ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, March 3, 2019

ေတာင္ၾကီးႏွင္႕ဆံုေတြ႕သြားေသာလူမ်ား

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)

          အဂၤလိပ္ကဗ်ာဆရာၾကီး ဝီလ်ံဘလိတ္ - William Blake ေရးတဲ႕ "Great things are done when men and mountains meet." ဆိုတဲ႕စာသားေလးဟာတုိေပမယ္႕ ကြ်န္ေတာ႕ရဲ႕အေတြးေရယဥ္မွာရွည္ၾကာစြာေမွ်ာေနပါတယ္။ ကဗ်ာရဲ႕ လို-တုိ-ရွင္း ဆုိလုိရင္းက "ေတာင္ၾကီးနဲ႕လူ ေတြ႕တဲ႕အခါမွာ အလုပ္ျပီးတယ္" ဆိုေပမယ္႕ ကမၻာေက်ာ္ကဗ်ာဆရာက ဒီေလာက္ေလးကိုရည္ညြန္းဟန္မတူပါဘူး။

          လူေတြဟာေျပလည္မႈ နဲ႕ ေခ်ာင္လည္မႈတုိ႕နဲ႕အသားက်လြယ္တဲ႕သတၱဝါမ်ိဳးပါ။ ေျပလည္ေနသ၍ အခက္အခဲနဲ႕မၾကံဳခ်င္ဘူး။ ေခ်ာင္လည္ေနသ၍အနာဂါတ္အတြက္ရင္းႏွီးျမွဳပ္ႏွံျပီးအလုပ္မလုပ္ခ်င္ဘူး။ ဒါဆိုရင္ ေတာင္ျမင္႕၊ ေတာင္ကုန္း၊ ေတာင္တန္း၊ ေတာင္ကမူေတြနဲ႕ဆံုေတြ႕သြားတဲ႕သူေတြက ဘယ္လုိလူေတြပါလဲ?

          ေသခ်ာတာတစ္ခုကေတာ႕ ဒီလူေတြဟာ အခက္အခဲေတြကုိ စိတ္ဓါတ္ခိုင္ခိုင္မာမာနဲ႕ျဖတ္သန္းခဲ႕ၾကသူေတြပါ။ ဒီထဲမွာ ဒဏ္ရာအနာတရထိခုိက္မိသူေတြပါမယ္၊ ေသြးထြက္သံယုိျဖစ္ခဲ႕သူေတြပါမယ္၊ မေတာ္တဆေျခေခ်ာ္လဲခဲ႕သူေတြပါမယ္၊ ဒီလိုနဲ႕သူတုိ႕လက္ေလွ်ာ႕သြားေရာလား? လက္ေလွ်ာ႕ျပီးလမ္းတစ္ဝက္ကလွည္႕ျပန္ဆင္းလာသူမွန္သမွ် ေတာင္ထိပ္ကိုမေရာက္ႏုိင္ပါ။ ခရီးအဆံုးကိုမတက္လွမ္းႏိုင္ပါ။ ေအာင္ျမင္မႈကိုရလာမယ္ မဟုတ္ၾကပါ။

          ဒါေၾကာင္႕ ဒီကဗ်ာဆရာက အခက္အခဲကိုၾကံဳဖူးမွ လူသားပီသတယ္လို႕ဆိုလိုဟန္တူပါတယ္။ ကဗ်ာျဖစ္တာေၾကာင္႕ စာတစ္ပုဒ္လံုးေရးျပမွသေဘာေပါက္မယ္႕စာစုကို စာတစ္ေၾကာင္းထဲပါေအာင္ေရးႏုိင္တယ္။ ဒီလိုပါပဲ ေအာင္ျမင္ေအာင္လုပ္ျပတတ္တဲ႕လူသားေတြဟာလည္း ဒီလိုအခက္အခဲေတာင္ကုန္းကိုဘယ္လိုတက္လွမ္းျဖတ္သန္းရမယ္ဆိုတာကိုသိတာေသခ်ာလွပါတယ္။

ခင္လ်က္
ကုိညီညီ (ေတာင္ၾကီး)
03-03-2019

Unicode Version:

"တောင်ကြီးနှင့်ဆုံတွေ့သွားသောလူများ"

               အင်္ဂလိပ်ကဗျာဆရာကြီး ဝီလျံဘလိတ် - William Blake ရေးတဲ့ "Great things are done when men and mountains meet." ဆိုတဲ့စာသားလေးဟာတိုပေမယ့် ကျွန်တော့ရဲ့အတွေးရေယဉ်မှာရှည်ကြာစွာမျှောနေပါတယ်။ ကဗျာရဲ့ လို-တို-ရှင်း ဆိုလိုရင်းက "တောင်ကြီးတွေနဲ့လူတွေတွေ့တဲ့အခါမှာ အလုပ်ပြီးတယ်" ဆိုပေမယ့် ကမ္ဘာကျော်ကဗျာကဝိက ဒီလောက်လေးကိုရည်ညွန်းဟန်မတူပါဘူး။

               လူတွေဟာပြေလည်မှု နဲ့ ချောင်လည်မှုတို့အပေါ်အသားကျလွယ်တဲ့သတ္တဝါမျိုးပါ။ 
ပြေလည်နေသ၍ အခက်အခဲနဲ့မကြုံချင်ဘူး။ ချောင်လည်နေသ၍အနာဂါတ်အတွက်ရင်းနှီးမြှုပ်နှံပြီးအလုပ်မလုပ်ချင်ဘူး။ ဒါဆိုရင် တောင်မြင့်၊ တောင်ကုန်း၊ တောင်တန်း၊ တောင်ကမူတွေနဲ့ဆုံတွေ့သွားတဲ့သူတွေက ဘယ်လိုလူတွေပါလဲ?

               သေချာတာတစ်ခုကတော့ ဒီလူတွေဟာ အခက်အခဲတွေကို စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ဖြတ်သန်းခဲ့ကြသူတွေပါ။ ဒီထဲမှာ ဒဏ်ရာအနာတရထိခိုက်မိသူတွေပါမယ်၊  သွေးထွက်သံယိုဖြစ်ခဲ့သူတွေပါမယ်၊ မတော်တဆခြေချော်လဲခဲ့သူတွေပါမယ်၊ ဒီလိုနဲ့သူတို့လက်လျှော့သွားရောလား? လက်လျှော့ပြီးလမ်းတစ်ဝက်ကလှည့်ပြန်ဆင်းလာသူမှန်သမျှ တောင်ထိပ်ကိုမရောက်နိုင်ပါ။ ခရီးအဆုံးကိုမတက်လှမ်းနိုင်ပါ။ အောင်မြင်မှုကိုရလာမယ် မဟုတ်ကြပါ။

               ဒါကြောင့် ဒီကဗျာဆရာက အခက်အခဲကိုကြုံဖူးမ လူသားပီသတယ်လို့ဆိုလိုဟန်တူပါတယ်။ ကဗျာဖြစ်တာကြောင့် စာတစ်ပုဒ်လုံးရေးပြမှသဘောပေါက်မယ့်စာစုကို စာတစ်ကြောင်းထဲပါအောင်ရေးနိုင်တယ်။ ဒီလိုပါပဲ အောင်မြင်အောင်လုပ်ပြတတ်တဲ့လူသားတွေဟာလည်း ဒီလိုအခက်အခဲတောင်ကုန်းကိုဘယ်လိုတက်လှမ်းဖြတ်သန်းရမယ်ဆိုတဲ့နည်းလမ်းကိုသိတာသေချာလှပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
03-03-2019

No comments: