ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
.
ကိုညီညီ။ ။ တိုးနီအနေနဲ့ ထူးခြားတဲ့အတွေ့အကြုံလေးတွေ
ပြောဖို့ကျန်တာရှိရင် မျှဝေပေးပါဦး။
.
တိုးနီ။ ။ ပြောရမယ်ဆိုရင်တော့ ရေချိုးပုံ နဲ့ ရေချိုးတဲ့အချိန်မြင်ရတာတွေပဲ။
.
.
ကိုညီညီ။ ။ စိတ်ဝင်စားလာပြီ၊ ရှင်းပါဦး။
.
တိုးနီ။ ။ ရေချိုးတာက ကိုယ်လုံးတီး ချိုးရတာဗျ။
ရေချိုးခန်းဆိုပေမယ့် အကန့်ကန့်ပေးမထားဘူး။ ဘာလို့လည်းဆိုတော့ အဲဒီအကန့်နောက်ကွယ်မှာ
တစ်ခုခုလုပ်လို့ ရတာကိုး။ ဥပမာဆို ဘိန်းထိုးတာတို့ ဘာတို့လုပ်လို့ရတယ်လေ။
.
.
ကိုညီညီ။ ။ အကန့်မပေးထားဘူးဆိုတော့ ဘာမှကို မကာပေးထားဘူးလား?
.
တိုးနီ။ ။ ဒီနိုင်ငံက ဘိုထိုင်အိမ်သာတွေမှာ ကာထားသလောက်ပဲ။
အောက်ကလွတ်၊ အထက်မြင်၊ ခါးပိုင်းသာ ကာပေးထားတဲ့ ရေစိုခံအပြားလေးပဲ ကာထားပေးတာ။ ရေချိုးပြီဆို
ဟိုဘက်လှည့်လိုက်တာနဲ့ ဟိုဖက် ဒီဖက် အကုန်မြင်နေရတယ်။
.
တစ်ခြားလူ
ရေချိုးရင် သွားမကြည့်မိဘူး။ ကြည့်ကို မကြည့်ရဲဘူး။ ကြည့်လို့ရှိရင် သူတို့စိတ်ထဲမှာ
တစ်မျိုးမြင်သွားမှာလေ။ ကိုယ့်ဟာကိုယ် ဒီဖက်လှည့်ပြီးပဲ ချိုးလိုက်တယ်။ တစ်ချို့ကျတော့
ရေချိုးနေတုန်း ဇာတ်လမ်းရှာချင်ကြတယ်။ ဒါကလည်း ပဲစားအချင်းချင်းပါ။ တရုတ်တွေကိုတော့
လာလုပ်လို့မရဘူး။
.
တရုတ်တွေက
ရေချိုးရင် ( ၃၊ ၄ ) ယောက်လောက် အတူတူချိုးတာ။ မြန်မာတွေကတော့ မကြောက်ကြပါဘူး။ တစ်ခါတစ်လေလည်း
တစ်ယောက်ထဲချိုးတာ ရှိတယ်။ သူတို့ချင်းတော့ အရမ်းကြီးတော့လည်း လုပ်လို့မရပါဘူး။
.
.
ကိုညီညီ။ ။ လုပ်တယ်ဆိုတာ ဘာလုပ်တယ်လို့ပြောတာလဲ?
.
တိုးနီ။ ။ ပြောရရင် စာဖတ်သူတွေအတွက် မသင့်လျှော်မှာစိုးလို့။
.
.
ကိုညီညီ။ ။ ဒါက စိတ်မပူပါနဲ့။ မသင့်တော်တာတွေကို
ဆက်မဖတ်ဖို့ အောက်မှာ ကြယ်ပွင့်တွေ တားထားလိုက်မယ်။ ရတယ် .. ဆက်ပြော။
.
(
စာဖတ်သူများ ခင်များ ..! တိုးနီ၏ အတွေ့အကြုံများကို ဖလှယ်မည်ဖြစ်ပါ၍ မသင့်တော်ဟု ယူဆပါက
ဆက်၍ မဖတ်ကြပါရန်။ ။ ဆောင်းပါးရှင်
)
.
(★ ★ ★ ★ ★★ ★ ★ ★ ★★ ★ ★ ★ ★★ ★ ★ ★ ★★ ★ ★★ ★ ★ ★ ★★ ★ ★ ★ ★)
.
.
တိုးနီ။ ။ အိုခေ .. ဒါဆိုလည်း ဆက်ပြောမယ်။ ရေချိုးတုန်း
ဘာလုပ်ကြသလဲဆိုတော့ လိင်တူကိစ္စတွေပေါ့။ ခပ်ကြမ်းကြမ်းလည်း ရှိတယ်။ ယဉ်ယဉ်လေးလည်း ရှိတယ်။
ကျွန်တော်တို့ ဟိုလှည့်ဒီလှည့်နဲ့ တွေ့မိတာလည်းရှိတယ်။ မမြင်ချင်ဘူးဆိုရင်တောင် သူတို့ရဲ့
တစ်ပင်တိုင်မြနန်း နဲ့ အုန်းတောခြံ ကတော့ တွေ့တာပဲ။
.
.
ကိုညီညီ။ ။ ဟား .. သူတို့က ပေါ်တင်ကြီးပဲလား?
.
တိုးနီ။ ။ ကိုယ်က တွေ့တယ်နော် .. သွားမတိုင်နဲ့။
တိုင်ရင် အဲဒီလူ နာမှာ..။ ရန်ရှာနိုင်တယ်။ သူတို့မှာ အဖွဲ့အစည်း ရှိတယ်။ သူငယ်ချင်းတွေ
ရှိတယ်။ ဒါက ရေချိုးခန်း ဇာတ်လမ်း။ ညနက်ပိုင်း ဇာတ်လမ်းလည်း ရှိသေးတယ်။
.
.
ကိုညီညီ။ ။ ဘယ်လို ညနက်ပိုင်းဇာတ်လမ်းလဲ?
.
တိုးနီ။ ။ ကုတင်တွေမှာ အတူတူတော့ အိပ်လို့မရဘူး။
တစ်ကုတင်မှာ တစ်ယောက်ပဲ အိပ်ခွင့်ရှိတယ်။ ဥပမာ လာလှဲနေတယ်၊ ဒါမျိုးတော့ ရှိတယ်။ ဖြစ်ရင်လည်း
သူတို့လူမျိုးအချင်းချင်းပါပဲ။ တစ်ယောက်က သဘောတူတယ်။ တစ်ယောက်ကလည်း အထိအတွေ့ရှာဖွေတယ်။
.
ခက်တာက
ဘေးကလူတွေက မနှစ်မြို့တာ။ စိတ်ညစ်တာပေါ့။ သူတို့ဖြစ်နေတာက ယောက်ျား နဲ့ မိန်းမ မဟုတ်ပဲနဲ့
ယောက်ျားအချင်းချင်းဆိုတာ့ ကြည့်ရတာ မသတီဘူးပေါ့။
.
.
ကိုညီညီ။ ။ ဒါဆို တိုးနီ သိတဲ့အထဲမှာ အစော်ကားခံရတာမျိုးရော
ရှိလား?
.
တိုးနီ။ ။ ကျွန်တော်သိရသလောက် မရှိပါဘူး။ အဲဒါက
အစော်ကားခံရတာမျိုးလည်း မဟုတ်ဘူး။ ဒါက “ အလိုတူ အလိုပါ ” ကိစ္စပါ။ တစ်ခေါက်တုန်းက နှစ်ပါးသွားက,နေတုန်း
တိုင်တဲ့သူရှိတော့ အထုတ်တွေဆွဲခိုင်းပြီး ခေါ်ထုတ်သွားတယ်။ ကြည့်ရတာ မှတ်လောက်သားလောက်အောင်
ဖိုးဆို ထဲ ပို့လိုက်တယ် ထင်တယ်။
.
နောက်တစ်ခု
ကျွန်တော်ကြားတာက ကျွန်တော်တို့ ယောက်ျားတွေဘက်မှာ မဟုတ်ဘူး။ မိန်းမဘက်ခြမ်းမှာ..။
ကောင်မလေးတစ်ယောက်ကို အဲဒီ Officer က ဟိုဟာ ဖြစ်လိုက်တာပေါ့။ မိန်းကလေးက ပြန်ပို့ခံရမယ့်သူ။
မီးဖိုချောင်မှာ အလုပ်လုပ်ရင်း ဖြစ်တာ။ ဟွန်ဒူးရပ်နိုင်ငံကို ပြန်ရမှာလို့ ပြောတယ်။
ငြိသွားပြီး ကောင်မလေးမှာ ကိုယ်ဝန်ရှိသွားတယ်။
.
ဒါပေမယ့်
ထိန်းသိမ်းရေးစခန်းထဲမှာ ရှိတာမဟုတ်ပဲ ပြည်နှင်ဒဏ်ခံရတဲ့ တိုင်းပြည်ပြန်ရောက်မှ သိတာ။
မကြာပါဘူး .. ကိုယ်ဝန်ကထွက်လာ .. ကလေးက မွေးရော။ အဲဒါနဲ့ အဲဒီတိုင်းပြည်ကနေ အမေရိကန်သံရုံးကို
အကြောင်းကြားတယ်။ သေချာဟုတ်မဟုတ်ဆိုတာ DNA စစ်ကြည့်တယ်။ ဟုတ်တယ်ဆိုတာနဲ့ အဲဒီကောင်မလေးကို
အမေရိကန် ပြန်ခေါ်တယ်။
.
.
ကိုညီညီ။ ။ ဒါဆိုရင် တာဝန်ယူတဲ့ သဘောပေါ့?
.
တိုးနီ။ ။ ဟုတ်တယ်။ တာဝန်ယူတာပဲ။ ဒီဘက်ကဝန်ထမ်း
အမေရိကန်နိုင်ငံသား ပဲစားကိုတော့ အလုပ်ဖြုတ်ပစ်လိုက်တယ်။ လူဖြူတော့ မဟုတ်ဘူး။
.
.
ကိုညီညီ။ ။ ဒါဆို တစ်ကယ်ကြိုက်လို့ ဖြစ်သွားတဲ့သဘောမျိုးလား?
.
တိုးနီ။ ။ တစ်ကယ်ကြိုက်လို့ ဖြစ်သွားတာပဲလား? ရေမျှောကမ်းတင်
ချစ်ကြိုးသွယ်ငြိသွားတာလားတော့ ကျွန်တော်လည်း မသိဘူး။ အဲဒီနောက်ပိုင်း ဥပဒေထုတ်လိုက်တယ်။
ဒီဖက်က လူကိုလည်းထောင်ချမယ်။ ကလေး အမေကိုလည်းထောင်ချမယ်။ ဒါပေမယ့် ကလေးကိုတော့
Citizen ပေးလိုက်တယ်။
.
အဲဒီကိစ္စမှာ
အမေက နေထိုင်ခွင့်ရသွားတယ်။ Green Card ရမရကတော့ သူ တရားရင်ဆိုင်ရမယ်။ ဒါက သူ့ကိုယ်တိုင်
လျှောက်လဲချက်နဲ့ ဆက်သွားရမှာ။ ကလေးကိုတော့ မှီခိုပြီး ကပ်နေရမယ်။
.
အမေရိကန်နိုင်ငံသားဖြစ်နေတဲ့
ဒီကလေးကိုစောင့်ရှောက်ဖို့ နေခွင့်ရတာ။ ကလေးက ( ၁၈ ) နှစ်ပြည့်လို့ သူ့ခြေထောက်ပေါ်သူ
ရပ်တည်နိုင်ပြီဆိုရင် သူ့အမေက ပြန်ရင် ပြန်ရမှာ..။
.
.
ကိုညီညီ။ ။ သြော် .. အဲဒီလိုမျိုးလည်းရှိတာလား?
.
တိုးနီ။ ။ ဟုတ်တယ်။ အဲဒီအချိန်တစ်ခုအထိ နေထိုင်ခွင့်ပေးထားတယ်။
အဲဒီအချိန်မတိုင်ခင် ကလေးအမေက အမှုအောင်သွားရင် အဆင်ပြေသွားနိုင်တယ်။ နောက်ပိုင်းတော့
မိန်းကလေးဆောင်ကို ယောက်ျားတွေ လုံးဝ သွားခွင့်မရှိတော့ဘူး။ မိန်းကလေးအဆောင်ကို မိန်းမ
Officer ပဲ သွားလို့ရတော့တယ်။ ဘာကိစ္စပဲရှိရှိ မိန်းမ အကြီးအကဲတွေကို ထားပေးထားတယ်။
.
အရင်က
ရန်ဖြစ်တာတို့ ဘာတို့ဆို ရဲတွေသွားရတယ်။ အဲဒီနောက်ပိုင်း မသွားရတော့ဘူး။ သူတို့ဖာသာသူတို့
ရှင်းခိုင်းတယ်။ မိန်းမဝဝကြီးတွေ၊ တစ်ကယ့်ဖိုက်တာကြီးတွေ၊ နပန်းသမားပုံစံ မိန်းမကြီးတွေ
သူတို့ခန့်ထားပေးတယ်။
.
.
ကိုညီညီ။ ။ တိုးနီက မြန်မာနိုင်ငံလို ယဉ်ကျေးပါတယ်ဆိုတဲ့နိုင်ငံမျိုးမှာ
ကြီးပြင်းခဲ့တယ်။ အခုလို ဒီနိုင်ငံရောက်လာပြီးတော့ ယောက်ျား နဲ့ ယောက်ျားချင်း ဖြစ်တယ်။
အဲဒါမျိုးတွေကျတော့ မင်းစိတ်ထဲမှာ ဘယ်လိုခံစားရသလဲ?
.
တိုးနီ။ ။ မြန်မာနိုင်ငံမှာလည်း ယောက်ျားချင်းဖြစ်တာတွေ
ရှိတာပဲ။ မြင်တော့ မြင်ဖူးနေတာပဲ။ ဒါကြီးက သိပ်အထူးအဆန်းကြီးတော့ မဟုတ်ဘူးပေါ့။ ဘယ်လိုခေါ်မလဲ
.. အခုလို ကြုံတွေ့ရတော့ မသတီဘူးဆိုတာမျိုး နဲ့ မသင့်တော်ဘူးဆိုတာမျိုးတော့ စိတ်ထဲ
ကသိကအောက် ဖြစ်မိပါတယ်။
.
koko2yeye@gmail.com
No comments:
Post a Comment