Indianapolis |
ကိုဘိုတင့် Sep 1 to me
ကိုညီညီ စာတွေဖတ်ရတာ ဗဟုသုတလည်းရပါတယ်.....
ကိုညီညီ စာတွေဖတ်ရတာ ဗဟုသုတလည်းရပါတယ်.....
သိချင်နေတာတွေလည်းသိရလို့
ကျေးဇူလည်းတင်ပါတယ်.
ကျနော် Refugee နဲ့ရောက်လာပါတယ်....Indiana မှာပါ...
အဲတာ
ခနလောက်ပြန်ချင်တယ်ဗျာ...ပြန်မရောက်တာ
အနှစ် ၂ဝ လောက်ရှိသွားပြီ........
Green Card
လည်းရပြီးပါပြီ..ရောက်တာလည်း ၅ နှစ်လောက်
ဆိုတော့..အိမ်လေးတလုံးလည်းဝယ်ပြီးပါပြီ....
English လိုကလည်းအားနည်းတယ်လေ...
အဲဒါ ကျနော်တို့လို Refugee တွေပြန်လည်ရင် ဘာတွေ
လိုအပ်ပါသလဲ....ဘယ်လိုပြန်ရင်ကောင်းမလဲ ...
အဲဒါလေးတွေသိရင်
..ရေးစေချင်ပါတယ် ခင်ဗျ.
ရေးပြီးခဲ့တာတွေအတွက်လည်း ကျေးဇူးတင်ပါတယ်..
ကျနော် ဘမောင် ပါ.
koko2yeye@gmail.com >>Sep 1 to ကို
အခုလို မှတ်ချက်ပေးတာကို ဦးစွာပထမ ကျေးဇူးတင်လိုပါတယ်ခင်များ
အခုလို မှတ်ချက်ပေးတာကို ဦးစွာပထမ ကျေးဇူးတင်လိုပါတယ်ခင်များ
ကိုဘမောင် ရဲ့ မေးခွန်းတွေကို အလေးအနက်ထားဖြေချင်လို့
သေချာသိစရာ ကို ပြန်မေးချင်ပါတယ်
1) Green
Card ရအောင် SSN ရပြီး ဘယ်လောက်ကြာအောင်စောင့်လိုက်ရသလဲ
2) Green
Card ရအောင် နိုင်ငံရေးခိုလှုံခွင့်နဲ့ဘဲ လျှောက်ခဲ့တာလား - မဟုတ်ဘဲ
ဒီကနိုင်ငံသားကို အိမ်ထောင်ပြုယူလိုက်တာလား
စာပြန်ပါ
Indianapolis |
ကိုဘိုတင့် Sep 1 to me
ဟုတ်ကဲ့..
ဟုတ်ကဲ့..
အခုလို စာပြန်တာ ကျေးဇူးတင်ပါတယ်...
ကျနော် SSN ကို U.S ရောက်ရောက်ချင်းဘဲ ရပါတယ်..
Green Card ကိုတော့တစ်နှစ်ပြည့်တာနဲ့ဘဲလျှောက်ပါတယ်
၅ လ ၊ ၆ လ လောက်စောင့်ပြီး Card ရပါတယ်
U.S ကို ဒုက္ခသည်အနေနဲ့ Malaysia ကနေ U.N လျှောက်ပြီး
ရောက်လာတာပါ...
ကိုဘမောင်
koko2yeye@gmail.com >>Sep 1 to ကို
Citizenship ဖြေဖို့ဘယ်လောက်လိုသေးလဲ
Citizenship ဖြေဖို့ဘယ်လောက်လိုသေးလဲ
ကိုဘိုတင့် Sep 1 to me
ကျနော့် သူငယ်ချင်းတစ်ချို့တော့ Citizen ဖြစ်သွားကြပါပြီ
ကျနော့် သူငယ်ချင်းတစ်ချို့တော့ Citizen ဖြစ်သွားကြပါပြီ
ကျနော်ကတော့လောလောဆယ်မဖြေချင်သေးဘူးခင်ဗျ..
ဒီမှာလည်းအပြီးတော့မနေဘူးလို့စဉ်းစားထားပါတယ်..
ဒီမှာလည်းအပြီးတော့မနေဘူးလို့စဉ်းစားထားပါတယ်..
koko2yeye@gmail.com >>Sep 2 to ကို
ကိုဘမောင် ကို ကိုယ်ချင်းစာပြီး လေးစားစွာ စာပြန်ပါတယ် -
ကိုဘမောင် ကို ကိုယ်ချင်းစာပြီး လေးစားစွာ စာပြန်ပါတယ် -
--------------------------------------------------------------------
သိထားရသလောက်ကတော့
မြန်မာပြည်ကို ဒီနိုင်ငံက ပါ့စပို့စာအုပ် အမဲနဲ့ ဘဲ ပြန်ကြတယ် ၊
ဘာမှ ပြသနာမရှိဘူး ၊ အကြောင်းကတော့ အမေရိကန် နိုင်ငံသားဖြစ်သွားလို့
မြန်မာဘက်က ဘာမှ နောက်ကြောင်းလိုက်စရာမရှိတော့ဘူး ။
တစ်ခုရှိတာက ဒီကနေ မြန်မာပြည်ကိုပြန်ရင် ဂရင်းကဒ်နဲ့
အဝင်အထွက်လုပ်လို့ရတာ အများသိပြီးသာပါ ၊ဆိုလိုတာ က ဒီနိုင်ငံ ကို တံခါးမရှိ
ဓါးမရှိ ၅ လ နဲ့ ၂၉ ရက် ကြာ အောင် ပြင်ပမှာ နေထိုင်လို့ရတယ် ၊ ဒီ့ထက်ပိုနေချင်ရင်
Re-Entry တင် ၊ ဒေါ်လာ ၄ဝဝ အကုန်ကျခံ ၊ ရက်ချိန်းယူ ၊ လက်ဗွေနှိပ် ၊
စာအုပ်စောင့်ပြီး ၂ နှစ်အတွင်းပြန်လာလို့ရတယ် ၊ ကိုယ်ရှိရာကို နောက်ကနေ
ပို့ပေးမယ့်သူရှိရင် စာအုပ်မပါဘဲထွက် - စာအုပ်ကိုလူကြုံနဲ့မှာ - စာအုပ်ရောက်မှ
ဂရင်းကဒ်နဲ့ Re-Entry နဲ့ ပြန်ဝင်ရင် အချိန်ကုန်သက်သာတယ် ။
မြန်မာ ပါ့စပို့ အဟောင်းကို ကိုင်ပြီး ခရီးသွားရမှဆိုတော့ သက်တမ်း ၆ လ
အနည်းဆုံးကျန်နေမှ ရမယ် ၊ သေချာမသိရတာက ရန်ကုန်လေဆိပ် က ကိုယ့်ကို ဘယ်လိုဆက်ဆံမယ်
ဆိုတာကိုဘဲ ။
တစ်ချို့ကျတော့
အရင်မှတ်ပုံတင်ကိုင်ထားတော့ ယိုးဒယား အထိဘဲ သွားပြီးတော့ တာချီလိတ်ဖက်ကနေမှ
ရန်ကုန်ကို ပြန်သွားကြတယ် ၊ ပြန်ထွက်ချင်ရင်လဲ ဒီအတိုင်းဘဲ ၊ ဘန်ကောက်ရောက်မှ
ဒီဘက်ကို ဂရင်းကဒ်နဲ့ ပြန်ဝင်လာတယ် ၊ နောက်တစ်မျိုးကျတော့ ကိုယ်တွေ့ချင်တဲ့မိသားစု
( အမေအို + အဖေအို ) ကို ဆေးစစ်ဖို့ ဘန်ကောက်ဆေးရုံ ကို ဘွတ်ကင်လုပ် ၊ ဆေးခန်းပြ
၊ ဆေးစစ် ၊ လိုက်ပို့ ၊ ကန်တော့ပြီး ပြန်လမ်းခွဲကြတယ် ၊ ဘယ်တစ်ခု က ဘယ်သူနဲ့
အလုပ်ဖြစ်မလဲဆိုတာကတော့ ကိုယ်တိုင်ဘဲ ရွေးချယ်ရမှာပါ ၊ ရာဇဝတ်မှုကျူးလွန်ထားသူမဟုတ်ရင်
အခုခေတ်ကြီးမှာ ပြန်တော်ပြန်ဝင်ချိန် မဖမ်းဘူးလို့တော့ သိထားပါတယ် ၊ ဒါပေမဲ့
ကိုယ်က အစိုးရအဖွဲ့ထဲက မဟုတ်တော့ အာမခံပြီး ဘာမှမပြောလိုပါခင်များ ။
အကောင်းဆုံးအကြံပေးနိုင်တာက
1) မြန်မာပြည်မှာ
ကိုယ့်ပိုင်ဆိုင်မှုကို ယုံကြည်ရတဲ့သူကို လွှဲ လို့ ရမလား ကြိုတင်စီစဉ်ထားပါ
2) အချိန်ကျနေပြီဆိုရင်
Citizen လျှောက်ပြီး စာအုပ်မဲ ကိုင်ထားလိုက်ပါ
3) ဝါရှင်တန်ဒီစီသံရုံးကို
ဒေါ်လာ ၃ဝ ပေးပြီး တလ ကြိုတင် မြန်မာပြည်ဗီဇာလျှောက်ပါ
4) မြန်မာပြည်နောက်ဆုံးသတင်းကို
နားစွင့်ပြီး ခရီးသွားပါ
5) အဲဒီမှာဘဲ
အခြေချတော့မယ်ဆိုရင် ဒီနိုင်ငံသားကို ပြန်စွန့်လွှတ်ရင် မြန်မာအစိုးရပြန်လက်ခံပါတယ်
6) အကောင်းဆုံးကတော့
အမေရိကားကို ၆ လ တကြိမ် ပြန်အဝင်ပြတော့ ဂရင်းကဒ် မသေဘူးပေါ့
အပေါ်က
အဖြေများက ရာနှုန်းပြည့်အားမကိုးပါနဲ့ခင်များ ၊ ကိုဘမောင်ဘဝအတွက် အတိုင်းအတာ
တစ်ခုအထိ အထောက်အကူဖြစ်နိုင်ပါစေ ။
ထပ်မေးလာမယ့် မေးခွန်းများကို ကြိုဆိုပါတယ် ၊ အခုလို
မိတ်ဆွေဖြစ်ရတာကိုလဲ ပိုမိုတန်ဖိုးထားပါတယ် ။
အခြေအနေအရပ်ရပ်အားလုံးအဆင်ပြေပြီးတော့
မြန်မာပြည် နှင့် မိဘ ၊ ဘိုးဘွားများ ကို ပြန်လည်အလုပ်အကျွေးပြုနိုင်ပါစေ ။
မှတ်ချက် ။ ။ အခု
မေးခွန်းနဲ့ အဖြေများကို ဘလော့စာမျက်နှာပေါ်မှာ
ဖော်ပြခွင့်ပြုပါလို့ခွင့်တောင်းပါတယ် ၊ မြန်မာပြည်ထုတ် ဂျာနယ်တွေမှာ
ဖော်ပြခွင့်ပြုမပြု သိလိုပါတယ် ၊ နာမယ် အမှန် နဲ့ ဒေသ ကို ဖော်ပြအသုံးပြုခွင့် ရှိမရှိ ကိုပါ
အကြောင်းပြန်ပေးပါခင်များ ။
ကျေးဇူးတင်စွာဖြင့်
ကိုညီညီ
- တောင်ကြီး
(
ခေတ္တ အမေရိကန် ) ဆန်ဖရန် စစ္စကို
ကိုဘိုတင့် Sep 2 to me
ဟုတ်ကဲ့... ကိုညီညီ ရေ...
ဟုတ်ကဲ့... ကိုညီညီ ရေ...
အခုလိုကျနော့်မေးခွန်းတွေကို ပြည့်ပြည့်စုံစုံနဲ့ထောင့်စေ့အောင်
ဖြေကြားပေးတဲ့အတွက် ပြောမပြတက်အောင်ဘဲ ကျေးဇူးတင်ပါတယ်..
တစ်ခုတော့ထပ်မေးပါရစေ.. ကျနော်တို့ Green Card ကိုင်ထားတဲ့ Refugee
တွေက
Travel Document လျှောက်ပြီးပြန်လို့ရပါသလား....
ရခဲ့လို့ရှိရင်လည်း U.S.A ကိုပြန်အဝင်မှာ အခက်အခဲများရှိနိုင်ပါသလား..
ကျနော်ကြားတာကတော့
ကျနော်တို့ Refugee တွေကို တခြားဘယ်နိုင်ငံ
မဆိုသွားခွင့်ရှိတယ်..မိခင်နိုင်ငံကိုတော့သွားခွင့်မပြုဘူးလို့....
ပြောနေကြတာဘဲခင်ဗျ....
ကျနော့်အတွက်တော့အဲဒါအဓိကပါဘဲ..... U.S ကိုပြန်ဝင်လို့ရမှဖြစ်မယ်ခင်ဗျ..
ဘာဖြစ်လို့လဲဆိုတော့ကျနော်တို့နှစ်ယောက်က
တစ်လှည့်စီပြန်မှာကိုးဗျ...
Bill တွေကလည်းရှိသေးတယ်လေ......
ကိုညီညီ ရေ..အခုကျနော်တို့အပြန်အလှန်ရေးခဲ့တဲ့အကြောင်းအရာ
တွေကို ဘလော့ပေါ်မှာရောဂျာနယ်မှာပါသုံးနိုင်ပါတယ်..( နာမည်ရောဒေသပါ )
ကျနော့်လိုသိချင်တဲ့သူတွေလည်းရှိမှာပါ........
ကျေးဇူးအထူးတင်ပါတယ်
koko2yeye@gmail.com >>Sep 2 to ကို
ဟုတ်ကဲ့ ကိုဘမောင် ကျေးဇူးတင်ပါတယ်
ဟုတ်ကဲ့ ကိုဘမောင် ကျေးဇူးတင်ပါတယ်
ကျွန်တော်သိထားရသလောက်ထဲက
ဖျစ်ညှစ်ပြီး ဖြေရမယ်ဆိုရင် Travel Document ပါမှ ခရီးထွက်ရတယ်လို့တော့
မကြားဖူးပါဘူး ၊ ဘယ်လိုဘဝမျိုးကဘဲရောက်လာလာ Green Card ကိုင်ထားသူအားလုံးဟာ အခွင့်အရေးအတူတူ ပါဘဲ ၊ အမေရိကားရောက်နေတယ်ဆိုတဲ့
ကောင်းကွက်လေးတစ်ခုက ဒါပါဘဲ ။
Green Card ကိုင်ဆောင်သူဟာ
အမေရိကားလူဝင်မှုကြီးကြပ်ရေးကို ကြိုတင်အကြောင်းကြားစရာမလိုဘဲ
လေယျာဉ်လက်မှတ်ကိုင်ပြီး နိုင်ငံ့အပြင်ဘက်ကို အချိန်မရွေးထွက်သွား / ပြန်ဝင် လို့
ရတယ် လို့ သိထားပါတယ် ၊ အားလုံးပြင်ဆင်ပြီးတဲ့ အချိန် -
တကယ်သွားရမဲ့အချိန်ကျရောက်လာရင်တော့ Indiana က Fort Wayne က ကိုဘမောင် ရဲ့
အသိအကျွမ်း သူငယ်ချင်းတွေနဲ့ ထပ်ပြီးစုံစမ်းကြည့်ပါအုံး ၊ ဒီဘက်
ကျွန်တော်နေတဲ့နားမှာ Refugee ရှိပေမဲ့ Citizenship မရသေးဘဲ ပြန်တဲ့သူ
မကြားမိသေးဘူး ၊ အရှေ့ စာထဲမှာ ဖြေပြထားသလို ဘန်ကောက်မှာ ချိန်းပြီး
ပြန်လမ်းခွဲတဲ့သူတော့ ရှိဖူးတယ် ။
တစ်နိုင်ငံမကောင်းလို့
တစ်နိုင်ငံပြောင်းလိုက်ကြရတဲ့ နိုင်ငံရေးခိုလှုံခွင့်နဲ့ နေထိုင်သူများ ကို
မြန်မာသမ္မတ က ကြိုဆိုတယ်လို့ ကြေငြာထားပါတယ် ၊ နောက်ပြီး ဝေါ်ရှင်တန်ဒီစီ
မြန်မာသံရုံးတာဝန်ခံကို လဲ ပေါ်တင်မေးကြည့်လို့ရပါတယ် ( သူတို့ဖြေပါလိမ့်မယ် )
၊ နောက်ပြီး အခုလို ပွင့်လင်းလူ့အဖွဲ့အစည်းတည်ဆောက်ကာလမှာ အင်္ဂလိပ်စာ
ကျွမ်းကျင်မှ လေ့လာလို့ ရတာ မဟုတ်တော့ပါဘူး ၊ မြန်မာစာနဲ့ အင်တာနက်စာမျက်နှာတွေ
အများကြီး ရှိနေပါပြီ ၊ အင်္ဂလိပ်စာ မတတ်တာ က ခေတ်နောက်ကျတာမဟုတ်ပါဘူး ၊ ခေတ် ကို
မသိ - ခေတ် ရဲ့ ပြောင်းလဲမှုတွေကို မသိကျိုးကျွံပြုနေသူကသာ ခေတ်နောက်ကျတာပါ ။
အခုမှ သိကျွမ်းရပေမဲ့
အမိမြန်မာပြည်ကို ပြန်ပြီး မိဘတွေကို ကျေးဇူးဆပ်ချင်တဲ့ စိတ်ကို အရမ်းလေးစားမိပါတယ်
၊ မွေးရပ်မြေမှာ ပရဟိတအကျိုးများဖော်ဆောင်ရင်းနဲ့ တချိန်က လုပ်ခွင့်မရခဲ့တဲ့
အများအကျိုးထမ်းရွက်သယ်ပိုးနိုင်ပါစေခင်များ ။
---------- ဘလော့စာမျက်နှာ
နဲ့ ဂျာနယ်မှာ ဖော်ပြပေးစေလိုသော ဓါတ်ပုံ ( Refugee Camp ပုံ / Indiana ပုံ
/ Fort Wayne ပုံ / ရုန်းကန်ရပုံ /
မြန်မာပြည်ကိုလွမ်းရလောက်တဲ့ခံစားချက်ဓါတ်ပုံများ စသည်ဖြင့် ) များ
ပေးပို့စေလိုပါသည် ။ --------
ကိုဘိုတင့် Sep 3 to me
ကျေးဇူးတင်ပါတယ် ကိုညီညီ
တကယ်တော့ကျနော်က ဟိုအရင် မလေးရှား မှာနေကတည်းက
မြန်မာပြည်ကိုပြန်ချင်နေတဲ့သူတယောက်ပါ ၊ အခွင့်အရေးလေးရလို့ U.S ကိုလာခဲ့တာပါ..ည
အခုအချိန်က ဟိုလူကလည်းပြန် ဒီလူကလည်းပြန် ဆိုတော့ ကျနော့်ရဲ့ပြန်ချင်စိတ်တွေ
ပိုများလာတာပေါ့ဗျာ....
အော်..ကျနော်က Indianapolis မြို့မှာနေတာပါ..မြန်မာ Community က နဲပါတယ်..မိသားစု
၃..၄ဝ လာက်
Single သမား ၂ဝ လောက်နဲ့တိုင်းရင်းသားနဲ့ရောတာ ၂ဝ လောက်ဘဲရှိပါတယ်.. ဗမာထဲမှာတော့...ကျနော်တို့က အစောပိုင်းရောက်တဲ့သူတွေပါ......ဒီမှာ အများစုကတော့ ချင်းလူမျိုးစုတွေပါဘဲ..အခုဆိုရင် ၁ဝဝဝဝ နီးပါးရှိနေပါပြီ..
ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေနေနဲ့ကတော့ လောလောဆယ် ဉ္ပီးဇင်းတပါးကို Apartment
အခန်းငှားပြီး သီတင်းသုံးစေပါတယ်..ဘုန်းကြီးကျောင်း မဝယ်နိုင်ကြသေးပါဘူး.....
( အခုမှ သိကျွမ်းရပေမဲ့ အမိမြန်မာပြည်ကို ပြန်ပြီး မိဘတွေကို ကျေးဇူးဆပ်ချင်တဲ့ စိတ်ကို အရမ်းလေးစားမိပါတယ် ၊ မွေးရပ်မြေမှာ ပရဟိတအကျိုးများဖော်ဆောင်ရင်းနဲ
( အခုမှ သိကျွမ်းရပေမဲ့ အမိမြန်မာပြည်ကို ပြန်ပြီး မိဘတွေကို ကျေးဇူးဆပ်ချင်တဲ့ စိတ်ကို အရမ်းလေးစားမိပါတယ် ၊ မွေးရပ်မြေမှာ ပရဟိတအကျိုးများဖော်ဆောင်ရင်းနဲ
့ တချိန်က လုပ်ခွင့်မရခဲ့တဲ့
အများအကျိုးထမ်းရွက်သယ်ပိုးနိုင်ပါစေခင်များ ။ )
ကိုညီညီရေ ..တကယ်တော့ကျနော်က မိဘကျေးဇူးဆပ်ဘို့ အပြင်ထွက်လာခဲ့တဲ့သူတယောက်ပါ..
ကိုယ်စွမ်းရှိသလောက် ကိုယ်လုပ်နိုင်သလောက်တော့ ပရဟိတတွေလည်း
လမ်းတလျှောက်လုပ်ခဲ့/ဆဲ ပါ
ဆုတောင်းအတွက်လည်းကျေးဇူးပါ...
အော်...Photoကတော့ Indianapolis မြို့ ပုံတွေဘဲထည့်ပေးလိုက်ပါတယ်..... အခုလို
အချိန်ပေး ဝိရိယစိုက်ပြီး စာပြန်ခဲ့တာတွေအတွက် ကျေဇူးအထူးတင်လျှက်........
ကိုဘမောင်
အားလုံးကိုကျေးဇူးတင်လျက်
ကိုညီညီ - တောင်ကြီး
No comments:
Post a Comment