“မြန်မာနိုင်ငံက
အိမ်ခြံမြေဈေးကွက် ဈေးကြီးမြင့်နေတယ်လို့ဝေဖန်ခံနေရတာ တကယ်ဘဲ ဈေးကြီးနေတာလား “ မဆွေးနွေးခင်
အမေရိကန်ရှိအိမ်များအကြောင်းတစေ့တစောင်း ပြောပြချင်ပါတယ် ။
Single House in America |
ကယ်လီဖိုးနီးယားပြည်နယ်
ဆန်ဖရန်စ္စစကိုတစ်ဝိုက်ကို ငလျင်ကြောဒေသလို့ပြောကြပါတယ်၊
မြေနေရာကျယ်တဲ့မြို့တွေမှာဆို အထပ်မြင့် အဆောက်အအုံတွေ မတွေ့ရပါဘူး ၊ ဆန်ဖရန်မြို့ကတော့
နာမည်ကြီးခရီးသွားမြို့ဖြစ်တာတင်မကပါဘူး လူနေမှုသိပ်သည်းပြီး ကားရပ်နားရန်နေရာ အလွန်ခက်ခဲပါတယ်
၊ တိုးပွားလာတဲ့မြို့လူထုတွေဟာ
ကွန်ဒိုမီနီယမ်အထပ်မြင့်တွေပေါ်တက်နေကြရပါတော့တယ် ။ သဘာဝဘေးအန္တရာယ်ကိုကြိုတင်ရှောင်ကျဉ်ဖို့ မလိုအပ်ရင် ၂ ထပ်ထက်ပိုမဆောက်ကြပါဘူး ။
ကွန်ဒိုမီနီယမ်အထပ်မြင့်တွေပေါ်တက်နေကြရပါတော့တယ် ။ သဘာဝဘေးအန္တရာယ်ကိုကြိုတင်ရှောင်ကျဉ်ဖို့ မလိုအပ်ရင် ၂ ထပ်ထက်ပိုမဆောက်ကြပါဘူး ။
အိမ်ဆောက်ပစ္စည်းများသုံးစွဲရာမှာလဲ အခြေံခံအုတ်မြစ်
( Foundation ) နဲ့ ပလက်ဖောင်း ( Pavement ) တွေလောက်ကလွဲရင် ဘိလပ်မြေနဲ့အုတ် သိပ်မတွေ့ရပါ
။ မြန်မာပြည်လို RC တိုက်မျိုးအရမ်းနည်းပါတယ်၊ နှစ်ထပ်အိမ်ဆိုရင် အပေါ်ထပ်ကြမ်းခင်းကို
ထမ်းထားတာက မီးရထားသံလမ်းလို ဘင်းတန်း ( Beam ) တွေပါ၊ နံရံတွေကို မြန်မာပြည်ကထင်းရူးကြိတ်သားလို
သစ်ပေါင်းသား ( Wall Panel or Plywood ) တွေ
အချပ်လိုက်ကပ်ချလိုက်တာပါ၊ ရာသီဥတုဒဏ်ခံနိုင်အောင် အိမ်နံရံကို နှစ်ထပ်ဆောက်ထားပြီး
ကြားထဲမှာ ဖော့နဲ့မိုးကာသားရောကြိတ်ထားတဲ့အကာအရံ ( Insulation Foam ) ထည့်ထားပါတယ်
၊ အိမ်မျက်နှာစာကို အလှအပ ဆင်ဝင် ထားလေ့မရှိဘဲ ကားဂိုဒေါင် ထားရှိပါတယ် ၊ ကားနဲ့အပြင်ကပြန်လာရင်
အဝေးထိန်းခလုတ်နဲ့ ကားဂိုဒေါင်တံခါး ( Garage Door ) ကို ဖွင့်ပြီး အိမ်ထဲတန်းဝင်နိုင်အောင်
စီစဉ်ထားပုံရပါတယ် ။
အိမ်မျက်နှာစာရှေ့နေရာလွတ်တယ်ဆိုရင် မြက်ခင်းစိမ်းထားသူက
ထားပြီးတော့ တချို့က မြက်ပင်တွေကိုနှုတ်၊ ထပ်ပေါက်လာမယ့်မြက်ကိုမတက်နိုင်အောင် (
Weed Cover ) ခင်းပြီး ထင်းရူး (သို့) ဝက်သစ်ခြ သစ်ခေါက်စ ( Bark or Mulch ) နဲ့အရောင်စုံအောင်
အလှဆင်ကြပါတယ် ၊ မြက်ခင်းအိမ်ပိုင်ရှင်က ၂ ပါတ် ကို ၁ ကြိမ် မြက်ရိတ်ရသလို မြက်ခင်းပတ်လည်မှာ
အချိန်မှန်ရေဖြန်းစက် ( Sprinkle ) တပ်ထားရပါတယ် ၊ သစ်ခေါက်စ ခင်းတဲ့အိမ်ပိုင်ရှင်က
ဘာမှထိန်းသိမ်းစရာမလိုပါဘူး ၊ အိမ်ရှေ့လမ်း၊ ပလက်ဖောင်း ၊ မြက်ခင်း ၊ ပန်းခြံ တွေမှာ
မြေသားအလွတ်မှန်သမျှကို တစ်မျိုးမျိုးနဲ့ ဖိထားတဲ့သဘောပါ ၊ မြူနှီစီပယ်ရဲ့ရည်ရွယ်ချက်က
မြေမှုန် ( ဖုန် ) ပပျောက်ရေးဘဲဖြစ်ပါတယ်၊ အိမ်နောက်ဘက်မှာလဲ ဒီအတိုင်းပါဘဲ ၊ မြေလွတ်ကွက်
သိပ်ရှားပါတယ် ။
တခြားအိမ်အလှအပတန်ဆာဆင်တာများက ပြင်လို့ရပေမဲ့
အိမ်ဖွဲ့စည်းပုံ ( Floor Plan ) မကောင်းရင်ဖြစ်ဖြစ်
၊ မှားနေရင်ဖြစ်ဖြစ် ပြင်လို့မရပါဘူး ။ ဒါကြောင့် အိမ်တစ်အိမ်ငှားမယ်/ဝယ်မယ် ဆိုရင်
အိမ်ဖွဲ့စည်းပုံ က အရမ်းအရေးကြီးပါတယ် ၊ ဥပမာ လှေကားရွှေ့မရတာမျိုး ၊ တံခါးပေါက် အတွင်းဖွင့်နဲ့
အပြင်ဖွင့် ပြောင်းလို့မရတာမျိုးပါ ။ ကော်ဇောခင်းတဲ့အိမ်များတာမို့လို့ ဖုန်စုတ်စက်
( Vacuum Cleaner ) ကတော့မရှိမဖြစ်အိမ်သုံးပစ္စည်းပါ
။
သန့်စင်ခန်းမှာ ဘိုထိုင်အိမ်သာဘဲ သုံးကြပါတယ်
၊ ရေချိုးချင်ရင်တော့ ရေစိမ်ကန် ( Bathtub ) မှာ မတ်တပ်ရော ၊ ထိုင်လျက်ရော ချိုးလို့ရပါတယ်
။ တချို့အိမ်တွေမှာတော့ မတ်တပ်ရေချိုးခန်းကို အကာအရံမှန်တံခါးနဲ့တွေ့ရမှာပါ ။ မြန်မာပြည်ထက်ထူးတာက
ရေခွက်နဲ့ခပ်ချိုးဖို့ ရေကန်မရှိသလို ၊ ခြေဆေး၊ ပန်းကန်ထိုင်ဆေးဖို့ ရေဘုံပိုင်မရှိပါဘူး
။ ကောင်းကျိုးအနေနဲ့ ခြင်မဝပ်တော့ ခြင်မတိုးပွားတော့ပါဘူး ၊ ရေမျက်နှာပြင်ပွင့် မထားတာက
အတုယူစရာပါ ၊ မြောင်းကိုလဲမြေအောက်မှာဘဲထားပါတယ် ၊ အိမ်ရဲ့ရေသုံးစွဲမှုစံနစ်ကို ဖိအားဖြင့်ရေအပူပေးစက်
( Gas Water Heater ) နဲ့ထိန်းချုပ်ထားပါတယ် ၊ မျက်နှာသစ်စင် နဲ့ ပန်ကန်ဆေးစင် (
Sink ) ကရေဘုံပိုင်ကိုဖွင့်လိုက်ရင် ရေအားအနည်းအများ ၊ အပူအအေး ချိန်ဖို့ပါပြီးသားပါ
၊ ဖိအားနဲ့လွှတ်တာမို့လို့ ရေအားအလွန်သန်ပါတယ် ။
လျှပ်စစ်မီးလုံးအဝါကို အသုံးများကြပါတယ်
၊ ဝပ် ၄ဝ မီးလုံးနဲ့ အလင်းလွှတ်အားချင်းတူတဲ့ ၁၃ ဝပ် အစားထိုးမီးသီးကွေးတွေကို သုံးပါတယ်
၊ မီးလုံးကို ဒါရိုက်ထွန်းထားတာမျိုးနည်းပါးပြီးတော့ အုပ်ဆောင်းပက်လက်ပုံစံ မတ်တပ်မီးအိမ်
( Floor Lamp ) များသုံးကြပါတယ် ။ ၂၄ နာရီ ရေခဲသတ္တာဖွင့်ထားပြီး မီးဖိုချောင်သုံးအစားအသောက်များကို
တပါတ်စာ အေးခဲထားရှိကြပါတယ် ။ ဂက်စ်မီးဖို ( Single and Double Burner ) ပါဝင်တဲ့အိမ်တွေများသလို
လျှပ်စစ်မီးဖို ( Hot Plate ) ပေါ်မှာ အပူခံမှန်ပြားကြီး
ခံခင်းပေးထားတာမျိုးလဲ ရှိကြပါတယ် ။ မီးခလုတ်အလုပ်လုပ်ပုံက ပြောင်းပြန်ပါ ၊ အောက်ကိုနှိပ်ရင်ပိတ်ပြီး
အပေါ်ကိုပင့်တင်တာက အဖွင့်ခလုတ်ပါ ။ အဲဒီမီးဖိုတွေရဲ့အောက်မှာ ပန်ကန်းဆေးစက်ပါရှိပါတယ်
။ ပစ္စည်းအပိုသိမ်းဆည်းဖို့အခန်းငယ် ( Closet ) ကို “ထိုးတံခါး “တပ်ဆင်ကြပါတယ် ၊ တစ်အိမ်လုံးရဲ့
မီးထိန်းခလုတ် ( Circuit Breaker ) ကို အခန်းအပြင်မှာ ထားလေ့ မရှိပါ ၊ Closet အခန်းငယ်
တစ်ခန်းရဲ့ နံရံမှာ မြုပ်ထားတတ်ကြပါတယ် ။ အေးမြစိုစွတ်သောရာသီဥတုရှိတဲ့အလျောက် အပူပေးစက်ထားရှိတဲ့နေရာမှာ
ဂက်စ် ကို မီးရှိ့ပြီးသုံးတာရှိသလို ထင်းမီးလင်းဖို
( Fireplace ) ပါတဲ့ အိမ်တွေကလဲ အမြောက်အများပါ ။ ကိုယ်လိုချင်တဲ့အပူချိန်ကိုသတ်မှတ်ပြီး
အတိုးအလျော့လုပ်တဲ့ ( Temperature Timer Controller
) ကိုတော့ ဧည့်ခန်းနံရံမှာ မြင်သာအောင် ပလပ်စတစ်အကြည်လေးထောင့်ဘောက်စ်ထဲ သော့ခတ်ထားကြပါတယ်
။
အိမ်အခေါ်အဝေါ်အရ ( 3 Bed, 1 Bath ) ဆိုရင်
အိပ်ခန်း ၃ ခန်းနဲ့ အိမ်သာရေချိုးခန်းတွဲလျက် ၁ ခန်း လို့ပြောတာပါ ၊ ( 3 Bed, 1 ½
Bath ) ဆိုရင်တော့ အိပ်ခန်း ၃ ခန်း၊ အိမ်သာရေချိုးခန်းတွဲလျက် ၁ ခန်းအပြင် အိမ်သာသီးသန့်တက်လို့ရတဲ့အခန်း
၁ ခန်း ပါပါတယ် ။ Ranch Style လို့ဆိုထားရင် ပျဉ်ထောင်အိမ် ဖြစ်ပြီးတော့ မျက်နှာကျက်မပါတာမို့လို့
ပူတဲ့ရာသီမှာပိုပူပြီးတော့ အေးတဲ့အခါ သာမန်အိမ်တွေထက်ပိုအေးပါလိမ့်မယ် ၊ ပြီးတော့ ၁၉၆ဝ လောက်က ဆောက်တဲ့အိမ်ဖြစ်နေရင် “ ခြ
“ရှိလား ၊ မှိုတက်လား ၊ သူများနေပြီးသားအိမ်မို့လို့ အနံ့ဆိုးရှိလား ဆိုတာမျိုးတွေ သေချာစစ်ရပါမယ် ။ အိမ်ခေါင်မိုးက အုတ်ကြွတ်မိုးပါ
။ သွပ်ပြားမိုး မရှိသလောက်ရှားပါတယ် ။ ရုတ်တရက်ရာသီဥတုအပြောင်းအလဲကိုခုခံနိုင်အောင်
ခေါင်မိုးတန်း ( Roof Truss ) ချုပ်ပြီးတာနဲ့ ကြိတ်သားအချပ်လိုက်ရိုက်ချလိုက်ပါတယ်
၊ အဲဒီပေါ်မှာမှ တာလာပတ်ပြားခင်းပြီးမှ အုတ်ကြွတ်စီတာပါ ။ ခေါင်တန်းရဲ့အောက်ကမှ အလူမီနီယမ်ချောင်းတွေ
ထပ်ချုပ်ပြီး သင့်တော်တဲ့ အနေအထားမှာ မျက်နှာကျက်ကို တည်ဆောက်ကြတာပါ ။
အိပ်ခန်းများကိုဖေါ်ပြတဲ့နေရာမှာ ( Wall
to Wall Carpeting ) ဆိုတာ အခန်းပြည့်ကော်ဇောခင်းထားတယ်လို့ပြောတာပါ ၊ ကားဂိုဒေါင်ကို
( Garage ) ၊ အိမ်နောက်ဖက်ကွက်လက်အကျယ်ကို ( Back Yard ) ၊ ကားရပ်ရန်နေရာကို (
Parking Spot ) ၊ အိမ်အကျယ်အဝန်းဧရိယာကို ( Lot Size ) ၊ အိမ်ဆောက်သည့်ခုနှစ်ကို (
Year Built ) ၊ မွမ်းမံပြုပြင်ပြီးသားအိမ်ကို ( Remodeled House ) ၊ အိမ်ပတ်ဝန်းကျင်အနေအထားကို
( Neighborhood ) ၊ မိမိကလေးတက်ရမည့်ကျောင်းရုံး{
စုံစမ်းရန် } ကို ( Unified School District ) ၊ လမ်းလျှောက်ရုံနဲ့ရောက်မယ့်နီးတဲ့ခရီးကို
( Walking Distance ) ဆိုတာတွေလောက်သိထားရင် အိမ်ရောင်း ၊ အိမ်ငှား Web Site ကို ဖတ်ကြည့်လေ့လာလို့အဆင်ပြေပါပြီ
။ စိတ်ဝင်စားတဲ့အိမ်ကိုတွေ့ပြီဆိုတာနဲ့ အိမ်တည်နေရာလိပ်စာနဲ့အတူ အိမ်ခြံမြေပွဲစားကုမ္ပဏီတွေရဲ့အိမ်စာရင်းနံပါတ်
MLS# ( ခေါ် ) MLS နံပါတ် ( Multiple Listing System Number ) မှတ်ထားဖို့အရမ်းအရေးကြီးပါတယ်
၊ ဝယ်ဖို့/ငှားဖို့ ကိစ္စတွေမှာ MLS နံပါတ် မသိရင် အလုပ်မဖြစ်ပါဘူး ။ နောက်ပိုင်းအလျဉ်းသင့်သလို
အိမ်ငှား/အိမ်ဝယ် အကြောင်းများကိုဆက်လက်တင်ပြသွားပါမယ် ။
ကိုညီညီ-တောင်ကြီး
No comments:
Post a Comment