ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, May 12, 2019

Sticks and stones may break my bones, but words can never hurt me.

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

              “တုတ္ေတြ၊ ခဲေတြနဲ႕ပစ္လို႕ ငါ႕ရဲ႕အရိုးေတြက်ိဳးပဲ႕သြားႏုိင္ေပမဲ႕ ဘယ္စကားလံုးကမွ ငါ႕ကုိပြန္းပဲ႕ေအာင္မလုပ္ႏုိင္ဘူး”  တိုက္ရုိက္ဘာသာျပန္တဲ႕အတိုင္းပဲ ျမန္မာလုိအျမဲတမ္းမွန္ကန္ေနေစဖို႕ ကြ်န္ေတာ္တို႕စိတ္ထားတတ္ပါရဲ႕လားလို႕ေတြးမိတယ္။

              ထိလြယ္၊ ရွလြယ္၊ ျငိတြယ္လြယ္၊ ျပႆနာျဖစ္လြယ္တဲ႕ေလာကၾကီးထဲမွာကြ်န္ေတာ္တို႕ေနၾကတယ္။ ဒါေတြအမ်ားစုရဲ႕အဓိကတရားခံကေတာ႕ ေျပာတဲ႕စကား၊ နားေထာင္မိတဲ႕အၾကား နဲ႕ ဖတ္မိတဲ႕စာေတြေၾကာင္႕လို႕မွတ္ထားေစခ်င္ပါတယ္။

              ေလာကၾကီးမွာ လူတန္းစားအမ်ိဳးမ်ိဳးရွိၾကတယ္။ ဆင္းရဲတယ္၊ ခ်မ္းသာတယ္ ဆုိတဲ႕လူတန္းစားက ပစၥည္းဥစၥာနဲ႕တိုင္းတာေတာ႕လူေတြျမင္ရတယ္။ ဒါေပမဲ႕ စိတ္ဓာတ္နိမ္႕က်တယ္၊ စိတ္ဓာတ္ေကာင္းမြန္တယ္ဆုိတဲ႕ အသိဥာဏ္အတန္းအလႊာကုိေတာ႕သူတို႕ေျပာတဲ႕စကား၊ သူတို႕ေရးတဲ႕စာေတြနဲ႕တုိင္းတာရေလ႕ရွိတယ္။

              သက္မဲ႕ဝတၳဳ-တုတ္၊ ေက်ာက္ေခတ္ဝတၳဳ-ခဲ နဲ႕ပစ္တာ လူျမင္တယ္။ စကားလံုးနဲ႕ပစ္တာလူမျမင္ဘူး။ အမွန္ပါပဲ . . ျမင္ႏုိင္တဲ႕အရာနဲ႕ပစ္ေတာ႕ေရွာင္ခ်ိန္ရႏိုင္ေသးတယ္။ မဖိတ္ေခၚထားတဲ႕စကားလံုးေတြနဲ႕ နားထဲကိုပစ္သြင္းလိုက္တဲ႕အခါ မသိစိတ္ဟာ အရုိင္းျဖစ္သြားတယ္၊ တစိမ္းဆန္သြားတယ္။ သခင္႕လက္ကလြတ္သြားတဲ႕ေခြးလို ကိုက္မယ္တကဲကဲလုပ္ေနတဲ႕စကားလံုးေတြေၾကာင္႕ ကြ်န္ေတာ္တို႕ဟာ ထိခုိက္ဒဏ္ရာရသြားရေလ႕ရွိတယ္။

              ဒီေနရာမွာ ကြ်န္ေတာ္အေမရိကားေရာက္မွသင္ယူခဲ႕ရတဲ႕စကားေလးတစ္ခြန္းလက္ေဆာင္ေပးခ်င္တယ္။ ၾကီးၾကပ္ေရးမွဴးတစ္ေယာက္ကေျပာဖူးတယ္ “ဒီမွာ ကိုကို . . အလုပ္ထဲမွာေျပာတဲ႕စကားေတြကိုဘယ္ေတာ႕မွမင္းရဲ႕ကုိယ္ေရးကိုယ္တာလို႕မတြက္ေလနဲ႕-Don’t Take Anything Personal” တဲ႕။

              အခုေခတ္မွာ ပိုဆိုးတယ္။ ကြ်န္ေတာ္တို႕ေရွ႕မွာ ဇာတ္ကားကျပတာမၾကာေသးဘူး ဝင္လာတဲ႕ TV ေၾကာ္ျငာတစ္ပံုၾကီးရွိတယ္။ ကြ်န္ေတာ္တို႕အိမ္ေရွ႕မွာ ဝယ္မယ္ မဝယ္မယ္မသိဘူး ေလာ္စပီကာနဲ႕အတင္းၾကီးဝင္ေအာ္သြားတဲ႕ ေစ်းသည္အစံုရွိတယ္။ ကြ်န္ေတာ္တို႕လက္ထဲမွာ မီးကမခတ္ရေသးဘူး ထေတာက္ေတာ႕မယ္႕ Facebook ရွိတယ္။ ဒါေၾကာင္႕ စကားလံုးနဲ႕ပစ္လိုက္တုိင္း ရင္ကုိအမွန္ခံ (အထိခုိက္ခံ) လိုက္ရင္ မိတ္ေဆြတို႕ရဲ႕မနက္ေတြ၊ ေန႕လယ္ခင္းေတြ၊ ညေနေတြ၊ ညဥ္႕နက္သန္းေခါင္ေတြအထိလိုက္ျပီး အကုန္ပြတ္တုိက္သြားပါလိမ္႕မယ္။

Ref: နားနဲ႕ဆတ္ဆတ္ၾကားထားတာ။

ခင္လ်က္
ကုိညီညီ (ေတာင္ၾကီး)
05-12-2019

Unicode Version:

“Sticks and stones may break my bones, but words can never hurt me.”

              “တုတ်တွေ၊ ခဲတွေနဲ့ပစ်လို့ ငါ့ရဲ့အရိုးတွေကျိုးပဲ့သွားနိုင်ပေမဲ့ ဘယ်စကားလုံးကမှ ငါ့ကိုပွန်းပဲ့အောင်မလုပ်နိုင်ဘူး”  တိုက်ရိုက်ဘာသာပြန်တဲ့အတိုင်းပဲ မြန်မာလိုအမြဲတမ်းမှန်ကန်နေစေဖို့ ကျွန်တော်တို့စိတ်ထားတတ်ပါရဲ့လားလို့တွေးမိတယ်။ 

              ထိလွယ်၊ ရှလွယ်၊ ငြိတွယ်လွယ်၊ ပြဿနာဖြစ်လွယ်တဲ့လောကကြီးထဲမှာကျွန်တော်တို့နေကြတယ်။ ဒါတွေအများစုရဲ့အဓိကတရားခံကတော့ ပြောတဲ့စကား၊ နားထောင်မိတဲ့အကြား နဲ့ ဖတ်မိတဲ့စာတွေကြောင့်လို့မှတ်ထားစေချင်ပါတယ်။

              လောကကြီးမှာ လူတန်းစားအမျိုးမျိုးရှိကြတယ်။ ဆင်းရဲတယ်၊ ချမ်းသာတယ် ဆိုတဲ့လူတန်းစားက ပစ္စည်းဥစ္စာနဲ့တိုင်းတာတော့လူတွေမြင်ရတယ်။ ဒါပေမဲ့ စိတ်ဓာတ်နိမ့်ကျတယ်၊ စိတ်ဓာတ်ကောင်းမွန်တယ်ဆိုတဲ့ အသိဉာဏ်အတန်းအလွှာကိုတော့သူတို့ပြောတဲ့စကား၊ သူတို့ရေးတဲ့စာတွေနဲ့တိုင်းတာရလေ့ရှိတယ်။

              သက်မဲ့ဝတ္ထု-တုတ်၊ ကျောက်ခေတ်ဝတ္ထု-ခဲ နဲ့ပစ်တာ လူမြင်တယ်။ စကားလုံးနဲ့ပစ်တာလူမမြင်ဘူး။ အမှန်ပါပဲ . . မြင်နိုင်တဲ့အရာနဲ့ပစ်တော့ရှောင်ချိန်ရနိုင်သေးတယ်။ မဖိတ်ခေါ်ထားတဲ့စကားလုံးတွေနဲ့ နားထဲကိုပစ်သွင်းလိုက်တဲ့အခါ မသိစိတ်ဟာ အရိုင်းဖြစ်သွားတယ်၊ တစိမ်းဆန်သွားတယ်။ သခင့်လက်ကလွတ်သွားတဲ့ခွေးလို ကိုက်မယ်တကဲကဲလုပ်နေတဲ့စကားလုံးတွေကြောင့် ကျွန်တော်တို့ဟာ ထိခိုက်ဒဏ်ရာရသွားရလေ့ရှိတယ်။

              ဒီနေရာမှာ ကျွန်တော်အမေရိကားရောက်မှသင်ယူခဲ့ရတဲ့စကားလေးတစ်ခွန်းလက်ဆောင်ပေးချင်တယ်။ ကြီးကြပ်ရေးမှူးတစ်ယောက်ကပြောဖူးတယ် “ဒီမှာ ကိုကို . . အလုပ်ထဲမှာပြောတဲ့စကားတွေကိုဘယ်တော့မှမင်းရဲ့ကိုယ်ရေးကိုယ်တာလို့မတွက်လေနဲ့-Don’t Take Anything Personal” တဲ့။ 

              အခုခေတ်မှာ ပိုဆိုးတယ်။ ကျွန်တော်တို့ရှေ့မှာ ဇာတ်ကားကပြတာမကြာသေးဘူး ဝင်လာတဲ့ TV ကြော်ငြာတစ်ပုံကြီးရှိတယ်။ ကျွန်တော်တို့အိမ်ရှေ့မှာ ဝယ်မယ် မဝယ်မယ်မသိဘူး လော်စပီကာနဲ့အတင်းကြီးဝင်အော်သွားတဲ့ စျေးသည်အစုံရှိတယ်။ ကျွန်တော်တို့လက်ထဲမှာ မီးကမခတ်ရသေးဘူး ထတောက်တော့မယ့် Facebook ရှိတယ်။ ဒါကြောင့် စကားလုံးနဲ့ပစ်လိုက်တိုင်း ရင်ကိုအမှန်ခံ (အထိခိုက်ခံ) လိုက်ရင် မိတ်ဆွေတို့ရဲ့မနက်တွေ၊ နေ့လယ်ခင်းတွေ၊ ညနေတွေ၊ ညဉ့်နက်သန်းခေါင်တွေအထိလိုက်ပြီး အကုန်ပွတ်တိုက်သွားပါလိမ့်မယ်။

Ref: နားနဲ့ဆတ်ဆတ်ကြားထားတာ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-12-2019

    

No comments: