ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) |
လူတွေဟာ
ကြီးပြင်းလာကတည်းက သူ့ရေခံနဲ့ သူ့မြေခံနဲ့။ ဒီဘက်မြေမှာဆိုရင် "The Way They Grew Up Is Different-သူတို့ကြီးပြင်းရင့်ကျက်လာတာဟာသူများနဲ့မတူဘူး" လို့ပြောကြတယ်။
ဒီလိုနည်းနဲ့လောကကြီးထဲကိုပို့လိုက်ကြတော့ ကလေးသူငယ်တွေဆိုတာ သူတစ်ပါးတစ်ယောက်၊
လူတစ်စုတစ်ဖွဲ့ဟာ "ငါ" နဲ့မတူဘူးဆိုတာလက်ခံထားကြရင်းငယ်ငယ်လေးနဲ့
မတူကွဲပြားခြင်းဝါဒ-Diversity ကို
ဆင်ခြင်သုံးသပ်ကြဖို့နှလုံးရည်ပြည့်ဝနေလေ့ရှိကြတယ်။
ဒီလိုစိတ်ဓါတ်ရှင်သန်တဲ့နေရာမှာ
ဒီမိုကရေစီထွန်းကားတယ်။ ဒီလိုအတွေးအခေါ်များများရှိတဲ့တိုင်းပြည်မှာ
စီးပွားရေးတိုးတက်တယ်။ ထစ်ကနဲရှိ မကျေနပ်ရင် ရန်ထဖြစ်လိုက်မယ် . . ဘာမှတ်နေသလဲ ဆိုတဲ့လူမျိုးတွေမှာ
ငါနဲ့တူဖို့ကြိုးစားရင်းကနေ တိုင်းပြည်အဆက်ဆက် ထီးနန်းအသက်သက် သွေးစက်တွေရင်းပြီး
အချည်းနှီးဖြစ်ကျန်ရစ်ခဲ့ကြရလေတယ်။
ကဲ . .
ခေါင်းစဉ်ဘက်ကိုပြန်သွားရအောင်။ ဆရာကြီးဦးအောင်သင်းပြောသလို "လူတွေဟာ
သူများထီပေါက်ရင် ငါပေါက်နိုင်တယ်ဆိုပြီး ကံကိုယုံကြတယ်။ သူများကားတိုက်ခံရရင်
ငါလည်းကားတိုက်ခံရနိုင်တယ်လို့ မတွေးကြဘူး" ဆိုတာသိပ်မှန်တယ်။
သူများသူဋ္ဌေးဖြစ်ရင် ငါဖြစ်နိုင်တယ်လို့ထင်ကြတယ်။ သူများဆင်းရဲသွားလို့
ငါဆင်းရဲသွားနိုင်တယ်လို့ဘယ်သူမှမထင်ကြဘူး။ မဖြစ်ချင်ကြဘူး။
တစ်ဆက်တည်းမှာ
နိုင်ငံတစ်နိုင်ငံရဲ့ဆင်းရဲခြင်း နဲ့ ချမ်းသာခြင်းကိုတိုင်းတာတဲ့အခါ
ငွေကြေးနဲ့တိုင်းတာရင်း ပညာရေးကိုအောက်ချနင်း
သက်ဆင်းသွားခဲ့ရတဲ့အဖြစ်တွေကရင်နှင့်စရာဖြစ်ကျန်ခဲ့တယ်။
လူတိုင်းဟာတိုင်းပြည်ကိုကယ်တင်ချင်တယ်လို့ပြောတယ်။ တကယ်တော့
လူတွေကတိုင်းပြည်ကြီးကိုကယ်တင်နေတာလား? တိုင်းပြည်ကြီးကလူတွေကို ပြန်ကယ်တင်နေရတာလားဆိုတာ
သမိုင်းရဲ့ပေးထားချက်နဲ့အညီ ပြန်စဉ်းစားရလိမ့်မယ်။
ရှေးမင်းအဆက်ဆက်
အနောက်ဘက်တိုင်းပြည်အနည်းစုက အရှေ့ဘက်ခြမ်းတိုင်းပြည်အများစုကို
ကိုလိုနီပြုကျွန်လုပ်သိမ်းပိုက်ခဲ့ကြတယ်။ အဲဒီလိုဖြစ်ရခြင်းရဲ့အကြောင်းရင်းက
အရှေ့ဘက်ခြမ်းတိုင်းပြည်တွေမှာ ပညာတွေ၊ အသိတွေ၊ အမှန်တရားတွေထွန်းကားခဲ့လို့လား? မဟုတ်ပါ။
သံယံဇာတတွေရဲ့ထွန်းလင်းတောက်ပမှုနဲ့အတူ လူသားတို့ရဲ့လောဘကိုဆွဲဆောင်နေခဲ့တာကြောင့်
ကမ္ဘာကြီးဟာတစ်ခြမ်းစောင်းခဲ့ရတယ်။ ဒါဆိုရင် အနောက်နိုင်ငံတွေက
ဆာလောင်မွတ်သိပ်နေလို့လား? မဟုတ်ပါ။ နယ်မြေသစ်ရှာဖွေရင်း ပညာရှင်တွေကိုအရင်မွေးမြူနိုင်ပြီး
တိုင်းပြည်တိုးတက်အောင်လုပ်နိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။
သူတို့ဟာ
အသိပညာမရှိတဲ့တိုင်းပြည်၊ တစ်နည်းအားဖြင့်
ရိုးသားတဲ့တိုင်းပြည်တွေကရတဲ့အကျိုးစီးပွားတွေနဲ့ စက်မှုလုပ်ငန်းတွေထောင်၊
ကျောင်းတွေဆောက်၊ ပညာတတ်တွေမွေး၊ တက္ကသိုလ်ကြီးတွေကိုလုပ်ပိုင်ခွင့်တွေပေး၊ ဆရာတွေ
ဆရာမတွေကို စျေးကြီးကြီးပေးဆွဲဆောင် နဲ့ တိုင်းပြည်ကြီးကိုတည်ထောင်တာ
သူတို့ကမှတကယ်ကယ်တင်နေတာ။
ဒီလိုဆိုတော့
အရှေ့ပိုင်းသားတွေက ပညာမသင်နိုင်လို့လား? ကိုယ်လိုနီပြုထားတဲ့တိုင်းပြည်မှာ ဘယ် ကိုလိုနီတွေကမှ
တိုင်းပြည်အုပ်ချုပ်တာကိုသင်ပေးလိုက်တာမရှိကြပါဘူး။
သူတို့သာဆက်ပြီးကျွန်ပြုချင်လို့ အောက်ကအဖိနှိပ်ခံတွေကို
ဒီလိုအုပ်ချုပ်မှုပညာတွေဘယ်သင်ပေးပါ့မလဲ။
နောက်ပိုင်း
တစ်နိုင်ငံပြီးတစ်နိုင်ငံ ဆက်တိုက်ဆက်တိုက် တွန်းလှန်လာတဲ့အခါ
ကိုလိုနီနိုင်ငံတွေဟာ အဆီအနှစ်တွေစုပ်ယူပြီးဝလင်တုတ်ဖီးလို့
သူတို့ရဲ့ရွှေပြည်ကြီးဆီကို ပြန်ဆုတ်ကြရလေတယ်။ ဒီလိုနဲ့
အရှေ့ပိုင်းတိုင်းပြည်တွေကဆင်းရဲတွင်းထဲက ရုန်းထ၊ အစစအရာရာပြန်ကြိုးစားကြရင်း
ပြေလည်မှုအဆင့်တစ်ခုရောက်တော့မှသာ အုပ်ချုပ်မှုပညာကိုသင်ဖို့ပြင်ကြရတယ်။
တကယ်သွားသင်တော့လည်း သူတို့ကို ကိုလိုနီပြုခဲ့တဲ့တိုင်းပြည်တွေဆီမှာပါပဲ။
ဒါကြောင့်
အနောက်နိုင်ငံတွေမှာပညာသင်ရဟာတာ ရှက်စရာမဟုတ်၊ ပညာရလိုခြင်းသာ လိုရင်းဖြစ်တယ်။
အနောက်နိုင်ငံတွေမှာ အလုပ်လုပ်တာဟာ ပိုက်ဆံရဖို့သာမဟုတ်၊ အသိပညာကြွယ်ဝဖို့သာ
လိုရင်းဖြစ်တယ်။ ဒါပေမဲ့ တက္ကသိုလ်တွေ ကောလိပ်တွေဟာ လူတိုင်းအတွက်ဖြစ်ပါရဲ့လား? အမေရိကန်နိုင်ငံမှာ ကျောင်းသား (၁ဝဝ)
တက္ကသိုလ်တက်ရင် အယောက် (၆ဝ) ကျော်သာ ကျောင်းပြီးတယ်။ ဒါပေမဲ့
ကျွန်ပြုခံခဲ့ရတဲ့အရှေ့ဖျားတိုင်းပြည်တွေက ကျောင်းသား (၁ဝဝ) အမေရိကားမှာလာတက်ရင်
အယောက် (၉ဝ) ကျော် ကျောင်းပြီးတယ်။ ဒါကရော ဂုဏ်ယူစရာလား?
အမှန်ကတော့
အနောက်နိုင်ငံကလူတွေ လုပ်ပေးလိုက်တာက တစ်ခုတည်း။ အရင်ကသီးသန့်စီရှိခဲ့တဲ့
“အုပ်ချုပ်မှုပညာ” နဲ့ “စာသင်ကျောင်းသား” ကို တွဲစပ်ပေးလိုက်တာပါ။ တစ်ချိန်တုန်းကဆိုရင်
ပညာသင်နိုင်သူလူတန်းစားကသတ်သတ်၊ အခိုင်းစေခံလူတန်းစားကသတ်သတ်။ အခုမျက်မှောက်
အင်တာနက်ခေတ်ဖြစ်လာတော့ စိတ်ပါသ၍ လူတန်းစားမရွေး ဘယ်သင်ခန်းစာကိုသင်ယူချင်သလဲ
ရတယ်။ မိမိဘာကိုလိုချင်သလဲဆိုတာကိုရှာတတ်ဖို့သာလိုပါတယ်။
အခုဆိုရင်ကြည့်
ကမ္ဘာမှာကျောင်းထွက်ထားတဲ့ ဘီလျံနာတွေအများကြီး၊ ကမ္ဘာ့တိုက်အသီးသီးမှာ
ကျောင်းမပြီးတဲ့မီလျံနာတွေအများကြီး၊ အာရှဘက်ခြမ်းမှာဆို ကိုယ်ထူးကိုယ်ချွန်ခဲ့တဲ့
စွန့်ဦးတီထွင်လှုပ်ငန်းရှင်-Entrepreneur တွေမှ အများကြီး အများကြီး။
ပိုမိုကွဲပြားအောင်သုံးသပ်ပြရရင်
အတန်းပညာ နဲ့
ဘဝပညာ၊
ထီးနန်းအာဏာပိုင်ဆိုင်ခြင်း နဲ့
အုပ်ချုပ်မှုပညာ၊
မျိုးရိုးဂုဏ်ရှိန်ဝါချမ်းသာခြင်း နဲ့
လုပ်ငန်းသစ်ထူထောင်အောင်မြင်တတ်ခြင်းအတတ်ပညာတို့
အပြင်
အတွေ့အကြုံကိုအခြေခံတဲ့စီးပွားရှာခြင်း
နဲ့
စီမံကိန်းချခြင်းဘောဂဗေဒပညာ တို့ဟာ
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ဘဝနဲ့ရင်းပြီးကြိုးစားရမှု
နဲ့
တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့တစ်ဆင့်ပြီးမှတစ်ဆင့်တက်နိုင်တဲ့ကွာခြားမှုတို့ကို
ရှင်းရှင်းလင်းလင်းမြင်စေချင်ပါတယ်။
ဒါဆိုရင်
မိမိရဲ့ဘဝမှာ ဘဝရပ်တည်မှု နဲ့ အတန်းပညာ . . ဘယ်ဟာကပိုအရေးကြီးသလဲဆိုတာကို ဆီ နဲ့
ရေ လို ထင်းထင်းကြီးမြင်နိုင်ပြီး လိုချင်တဲ့ဘဝပန်းတိုင်ကိုရောက်ဖို့
မြို့ပတ်လမ်းကနေ မသွားဘဲ အဓိကမိန်းလမ်း-Main Street ပေါ်ကနေမောင်းနှင်နိုင်ဖို့
လမ်းညွှန်ဆိုင်းဘုတ်လေးကိုင်မြှောက်ရင်း အကြံပြုရေးသားလိုက်ပါတယ်။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
12-07-2019
<Zawgyi>
"တကၠသိုလ္ဘြဲ႕ဟာ
လူတိုင္းနဲ႔မသက္ဆုိင္ပါ”
လူေတြဟာ ႀကီးျပင္းလာကတည္းက သူ႔ေရခံနဲ႔
သူ႔ေျမခံနဲ႔။ ဒီဘက္ေျမမွာဆိုရင္ "The Way They
Grew Up Is Different-သူတို႔ႀကီးျပင္းရင့္က်က္လာတာဟာသူမ်ားနဲ႔မတူဘူး"
လို႔ေျပာၾကတယ္။ ဒီလိုနည္းနဲ႔ေလာကႀကီးထဲကိုပို႔လိုက္ၾကေတာ့ ကေလးသူငယ္ေတြဆိုတာ
သူတစ္ပါးတစ္ေယာက္၊ လူတစ္စုတစ္ဖြဲ႕ဟာ "ငါ"
နဲ႔မတူဘူးဆိုတာလက္ခံထားၾကရင္းငယ္ငယ္ေလးနဲ႔ မတူကြဲျပားျခင္းဝါဒ-Diversity ကို
ဆင္ျခင္သုံးသပ္ၾကဖို႔ႏွလုံးရည္ျပည့္ဝေနေလ့ရွိၾကတယ္။
ဒီလိုစိတ္ဓါတ္ရွင္သန္တဲ့ေနရာမွာ
ဒီမိုကေရစီထြန္းကားတယ္။ ဒီလိုအေတြးအေခၚမ်ားမ်ားရွိတဲ့တိုင္းျပည္မွာ
စီးပြားေရးတိုးတက္တယ္။ ထစ္ကနဲရွိ မေက်နပ္ရင္ ရန္ထျဖစ္လိုက္မယ္ . . ဘာမွတ္ေနသလဲ ဆိုတဲ့လူမ်ိဳးေတြမွာ
ငါနဲ႔တူဖို႔ႀကိဳးစားရင္းကေန တိုင္းျပည္အဆက္ဆက္ ထီးနန္းအသက္သက္ ေသြးစက္ေတြရင္းၿပီး
အခ်ည္းႏွီးျဖစ္က်န္ရစ္ခဲ့ၾကရေလတယ္။
ကဲ . . ေခါင္းစဥ္ဘက္ကိုျပန္သြားရေအာင္။
ဆရာႀကီးဦးေအာင္သင္းေျပာသလို "လူေတြဟာ သူမ်ားထီေပါက္ရင္
ငါေပါက္နိုင္တယ္ဆိုၿပီး ကံကိုယုံၾကတယ္။ သူမ်ားကားတိုက္ခံရရင္ ငါလည္းကားတိုက္ခံရႏုိင္တယ္လို႔ မေတြးၾကဘူး" ဆိုတာသိပ္မွန္တယ္။ သူမ်ားသူေ႒းျဖစ္ရင္ ငါျဖစ္ႏုိင္တယ္လို႔ထင္ၾကတယ္။ သူမ်ားဆင္းရဲသြားလို႔ ငါဆင္းရဲသြားႏိုင္တယ္လို႔ဘယ္သူမွမထင္ၾကဘူး။ မျဖစ္ခ်င္ၾကဘူး။
တစ္ဆက္တည္းမွာ ႏုိင္ငံတစ္ႏုိင္ငံရဲ႕ဆင္းရဲျခင္း နဲ႕ ခ်မ္းသာျခင္းကိုတိုင္းတာတဲ့အခါ ေငြေၾကးနဲ႔တိုင္းတာရင္း ပညာေရးကိုေအာက္ခ်နင္း
သက္ဆင္းသြားခဲ႕ရတဲ့အျဖစ္ေတြကရင္ႏွင့္စရာျဖစ္က်န္ခဲ့တယ္။
လူတိုင္းဟာတိုင္းျပည္ကိုကယ္တင္ခ်င္တယ္လို႔ေျပာတယ္။ တကယ္ေတာ့ လူေတြကတိုင္းျပည္ႀကီးကိုကယ္တင္ေနတာလား? တိုင္းျပည္ႀကီးကလူေတြကုိ ျပန္ကယ္တင္ေနရတာလားဆိုတာ သမုိင္းရဲ႕ေပးထားခ်က္နဲ႕အညီ
ျပန္စဥ္းစားရလိမ့္မယ္။
ေရွးမင္းအဆက္ဆက္ အေနာက္ဘက္တိုင္းျပည္အနည္းစုက
အေရွ႕ဘက္ျခမ္းတိုင္းျပည္အမ်ားစုကို ကိုလိုနီျပဳကၽြန္လုပ္သိမ္းပိုက္ခဲ့ၾကတယ္။
အဲဒီလိုျဖစ္ရျခင္းရဲ့အေၾကာင္းရင္းက အေရွ႕ဘက္ျခမ္းတိုင္းျပည္ေတြမွာ ပညာေတြ၊ အသိေတြ၊
အမွန္တရားေတြထြန္းကားခဲ့လို႔လား? မဟုတ္ပါ။ သံယံဇာတေတြရဲ႕ထြန္းလင္းေတာက္ပမႈနဲ႕အတူ
လူသားတုိ႕ရဲ႕ေလာဘကိုဆြဲေဆာင္ေနခဲ႕တာေၾကာင္႕ ကမၻာၾကီးဟာတစ္ျခမ္းေစာင္းခဲ႕ရတယ္။ ဒါဆိုရင္ အေနာက္နိုင္ငံေတြက ဆာေလာင္မြတ္သိပ္ေနလို႔လား? မဟုတ္ပါ။ နယ္ေျမသစ္ရွာေဖြရင္း ပညာရွင္ေတြကိုအရင္ေမြးျမဴနိုင္ၿပီး တုိင္းျပည္တိုးတက္ေအာင္လုပ္ႏုိင္ခဲ႕တာေၾကာင္႕ျဖစ္ပါတယ္။
သူတို႔ဟာ အသိပညာမရွိတဲ့တိုင္းျပည္၊ တစ္နည္းအားျဖင့္
ရိုးသားတဲ့တိုင္းျပည္ေတြကရတဲ့အက်ိဳးစီးပြားေတြနဲ႔ စက္မႈလုပ္ငန္းေတြေထာင္၊
ေက်ာင္းေတြေဆာက္၊ ပညာတတ္ေတြေမြး၊ တကၠသိုလ္ႀကီးေတြကိုလုပ္ပိုင္ခြင့္ေတြေပး၊ ဆရာေတြ
ဆရာမေတြကို ေစ်းႀကီးႀကီးေပးဆြဲေဆာင္ နဲ႔ တိုင္းျပည္ႀကီးကိုတည္ေထာင္တာ သူတို႔ကမွတကယ္ကယ္တင္ေနတာ။
ဒီလိုဆိုေတာ့ အေရွ႕ပိုင္းသားေတြက ပညာမသင္ႏိုင္လို႔လား? ကိုယ္လိုနီျပဳထားတဲ့တိုင္းျပည္မွာ
ဘယ္ ကိုလိုနီေတြကမွ တိုင္းျပည္အုပ္ခ်ဳပ္တာကိုသင္ေပးလိုက္တာမရွိၾကပါဘူး။
သူတို႔သာဆက္ၿပီးကၽြန္ျပဳခ်င္လို႔ ေအာက္ကအဖိႏွိပ္ခံေတြကို
ဒီလိုအုပ္ခ်ဳပ္မႈပညာေတြဘယ္သင္ေပးပါ့မလဲ။
ေနာက္ပိုင္း တစ္ႏိုင္ငံၿပီးတစ္နိုင္ငံ
ဆက္တိုက္ဆက္တိုက္ တြန္းလွန္လာတဲ့အခါ ကိုလိုနီႏိုင္ငံေတြဟာ
အဆီအႏွစ္ေတြစုပ္ယူၿပီးဝလင္တုတ္ဖီးလို႔ သူတို႔ရဲ့ေရႊျပည္ၾကီးဆီကုိ ျပန္ဆုတ္ၾကရေလတယ္။ ဒီလိုနဲ႔ အေရွ႕ပိုင္းတိုင္းျပည္ေတြကဆင္းရဲတြင္းထဲက ႐ုန္းထ၊ အစစအရာရာျပန္ႀကိဳးစားၾကရင္း ေျပလည္မႈအဆင့္တစ္ခုေရာက္ေတာ့မွသာ
အုပ္ခ်ဳပ္မႈပညာကိုသင္ဖို႔ျပင္ၾကရတယ္။ တကယ္သြားသင္ေတာ့လည္း သူတို႔ကို
ကိုလိုနီျပဳခဲ့တဲ့တိုင္းျပည္ေတြဆီမွာပါပဲ။
ဒါေၾကာင့္ အေနာက္နိုင္ငံေတြမွာပညာသင္ရဟာတာ
ရွက္စရာမဟုတ္၊ ပညာရလိုျခင္းသာ လိုရင္းျဖစ္တယ္။ အေနာက္ႏုိင္ငံေတြမွာ အလုပ္လုပ္တာဟာ
ပိုက္ဆံရဖို႔သာမဟုတ္၊ အသိပညာႂကြယ္ဝဖို႔သာ လိုရင္းျဖစ္တယ္။ ဒါေပမဲ့ တကၠသိုလ္ေတြ
ေကာလိပ္ေတြဟာ လူတိုင္းအတြက္ျဖစ္ပါရဲ့လား? အေမရိကန္ႏုိင္ငံမွာ ေက်ာင္းသား (၁ဝဝ) တကၠသိုလ္တက္ရင္ အေယာက္ (၆ဝ) ေက်ာ္သာ ေက်ာင္းၿပီးတယ္။ ဒါေပမဲ့ ကၽြန္ျပဳခံခဲ့ရတဲ့အေရွ႕ဖ်ားတိုင္းျပည္ေတြက ေက်ာင္းသား (၁ဝဝ) အေမရိကားမွာလာတက္ရင္ အေယာက္ (၉ဝ) ေက်ာ္ ေက်ာင္းၿပီးတယ္။ ဒါကေရာ
ဂုဏ္ယူစရာလား?
အမွန္ကေတာ့ အေနာက္နိုင္ငံကလူေတြ လုပ္ေပးလိုက္တာက တစ္ခုတည္း။ အရင္ကသီးသန္႕စီရွိခဲ႕တဲ႕ “အုပ္ခ်ဳပ္မႈပညာ” နဲ႔ “စာသင္ေက်ာင္းသား” ကို တြဲစပ္ေပးလိုက္တာပါ။ တစ္ခ်ိန္တုန္းကဆုိရင္
ပညာသင္ႏုိင္သူလူတန္းစားကသတ္သတ္၊ အခုိင္းေစခံလူတန္းစားကသတ္သတ္။ အခုမ်က္ေမွာက္ အင္တာနက္ေခတ္ျဖစ္လာေတာ႕
စိတ္ပါသ၍ လူတန္းစားမေရြး ဘယ္သင္ခန္းစာကုိသင္ယူခ်င္သလဲ ရတယ္။ မိမိဘာကိုလိုခ်င္သလဲဆုိတာကိုရွာတတ္ဖို႕သာလုိပါတယ္။
အခုဆုိရင္ၾကည္႕ ကမၻာမွာေက်ာင္းထြက္ထားတဲ႕
ဘီလ်ံနာေတြအမ်ားၾကီး၊ ကမၻာ႕တိုက္အသီးသီးမွာ ေက်ာင္းမျပီးတဲ႕မီလ်ံနာေတြအမ်ားၾကီး၊ အာရွဘက္ျခမ္းမွာဆုိ
ကုိယ္ထူးကုိယ္ခြ်န္ခဲ႕တဲ့ စြန္႕ဦးတီထြင္လႈပ္ငန္းရွင္-Entrepreneur ေတြမွ အမ်ားၾကီး
အမ်ားၾကီး။
ပုိမုိကြဲျပားေအာင္သံုးသပ္ျပရရင္
အတန္းပညာ နဲ႕
ဘဝပညာ၊
ထီးနန္းအာဏာပုိင္ဆိုင္ျခင္း နဲ႕
အုပ္ခ်ဳပ္မႈပညာ၊
မ်ိဳးရိုးဂုဏ္ရွိန္ဝါခ်မ္းသာျခင္း နဲ႕
လုပ္ငန္းသစ္ထူေထာင္ေအာင္ျမင္တတ္ျခင္းအတတ္ပညာတို႕
အျပင္
အေတြ႕အၾကံဳကိုအေျခခံတဲ႕စီးပြားရွာျခင္း နဲ႕
စီမံကိန္းခ်ျခင္းေဘာဂေဗဒပညာ တုိ႕ဟာ
စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ရဲ႕ဘဝနဲ႕ရင္းျပီးၾကိဳးစားရမႈ
နဲ႕ တကၠသုိလ္ေက်ာင္းသားတစ္ေယာက္ရဲ႕တစ္ဆင္႕ျပီးမွတစ္ဆင္႕တက္ႏုိင္တဲ႕ကြာျခားမႈတုိ႕ကုိ
ရွင္းရွင္းလင္းလင္းျမင္ေစခ်င္ပါတယ္။
ဒါဆိုရင္ မိမိရဲ႕ဘဝမွာ ဘဝရပ္တည္မႈ နဲ႕ အတန္းပညာ
. . ဘယ္ဟာကပုိအေရးၾကီးသလဲဆုိတာကို ဆီ နဲ႕ ေရ လို ထင္းထင္းၾကီးျမင္ႏုိင္ျပီး လိုခ်င္တဲ႕ဘဝပန္းတုိင္ကုိေရာက္ဖို႕
ျမိဳ႕ပတ္လမ္းကေန မသြားဘဲ အဓိကမိန္းလမ္း-Main Street ေပၚကေနေမာင္းႏွင္ႏုိင္ဖို႕ လမ္းညႊန္ဆုိင္းဘုတ္ေလးကုိင္ေျမွာက္ရင္း
အၾကံျပဳေရးသားလုိက္ပါတယ္။
ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
12-07-2019
No comments:
Post a Comment