ သူက အောက်ပါအတိုင်းရှင်းပြပါတော့တယ်။
ကျွန်တော်တစ်ခုခုသင်ပေးလိုက်ရင် သူမသိလည်း ပြန်မမေးဘူး။ သိသလောက်သူဆက်လုပ်တော့တာ။ အဲဒီတော့ ဘယ်နေရာမှာမှားနေလဲ၊ ဘာဆက်လုပ်ရမယ်ဆိုတာကိုလည်း သေချာမသိပဲ လုပ်ချင်ရာဆက်လုပ်နေတော့ ခေါင်းဆောင်ကို ကျွန်တော်သတင်းပို့တယ်။ အဲဒီအချိန်မှာ ရေမွန်က ကျွန်တော်တစ်သက်လုံးမှတ်သားစရာ “Only Wisdom through Suffering” ဆိုတဲ့ စကားထူးထူးဆန်းဆန်းတစ်ခွန်းပြောတယ်။ ကျွန်တော်က ချက်ချင်းနားမလည်တော့ ပြန်မေးတဲ့အခါ သူက အောက်ပါအတိုင်းရှင်းပြပါတော့တယ်။
“သူ့ကိုကြည့်နေတာ သူဘာလုပ်နေတာလဲ သူမသိဘူး။ ဆိုလိုတာက သူလုပ်နေတာ မှားနေမှန်းလည်း သူမသိဘူး
.. မှန်နေတယ်ပဲထင်နေတယ်။ နောက်တစ်ခုဆိုးတာက သူမသိရင် ထရိန်နာကို ပြန်မမေးချင်ဘူး။ ဥပမာကွာ
.. စက်တစ်လုံးကိုမောင်းတဲ့အခါ နှစ်မျိုးမှာ တစ်မျိုးပျက်နေရင်
(
၁ ) သူ သတင်းမပို့ဘူး
(
၂ ) ဘာဖြစ်လို့မောင်းမရတာလဲ မစဉ်းစားဘူး
(
၃ ) သိသူ တတ်သူကို မေးဖို့မစဉ်းစားဘူး
(
၎ ) ပျက်တဲ့တစ်မျိုးကို မမောင်းရရင်လည်းဒီအတိုင်းပစ်ထားပြီး ကျန်တစ်လုံးနဲ့ အတင်းမောင်းတယ်။
ဒါက ပြသနာ” လို့ ရှင်းပြတယ်။ နောက်တော့ သူကဆက်ပြီး
“အဲဒီတော့ ငါတို့ပစ္စည်းထွက်အားကျတယ်။ သူ့ကိုပြောသေးတယ် “မင်းမသိရင် မင်းကိုသင်ပေးတဲ့
ထရိန်နာကိုမေး။ စက်မကောင်းတာကို ဒီအတိုင်းထားလိုက်ရင် ကုန်ထွက်နှုန်း-Yield ကျတာပေါ့” ဆိုတော့ သူက အိုကေ အိုကေ လို့သာပြောတာ ဒီအတိုင်းပဲ မေးခွန်းမမေးပြန်ဘူး။ တစ်ရက်တစ်ရက်
သူ့အထွက်နှုန်းကိန်းဂဏန်းကိုကြည့်လိုက်တာနဲ့ သူဘာလုပ်နေတယ်ဆိုတာ ပေါ်နေတယ်။ အဲဒီလိုလူစားက
“မသင်ယူချင်ဘူး” ဆိုတဲ့စိတ်အမြဲ ဖြစ်နေတယ်။ သူ့ရင်ထဲမှာ မာန ခံနေတယ်။ ဆွေနွေးရတာကို
သူမသိလို့ အရှုံးပေးရတာလို့ထင်နေတယ်။ ဒီတော့ သူဘာဖြစ်သလဲ? ဘာမှ မတတ်တော့ဘူးပေါ့” ဆိုပြီး
ခပ်သွက်သွက်ရှင်းပြနေတယ်။ တစ်အောင့်လောက်နားပြီး သက်ပြင်းတစ်ချက်ချကာ ဆက်ပြီး
“ဆိုတော့ကာ ဆက်စဉ်းစားကြည့် .. လူတွေက ကိုယ်မသိတာကို မေးခွန်း-Question ထုတ်ပြီး အဖြေရှာတယ်။
သူက မေးခွန်းမမေးတဲ့အခါ သိဖို့အခွင့်အရေးဆုံးရှုံးပြီပေါ့။ အမှန်ကို သိနိုင်ဖို့ အခွင့်အလမ်းပျောက်ဆုံးနေတယ်ဆိုတာ
သူမသိဘူး။ သိရင်တောင်မှ သူ့မာနကိုသူမချနိုင်ဘူး။ ဒါကြောင့် “Only Wisdom through
Suffering” ကို ကျွန်တော်သတိရသွားတာ။ ဒီစကားက ကျွန်တော်ပြောတာမဟုတ်ဘူး ရှေးအဆိုအမိန့်တစ်ခုကလာတာ။
အားလုံးသိတဲ့အတိုင်း Wisdom ဆိုတာ အသိဥာဏ်ကြွယ်ဝခြင်း၊ အမြင်ကျယ်ခြင်း၊ နားလည်ခြင်း
ဆိုတဲ့သဘော။ Suffering ဆိုတာက ခံစားရခြင်း၊ ဒုက္ခ၊ ဝေဒနာ ကိုပြောတာလေ” လို့ပြောရင်း
တစ်ချက်နားလိုက်ပြန်တယ်။ နောက်တော့
“ဒီလူဟာ ကိုယ်တိုင်လည်းမတတ်ဘူး၊ တတ်သူများထံကလည်း မသင်ယူချင်ဘူး၊ မေးခွန်းလဲမမေးဘူး
ဒါဆို သူ့မှာ Wisdom မရှိနိုင်ဘူး။ ဟုတ်ပြီ .. ဒီ - မရသေးတဲ့ အသိပညာကြွယ်ဝမှု၊ လုပ်ငန်းကျွမ်းကျင်မှု
စတာတွေကို ဘယ်ကရမလဲ? လို့ ကောက်ကာငင်ကာမေးခွန်းထုတ်တယ် (From learning-သင်ယူခြင်းကရမှာပေါ့
လို့ ကျွန်တော်က ဖြေလိုက်တယ်)။ ဒါကြောင့် သူသိဖို့ဆိုရင် စာအုပ်ထဲကပဲဖတ်ဖတ်၊ သိသူတတ်သူနားကပဲမေးမေး
တစ်ခုခုတော့လုပ်ရမယ်။ ဘာတစ်ခုမှ မလုပ်ချင်ရင် ဒီအတွေ့အကြုံကို သူဘယ်လိုမှမရနိုင်ဘူး။
နည်းလမ်းတစ်ခုပဲကျန်တယ် .. “သူကိုယ်တိုင် ဒုက္ခခံ အစကနေပြန်ရှာ-ဒါပဲ” သူ့စကားက ဒီမှာအဆုံးမသတ်သေးဘူး။
“ဒီစကားက ဒီလိုလုပ်ငန်းခွင်မှာတင် အကျုံးဝင်တာမဟုတ်ဘူး။ ခင်များတို့ ကျွန်တော်တို့မှာ
မိဘတွေရှိကြတယ်။ အဖေ အမေ က သားသမီးကို ဒုက္ခခံစေချင်တာမဟုတ်ဘူး။ ဒါကြောင့် နေရာတကာ မှာကြားတယ်။
ဥပမာ - ကားလမ်းကူးရင် သတိထားကူး။ လှေခါးတက်ရင်သတိထားနော်။ ကျောင်းသွားရင် စာအုပ်မေ့ကျန်နေဦးမယ်
စသည်အားဖြင့် မှာတာ သတိရမိကြမှာပေါ့။ ဒါက သူတို့ စာအုပ်ထဲဖတ်ထားဖူးပြီး ပြန်မျှဝေတာဖြစ်နိုင်သလို
သူတို့ဒုက္ခခံကြုံဖူးတာလည်း ဖြစ်နိုင်တယ်။ အလားတူ အခက်အခဲမျိုးကို ကိုယ့်သားသမီးတွေမှာ
မကြုံစေချင်တဲ့ စေတနာနဲ့ လှမ်းသတိပေးကြတာ ကလေးတွေကို ချစ်တဲ့စိတ်ကြောင့်ပဲပေါ့”
“ဒါကို သားသမီးက လက်ခံရင် မိမိဘဝမှာ အခက်အခဲနည်းမယ်၊ ကြုံလာသမျှကို အသာလေး သက်တောင့်သက်သာ
ကျော်ဖြတ်သွားနိုင်မယ်လေ။ ဒီလှိုမဟုတ်ပဲ တစ်ခုမှနားမထောင်ဘူး .. စာအုပ်စာပေထဲက အတွေ့အကြုံရှိသူတွေရေးထားတာတွေကိုလည်း
ရှာမဖတ်ဘူးဆိုရင် ခင်များတို့ ဘဝလမ်းက ဒုက္ခကြမ်းကို ကိုယ့်ဘာသာကိုယ် ခံစားကြပေါ့။ ဒါပဲရှိတော့တာလေ
.. မဟုတ်ဘူးလား?” လို့ပြောပြီး စကားဝိုင်းလေးကို သပ်သပ်ရပ်ရပ် အဆုံးသတ်လိုက်တယ်။
သူနဲ့
စကားပြောပြီးတာနဲ့ ကျွန်တော့ခေါင်းထဲမှာ ဆီးနှင်းတွေကျသလို အတွေးတွေ ပြွတ်သိပ်ဝင်လာတယ်။
အဲဒီထဲမှာ ငယ်ငယ်က စာအုပ်စာပေသိပ်မဖတ်ဖြစ်ခဲ့တာ၊ စာမေးပွဲဖြေခါနီး သိသူ တတ်သူ သူငယ်ချင်းတွေကို
စာမေးဖို့ရှက်ခဲ့တာ၊ စာအလွတ်ကျက်ပြီး စာမေးပွဲခန်းထဲမှာ ပြန်စဉ်းစားလို့မရလို့ အခက်တွေ့ခဲ့တာ၊
စာသင်ခန်းထဲမှာ မသိလည်း မမေးရဲပဲ သိသလို တတ်သလို ဟန်ဆောင်ခဲ့တာ၊ ကိုယ်ကသိနေရင်တောင်
မသိသေးသူ သူငယ်ချင်းက လာမေးရင်တောင် နားမလည်ဘူး .. ငါလည်းမတတ်ဘူး လို့ ညာပြီး စာမရှင်းပြချင်ခဲ့တာ
စသဖြင့် စုံလို့ပါပဲ။ တစ်ခုတော့ ကောင်းသွားပါတယ်။
ဒီစကားကနေ ကျွန်တော်ဟာ သူနဲ့ယှဉ်ပြီး ဘာလို့ခေါင်းဆောင်မဖြစ်ခဲ့ရတာလဲဆိုတာကို ကောင်းကောင်းကြီး သိလိုက်ရတဲ့အတွက် ကျေနပ်မိပါတယ်။ ဒါကြောင့်ပဲ သူပြောတဲ့ အဆိုအမိန့်လေးကို သူ့လက်ရေးနဲ့ အမှတ်တရရေးခိုင်းပြီး ဘဝအတွက် အိမ်ယူပြန်ခဲ့တယ်။
ဒီစကားကနေ ကျွန်တော်ဟာ သူနဲ့ယှဉ်ပြီး ဘာလို့ခေါင်းဆောင်မဖြစ်ခဲ့ရတာလဲဆိုတာကို ကောင်းကောင်းကြီး သိလိုက်ရတဲ့အတွက် ကျေနပ်မိပါတယ်။ ဒါကြောင့်ပဲ သူပြောတဲ့ အဆိုအမိန့်လေးကို သူ့လက်ရေးနဲ့ အမှတ်တရရေးခိုင်းပြီး ဘဝအတွက် အိမ်ယူပြန်ခဲ့တယ်။
.
koko2yeye@gmail.com
.
" အခက်အခဲဆို ကြုံဖူးမှ " စာမူသည် ၂ဝ၁၅ မေလ ( ၂၃ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၈၅ ) ၊ စာမျက်နှာ ( ၅၁ ) တွင် ဖော်ပြပါရှိသည်။ Download : http://www.mediafire.com/download/12bmjkhort5ujnq/NetGuide+Vol+3%2C+Issue+85.pdf
.
" အခက်အခဲဆို ကြုံဖူးမှ " စာမူသည် ၂ဝ၁၅ မေလ ( ၂၃ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၈၅ ) ၊ စာမျက်နှာ ( ၅၁ ) တွင် ဖော်ပြပါရှိသည်။ Download : http://www.mediafire.com/download/12bmjkhort5ujnq/NetGuide+Vol+3%2C+Issue+85.pdf
No comments:
Post a Comment