ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, September 1, 2019

SFO က သံေဝဂ

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
ဆန္ဖရန္စစၥကုိေလဆိပ္- SFO ကုိေရာက္ေလတိုင္း တစ္ေခါက္နဲ႕တစ္ေခါက္ခံစားခ်က္ခ်င္းမတူၾကပါ။ လြန္ခဲ႕တဲ႕ (၁ဝ) ႏွစ္က မိသားစုလိုက္ေရာက္လာတဲ႕ကြ်န္ေတာ္ဟာ အခုေတာ႕ ခရီးေရာက္လာသူေတြကိုၾကိဳတဲ႕သူတစ္ေယာက္ျဖစ္ေနပါျပီ။

ကြ်န္ေတာ္ေလဆိပ္ကုိေရာက္ေတာ႕ အနီးအနားမွာ လူငယ္ခ်စ္သူႏွစ္ဦး ႏွစ္သက္စံုမက္စြာ နမ္းရႈတ္ေနေလရဲ႕။ ဆိုက္ေရာက္-Arrival Terminal ဘက္ျခမ္းဆိုေတာ႕ သူတုိ႕ထဲက တစ္ေယာက္ေယာက္က ခရီးထြက္ဖို႕အလြမ္းသယ္‌ေနတာေတာ႕မျဖစ္ႏုိင္ဘူး။

တကယ္ထြက္လာေတာ႕မယ္႕သူက ဗီဆာျပျပီး လက္ေဗြႏွိပ္တဲ႕ရဲေကာင္တာမွာ အခက္အခဲျဖစ္လို႕ၾကာေနျပီလား? အေကာက္ခြန္႒ာနကုိျဖတ္ေက်ာ္ျပီးျပီလား? ဘာမွန္းမသိေပမယ္႕ လာၾကိဳတဲ႕သူေတြက ဟိုနားတစ္ဖြဲ႕ ဒီနားတစ္ဖြဲ႕စကားေျပာရင္း အလိုအေလ်ာက္ပြင္႕တဲ႕တံခါးဘက္ကို မၾကာခဏၾကည္႕ေနၾကတယ္။

ေလဆိပ္ကိုက ပတ္လမ္းေတြနဲ႕ အထပ္လမ္းေတြနဲ႔ ခရီးသည္ေတြကိုေဝ႕လည္ေၾကာင္ပတ္အျမဲလုပ္တယ္။ အေမရိကားအိပ္မက္ေတြကိုအေကာင္အထည္ေဖာ္ဖို႕ ကယ္လီဖိုးနီးယားရဲ႕ ဝင္ေပါက္ (၂၁) ခု ထဲက အလုပ္အရႈတ္ဆံုးေလဆိပ္ဟာ ညဆိုရင္ မအိပ္ရဘူး။ ေန႕ဆိုရင္ မနားရဘူး။ ဒီေနရာမွာတင္ ခရီးသည္ေတြက ဘဝခရီးအတြက္ အျမဲမ်က္စိလည္ၾကတယ္။
ကားပါကင္က (၅) ထပ္၊ ခရီးသည္အဆင္းအတက္လုပ္ၾကတာက (၃) ထပ္၊ ေလဆိပ္ထဲမွာပတ္သြားတဲ႕ အတြင္းရထား-AirTrain က (၄) ထပ္မွာ။ ျပည္တြင္းခရီးစဥ္ နဲ႕ ျပည္ပခရီးစဥ္တို႕ကိုဆိုက္ေရာက္လာသူေတြက Uber ငွားၾကမလား? Lyft ငွားမလား? စုရပ္ကုိသာသြားေစာင္႕ၾကပါ။

အေမရိကားေရာက္လို႕ ဘယ္ေနရာမွာအေျခခ်မယ္ဆိုတာခဏထား ကုန္းတြင္းပိုင္းကိုဝင္ဖို႕ ပင္လယ္ေအာ္တံတားတစ္ခုကိုု (၁၁) မိနစ္ေမာင္းႏွင္ျဖတ္သန္းရမယ္။ ေလဆိပ္ကေန ဆန္ဖရန္ျမိဳ႕ထဲကုိ (၂၂) မိနစ္ေမာင္းရင္း ပင္လယ္တစ္ျခမ္းကိုေစာင္းငမ္းေစာင္းငမ္းၾကည္႕သြားႏုိင္တယ္။ လူတကာေရာက္ခ်င္တဲ႕ ဆီလီကြန္လြင္ျပင္ကို (၃၃) မိနစ္ေမာင္းရင္း အေျခစိုက္ကုမၸဏီရံုးခ်ဳပ္ေတြမွာအလုပ္လုပ္ခ်င္တဲ႕စိတ္ေတြကိုဖံုးဖိထားႏုိင္တယ္။

လမ္းျပေျမပံု-Navigation မွာ အခ်ိန္နာရီနဲ႕မိုင္ကိန္းဂဏန္းေတြကုိတစ္ထပ္ထဲက်ေနေပမဲ႕ မက္ခဲ႕တဲ႕အိပ္မက္နဲ႕လက္ေတြ႕အေမရိကားတို႕ရဲ႕ဘဝေတြဟာတစ္ထပ္ထဲက်ဖို႕ေတာ္ေတာ္လုပ္ယူရလိမ္႕ဦးမယ္လို႕ ဆန္ဖရန္စစၥကုိေလဆိပ္-SFO က ေျပာေနတယ္။

ခရီးေရာက္လာသူ အသက္ (၈ဝ) အဖိုးအိုက Wheel Chairs နဲ႕ တစ္ေယာက္တည္းလာတယ္။ အဲဒီ မကၠဆီကမ္အဖိုးအုိကုိသြားႏႈတ္ဆက္လိုက္ျပီး "အဖိုးက ကံေကာင္းတယ္။ လာတာက တစ္ေယာက္ထဲ။ လာၾကိဳတဲ႕သူေတြကအမ်ားၾကီး" လို႕ဆိုေတာ႕ သူက "အမ်ားၾကီးက်န္ေသးတယ္" တဲ႕။

သံေဝဂဆိုတာ ယူတတ္ရင္ ရပါတယ္။ တစ္ခ်ိဳ႕က ဘဝထူေထာင္ဖုိ႕ SFO ကိုလာၾကတယ္။ တစ္ခ်ိဳ႕က ေအာင္ဖ်ာလိပ္ဖုိ႕ SFO ကေန ႏႈတ္ဆက္ထြက္ခြာၾကတယ္။ တစ္ခ်ိဳ႕က်ေတာ႕ လူအမ်ားၾကီးျပန္ဖုိ႕ လူတစ္ေယာက္က လုိက္ပို႕ရတယ္။ တစ္ခ်ိဳ႕က်ျပန္ေတာ႕ ေလးစားရသူတစ္ေယာက္ျပန္ဖုိ႕ လူအုပ္စုလုိက္ၾကီးက လိုက္ပုိ႕ၾကတယ္။

ေဒၚလာ (၁ဝဝဝ) ေပးရတဲ႕ေလယာဥ္လက္မွတ္တန္ဖိုးတစ္ခုတုိင္းမွာ ေလေၾကာင္းလုိင္းက (၄၅ဝ) သာရတယ္။ က်န္တဲ႕ ေဒၚလာ (၅၅ဝ) ဟာ SFO အတြက္ သပိတ္ဝင္ အိပ္ဝင္ စားမကုန္ႏုိင္တဲ႕ မီးခုိးတိတ္ဘဏ္စာရင္းထဲေရာက္ေလတယ္။

တကယ္ေတာ႕ SFO ဟာ လူျဖဴလာလာ၊ လူမည္းလာလာ၊ အာရွတိုက္က လူဝါပဲလာလာ ဘယ္သူ႕ကုိမွမ်က္ႏွာမလိုက္ဘူး။ ေငြထုတ္ပါလည္း ေပးဝင္တယ္။ ဒုကၡသည္လည္း ေပးဝင္တယ္။ ဆင္းရဲခ်မ္းသာမေရြး၊ က်န္းမာေရးအေျခအေနမေရြး Wheel Chairs နဲ႕လည္း ေပးဝင္တယ္။ SFO ရဲ႕
အေရွ႕ဘက္က ေနထြက္တယ္။ SFO ရဲ႕ အေနာက္ဘက္ကို ေနဝင္တယ္။ ျမိဳ႕ေတာ္ နဲ႕ ေလဆိပ္သာယာစည္ပင္ေရးအတြက္ ေငြပါလာမယ္႕ ဗီဆာနဲ႕ဘယ္သူ႕ကုိမဆို ဝင္မလာမစဲတသဲသဲ SFO က အျမဲေပးဝင္ေနပါတယ္။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
09-01-2019

Unicode Version:

"SFO က သံဝေဂ" ဆန်ဖရန်စစ္စကိုလေဆိပ်- SFO ကိုရောက်လေတိုင်း တစ်ခေါက်နဲ့တစ်ခေါက်ခံစားချက်ချင်းမတူကြပါ။ လွန်ခဲ့တဲ့ (၁ဝ) နှစ်က မိသားစုလိုက်ရောက်လာတဲ့ကျွန်တော်ဟာ အခုတော့ ခရီးရောက်လာသူတွေကိုကြိုတဲ့သူတစ်ယောက်ဖြစ်နေပါပြီ။ ကျွန်တော်လေဆိပ်ကိုရောက်တော့ အနီးအနားမှာ လူငယ်ချစ်သူနှစ်ဦး နှစ်သက်စုံမက်စွာ နမ်းရှုတ်နေလေရဲ့။ ဆိုက်ရောက်-Arrival Terminal ဘက်ခြမ်းဆိုတော့ သူတို့ထဲက တစ်ယောက်ယောက်က ခရီးထွက်ဖို့အလွမ်းသယ်‌နေတာတော့မဖြစ်နိုင်ဘူး။ တကယ်ထွက်လာတော့မယ့်သူက ဗီဆာပြပြီး လက်ဗွေနှိပ်တဲ့ရဲကောင်တာမှာ အခက်အခဲဖြစ်လို့ကြာနေပြီလား? အကောက်ခွန်ဋ္ဌာနကိုဖြတ်ကျော်ပြီးပြီလား? ဘာမှန်းမသိပေမယ့် လာကြိုတဲ့သူတွေက ဟိုနားတစ်ဖွဲ့ ဒီနားတစ်ဖွဲ့စကားပြောရင်း အလိုအလျောက်ပွင့်တဲ့တံခါးဘက်ကို မကြာခဏကြည့်နေကြတယ်။ လေဆိပ်ကိုက ပတ်လမ်းတွေနဲ့ အထပ်လမ်းတွေနဲ့ ခရီးသည်တွေကိုဝေ့လည်ကြောင်ပတ်အမြဲလုပ်တယ်။ အမေရိကားအိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ ကယ်လီဖိုးနီးယားရဲ့ ဝင်ပေါက် (၂၁) ခု ထဲက အလုပ်အရှုတ်ဆုံးလေဆိပ်ဟာ ညဆိုရင် မအိပ်ရဘူး။ နေ့ဆိုရင် မနားရဘူး။ ဒီနေရာမှာတင် ခရီးသည်တွေက ဘဝခရီးအတွက် အမြဲမျက်စိလည်ကြတယ်။ ကားပါကင်က (၅) ထပ်၊ ခရီးသည်အဆင်းအတက်လုပ်ကြတာက (၃) ထပ်၊ လေဆိပ်ထဲမှာပတ်သွားတဲ့ အတွင်းရထား-AirTrain က (၄) ထပ်မှာ။ ပြည်တွင်းခရီးစဉ် နဲ့ ပြည်ပခရီးစဉ်တို့ကိုဆိုက်ရောက်လာသူတွေက Uber ငှားကြမလား? Lyft ငှားမလား? စုရပ်ကိုသာသွားစောင့်ကြပါ။ အမေရိကားရောက်လို့ ဘယ်နေရာမှာအခြေချမယ်ဆိုတာခဏထား ကုန်းတွင်းပိုင်းကိုဝင်ဖို့ ပင်လယ်အော်တံတားတစ်ခုကိုု (၁၁) မိနစ်မောင်းနှင်ဖြတ်သန်းရမယ်။ လေဆိပ်ကနေ ဆန်ဖရန်မြို့ထဲကို (၂၂) မိနစ်မောင်းရင်း ပင်လယ်တစ်ခြမ်းကိုစောင်းငမ်းစောင်းငမ်းကြည့်သွားနိုင်တယ်။ လူတကာရောက်ချင်တဲ့ ဆီလီကွန်လွင်ပြင်ကို (၃၃) မိနစ်မောင်းရင်း အခြေစိုက်ကုမ္ပဏီရုံးချုပ်တွေမှာအလုပ်လုပ်ချင်တဲ့စိတ်တွေကိုဖုံးဖိထားနိုင်တယ်။ လမ်းပြမြေပုံ-Navigation မှာ အချိန်နာရီနဲ့မိုင်ကိန်းဂဏန်းတွေကိုတစ်ထပ်ထဲကျနေပေမဲ့ မက်ခဲ့တဲ့အိပ်မက်နဲ့လက်တွေ့အမေရိကားတို့ရဲ့ဘဝတွေဟာတစ်ထပ်ထဲကျဖို့တော်တော်လုပ်ယူရလိမ့်ဦးမယ်လို့ ဆန်ဖရန်စစ္စကိုလေဆိပ်-SFO က ပြောနေတယ်။ ခရီးရောက်လာသူ အသက် (၈ဝ) အဖိုးအိုက Wheel Chairs နဲ့ တစ်ယောက်တည်းလာတယ်။ အဲဒီ မက္ကဆီကမ်အဖိုးအိုကိုသွားနှုတ်ဆက်လိုက်ပြီး "အဖိုးက ကံကောင်းတယ်။ လာတာက တစ်ယောက်ထဲ။ လာကြိုတဲ့သူတွေကအများကြီး" လို့ဆိုတော့ သူက "အများကြီးကျန်သေးတယ်" တဲ့။ သံဝေဂဆိုတာ ယူတတ်ရင် ရပါတယ်။ တစ်ချို့က ဘဝထူထောင်ဖို့ SFO ကိုလာကြတယ်။ တစ်ချို့က အောင်ဖျာလိပ်ဖို့ SFO ကနေ နှုတ်ဆက်ထွက်ခွာကြတယ်။ တစ်ချို့ကျတော့ လူအများကြီးပြန်ဖို့ လူတစ်ယောက်က လိုက်ပို့ရတယ်။ တစ်ချို့ကျပြန်တော့ လေးစားရသူတစ်ယောက်ပြန်ဖို့ လူအုပ်စုလိုက်ကြီးက လိုက်ပို့ကြတယ်။ ဒေါ်လာ (၁ဝဝဝ) ပေးရတဲ့လေယာဉ်လက်မှတ်တန်ဖိုးတစ်ခုတိုင်းမှာ လေကြောင်းလိုင်းက (၄၅ဝ) သာရတယ်။ ကျန်တဲ့ ဒေါ်လာ (၅၅ဝ) ဟာ SFO အတွက် သပိတ်ဝင် အိပ်ဝင် စားမကုန်နိုင်တဲ့ မီးခိုးတိတ်ဘဏ်စာရင်းထဲရောက်လေတယ်။ တကယ်တော့ SFO ဟာ လူဖြူလာလာ၊ လူမည်းလာလာ၊ အာရှတိုက်က လူဝါပဲလာလာ ဘယ်သူ့ကိုမှမျက်နှာမလိုက်ဘူး။ ငွေထုတ်ပါလည်း ပေးဝင်တယ်။ ဒုက္ခသည်လည်း ပေးဝင်တယ်။ ဆင်းရဲချမ်းသာမရွေး၊ ကျန်းမာရေးအခြေအနေမရွေး Wheel Chairs နဲ့လည်း ပေးဝင်တယ်။ SFO ရဲ့ အရှေ့ဘက်က နေထွက်တယ်။ SFO ရဲ့ အနောက်ဘက်ကို နေဝင်တယ်။ မြို့တော် နဲ့ လေဆိပ်သာယာစည်ပင်ရေးအတွက် ငွေပါလာမယ့် ဗီဆာနဲ့ဘယ်သူ့ကိုမဆို ဝင်မလာမစဲတသဲသဲ SFO က အမြဲပေးဝင်နေပါတယ်။ ခင်လျက် ကိုညီညီ (တောင်ကြီး) 09-01-2019

No comments: