ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Friday, September 19, 2014

အမေရိကား အမှုနိုင် ခိုးအိပ်နည်း

ဆောင်းပါးရှင် - ကလောင်စေတနာ
.
.
အလုပ်ခွင်မှာ ပင်ပန်းနွမ်းနယ်တဲ့အခါ အလုပ်ရှင်မသိအောင် နားနေနည်းတွေကို အမေရိကားရောက်မှ အနည်းငယ်သိလာခဲ့တယ်။ တစ်ချို့အလုပ်တွေဟာ အလုပ်ရှင်ကိုယ်တိုင် ကြီးကြပ်တာ မဟုတ်ပါ။ ကော်ပိုရိတ်တစ် လို့ခေါ်မလား လုပ်သားခေါင်းဆောင်၊ ကြီးကြပ်ရေးမှူး - Supervisor ကနေတစ်ဆင့် အထက်ကို တင်ပြတဲ့စံနစ် နဲ့ လုပ်ငန်းလည်ပတ်ကြတယ်။ ငွေရင်းတဲ့ပိုင်ရှင်ကို သိစရာမလိုတဲ့အပြင် လုပ်သားရေးရာအဝဝ နဲ့ အလုပ်ဖြုတ် လူလျှော့တဲ့ ကိစ္စရပ်တွေမှာ Supervisor က အာဏာအပြည့်ရှိပါတယ်။ ဒါကြောင့် တစ်ခုခုဖြစ်ရင် Supervisor ကို အသိပေးတိုင်ကြားလိုက်ရင် အားလုံးက ဖြုံသွားကြပါတယ်။
.
.
Facility တစ်ခုမှာ လုပ်သား - Employee တွေဟာ မိုက်ခရိုစကုပ်သုံးပြီး အလုပ်လုပ်ရတဲ့ အလုပ်ခွင်တစ်ခု ရှိပါတယ်။ လုပ်တာကြာနေပြီဖြစ်တဲ့ အစ်မတစ်ယောက်က မနက်ဆို ကလေးကျောင်းပို့ပြီး အိမ်အလုပ်၊ ယောင်္ကျားနဲ့ မိသားစုအလုပ်တွေသာမက ကားမောင်းပြီးအလုပ်တက်ရတဲ့အခါ ပင်ပန်းပြီး မကြာခဏ အိပ်ငိုက်တတ်ပါသတဲ့။ လူလစ်တဲ့အခါ မိုက်ခရိုစကုပ်နား မျက်စိကပ်ပြီး လက်ကလည်း မလှုပ်မယှက်နဲ့ ငြိမ်နေပါလားလို့ကြည့်လိုက်တာ အမလေး အဲဒီအစ်မက အိပ်နေတယ်လို့ ဆိုပါတယ်။ အမှတ်တမဲ့တွေ့လိုက်ရင်တော့ သူအလုပ်လုပ်နေတယ်ပေါ့။ ခနစိုက်ပြီး အကဲခတ်မှသာ အလုပ်မလုပ်ပဲ အိပ်နေမှန်းသိသာတယ်။ ဘယ်လောက်ပညာပါတဲ့ အိပ်နည်းလဲနော်။

Monday, September 15, 2014

ဈေးသုံးလည်း မလွယ်နဲ့ ( ကြွယ်ကြွယ် နဲ့ လည်လည် ) ၃ ။

ဆောင်းပါးရှင် - ကလောင်စေတနာ
.
.
ကြွယ်ကြွယ်။          ။ ကဲပါ .. ကြော်ငြာတွေမှာ ဈေးနှုန်းတွေကျတော့ စာလုံအမည်းကြီးလုပ်ထားပြီး အောက်ကစာတွေက ဘာလို့ သေးသေးမှုန်မှုန်တွေ ရေးထားတာလဲ?
.
လည်လည်။          ။ ဒါကတော့ အမေရိကန်စတိုင်လို့ ပြောရမလား။ လူစိတ်ဝင်စားနိုင်လောက်တာကို စာလုံးကြီးကြီးတွေနဲ့ ဆွဲဆောင်တယ်။ ကန့်သတ်ချက်ရှိတာတွေကို စာလုံးသေးနဲ့ အောက်နားမှာကပ်ရေးတယ်။ ဥပမာ - ဈေးလျှော့နေပြီ ဆိုတာမျိုးကို စာလုံးကြီးနဲ့ရေးထားတော့ သက်သာတယ်ဆိုပြီး စိတ်ဝင်စားမှာပေါ့။ အောက်နားမှာမှ အိမ်ထောင်စုတစ်ခုလျှင် ( ၁ ) ခု သာဝယ်ရန်ကို သိပ်မမြင်သာအောင်ရေးထားတာမျိုးပေါ့။
.
.
ကြွယ်ကြွယ်။          ။ အေး .. အေး ဟုတ်ပြီ။ အဲဒါကို ငါ့ကိုပြပါဦး။ အင်္ဂလိပ်လို ဘယ်လိုရေးထားတာတုန်း?
.
လည်လည်။          ။ ဒီမှာလေ။ “ Sale ” ဆိုတာတွေ့တယ်မဟုတ်လား။ မြန်မာနိုင်ငံလို “ Discount ” လို့ရေးမှာ လျှော့တာမဟုတ်ဘူး။ “ Deal ” ဆိုရင်လည်း လျှော့တာပဲ - သေသေချာချာ ဘာသာပြန်ရင်တော့ “ တန်တယ် ” လို့ပြောရမယ်ထင်တယ်။ ဒီစာရွက်ရဲ့ထိပ်ဆုံးမှာတွေ့လား “ Real Big Deal ” ဆိုတာလည်း အမှန်တကယ် အကြီးအကျယ် ဈေးလျှော့တယ်လို့ ကြော်ငြာထားတာ။
.
.
ကြွယ်ကြွယ်။          ။ ဒါက ဘာတွေရေးထားတာလဲ။ ဘာတဲ့ -oz. တဲ့။ -qt. တဲ့။ -ct. တဲ့ ရှုပ်နေတာပဲ

Sunday, September 14, 2014

ကယ်လီဖိုးနီးယားရဲ့ အကောင်းဆုံး အထက်တန်းကျောင်း ( ၂ဝ )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
လူတွေက ထစ်ကနဲဆို ကောလိပ်၊ တက္ကသိုလ်တွေ အကြောင်းပဲ ပြောနေကြတာ ကိုယ့်သားသမီး ငယ်သေးရင် အထက်တန်းကျောင်း ကောင်းကောင်းရှိတဲ့နေရာ၊ ရပ်ကွက်ကို လိုက်ပြီး အိမ်ငှားနေကြရပါတယ်။ ကျောင်းအုပ်ချုပ်ရေးရုံး ကွန်ယက်ထဲဝင်တဲ့ Neighborhood မှာနေမှသာ ကိုယ့်ကလေးတက်ချင်တဲ့ကျောင်း ရမှာပါ။ အကြောင်းက ကျောင်းအပ်တဲ့အခါ အိမ်မှာနေထိုင်ကြောင်း - Proof of Residence တောင်းလို့ပါ။  
.
.
Center for Education Policy Analysis ရဲ့ စာရင်းအရ ကယ်လီဖိုးနီုးယားဟာ ပညာရေးနယ်ပယ်မှာ ဦးဆောင်နေသော်ငြားလည်း ဘတ်ဂျက်အရတော့ ရုန်းကန်နေရတုန်းပါပဲ။ အားလုံးတော့ မသိနိုင်ပေမယ့် ကြားဖူးနားဝရှိထားအောင် အောက်မှာ ဦးဆောင် အထက်တန်းကျောင်း ( ၂ဝ ) စာရင်းကို လေ့လာနိုင်အောင် တင်ပြပေးလိုက်ပါတယ်။

ကျွန်တော်ကူညီမိသော တိုင်းရင်းသားများ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
“ နင်တို့ လိုရင်တော့လျှောက်ပေါ့။ ဒါပေမယ့် ဒီအစီအစဉ်က တစ်ကယ်အကူအညီလိုသူတွေကို အစိုးရက ပေးတဲ့ ရိက္ခာခွဲဝေပေးရေး စံနစ်ဖြစ်တယ် ” လို့ ကျေးဇူးရှိတဲ့ ဒီနိုင်ငံက အစ်မပြောတုန်းက ကျွန်တော်တို့ မိသားစု မလျှောက်ခဲ့ပါဘူး။ ဒါပေမယ့် ဘယ်လို ပြောင်းရွှေ့နေထိုင်သူအသစ်တွေကိုမဆိုပေးတဲ့ ပြည်နယ်ကျန်းမာရေးဝန်ဆောင်မှု - State Medical နဲ့ ကျောင်းတက်ရန်အထောက်အပံ့ - Financial Aid တွေကိုသာ လျှောက်ခဲ့သလို ရခဲ့ သုံးခဲ့ပါတယ်။ ဒါကလည်း ကိုယ်မလျှောက်လည်း မလျှောက်ဘူးဆိုရုံသာရှိမယ် .. ကိုယ့်ရှေ့မှာကြိုရောက်နေသူများအားလုံးထံက နည်းနာယူပြီး လိုက်လုပ်ခြင်းသာ။ Food Stamp ကိုတော့ မလျှောက်ဖူး မရယူဖူးလို့ နေထိုင်သက် ( ၅ ) နှစ်သာကျော်လာတယ် ဘာမှန်းမသိခဲ့ပါဘူး။
.
.
အစ်မပြောတဲ့ အစီအစဉ်က ကဒ်ပြားနဲ့သုံးရတဲ့ Food Stamp ဖြစ်ပါတယ်။ နောက်တစ်မျိုးက Food Bank လို့ခေါ်ပြီး ကုမ္ပဏီ နဲ့ အသင်းအဖွဲ့တွေကလှူတဲ့နေရာမှာ တန်းစီသွားထုတ်ယူရတဲ့ အစားအသောက် အထောက်အပံ့လိုမျိုးလည်းရှိပါသေးတယ်။ အမေရိကန်အစိုးရ က သူ့နိုင်ငံကို ဝင်ရောက်လာပြီး ဝင်ငွေအနေအထား နဲ့ မိသားစုရပ်တည်ဖို့ခက်သူတွေကို ကူညီဖို့လုပ်ထားတဲ့ အစီအမံဖြစ်တယ်။ အဓိက ကလေးတွေရှိတဲ့ မိဘတွေ အလုပ်အကိုင်အတွက် အခက်အခဲရှိသူတွေကို ကူညီလေ့ရှိတယ်။ တစ်လဝင်ငွေ ဒေါ်လာ ( ၂ဝဝဝ ) မကျော်သူတွေ အကျိုးခံစားခွင့်ရှိပါတယ်။ တစ်ချို့ကျပြန်တော့ မိသားစုအစုံအလင်နဲ့ ရောက်လာပြီး တစ်ချို့မှာတော့ ကလေးငယ်တစ်ဖက်နဲ့ အလုပ်လုပ်ဖို့ခက်နေသူတွေ ပါပါတယ်။