ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, January 1, 2017

ျပည္ေတာ္ဝင္သည္ - ReEntry

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )

.
" အေမရိကားသို႕ေရာက္သူတိုင္းေပ်ာ္ရႊင္စြာ၊ အဆင္႕ျမင္႕စြာ၊ ခ်မ္းသာစြာ၊ ေက်နပ္စြာေနထုိင္ၾကေလသတည္း " ဆုိတာ အရင္တုန္းကၾကားဖူးတဲ႕စကားေလးပါ။ အခုေနာက္ပိုင္း ကိုယ္တိုင္ၾကံဳေတြ႕မွသိလာရတာက ေရာက္လာသူတိုင္းမွာ သူတုိ႕အေၾကာင္းနဲ႕သူတုိ႕ရွိၾကတယ္။
.
တစ္ခ်ိဳ႕က အသက္ၾကီးလို႕၊ တစ္ခ်ို႕က ျမန္မာႏုိင္ငံမွာ စီးပြားေရးေကာင္းလုိ႕၊ တစ္ခ်ိဳ႕က်ျပန္ေတာ႕ ဘာသာစကားအခက္အခဲ နဲ႕ တစ္ကေနစ ျပန္လည္ရုန္းကန္ဖုို႕ခက္ခဲလို႕ .. စသည္အားျဖင္႕ ျမန္မာႏုိင္ငံမွာ ျပန္ေနခ်င္ၾကတယ္။ ဒါေပမယ္႕ ဒီေျမမွာ အျမဲေနထုိင္ခြင္႕ - Alien Registration Card ( အခုေနာက္ပိုင္း USCIS# လို႕ေခၚတဲ႕ ) Green Card အသက္မဲ႕သြားမွာကိုလည္း ေၾကာက္ၾကပါေသးတယ္။
.
.
ဒါေၾကာင္႕ ျပန္ေတာ္ျပန္ဝင္ဖို႕ - ReEntry ပါမစ္ကို ေလွ်ာက္ၾကတယ္။ သူ႕သက္တမ္းက ( ၂ ) ႏွစ္ပါ။ အေမရိကားကမထြက္ခြာခင္ လူကိုယ္တုိင္ေလွ်ာက္ဖို႕လိုသလို ကိုယ္ေရးအခ်က္အလက္၊ ဓါတ္ပံုတုိ႕အျပင္ လူကိုယ္တိုင္လက္ေဗြႏွိပ္သြားဖို႕လည္း လိုပါတယ္။ ဒီလိုအပ္ခ်က္ေတြအားလံုးကိုျခံဳျပီး အစုုိးရ လဝက ရံုးေတြမွာ Biometrics လို႕ ေခၚေဝၚသံုးႏႈန္းၾကတယ္။
.
ေစ်းႏႈန္းက ေဒၚလာ ( ၄ဝဝ ) ေက်ာ္သြင္းရျပီး လူကိုယ္တိုင္လက္ေဗြႏွိပ္ျပီးလို႕ စာအုပ္မထြက္ခင္ ခရီးထြက္မယ္ဆုိရင္လည္း ခြင္႕ျပဳပါတယ္။ အေမရိကန္ရံုးေဖာင္ အုိင္ ၁၃၁ - Form I-131 ျဖည္႕တဲ႕အခါ ReEntry စာအုပ္ကို မိမိသြားေနမယ္႕ႏုိင္ငံရဲ႕အေမရိကန္သံရံုးကိုပို႕ေပးထားပါလို႕ေရးသြင္းလို႕ရသလို အဲဒီႏုိင္ငံေရာက္မွသြားထုတ္ခြင္႕ျပဳထားပါတယ္။

.
.
လက္ေဗြႏွိပ္ဖို႕ ရက္ခ်ိန္းေပးတဲ႕အခါ အေမရိကန္ႏိုင္ငံရဲ႕ျပင္ပေရာက္ေနလို႕မရပါဘူး။ သူတို႕ေပးထားတဲ႕ ေလွ်ာက္လႊာလက္ခံ႒ာန - ASC ( Application Support Center ) မွာ လူကုိယ္တိုင္ မိမိလက္ေဗြကိုႏွိပ္ထားျပီးမွ ေလွ်ာက္လႊာကိုအသက္ဝင္ဖို႕ လဝက က စဥ္းစားမွာပါ။
.
တစ္ကယ္လုိ႕ ReEntry ေလွ်ာက္ဖို႕လည္းအခ်ိန္မရဘူး .. ၾကိဳလည္း မေလွ်ာက္ထားမိဘူး .. ခရီးကလည္းသြားဖုိ႕အေရးေပၚေနျပီဆိုရင္ ReEntry ေလ်ွာက္စရာမလိုဘူးလို႕ အေမရိကန္လဝက - USCIS က အၾကံေပးပါတယ္။ ဘာျဖစ္လို႕လည္းဆိုေတာ႕ Green Card သက္တမ္းက ( ၁ ) ႏွစ္ဆုိေတာ႕ အခ်ိန္မေစ႕ခင္ ျပန္ဝင္လာႏုိင္လုိ႕ပါပဲ။
.
.
ေနာက္အေျခအေနတစ္မ်ိဳးက မိမိကအေမရိကန္ေျမျပင္ပေရာက္ေနျပီးျပီ .. တစ္ႏွစ္လည္းျပည္႕ေတာ႕မယ္ .. ျပန္လည္းမဝင္ခ်င္ေသးေတာ႕ အေဝးကေန ReEntry လွမ္းေလွ်ာက္မယ္ .. " သြားမလုပ္ပါနဲ႕ " မရပါဘူး။ အေပၚမွာေျပာျပထားတဲ႕အတုိင္း ေလွ်ာက္ဖို႕ မိမိလူကိုယ္တုိင္ရွိရမယ္လို႕ ဆိုထားပါတယ္။
.
ဒါေၾကာင္႕ လဝက က လက္ကမ္းစာေစာင္မွာ အေမရိကန္ေျမကမထြက္ခြာခင္ ရက္ေပါင္း ( ၆ဝ ) အတြင္းေလွ်ာက္ပါလုိ႕ အၾကံေပးထားတယ္။ ဒါမွ စာသြားစာလာ၊ ေငြသင္းတာ နဲ႕ ရက္ခ်ိန္းမွာ ရံုးသြားျပီး လက္ေဗြႏွိပ္တဲ႕ကိစၥေတြ အကုန္ေအာင္ျမင္ေအာင္လုပ္ေဆာင္ႏုိင္မွာျဖစ္ပါတယ္။
.
.
ရွိျပီးသား ReEntry စာအုပ္ကို သက္တမ္းကပ္လာလို႕ ရက္ကပ္လာလုိ႕ သက္တမ္းတုိးခြင္႕မေပးထားပါဘူး။ တစ္အုပ္က ရက္ကုန္ရင္ ေနာက္တစ္အုပ္လုပ္ဖို႕ အေမရိကားကို တစ္ေခါက္ျပန္ဝင္ျပီး အသစ္တစ္အုပ္ေလွ်ာက္ရမွာျဖစ္ပါတယ္။
.
ဒါေပမယ္႕ ( ၂ ) ႏွစ္သက္တမ္းရွိတဲ႕ ReEntry စာအုပ္ကို Green Card ကိုင္ထားသူတစ္ေယာက္က ဘယ္ႏွစ္ၾကိမ္ေလွ်ာက္ခြင္႕ရွိေၾကာင္းကုိေတာ႕ ဒီလက္ကမ္းစာေစာင္မွာ ေဖာ္ျပထားတာမရွိပါဘူး။
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
.
01-01-2017
.
Ref: B5 - U.S Citizenship and Immigration Services Pamphlet
.
.
.
" ပြည်တော်ဝင်သည် - ReEntry "
.
" အမေရိကားသို့ရောက်သူတိုင်းပျော်ရွှင်စွာ၊ အဆင့်မြင့်စွာ၊ ချမ်းသာစွာ၊ ကျေနပ်စွာနေထိုင်ကြလေသတည်း " ဆိုတာ အရင်တုန်းကကြားဖူးတဲ့စကားလေးပါ။ အခုနောက်ပိုင်း ကိုယ်တိုင်ကြုံတွေ့မှသိလာရတာက ရောက်လာသူတိုင်းမှာ သူတို့အကြောင်းနဲ့သူတို့ရှိကြတယ်။
.
တစ်ချို့က အသက်ကြီးလို့၊ တစ်ချို့က မြန်မာနိုင်ငံမှာ စီးပွားရေးကောင်းလို့၊ တစ်ချို့ကျပြန်တော့ ဘာသာစကားအခက်အခဲ နဲ့ တစ်ကနေစ ပြန်လည်ရုန်းကန်ဖို့ခက်ခဲလို့ .. စသည်အားဖြင့် မြန်မာနိုင်ငံမှာ ပြန်နေချင်ကြတယ်။ ဒါပေမယ့် ဒီမြေမှာ အမြဲနေထိုင်ခွင့် - Alien Registration Card ( အခုနောက်ပိုင်း USCIS# လို့ခေါ်တဲ့ ) Green Card အသက်မဲ့သွားမှာကိုလည်း ကြောက်ကြပါသေးတယ်။
.
.
ဒါကြောင့် ပြန်တော်ပြန်ဝင်ဖို့ - ReEntry ပါမစ်ကို လျှောက်ကြတယ်။ သူ့သက်တမ်းက ( ၂ ) နှစ်ပါ။ အမေရိကားကမထွက်ခွာခင် လူကိုယ်တိုင်လျှောက်ဖို့လိုသလို ကိုယ်ရေးအချက်အလက်၊ ဓါတ်ပုံတို့အပြင် လူကိုယ်တိုင်လက်ဗွေနှိပ်သွားဖို့လည်း လိုပါတယ်။ ဒီလိုအပ်ချက်တွေအားလုံးကိုခြုံပြီး အစိုးရ လဝက ရုံးတွေမှာ Biometrics လို့ ခေါ်ဝေါ်သုံးနှုန်းကြတယ်။
.
ဈေးနှုန်းက ဒေါ်လာ ( ၄ဝဝ ) ကျော်သွင်းရပြီး လူကိုယ်တိုင်လက်ဗွေနှိပ်ပြီးလို့ စာအုပ်မထွက်ခင် ခရီးထွက်မယ်ဆိုရင်လည်း ခွင့်ပြုပါတယ်။ အမေရိကန်ရုံးဖောင် အိုင် ၁၃၁ - Form I-131 ဖြည့်တဲ့အခါ ReEntry စာအုပ်ကို မိမိသွားနေမယ့်နိုင်ငံရဲ့အမေရိကန်သံရုံးကိုပို့ပေးထားပါလို့ရေးသွင်းလို့ရသလို အဲဒီနိုင်ငံရောက်မှသွားထုတ်ခွင့်ပြုထားပါတယ်။
.
.
လက်ဗွေနှိပ်ဖို့ ရက်ချိန်းပေးတဲ့အခါ အမေရိကန်နိုင်ငံရဲ့ပြင်ပရောက်နေလို့မရပါဘူး။ သူတို့ပေးထားတဲ့ လျှောက်လွှာလက်ခံဋ္ဌာန - ASC ( Application Support Center ) မှာ လူကိုယ်တိုင် မိမိလက်ဗွေကိုနှိပ်ထားပြီးမှ လျှောက်လွှာကိုအသက်ဝင်ဖို့ လဝက က စဉ်းစားမှာပါ။
.
တစ်ကယ်လို့ ReEntry လျှောက်ဖို့လည်းအချိန်မရဘူး .. ကြိုလည်း မလျှောက်ထားမိဘူး .. ခရီးကလည်းသွားဖို့အရေးပေါ်နေပြီဆိုရင် ReEntry လျှောက်စရာမလိုဘူးလို့ အမေရိကန်လဝက - USCIS က အကြံပေးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Green Card သက်တမ်းက ( ၁ ) နှစ်ဆိုတော့ အချိန်မစေ့ခင် ပြန်ဝင်လာနိုင်လို့ပါပဲ။
.
.
နောက်အခြေအနေတစ်မျိုးက မိမိကအမေရိကန်မြေပြင်ပရောက်နေပြီးပြီ .. တစ်နှစ်လည်းပြည့်တော့မယ် .. ပြန်လည်းမဝင်ချင်သေးတော့ အဝေးကနေ ReEntry လှမ်းလျှောက်မယ် .. " သွားမလုပ်ပါနဲ့ " မရပါဘူး။ အပေါ်မှာပြောပြထားတဲ့အတိုင်း လျှောက်ဖို့ မိမိလူကိုယ်တိုင်ရှိရမယ်လို့ ဆိုထားပါတယ်။
.
ဒါကြောင့် လဝက က လက်ကမ်းစာစောင်မှာ အမေရိကန်မြေကမထွက်ခွာခင် ရက်ပေါင်း ( ၆ဝ ) အတွင်းလျှောက်ပါလို့ အကြံပေးထားတယ်။ ဒါမှ စာသွားစာလာ၊ ငွေသင်းတာ နဲ့ ရက်ချိန်းမှာ ရုံးသွားပြီး လက်ဗွေနှိပ်တဲ့ကိစ္စတွေ အကုန်အောင်မြင်အောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
.
.
ရှိပြီးသား ReEntry စာအုပ်ကို သက်တမ်းကပ်လာလို့ ရက်ကပ်လာလို့ သက်တမ်းတိုးခွင့်မပေးထားပါဘူး။ တစ်အုပ်က ရက်ကုန်ရင် နောက်တစ်အုပ်လုပ်ဖို့ အမေရိကားကို တစ်ခေါက်ပြန်ဝင်ပြီး အသစ်တစ်အုပ်လျှောက်ရမှာဖြစ်ပါတယ်။
.
ဒါပေမယ့် ( ၂ ) နှစ်သက်တမ်းရှိတဲ့ ReEntry စာအုပ်ကို Green Card ကိုင်ထားသူတစ်ယောက်က ဘယ်နှစ်ကြိမ်လျှောက်ခွင့်ရှိကြောင်းကိုတော့ ဒီလက်ကမ်းစာစောင်မှာ ဖော်ပြထားတာမရှိပါဘူး။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
01-01-2017
.
Ref: B5 - U.S Citizenship and Immigration Services Pamphlet

No comments: