ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, May 8, 2020

"နည်းနည်းမှန်" နဲ့ "များများမှန်"


ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ဒီနေ့အလုပ်ပိတ်တာနဲ့အပြင်မထွက်တာကြာနေတဲ့ကြားကအဝေးပြေးလမ်းကိုကားနဲ့မောင်းထွက်လိုက်တယ်။ နည်းသွားတဲ့ကားတွေကချောင်နေတဲ့ကားလမ်းကျယ်ကြီးကို ဗိုလ်ကျနေလိုက်ကြတာ။ ဟိုဘက်ယိမ်းလိုက်၊ ဒီဘက်ယိမ်းလိုက်၊ တစ်လိုင်းကျော်အထိ Lane ချိန်းလိုက် နဲ့ စိတ်ထင်ရင်ထင်သလို လက်လွတ်စပယ်မောင်းနေကြတယ်။

မနေ့က TV သတင်းမှာတွေ့ရတာလည်း ဒီအတိုင်းပဲ။ ပုံမှန် တစ်နာရီကို ၆၅ မိုင်နှုန်းမောင်းရမှာ တကယ်မောင်းတော့ မိုင် ၁ဝဝ ကျော် ရဲကဖမ်းပြီပေါ့။ ကြည့်လိုက်ရသေးတယ်။ ရဲက ကားပေါ်ကဆင်း၊ တံခါးရွက်မှာလက်ထောက်ပြီး လေဆာသေနတ်နဲ့မိုင်ပိုမောင်းတဲ့ကားကိုရှာနေတာ။ ၁ နာရီအတွင်းမှာအစီး ၂ဝ ကျော် ဖမ်းပစ်လိုက်တယ်။

အဝေးပြေးလမ်း ၁ လမ်းမှာ အနည်းဆုံး ၄ လမ်းမောင်းတာရှိတယ်၊ ၅ လမ်းမောင်းတာရှိတယ်။ အရင်ကဆိုရင်ကားလမ်းကအမြဲပိတ်နေတော့အခုလိုအမြန်နှုန်းမျိုးနဲ့မောင်းဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။

ဟော . . အခု Stay at Home Order ကြောင့် လူတွေအိမ်ထဲမှာအနေများနေတဲ့အချိန်၊ လမ်းပေါ်မှာကားနည်းနေတဲ့အချိန် "ပိုင်ပြီဟ" ဆိုပြီး လုပ်ချင်ရာလုပ်ပစ်လိုက်တော့ တစ်နိုင်ငံလုံးအလုပ်တွေပြုတ်၊ စီးပွားရေးမကောင်းတဲ့ကြားက Ticket တစ်စောင်ရတာ တန်ပါရဲ့လား?


ဒါကိုအမေရိကန်နိုင်ငံမှာနေသူတစ်ယောက်/နိုင်ငံသားတစ်ယောက်အနေနဲ့မသိတာမဟုတ်၊ သိသိကြီးနဲ့ကျူးလွန်တဲ့ဥပဒေချိုးဖောက်မှုဖြစ်ပါတယ်။ ခက်တာက ဒီနိုင်ငံကသမ္မတကိုယ်တိုင်က မဟုတ်တာကိုအဟုတ်ပြော၊ မမှန်‌သေးတာကိုမှန်သယောင်‌ယောင်ပြော၊ လူ့အသက်ထက် စီးပွားရေးကောင်းတာကပိုအရေးကြီးတယ်လို့မြင်နေသူတွေကြောင့် ကမောက်ကမတွေဖြစ်နေကြရတာပါ။

လူတွေချဲနေပါ-Social Distancing ၊ မရှိမဖြစ်မဟုတ်တဲ့အလုပ်တွေပိတ်ထားပါ-Close Non-Essential Work ၊ ရောဂါမကူးအောင်အိမ်ထဲမှာနေပါ-Shelter in Place Order ဒါတွေက အခုလိုအရေးကြီးတဲ့အချိန်မဟုတ်ရင်ဘာထုတ်ပြန်စရာလိုလို့လဲ? မဟုတ်ဘူးလား။ လိုအပ်လို့ထုတ်တဲ့ဥပဒေကို . .

လိုက်နာသူများရင်
ဥပဒေကအောင်မြင်မယ်။

လိုက်နာသူနည်းရင်
ဥပဒေက
ကျဆုံးမယ်။
ဒါပါပဲ။

ဒါကြောင့်မို့လို့ လွတ်လပ်မှုဟာလူတိုင်းနဲ့မထိုက်တန်ဘူးလို့ပြောတာဖြစ်လိမ့်မယ်။ တကယ်ပါပဲ အမေရိကားမှာ ထူးထူးဆန်းဆန်း‌တွေအမြဲတွေ့ရတယ်။

ဥပဒေလိုက်နာတဲ့သူ
အများကြီးရှိတယ်။

ဥပဒေကို‌‌ကျော်ပြီး
ကျူးလွန်တဲ့သူလည်း
အမြဲရှိတယ်။

ဒီမိုကရေစီနိုင်ငံဖြစ်တာနဲ့အညီ "နည်းနည်းမှန်" နဲ့ "များများမှန်" တို့ကခေါင်းဆောင်မှုနေရာကိုအမြဲလုနေကြတယ်။ အ‌ရေးအကြောင်းဆိုရင်ခေါင်းဆောင်နေရာမှာရှိသူရဲ့ဆုံးဖြတ်ချက်က "နည်းနည်းမှန်အောင်" ဆုံးဖြတ်နိုင်တာလား? "များများမှန်အောင်" ဆုံးဖြတ်နိုင်တာလား? ဆိုတာ သိပ်အရေးကြီးတယ်။ အကြောင်းရင်းစစ်လိုက်တော့ "မဲများများရထားတဲ့သူကအမြဲနိုင်နေတယ်" ဆိုတာကိုတွေ့ရှိလာတယ်။

"ဉပဒေဟာနေရာဒေသအလိုက်ပြောင်းလဲပြုပြင်နိုင်တယ်" ဆိုတာ ဒီမိုကရေစီနိုင်ငံမှာသိသာတယ်။ ဆိုလိုတာက ဒီပြည်နယ်မှာ ၁ နာရီ ၆၅ မိုင်မောင်းလို့ရပေမဲ့ နောက် ၁ ပြည်နယ်မှာ ၇၅ မိုင်မောင်းချင်မောင်းနှင်နိုင်လိမ့်မယ်။

အဲ . . ဒီစည်းမျဉ်းစည်းကမ်းကိုပဲ ဂျာမဏီနိုင်ငံရောက်သွားတဲ့အခါ အမြန်နှုန်းသတ်မှတ်ထားတာမရှိတဲ့ (ဘူဖေးစကား-ကြိုက်သလောက်စား ကျသလောက်ရှင်း) လိုမျိုး "ကြိုက်သလောက်မောင်း မှောက်ရင်ကိုယ့်ဟာကိုယ်သေ" လို့ လုပ်လိုက်တော့ အဝေးပြေးလမ်းတွေမှာ ကားရှင်းသွားတဲ့အပြင် ယာဉ်မတော်တဆမှုနည်းပါးသွားတာဟာ "နေရာဒေသကိုလိုက်ပြီးပြောင်းလဲပြုပြင်ပေးလိုက်တဲ့ဉပဒေ-Federalism ကြောင့်" ဆိုတာ မြင်စေချင်တယ်။

အခုလို မမြင်ရတဲ့ မှုန်မွှားမွှားရောဂါပိုးသစ်တစ်မျိုးကို လူမျိုးမရွေး၊ ဘာသာမရွေး ၊ အသက်အရွယ်မရွေး၊ အသားအရောင်မရွေး လူသားထုတစ်ရပ်လုံးတူညီတက်ကြွတိုက်ထုတ်နေရတဲ့အချိန်မှာ များများမှန်တဲ့အမှန်တရားကိုချည်းရှာနေလို့မရနိုင်ဘူး။

နည်းနည်းမှန်တဲ့အမှန်တရားကို ပြည့်စုံလှချေရဲ့ဆိုပြီး စုံလုံးကန်းယုံကြည်သွားမယ်ဆိုရင်လည်း ဘဝပျက်ကြလိမ့်မယ်။ ဒါကြောင့် အခုလို ခေတ်ပျက်တစ်ခုရဲ့ (အဖြေမရသေးတဲ့) ကာလတစ်ခုမှာ နေရာအလိုက်ပြောင်းလဲထုတ်ပြန်တဲ့ဉပဒေကသာ လူ့အသက်ကိုကယ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် အသက်ကိုဉာဏ်စောင့်တယ်လို့ပြောချင်တယ်။

နည်းနည်းမှန်ချင်သလား?
ဒီအတိုင်းဆက်လက်နေထိုင်ပါ။

များများမှန်ချင်သလား?
အဆက်မပြတ်
ပညာသင်ကြားလေ့လာပါ။
စာဖတ်ပါ။
မရပ်မနားသင်ယူပါ။
စဉ်းစားပါ။
ဆင်ခြင်ပါ။


အသက်ကိုစောင့်တဲ့ဉာဏ်ထဲမှာ ဒီ ၂ဝ၂ဝ အကုန်အထိအသက်ရှင်နေထိုင်နည်းသိရင်ကို လူဖြစ်ရတဲ့တန်ရာတန်ကြေးရနေပါပြီ။ လက်ဆေးပါ။ လူချဲနေပါ။ ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့ကို ရောဂါပိုးမဝင်အောင် မျက်နှာဖုံးတပ်ပါ။ အသုံးအဆောင်တွေကိုတစ်ကိုယ်ရေတစ်ကာယသုံးပါ။ အချိန်မတန်သေးခင် အပြင်လောကမှာ ရောဂါပိုးထွက်မဝယ်ကြပါနဲ့။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-08-2020

<Zawgyi>

"နည္းနည္းမွန္" နဲ႔ "မ်ားမ်ားမွန္" ဒီေန႔အလုပ္ပိတ္တာနဲ႔အျပင္မထြက္တာၾကာေနတဲ့ၾကားကအေဝးေျပးလမ္းကိုကားနဲ႔ေမာင္းထြက္လိုက္တယ္။ နည္းသြားတဲ့ကားေတြကေခ်ာင္ေနတဲ့ကားလမ္းက်ယ္ႀကီးကို ဗိုလ္က်ေနလိုက္ၾကတာ။ ဟိုဘက္ယိမ္းလိုက္၊ ဒီဘက္ယိမ္းလိုက္၊ တစ္လိုင္းေက်ာ္အထိ Lane ခ်ိန္းလိုက္ နဲ႔ စိတ္ထင္ရင္ထင္သလို လက္လြတ္စပယ္ေမာင္းေနၾကတယ္။ မေန႔က TV သတင္းမွာေတြ႕ရတာလည္း ဒီအတိုင္းပဲ။ ပုံမွန္ တစ္နာရီကို ၆၅ မိုင္ႏႈန္းေမာင္းရမွာ တကယ္ေမာင္းေတာ့ မိုင္ ၁ဝဝ ေက်ာ္ ရဲကဖမ္းၿပီေပါ့။ ၾကည့္လိုက္ရေသးတယ္။ ရဲက ကားေပၚကဆင္း၊ တံခါးရြက္မွာလက္ေထာက္ၿပီး ေလဆာေသနတ္နဲ႔မိုင္ပိုေမာင္းတဲ့ကားကိုရွာေနတာ။ ၁ နာရီအတြင္းမွာအစီး ၂ဝ ေက်ာ္ ဖမ္းပစ္လိုက္တယ္။ အေဝးေျပးလမ္း ၁ လမ္းမွာ အနည္းဆုံး ၄ လမ္းေမာင္းတာရွိတယ္၊ ၅ လမ္းေမာင္းတာရွိတယ္။ အရင္ကဆိုရင္ကားလမ္းကအျမဲပိတ္ေနေတာ့အခုလိုအျမန္ႏႈန္းမ်ိဳးနဲ႔ေမာင္းဖို႔ဆိုတာဘယ္လိုမွမျဖစ္နိုင္ဘူး။ ေဟာ . . အခု Stay at Home Order ေၾကာင့္ လူေတြအိမ္ထဲမွာအေနမ်ားေနတဲ့အခ်ိန္၊ လမ္းေပၚမွာကားနည္းေနတဲ့အခ်ိန္ "ပိုင္ၿပီဟ" ဆိုၿပီး လုပ္ခ်င္ရာလုပ္ပစ္လိုက္ေတာ့ တစ္နိုင္ငံလုံးအလုပ္ေတြျပဳတ္၊ စီးပြားေရးမေကာင္းတဲ့ၾကားက Ticket တစ္ေစာင္ရတာ တန္ပါရဲ့လား? ဒါကိုအေမရိကန္နိုင္ငံမွာေနသူတစ္ေယာက္/နိုင္ငံသားတစ္ေယာက္အေနနဲ႔မသိတာမဟုတ္၊ သိသိႀကီးနဲ႔က်ဴးလြန္တဲ့ဥပေဒခ်ိဳးေဖာက္မႈျဖစ္ပါတယ္။ ခက္တာက ဒီနိုင္ငံကသမၼတကိုယ္တိုင္က မဟုတ္တာကိုအဟုတ္ေျပာ၊ မမွန္‌ေသးတာကိုမွန္သေယာင္‌ေယာင္ေျပာ၊ လူ႔အသက္ထက္ စီးပြားေရးေကာင္းတာကပိုအေရးႀကီးတယ္လို႔ျမင္ေနသူေတြေၾကာင့္ ကေမာက္ကမေတြျဖစ္ေနၾကရတာပါ။ လူေတြခ်ဲေနပါ-Social Distancing ၊ မရွိမျဖစ္မဟုတ္တဲ့အလုပ္ေတြပိတ္ထားပါ-Close Non-Essential Work ၊ ေရာဂါမကူးေအာင္အိမ္ထဲမွာေနပါ-Shelter in Place Order ဒါေတြက အခုလိုအေရးႀကီးတဲ့အခ်ိန္မဟုတ္ရင္ဘာထုတ္ျပန္စရာလိုလို႔လဲ? မဟုတ္ဘူးလား။ လိုအပ္လို႔ထုတ္တဲ့ဥပေဒကို . . လိုက္နာသူမ်ားရင္ ဥပေဒကေအာင္ျမင္မယ္။ လိုက္နာသူနည္းရင္ ဥပေဒက က်ဆုံးမယ္။ ဒါပါပဲ။ ဒါေၾကာင့္မို႔လို႔ လြတ္လပ္မႈဟာလူတိုင္းနဲ႔မထိုက္တန္ဘူးလို႔ေျပာတာျဖစ္လိမ့္မယ္။ တကယ္ပါပဲ အေမရိကားမွာ ထူးထူးဆန္းဆန္း‌ေတြအျမဲေတြ႕ရတယ္။ ဥပေဒလိုက္နာတဲ့သူ အမ်ားႀကီးရွိတယ္။ ဥပေဒကို‌‌ေက်ာ္ၿပီး က်ဴးလြန္တဲ့သူလည္း အျမဲရွိတယ္။ ဒီမိုကေရစီနိုင္ငံျဖစ္တာနဲ႔အညီ "နည္းနည္းမွန္" နဲ႔ "မ်ားမ်ားမွန္" တို႔ကေခါင္းေဆာင္မႈေနရာကိုအျမဲလုေနၾကတယ္။ အ‌ေရးအေၾကာင္းဆိုရင္ေခါင္းေဆာင္ေနရာမွာရွိသူရဲ့ဆုံးျဖတ္ခ်က္က "နည္းနည္းမွန္ေအာင္" ဆုံးျဖတ္နိုင္တာလား? "မ်ားမ်ားမွန္ေအာင္" ဆုံးျဖတ္နိုင္တာလား? ဆိုတာ သိပ္အေရးႀကီးတယ္။ အေၾကာင္းရင္းစစ္လိုက္ေတာ့ "မဲမ်ားမ်ားရထားတဲ့သူကအျမဲနိုင္ေနတယ္" ဆိုတာကိုေတြ႕ရွိလာတယ္။ "ဉပေဒဟာေနရာေဒသအလိုက္ေျပာင္းလဲျပဳျပင္နိုင္တယ္" ဆိုတာ ဒီမိုကေရစီနိုင္ငံမွာသိသာတယ္။ ဆိုလိုတာက ဒီျပည္နယ္မွာ ၁ နာရီ ၆၅ မိုင္ေမာင္းလို႔ရေပမဲ့ ေနာက္ ၁ ျပည္နယ္မွာ ၇၅ မိုင္ေမာင္းခ်င္ေမာင္းႏွင္နိုင္လိမ့္မယ္။ အဲ . . ဒီစည္းမ်ဥ္းစည္းကမ္းကိုပဲ ဂ်ာမဏီနိုင္ငံေရာက္သြားတဲ့အခါ အျမန္ႏႈန္းသတ္မွတ္ထားတာမရွိတဲ့ (ဘူေဖးစကား-ႀကိဳက္သေလာက္စား က်သေလာက္ရွင္း) လိုမ်ိဳး "ႀကိဳက္သေလာက္ေမာင္း ေမွာက္ရင္ကိုယ့္ဟာကိုယ္ေသ" လို႔ လုပ္လိုက္ေတာ့ အေဝးေျပးလမ္းေတြမွာ ကားရွင္းသြားတဲ့အျပင္ ယာဥ္မေတာ္တဆမႈနည္းပါးသြားတာဟာ "ေနရာေဒသကိုလိုက္ၿပီးေျပာင္းလဲျပဳျပင္ေပးလိုက္တဲ့ဉပေဒ-Federalism ေၾကာင့္" ဆိုတာ ျမင္ေစခ်င္တယ္။ အခုလို မျမင္ရတဲ့ မႈန္မႊားမႊားေရာဂါပိုးသစ္တစ္မ်ိဳးကို လူမ်ိဳးမေရြး၊ ဘာသာမေရြး ၊ အသက္အရြယ္မေရြး၊ အသားအေရာင္မေရြး လူသားထုတစ္ရပ္လုံးတူညီတက္ႂကြတိုက္ထုတ္ေနရတဲ့အခ်ိန္မွာ မ်ားမ်ားမွန္တဲ့အမွန္တရားကိုခ်ည္းရွာေနလို႔မရနိုင္ဘူး။ နည္းနည္းမွန္တဲ့အမွန္တရားကို ျပည့္စုံလွေခ်ရဲ့ဆိုၿပီး စုံလုံးကန္းယုံၾကည္သြားမယ္ဆိုရင္လည္း ဘဝပ်က္ၾကလိမ့္မယ္။ ဒါေၾကာင့္ အခုလို ေခတ္ပ်က္တစ္ခုရဲ့ (အေျဖမရေသးတဲ့) ကာလတစ္ခုမွာ ေနရာအလိုက္ေျပာင္းလဲထုတ္ျပန္တဲ့ဉပေဒကသာ လူ႔အသက္ကိုကယ္နိုင္ပါလိမ့္မယ္။ ဒါေၾကာင့္ အသက္ကိုဉာဏ္ေစာင့္တယ္လို႔ေျပာခ်င္တယ္။ နည္းနည္းမွန္ခ်င္သလား? ဒီအတိုင္းဆက္လက္ေနထိုင္ပါ။ မ်ားမ်ားမွန္ခ်င္သလား? အဆက္မျပတ္ ပညာသင္ၾကားေလ့လာပါ။ စာဖတ္ပါ။ မရပ္မနားသင္ယူပါ။
စဥ္းစားပါ။ ဆင္ျခင္ပါ။ အသက္ကိုေစာင့္တဲ့ဉာဏ္ထဲမွာ ဒီ ၂ဝ၂ဝ အကုန္အထိအသက္ရွင္ေနထိုင္နည္းသိရင္ကို လူျဖစ္ရတဲ့တန္ရာတန္ေၾကးရေနပါၿပီ။ လက္ေဆးပါ။ လူခ်ဲေနပါ။ ပါးစပ္၊ ႏွာေခါင္း၊ မ်က္စိတို႔ကို ေရာဂါပိုးမဝင္ေအာင္ မ်က္ႏွာဖုံးတပ္ပါ။ အသုံးအေဆာင္ေတြကိုတစ္ကိုယ္ေရတစ္ကာယသုံးပါ။ အခ်ိန္မတန္ေသးခင္ အျပင္ေလာကမွာ ေရာဂါပိုးထြက္မဝယ္ၾကပါနဲ႔။ ခင္လ်က္ ကိုညီညီ (ေတာင္ႀကီး) 05-08-2020

No comments: