ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, September 26, 2018

DV Q&A 2018 Version

ေဆာင္းပါးရွင္ ကုိညီညီ (ေတာင္ၾကီး)
“DV Lottery တင္ကာလမွ ဆင္႕ပြားေမးခြန္းမ်ားႏွင္႕အေျဖမ်ား (DV Q&A 2018 Version)”
.
ႏွစ္တုိင္း ေအာက္တုိဘာလေရာက္လာရင္ ျမန္မာႏုိင္ငံက လူၾကီး၊ လူငယ္ပါမက်န္ အေမရိကန္ကိုေျပာင္းေရႊ႕ေနထုိင္ခြင္႕ကံစမ္းမဲကို ရင္ခုန္ၾကပါတယ္။ သိသူေတြကေျပာတဲ႕အတိုင္း အင္တာနက္ကေဖးဆုိင္ေတြကေန အဆင္ေျပေျပ ေလွ်ာက္လႊာတင္ႏုိင္ၾကသူေတြရွိသလို မိုဘိုင္းဖုန္းနဲ႕တင္ရင္း အခက္အခဲအမ်ိဳးမ်ိဳးၾကံဳရျပီး ျပီးဆံုးေအာင္မတင္ႏုိင္သူမ်ားလည္း ရွိၾကပါတယ္။
.
ေရးထားတဲ႕ျမန္မာစာကိုျပီးေအာင္မဖတ္ပဲ ျပီးခ်င္ေဇာနဲ႕လုပ္ခ်လိုက္တဲ႕အခါ ဟုိဟာက်န္ခဲ႕၊ ဒီဟာက်န္ခဲ႕ျဖစ္ျပီး https://www.dvlottery.state.gov/ မွာ ေပၚလာတဲ႕ညႊန္ၾကားခ်က္မ်ားကို မလိုက္ႏုိင္ေတာ႕ပဲ စိတ္ရႈတ္ကုန္ၾကရင္း လိုရင္းကိုမေရာက္ပဲ ဟိုေမးဒီေမး နဲ႕ စိတ္ရႈတ္ကုန္ၾကပါတယ္။
.
တစ္ခ်ိဳ႕က်ျပန္ေတာ႕ အဂၤလိပ္စာဆိုရင္ မဖတ္ၾကေတာ႕ပဲ သူမ်ားကိုအားကိုးျပီးလုပ္ခိုင္းတဲ႕အခါ A,B,C,D စာလံုးေလာက္ကလႊဲရင္ က်န္တာကိုမဖတ္ခ်င္ေတာ႕ေလာက္ေအာင္ ခပ္ေဝးေဝးေနလာၾကတာကုိ ေတြ႕ျမင္လာရပါတယ္္။
.
.
အားလံုးအတြက္အေျဖမရွိေပမယ္႕ ကြ်န္ေတာ္တို႕မွာ ေမးခြန္းေတြရွိပါတယ္။ ဒါေၾကာင္႕ ကြ်န္ေတာ႕ဆီေရာက္လာတဲ႕ေမးခြန္းမ်ားကို အေမး-အေျဖ (Q&A) ပံုစံနဲ႕ ထပ္ဆင္႕တင္ဆက္လိုက္ပါတယ္။
.
.
Q1.. အခုတင္တဲ႕ DV ဟာ ဘယ္ႏွစ္ခုႏွစ္အတြက္ေလွ်ာက္တာလဲ?
A1.. (၂ဝ၂ဝ) ခုႏွစ္
.
Q2.. (၂ဝ၂ဝ) အတြက္တင္လိုက္တဲ႕ DV ေပါက္မေပါက္ ဘယ္ေတာ႕သိရမွာလဲ?
A2.. (၂ဝ၁၉ ) ေမလ (ရက္အတိအက်မသိရေသး)
.
.
Q3.. (၂ဝ၁၈) ေမလေရာက္လို႕စစ္ျပီးမေပါက္တဲ႕အခါ အဲဒီ Confirmation Number Letter က ဘာဆက္လုပ္ရမွာတုန္း?
A3.. မလႊင္႔ပစ္ပါနဲ႕ဦး။ စက္တင္ဘာလကုန္အထိ ဒုတိယအၾကိမ္စစ္ခြင္႕ရွိပါေသးတယ္။ အခု ဒီစာကိုဖတ္ျပီးတဲ႕အခ်ိန္ ေအာက္တိုဘာလထဲေရာက္လာလို႕ အေရြးခ်ယ္မခံရရင္ေတာ႕ဆက္သိမ္းထားစရာမလိုေတာ႕ပါ။
.
.
Q4..DV တင္တာကို အရင္က စာရြက္နဲ႕တင္္ရတယ္ၾကားဖူးတယ္။ ဟုတ္ပါသလား? ဘာနဲ႕တင္ရတာလဲ?
A4.. မဟုတ္ပါ။ အြန္လုိင္းမွာပဲ အျပီးတင္ရတာပါ။ ဓါတ္ပံုကိုလည္း စကင္ဖတ္ျပီးတင္ရပါမယ္။ ဒါမွမဟုတ္ jpeg file အေနနဲ႕တင္လို႕လည္း ရပါတယ္။ https://www.dvlottery.state.gov/ ဝဘ္ဆိုဒ္ထဲကေနသာ တင္ခြင္႕ရွိပါတယ္။ က်န္တဲ႕ Green Card ေလွ်ာက္ေပးတယ္ (၉၉) ေဒၚလာသြင္းဆုိတာ အလိမ္စာမ်က္ႏွာေတြျဖစ္ပါတယ္။
.
.
Q5.. DV တင္တာ ပိုက္ဆံေပးရသလား?
A5.. မေပးရပါ။ ေငြေတာင္းယူျပီး DV တင္ေပးတယ္ဆုိတာ လိမ္ညာမႈျဖစ္ႏုိင္တာကို ဆင္ျခင္ရပါမယ္။ အင္တာနက္ဆိုင္မွာေငြေပးျပီးတင္ရတယ္ဆိုတာက အင္တာနက္သံုးစြဲခကုိနာရီနဲ႕တြက္ျပီးယူတာ ျဖစ္ႏုိင္ပါတယ္။ (မွန္ကန္မွ်တျပီး အခေၾကးေငြနဲ႕ဝန္ေဆာင္မႈေပးတဲ႕ အင္တာနက္ဆုိင္ေတြ ရွိလာေနပါတယ္)
.
.
Q6.. ႏွစ္တိုင္း ေအာက္တုိဘာလအတြင္းမွာ ေလွ်ာက္လို႕ရတယ္လုိ႕ၾကားရတယ္။ ဘယ္အခ်ိန္ေလွ်ာက္တာ အေကာင္းဆံုးလဲ?
A6.. အခ်က္အလက္စံုရင္ မွန္ကန္စြာေလွ်ာက္ဖို႕အေကာင္းဆံုးအခ်ိန္ဟာ “အခု” ပါပဲ။
.
.
Q7.. ဆယ္တန္းေအာင္မွ DV ေလွ်ာက္ခြင္႕ရွိတယ္ဆုိတာ ဟုတ္ပါသလား?
A7.. ဆယ္တန္းေအာင္မွေလွ်ာက္ခြင္႕ရွိတယ္ရယ္လို႕ အတိအက်မေျပာထားပါ။ သုိ႔ေပမယ္႕ ဗီဆာေအာင္ဖို႕ ပညာအရည္အခ်င္းနဲ႕ျပသမယ္ဆိုရင္ အနည္းဆံုး ဆယ္တန္းေအာင္ရမယ္လုိ႕ ေရးထားပါတယ္။
.
.
Q8.. ဆယ္တန္းမေအာင္ထားလည္း လုပ္ငန္းအေတြ႕အၾကံဳရွိရင္လာလို႕ရတယ္ဆုိတာဟုတ္ပါသလား?
A8.. အလုပ္နဲ႕ျပရင္ အင္တာဗ်ဴးေအာင္ႏုိင္ပါတယ္။ သူတို႕လက္ခံတဲ႕အလုပ္အမ်ိဳးအစားျဖစ္ဖို႕ လိုအပ္ပါတယ္။
.
လက္ခံတဲ႕အလုပ္ပံုစံေတြကေတာ႕ အလုပ္တစ္ခုမွာ လုပ္သက္အနည္းဆံုး (၂) ႏွစ္ရွိရပါမယ္။
.
အလုပ္ရာထူးဟာ Job Zone 4 နဲ႕ Job Zone 5 အထက္ရိွရပါမယ္။ အဲဒီအလုပ္ေတြကုိ ကြ်မ္းက်င္စြာလုပ္ကိုင္တတ္ေၾကာင္း သင္တန္း (၂) ႏွစ္ တက္ထားရပါမယ္။ ဒါေတြအားလံုးဟာ လက္ရွိအခ်ိန္ရဲ႕ေရွ႕ (၅) ႏွစ္အတြင္းမွာ ျဖစ္ရပါမယ္။
.
.
Q9.. ဆယ္တန္းလည္းမေအာင္ထားဘူး။ အလုပ္လည္းမျပႏုိင္ဘူးဆိုရင္ ဘယ္လိုလုပ္ရမလဲ?
A9.. အဲဒီ (၂) ခု စလံုးမရွိဘူးဆိုရင္ အေကာင္းဆံုးအၾကံက “မေလွ်ာက္ပါနဲ႕”
.
.
Q10.. ဓါတ္ပံုက ဘယ္ႏွစ္ပံုလုိတာပါလဲ? အျဖဴအမည္းလား .. ကာလာနဲ႕လား? ဘယ္ဆိုဒ္လဲ? ကားလိုင္စင္ပံုရလား? ဖုန္းနဲ႕ရိုက္လို႕ရလား? ေနာက္ခံအေရာင္ဘာခံရိုက္ရမလဲ?
A10.. ဓါတ္ပံု (၁) ပံု သာလုိပါတယ္။ ကာလာနဲ႕တင္ပါ။ (၂) လက္မပတ္လည္ပံု ျဖစ္ပါတယ္္။ ကြန္ပ်ဴတာနဲ႕ျပင္ရင္ေတာ႕ 600 X 600 Resolution ဝင္မွ လက္ခံပါတယ္။
.
ဖုန္းနဲ႕ရိုက္တာ Professional မဆန္ပါ။ ဆိုင္မွာရိုက္တာ အခ်ိဳးက်ရံုမက အမွားအယြင္းနည္းပါတယ္။ ေနာက္ခံက အျဖဴေရာင္ပါ။
.
.
Q11.. တစ္ကုိယ္ရည္သမားပဲေလွ်ာက္လို႕ရသလား? မိသားစုရွိရင္ေလွ်ာက္လို႕ရသလား? ဘာေတြလိုအပ္ပါသလဲ?
A11.. တစ္ကုိယ္ရည္သမားေလွ်ာက္လုိ႕ရပါတယ္။ မိသားစုရွိရင္လည္းေလွ်ာက္လို႕ရပါတယ္။ ေယာက္်ားေလွ်ာက္ရင္ မိန္းမနဲ႕ကေလးေတြကိုတန္းစီျပီးထည္႕။ မိန္းမေနရာကေလွ်ာက္ရင္လည္း ေယာက်္ားနဲ႕ကေလးေတြကိုအစီအစဥ္အတိုင္းထည္႕ေလွ်ာက္ပါ။ တစ္ဦးခ်င္းဆီရဲ႕ကိုယ္ေရးအခ်က္အလက္ေတြ မမွားဖို႕လိုပါတယ္။
.
.
Q12.. ေနရာလိပ္စာမတူရင္ (၂) ခါ ေလွ်ာက္လို႕ရမလား?
A12.. မေလွ်ာက္ပါနဲ႕။ (၂) ၾကိမ္ေလွ်ာက္မိတာနဲ႕ပယ္မဲျဖစ္သြားပါတယ္။
.
.
Q13.. ဆယ္တန္းမေအာင္ပဲ High School Degree လို႕ ထည္႕ထားမိရင္ (ေပါက္ခဲ႕ရင္) ဘယ္လုိုလုပ္မလဲ?
A13.. မိမိျဖည္႕ထားတာကို မိမိတာဝန္ယူရပါမယ္။ မရွိတာကိုမျဖည္႕သင္႕သလို ျဖည္႕ထားသမွ်ကိုမွတ္ထားရပါမယ္။ ေပါက္သြားလို႕ (သံရံုးက) ေတာင္းတဲ႕အခါ အမွန္အတိုင္းအကုန္ျပန္လည္ျပသႏုိင္ရပါမယ္။
.
ဒါေၾကာင္႕ ကိုယ္ျဖည္႕ထားတဲ႕စာမ်က္ႏွာ၊ အခ်က္အလက္၊ စာလံုးေပါင္းကအစ မွတ္မိေအာင္ စာမ်က္ႏွာအားလံုးကို ပရင္႕ထုတ္ မွတ္တမ္းတင္ထားသင္႕ပါတယ္။ ဖုန္းနဲ႕စကရင္ေရွာ႕ရုိက္ထားျပီး ႏွစ္နဲ႕ခ်ီသိမ္းႏုိင္ရင္ ပုိစိတ္ခ်ရပါတယ္။
.
.
Q14.. ေဖာင္တင္တဲ႕အခ်ိန္က အိမ္ေထာင္မက်ေသးဘူး။ ေနာက္တစ္ႏွစ္မွအိမ္ေထာင္က်တယ္။ ဒါဆို အိမ္ေထာင္ဖက္ကလုိက္ရမွာလား?
A14.. DV တင္လိုက္တဲ႕အခ်ိန္နဲ႕စာရြက္ထြက္လို႕အေရြးခ်ယ္ခံရတဲဲ႕ၾကားထဲမွာအိမ္ေထာင္က်ခဲ႕ရင္ KCC ကို လက္ထပ္စာခ်ဳပ္တင္ရပါမယ္။ သူတုိ႕ေတာင္းတဲ႕အေထာက္အထားေတြက အမွန္အကန္နဲ႕ ပစ္္ခ်က္မရွိဘူးဆိုရင္ လိုက္သြားခြင္႕ရခဲ႕တဲ႕ အိမ္ေထာင္ဘက္ေတြ ရွိလာေနပါတယ္။
.
.
Q15.. ေက်ာင္းအတန္းက တကၠသိုလ္၊ ေကာလိပ္မျပီးဘူး။ အဲဒါဘယ္လုိျဖည္႕ရမွာလဲ?
A15.. Some University Course ကုိ ယူသံုးႏုိင္ပါတယ္။ ႏွစ္အပိုင္းအျခားနဲ႕တက္ထားတဲ႕သက္ေသခံလက္မွတ္တစ္ခုခုမရွိဘူးဆိုရင္ High School Degree ကို ေလွ်ာ႕ဆင္းေရြးပါ။ အေရြးခံခဲ႕ရလို႕ စာရြက္စာတမ္းေတြတင္တဲ႕အခါ ဆယ္တန္းေအာင္လက္မွတ္က မျဖစ္မေနျပရပါမယ္။
.
Primary School Only နဲ႕ High School No Degree ကို ဆင္းျဖည္႕ရျပီဆုိရင္ေတာ႕ သူတုိ႕ေတာင္းဆုိတဲ႕အလုပ္အကိုင္ျပဖို႕သာ ၾကိဳတင္ျပင္ဆင္ထားရပါမယ္။
.
.
Q16.. အိမ္ေထာင္ဖက္နဲ႕ကေလးေတြကိုျဖည္႕ထားတယ္။ ေနာက္မွကေလးထပ္တိုးလာရင္ ဘယ္လိုလုပ္ရမလဲ?
A16.. ေပါက္တယ္ဆိုတာနဲ႕ KCC နဲ႕ အခ်ိတ္အဆက္လုပ္ရပါမယ္။ အဲဒီမွာလုိအပ္တဲ႕ (သဘာဝက် ယုတိၱယုတၱန္ရွိတဲ႕) အခ်က္အလက္ေတြ ျပင္လို႕ရတယ္။ စာအသြားအျပန္နဲ႕လိုအပ္တာအားလံုးကုိ အင္တာဗ်ဴးမက်လာခင္မွာ အျပီးျပင္ပါ။
.
ထပ္တိုးလာတဲ႕ကေလး (ေတြ) ကို ေမြးစာရင္းေတြနဲ႕ အတိအက်တင္ျပပါ။
.
.
Q17.. ေဖာင္ျဖည္႕အျပီးမွာ အိမ္ေထာင္ကြဲသြားတယ္။ ေယာက္်ား၊ ဇနီး၊ သားသမီးေသဆံုးသြားတယ္။ ဘယ္လုိလုပ္ရမလဲ?
A17.. လူတိုး လူေလွ်ာ႕အားလံုးကို KCC နဲ႕ ဆက္လုပ္ပါ
.
.
Q18.. ေမြးတာက ရန္ကုန္၊ အိမ္ေထာင္က်တာ မႏၱေလး၊ အေျခက်ေနတာက ကေလာ၊ ေရာက္ေနတာက မေလးရွား။ ဘယ္လုိျဖည္႕ရမွာပါလဲ?
A18.. City Where You Were Born မွာ Yangon ကို ထည္႕ပါ။
.
အိမ္ေထာင္ဘယ္မွက်သလဲဆုိတာ မျဖည္႕ခိုင္းပါ။
.
Mailing Address ကုိ Kalaw ျဖည္႕ပါ။
.
Country Where You Live Today က်ေတာ႕ Malaysia ကို ထည္႕ရပါမယ္။
.
.
Q19.. ဗီဆာေၾကးေပးရမယ္လို႕သိရပါတယ္။ ဘယ္သူ႕ကိုေပးရမွာပါလဲ? တစ္ျခားကုန္က်စားရိတ္ဘာေတြရွိပါေသးလဲ?
A19.. အေမရိကန္သံရံုးတစ္ခုတည္းကိုသာ ဗီဆာေၾကးသြင္းရပါမယ္။ လိုက္လံေကာက္ခံခုိင္းတာမ်ိဳးလံုးဝမရွိတာ သတိထားရပါမယ္။ (လူလိမ္ေတြရိွတယ္)
.
ေဆးစစ္ဖုိ႕ သံရံုးကလႊဲအပ္ထားတဲ႕ Panel Physician ရွိတဲ႕ေဆးခန္းမွာ ေဆးစစ္ရပါမယ္။ ေဆးစစ္ခ မိမိကိုယ္တိုင္ကုန္ရပါမယ္။
.
စာရြက္စာတမ္းစံုလုိ႕ သံရံုးကအင္တာဗ်ဴးေခၚေတြ႕ျပီဆိုရင္ အင္တာဗ်ဴးေၾကးေပးရပါမယ္။ ဘာအေၾကာင္းေၾကာင္႕မွ ဒီေငြကုိ ျပန္အမ္းမွာမဟုတ္ပါ။ ေစ်းႏႈန္းေတြကို သံရံုးဝဘ္ဆိုဒ္ထဲဝင္ၾကည္႕ႏုိင္ပါတယ္။
.
.
Q20.. DV ေပါက္သူရဲ႕ေနာက္လုပ္ရမယ္႕အခ်က္ေတြကိုရွင္းျပပါဦး . .။
A20.. အခ်ိန္ေရာက္လို႕ DV Entrant Status Check မွာ ဝင္စစ္လိုက္လို႕ေပါက္ရင္ ဝမ္းေျမွာက္ေၾကာင္းနဲ႕ညႊန္ၾကားခ်က္စာရြက္ရပါမယ္။ ေနာက္ပိုင္းညႊန္ၾကားခ်က္အေသးစိတ္က တစ္ဦးနဲ႕တစ္ဦးမတူတဲ႕အတြက္ နီးစပ္ရာၾကံဳဖူးသူမ်ားကိုေမးတာ ပိုမိုစံုလင္ႏုိင္ပါတယ္။
.
ေနာက္ပိုင္းမွာ DS-260 ေဖာင္ျဖည္႕ျပီးရင္ သံရံုးက အေရွ႕ပုိင္းအခ်က္အလက္နဲ႕ေနာက္ပိုင္းအခ်က္အလက္ေတြကို တုိက္ဆုိင္စစ္ေဆးမွာျဖစ္ပါတယ္။
.
.
Q21.. Case Number က ဘာလို႕အေရးၾကီးတာလဲ?
A21.. Case Number က မိမိ DV ေပါက္ခ်ိန္ကေန အေမရိကန္ႏုိင္ငံေရာက္တဲ႕အထိ အမွတ္အသားျပဳသြားေပးမွာျဖစ္လို႕ အင္မတန္အေရးၾကီးပါတယ္။ DV နဲ႕ပတ္သက္တဲ႕ ဘယ္စာရြက္စာတမ္းမဆိုသိမ္းဆည္းထားသင္႕ပါတယ္္။
.
.
Q22.. DV ေပါက္ရင္ ဘယ္သူကလာေျပာေပးမွာလဲ?
A22.. DV ေပါက္ရင္ ဘယ္သူမွလာမေျပာေပးပါ။ မိမိကိုယ္တုိင္ အြန္လိုင္းမွာဇြဲရွိရွိျပန္စစ္ရမွာျဖစ္ပါတယ္။ မိမိရဲ႕ LAST NAME ၊ ေမြးဖြားတဲ႕ခုႏွစ္ နဲ႔ ဖခင္အမည္တုိ႕ကုိ ရုိက္ထည္႕ျပီး စစ္ရပါမယ္။
.
.
Q23.. အေဖလည္းေလွ်ာက္တယ္ သမီးနဲ႔သားကလည္း သက္သက္စီထပ္ေလွ်ာက္တယ္ . . အဲ့လိုဆိုမရဘူးေပါ့ေနာ္ ?အေဖေလွ်ာက္တဲ့ထဲမွာ သားနဲ႔သမီးကိုထည့္လိုက္ရင္ ကေလးေတြကထပ္ေလွ်ာက္စရာမလိုေတာ့ဘူးေပါ့ ?ကေလးေတြက (၁၈) ႏွစ္ျပည့္ျပီးသားပါ။
A23.. ရပါတယ္။ အသက္အရြယ္ျပည္႕သူတိုင္းထပ္ေလွ်ာက္ႏုိင္ပါတယ္။ ကေလးေတြက (၁၈) ႏွစ္ေက်ာ္ျပီးသြားတာ အေရြးခံရတဲ႕အခ်ိန္ (၂၁) ႏွစ္မေက်ာ္ေနဖို႕ေတာ႕လုိပါတယ္။
.
.
Q24.. အသက္အကန္႕အသတ္ရွိပါသလား?
A24.. မရွိပါ။ အနည္းဆံုးပညာအရည္အခ်င္းက ဆယ္တန္းေအာင္လို႕ေျပာထားတဲ႕အတြက္ ျမန္မာႏုိင္ငံရဲ႕ဆယ္တန္းေရာက္တဲ႕အသက္ (၁၆) ႏွစ္ေက်ာ္ရင္ ကိုယ္ပိုင္တစ္ဦးခ်င္းစီေလွ်ာက္လို႕ အက်ံဴးဝင္ပါျပီ။ မိဘေတြရဲ႕သားသမီးအေနနဲ႕ေလွ်ာက္ရင္ေတာ႕ အေရြးခ်ယ္ခံရရင္ အဲဒီအခ်ိန္မွာ အသက္ (၂၁) ႏွစ္ မေက်ာ္ေနဖို႕လိုပါတယ္။
.
ခ်စ္မိတ္ေဆြမ်ားကို ေမတၱာျဖင္႕သိစြမ္းသမွ်ကူညီျခင္းျဖစ္ပါတယ္။ အားလံုးေအာင္ျမင္ပါေစ။
.
ခင္လ်က္
.
ကုိညီညီ (ေတာင္ၾကီး)
.
09-26-2018
.
.
Unicode Version:
.
.
“DV Lottery တင်ကာလမှ ဆင့်ပွားမေးခွန်းများနှင့်အဖြေများ (DV Q&A 2018 Version)
.
နှစ်တိုင်း အောက်တိုဘာလရောက်လာရင် မြန်မာနိုင်ငံက လူကြီး၊ လူငယ်ပါမကျန် အမေရိကန်ကိုပြောင်းရွှေ့နေထိုင်ခွင့်ကံစမ်းမဲကို ရင်ခုန်ကြပါတယ်။ သိသူတွေကပြောတဲ့အတိုင်း အင်တာနက်ကဖေးဆိုင်တွေကနေ အဆင်ပြေပြေ လျှောက်လွှာတင်နိုင်ကြသူတွေရှိသလို မိုဘိုင်းဖုန်းနဲ့တင်ရင်း အခက်အခဲအမျိုးမျိုးကြုံရပြီး ပြီးဆုံးအောင်မတင်နိုင်သူများလည်း ရှိကြပါတယ်။
.
ရေးထားတဲ့မြန်မာစာကိုပြီးအောင်မဖတ်ပဲ ပြီးချင်ဇောနဲ့လုပ်ချလိုက်တဲ့အခါ ဟိုဟာကျန်ခဲ့၊ ဒီဟာကျန်ခဲ့ဖြစ်ပြီး https://www.dvlottery.state.gov/ မှာ ပေါ်လာတဲ့ညွှန်ကြားချက်များကို မလိုက်နိုင်တော့ပဲ စိတ်ရှုတ်ကုန်ကြရင်း လိုရင်းကိုမရောက်ပဲ ဟိုမေးဒီမေး နဲ့ စိတ်ရှုတ်ကုန်ကြပါတယ်။
.
တစ်ချို့ကျပြန်တော့ အင်္ဂလိပ်စာဆိုရင် မဖတ်ကြတော့ပဲ သူများကိုအားကိုးပြီးလုပ်ခိုင်းတဲ့အခါ A,B,C,D စာလုံးလောက်ကလွှဲရင် ကျန်တာကိုမဖတ်ချင်တော့လောက်အောင် ခပ်ဝေးဝေးနေလာကြတာကို တွေ့မြင်လာရပါတယ််။
.
.
အားလုံးအတွက်အဖြေမရှိပေမယ့် ကျွန်တော်တို့မှာ မေးခွန်းတွေရှိပါတယ်။ ဒါကြောင့် ကျွန်တော့ဆီရောက်လာတဲ့မေးခွန်းများကို အမေး-အဖြေ (Q&A) ပုံစံနဲ့ ထပ်ဆင့်တင်ဆက်လိုက်ပါတယ်။
.
.
Q1.. အခုတင်တဲ့ DV ဟာ ဘယ်နှစ်ခုနှစ်အတွက်လျှောက်တာလဲ?
A1.. (၂ဝ၂ဝ) ခုနှစ်
.
Q2.. (၂ဝ၂ဝ) အတွက်တင်လိုက်တဲ့ DV ပေါက်မပေါက် ဘယ်တော့သိရမှာလဲ?
A2.. (၂ဝ၁၉ ) မေလ (ရက်အတိအကျမသိရသေး)
.
.
Q3.. (၂ဝ၁၈) မေလရောက်လို့စစ်ပြီးမပေါက်တဲ့အခါ အဲဒီ Confirmation Number Letter က ဘာဆက်လုပ်ရမှာတုန်း?
A3.. မလွှင့်ပစ်ပါနဲ့ဦး။ စက်တင်ဘာလကုန်အထိ ဒုတိယအကြိမ်စစ်ခွင့်ရှိပါသေးတယ်။ အခု ဒီစာကိုဖတ်ပြီးတဲ့အချိန် အောက်တိုဘာလထဲရောက်လာလို့ အရွေးချယ်မခံရရင်တော့ဆက်သိမ်းထားစရာမလိုတော့ပါ။
.
.
Q4..DV တင်တာကို အရင်က စာရွက်နဲ့တင််ရတယ်ကြားဖူးတယ်။ ဟုတ်ပါသလား? ဘာနဲ့တင်ရတာလဲ?
A4.. မဟုတ်ပါ။ အွန်လိုင်းမှာပဲ အပြီးတင်ရတာပါ။ ဓါတ်ပုံကိုလည်း စကင်ဖတ်ပြီးတင်ရပါမယ်။ ဒါမှမဟုတ် jpeg file အနေနဲ့တင်လို့လည်း ရပါတယ်။ https://www.dvlottery.state.gov/ ဝဘ်ဆိုဒ်ထဲကနေသာ တင်ခွင့်ရှိပါတယ်။ ကျန်တဲ့ Green Card လျှောက်ပေးတယ် (၉၉) ဒေါ်လာသွင်းဆိုတာ အလိမ်စာမျက်နှာတွေဖြစ်ပါတယ်။
.
.
Q5.. DV တင်တာ ပိုက်ဆံပေးရသလား?
A5.. မပေးရပါ။ ငွေတောင်းယူပြီး DV တင်ပေးတယ်ဆိုတာ လိမ်ညာမှုဖြစ်နိုင်တာကို ဆင်ခြင်ရပါမယ်။ အင်တာနက်ဆိုင်မှာငွေပေးပြီးတင်ရတယ်ဆိုတာက အင်တာနက်သုံးစွဲခကိုနာရီနဲ့တွက်ပြီးယူတာ ဖြစ်နိုင်ပါတယ်။ (မှန်ကန်မျှတပြီး အခကြေးငွေနဲ့ဝန်ဆောင်မှုပေးတဲ့ အင်တာနက်ဆိုင်တွေ ရှိလာနေပါတယ်)
.
.
Q6.. နှစ်တိုင်း အောက်တိုဘာလအတွင်းမှာ လျှောက်လို့ရတယ်လို့ကြားရတယ်။ ဘယ်အချိန်လျှောက်တာ အကောင်းဆုံးလဲ?
A6.. အချက်အလက်စုံရင် မှန်ကန်စွာလျှောက်ဖို့အကောင်းဆုံးအချိန်ဟာ “အခု” ပါပဲ။
.
.
Q7.. ဆယ်တန်းအောင်မှ DV လျှောက်ခွင့်ရှိတယ်ဆိုတာ ဟုတ်ပါသလား?
A7.. ဆယ်တန်းအောင်မှလျှောက်ခွင့်ရှိတယ်ရယ်လို့ အတိအကျမပြောထားပါ။ သို့ပေမယ့် ဗီဆာအောင်ဖို့ ပညာအရည်အချင်းနဲ့ပြသမယ်ဆိုရင် အနည်းဆုံး ဆယ်တန်းအောင်ရမယ်လို့ ရေးထားပါတယ်။
.
.
Q8.. ဆယ်တန်းမအောင်ထားလည်း လုပ်ငန်းအတွေ့အကြုံရှိရင်လာလို့ရတယ်ဆိုတာဟုတ်ပါသလား?
A8.. အလုပ်နဲ့ပြရင် အင်တာဗျူးအောင်နိုင်ပါတယ်။ သူတို့လက်ခံတဲ့အလုပ်အမျိုးအစားဖြစ်ဖို့ လိုအပ်ပါတယ်။
.
လက်ခံတဲ့အလုပ်ပုံစံတွေကတော့ အလုပ်တစ်ခုမှာ လုပ်သက်အနည်းဆုံး (၂) နှစ်ရှိရပါမယ်။
.
အလုပ်ရာထူးဟာ Job Zone 4 နဲ့ Job Zone 5 အထက်ရှိရပါမယ်။ အဲဒီအလုပ်တွေကို ကျွမ်းကျင်စွာလုပ်ကိုင်တတ်ကြောင်း သင်တန်း (၂) နှစ် တက်ထားရပါမယ်။ ဒါတွေအားလုံးဟာ လက်ရှိအချိန်ရဲ့ရှေ့ (၅) နှစ်အတွင်းမှာ ဖြစ်ရပါမယ်။
.
.
Q9.. ဆယ်တန်းလည်းမအောင်ထားဘူး။ အလုပ်လည်းမပြနိုင်ဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ?
A9.. အဲဒီ (၂) ခု စလုံးမရှိဘူးဆိုရင် အကောင်းဆုံးအကြံက “မလျှောက်ပါနဲ့”
.
.
Q10.. ဓါတ်ပုံက ဘယ်နှစ်ပုံလိုတာပါလဲ? အဖြူအမည်းလား .. ကာလာနဲ့လား? ဘယ်ဆိုဒ်လဲ? ကားလိုင်စင်ပုံရလား? ဖုန်းနဲ့ရိုက်လို့ရလား? နောက်ခံအရောင်ဘာခံရိုက်ရမလဲ?
A10.. ဓါတ်ပုံ (၁) ပုံ သာလိုပါတယ်။ ကာလာနဲ့တင်ပါ။ (၂) လက်မပတ်လည်ပုံ ဖြစ်ပါတယ််။ ကွန်ပျူတာနဲ့ပြင်ရင်တော့ 600 X 600 Resolution ဝင်မှ လက်ခံပါတယ်။
.
ဖုန်းနဲ့ရိုက်တာ Professional မဆန်ပါ။ ဆိုင်မှာရိုက်တာ အချိုးကျရုံမက အမှားအယွင်းနည်းပါတယ်။ နောက်ခံက အဖြူရောင်ပါ။
.
.
Q11.. တစ်ကိုယ်ရည်သမားပဲလျှောက်လို့ရသလား? မိသားစုရှိရင်လျှောက်လို့ရသလား? ဘာတွေလိုအပ်ပါသလဲ?
A11.. တစ်ကိုယ်ရည်သမားလျှောက်လို့ရပါတယ်။ မိသားစုရှိရင်လည်းလျှောက်လို့ရပါတယ်။ ယောက်ျားလျှောက်ရင် မိန်းမနဲ့ကလေးတွေကိုတန်းစီပြီးထည့်။ မိန်းမနေရာကလျှောက်ရင်လည်း ယောကျ်ားနဲ့ကလေးတွေကိုအစီအစဉ်အတိုင်းထည့်လျှောက်ပါ။ တစ်ဦးချင်းဆီရဲ့ကိုယ်ရေးအချက်အလက်တွေ မမှားဖို့လိုပါတယ်။
.
.
Q12.. နေရာလိပ်စာမတူရင် (၂) ခါ လျှောက်လို့ရမလား?
A12.. မလျှောက်ပါနဲ့။ (၂) ကြိမ်လျှောက်မိတာနဲ့ပယ်မဲဖြစ်သွားပါတယ်။
.
.
Q13.. ဆယ်တန်းမအောင်ပဲ High School Degree လို့ ထည့်ထားမိရင် (ပေါက်ခဲ့ရင်) ဘယ်လိုုလုပ်မလဲ?
A13.. မိမိဖြည့်ထားတာကို မိမိတာဝန်ယူရပါမယ်။ မရှိတာကိုမဖြည့်သင့်သလို ဖြည့်ထားသမျှကိုမှတ်ထားရပါမယ်။ ပေါက်သွားလို့ (သံရုံးက) တောင်းတဲ့အခါ အမှန်အတိုင်းအကုန်ပြန်လည်ပြသနိုင်ရပါမယ်။
.
ဒါကြောင့် ကိုယ်ဖြည့်ထားတဲ့စာမျက်နှာ၊ အချက်အလက်၊ စာလုံးပေါင်းကအစ မှတ်မိအောင် စာမျက်နှာအားလုံးကို ပရင့်ထုတ် မှတ်တမ်းတင်ထားသင့်ပါတယ်။ ဖုန်းနဲ့စကရင်ရှော့ရိုက်ထားပြီး နှစ်နဲ့ချီသိမ်းနိုင်ရင် ပိုစိတ်ချရပါတယ်။
.
.
Q14.. ဖောင်တင်တဲ့အချိန်က အိမ်ထောင်မကျသေးဘူး။ နောက်တစ်နှစ်မှအိမ်ထောင်ကျတယ်။ ဒါဆို အိမ်ထောင်ဖက်ကလိုက်ရမှာလား?
A14.. DV တင်လိုက်တဲ့အချိန်နဲ့စာရွက်ထွက်လို့အရွေးချယ်ခံရတဲဲ့ကြားထဲမှာအိမ်ထောင်ကျခဲ့ရင် KCC ကို လက်ထပ်စာချုပ်တင်ရပါမယ်။ သူတို့တောင်းတဲ့အထောက်အထားတွေက အမှန်အကန်နဲ့ ပစ််ချက်မရှိဘူးဆိုရင် လိုက်သွားခွင့်ရခဲ့တဲ့ အိမ်ထောင်ဘက်တွေ ရှိလာနေပါတယ်။
.
.
Q15.. ကျောင်းအတန်းက တက္ကသိုလ်၊ ကောလိပ်မပြီးဘူး။ အဲဒါဘယ်လိုဖြည့်ရမှာလဲ?
A15.. Some University Course ကို ယူသုံးနိုင်ပါတယ်။ နှစ်အပိုင်းအခြားနဲ့တက်ထားတဲ့သက်သေခံလက်မှတ်တစ်ခုခုမရှိဘူးဆိုရင် High School Degree ကို လျှော့ဆင်းရွေးပါ။ အရွေးခံခဲ့ရလို့ စာရွက်စာတမ်းတွေတင်တဲ့အခါ ဆယ်တန်းအောင်လက်မှတ်က မဖြစ်မနေပြရပါမယ်။
.
Primary School Only နဲ့ High School No Degree ကို ဆင်းဖြည့်ရပြီဆိုရင်တော့ သူတို့တောင်းဆိုတဲ့အလုပ်အကိုင်ပြဖို့သာ ကြိုတင်ပြင်ဆင်ထားရပါမယ်။
.
.
Q16.. အိမ်ထောင်ဖက်နဲ့ကလေးတွေကိုဖြည့်ထားတယ်။ နောက်မှကလေးထပ်တိုးလာရင် ဘယ်လိုလုပ်ရမလဲ?
A16.. ပေါက်တယ်ဆိုတာနဲ့ KCC နဲ့ အချိတ်အဆက်လုပ်ရပါမယ်။ အဲဒီမှာလိုအပ်တဲ့ (သဘာဝကျ ယုတ္တိယုတ္တန်ရှိတဲ့) အချက်အလက်တွေ ပြင်လို့ရတယ်။ စာအသွားအပြန်နဲ့လိုအပ်တာအားလုံးကို အင်တာဗျူးမကျလာခင်မှာ အပြီးပြင်ပါ။
.
ထပ်တိုးလာတဲ့ကလေး (တွေ) ကို မွေးစာရင်းတွေနဲ့ အတိအကျတင်ပြပါ။
.
.
Q17.. ဖောင်ဖြည့်အပြီးမှာ အိမ်ထောင်ကွဲသွားတယ်။ ယောက်ျား၊ ဇနီး၊ သားသမီးသေဆုံးသွားတယ်။ ဘယ်လိုလုပ်ရမလဲ?
A17.. လူတိုး လူလျှော့အားလုံးကို KCC နဲ့ ဆက်လုပ်ပါ
.
.
Q18.. မွေးတာက ရန်ကုန်၊ အိမ်ထောင်ကျတာ မန္တလေး၊ အခြေကျနေတာက ကလော၊ ရောက်နေတာက မလေးရှား။ ဘယ်လိုဖြည့်ရမှာပါလဲ?
A18.. City Where You Were Born မှာ Yangon ကို ထည့်ပါ။
.
အိမ်ထောင်ဘယ်မှကျသလဲဆိုတာ မဖြည့်ခိုင်းပါ။
.
Mailing Address ကို Kalaw ဖြည့်ပါ။
.
Country Where You Live Today ကျတော့ Malaysia ကို ထည့်ရပါမယ်။
.
.
Q19.. ဗီဆာကြေးပေးရမယ်လို့သိရပါတယ်။ ဘယ်သူ့ကိုပေးရမှာပါလဲ? တစ်ခြားကုန်ကျစားရိတ်ဘာတွေရှိပါသေးလဲ?
A19.. အမေရိကန်သံရုံးတစ်ခုတည်းကိုသာ ဗီဆာကြေးသွင်းရပါမယ်။ လိုက်လံကောက်ခံခိုင်းတာမျိုးလုံးဝမရှိတာ သတိထားရပါမယ်။ (လူလိမ်တွေရှိတယ်)
.
ဆေးစစ်ဖို့ သံရုံးကလွှဲအပ်ထားတဲ့ Panel Physician ရှိတဲ့ဆေးခန်းမှာ ဆေးစစ်ရပါမယ်။ ဆေးစစ်ခ မိမိကိုယ်တိုင်ကုန်ရပါမယ်။
.
စာရွက်စာတမ်းစုံလို့ သံရုံးကအင်တာဗျူးခေါ်တွေ့ပြီဆိုရင် အင်တာဗျူးကြေးပေးရပါမယ်။ ဘာအကြောင်းကြောင့်မှ ဒီငွေကို ပြန်အမ်းမှာမဟုတ်ပါ။ စျေးနှုန်းတွေကို သံရုံးဝဘ်ဆိုဒ်ထဲဝင်ကြည့်နိုင်ပါတယ်။
.
.
Q20.. DV ပေါက်သူရဲ့နောက်လုပ်ရမယ့်အချက်တွေကိုရှင်းပြပါဦး . .။
A20.. အချိန်ရောက်လို့ DV Entrant Status Check မှာ ဝင်စစ်လိုက်လို့ပေါက်ရင် ဝမ်းမြှောက်ကြောင်းနဲ့ညွှန်ကြားချက်စာရွက်ရပါမယ်။ နောက်ပိုင်းညွှန်ကြားချက်အသေးစိတ်က တစ်ဦးနဲ့တစ်ဦးမတူတဲ့အတွက် နီးစပ်ရာကြုံဖူးသူများကိုမေးတာ ပိုမိုစုံလင်နိုင်ပါတယ်။
.
နောက်ပိုင်းမှာ DS-260 ဖောင်ဖြည့်ပြီးရင် သံရုံးက အရှေ့ပိုင်းအချက်အလက်နဲ့နောက်ပိုင်းအချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးမှာဖြစ်ပါတယ်။
.
.
Q21.. Case Number က ဘာလို့အရေးကြီးတာလဲ?
A21.. Case Number က မိမိ DV ပေါက်ချိန်ကနေ အမေရိကန်နိုင်ငံရောက်တဲ့အထိ အမှတ်အသားပြုသွားပေးမှာဖြစ်လို့ အင်မတန်အရေးကြီးပါတယ်။ DV နဲ့ပတ်သက်တဲ့ ဘယ်စာရွက်စာတမ်းမဆိုသိမ်းဆည်းထားသင့်ပါတယ််။
.
.
Q22.. DV ပေါက်ရင် ဘယ်သူကလာပြောပေးမှာလဲ?
A22.. DV ပေါက်ရင် ဘယ်သူမှလာမပြောပေးပါ။ မိမိကိုယ်တိုင် အွန်လိုင်းမှာဇွဲရှိရှိပြန်စစ်ရမှာဖြစ်ပါတယ်။ မိမိရဲ့ LAST NAME ၊ မွေးဖွားတဲ့ခုနှစ် နဲ့ ဖခင်အမည်တို့ကို ရိုက်ထည့်ပြီး စစ်ရပါမယ်။
.
.
Q23.. အဖေလည်းလျှောက်တယ် သမီးနဲ့သားကလည်း သက်သက်စီထပ်လျှောက်တယ် . . အဲ့လိုဆိုမရဘူးပေါ့နော် ?အဖေလျှောက်တဲ့ထဲမှာ သားနဲ့သမီးကိုထည့်လိုက်ရင် ကလေးတွေကထပ်လျှောက်စရာမလိုတော့ဘူးပေါ့ ?ကလေးတွေက (၁၈) နှစ်ပြည့်ပြီးသားပါ။
A23.. ရပါတယ်။ အသက်အရွယ်ပြည့်သူတိုင်းထပ်လျှောက်နိုင်ပါတယ်။ ကလေးတွေက (၁၈) နှစ်ကျော်ပြီးသွားတာ အရွေးခံရတဲ့အချိန် (၂၁) နှစ်မကျော်နေဖို့တော့လိုပါတယ်။
.
.
Q24.. အသက်အကန့်အသတ်ရှိပါသလား?
A24.. မရှိပါ။ အနည်းဆုံးပညာအရည်အချင်းက ဆယ်တန်းအောင်လို့ပြောထားတဲ့အတွက် မြန်မာနိုင်ငံရဲ့ဆယ်တန်းရောက်တဲ့အသက် (၁၆) နှစ်ကျော်ရင် ကိုယ်ပိုင်တစ်ဦးချင်းစီလျှောက်လို့ အကျံူးဝင်ပါပြီ။ မိဘတွေရဲ့သားသမီးအနေနဲ့လျှောက်ရင်တော့ အရွေးချယ်ခံရရင် အဲဒီအချိန်မှာ အသက် (၂၁) နှစ် မကျော်နေဖို့လိုပါတယ်။
.
ချစ်မိတ်ဆွေများကို မေတ္တာဖြင့်သိစွမ်းသမျှကူညီခြင်းဖြစ်ပါတယ်။ အားလုံးအောင်မြင်ပါစေ။
.
ခင်လျက်
.
ကိုညီညီ (တောင်ကြီး)
.
09-26-2018

No comments: