ဆောင်းပါးရှင်
- ကလောင်စေတနာ
|
ယနေ့ဘယ်လိုဖြစ်နေသည်မသိ
။ တက္ကစီသမားကလည်း ရှာမတွေ့ဘူးဟု ပြောနေသည် ။ ဒေသလေယူလေသိမ်းကို
နားမလည်လို့တော့မဖြစ်နိုင် ။ ဟုတ်ပါပြီ ။ ဖခင် ဖုန်းဆက်တုန်းကလည်း
ကာတာလေကြောင်းလိုင်းဟု မကြာခဏ မှာသည် ။ ( ၃ ) နာရီစော၍
ကွင်းချိန်းလို့သာ အေးအေးဆေးဆေး လုပ်နေနိုင်ခဲ့သည် ။ လေဆိပ်ထွက်ခွာ
ရပ်နားဆိပ် နားရောက်ခါနီးတော့မှ သိလိုက်ရသည်မှာ ကာတာလေကြောင်းလိုင်းမဟုတ်
အမေရိကန်အဲလိုင်း ဖြစ်သည် ။
ဖြစ်သည်က
သည်လို ။ လက်မှတ်ဝယ်ပေးတုန်းက ပို့လာသည့်အီမေးလ်ကို သေချာမဖတ်မိ ။
မြန်မာနိုင်ငံပြန်ရန်လိုသည့်ပစ္စည်းများ ဟိုတစ်လောကမှာလိုက်သည့်အထဲတွင် ဖခင် က
လေယာဉ်လက်မှတ်ကို ပရင့်ထုတ်ပေးလာသည် ။ လေဆိပ်မဆင်းခင်တွင်ပင်လျှင်
လေယာဉ်အချိန်ဇယားကို ဖုန်းတွင်သိမ်းထားနိုင်ရန် စကရင်ရှော့ပို့လာပေးသေးသည် ဤမျှအားကိုးရသည့်
ဖေဖေ ။ အမှန်မှာကား ကာတာလေကြောင်းလိုင်းဖြင့်
မြန်မာနိုင်ငံပြန်ရန်ရွေးချယ်ရခြင်းမှာ ဘော့စတွန်မှ ရန်ကုန်ကို
နှစ်ထောက်နားခရီးဖြင့် သွားခွင့်ရသောကြောင့်ဖြစ်သည် ။
တစ်ခြားလေကြောင်းလိုင်းများမှာ နယူးယောက်တွင် အခြေစုစီးနင်းရသည်ဖြစ်ရာ
မြန်မာကျောင်းသားများ ဘော်စတွန် လိုဂန် လေဆိပ်မှ လေယာဉ်ခေါ်ဆောင်ရာလိုက်ရင်း
အချိန်တန်လျှင် အမိမြေ ရန်ကုန်သို့ရောက်နိုင်မည်ဖြစ်၍ အဆင်ပြေလှသည် ။ ယခု
လေဆိပ်ရောက်လျှင် ပထမဦးဆုံးစီးရမည့်လေယာဉ်သည်
အမေရိကန်ပြည်တွင်းခရီးစဉ်သာဖြစ်နေသေး၍ ကာတာအဲယားဝေးစ် ဆိုင်းဘုဒ်ကို
ရှာမရခြင်းဖြစ်လေတော့သည် ။